သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြေအာင္ပဲြခံလူအုပ္ထဲ ကိုဗစ္ေရာဂါပိုးေတြ႔


ရန္ကုန္ၿမိဳ႕က NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္႐ုံးေရွ႕မွာ ေတြ႔ရတဲ့ ေအာင္ပဲြခံ NLD ပါတီ ေထာက္ခံသူမ်ား။(ႏိုဝင္ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ တနဂၤေႏြေန႔က က်င္းပၿပီးစီးသြားတဲ့ ေရြးေကာက္ပဲြ ေနာက္ဆက္တဲြ မဲရလဒ္ေတြအေပၚ ေအာင္ပဲြခံစုေ၀းခဲ့သူေတြထဲ ကုိဗစ္ေရာဂါပုိး ေတြ႔ရွိခဲ့တာေၾကာင့္ လူစုလူေ၀းမလုပ္ဖုိ႔ က်န္းမာေရး၀န္ႀကီးဌာနက ထပ္မံသတိေပးေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက သတင္းေပးပို႔ထားပါတယ္။

ေ႐ြးေကာက္ပြဲအၿပီး ေအာင္ပြဲခံတဲ့ အေနနဲ႔ ရန္ကုန္ၿမိဳ႕က NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္႐ုံးေရွ႕ စုေ၀းသူေတြထဲမွာ ေရာဂါပုိးကူးစက္သူ ေတြ႔ရွိခဲ့တာေၾကာင့္ ကူးစက္မႈ မျဖစ္ေအာင္ သတိေပးေနတာပါ။ ေရြးေကာက္ပဲြ ေအာင္ပဲြခံစုေ၀းသူေတြထဲက ထိခိုက္ဒဏ္ရာရသူတခ်ဳိ႕ ရန္ကုန္ေဆး႐ုံႀကီးကုိ ေရာက္လာခ်ိန္မွာ စစ္ေဆးၾကည့္ရာက ကုိဗစ္ေရာဂါပုိး ေတြ႔ရွိခဲ့တာေၾကာင့္ ေနာက္ဆက္တဲြ ကူးစက္မႈမျဖစ္ေအာင္ သတိထားဖုိ႔လည္း လုိအပ္ေနတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာန ေျပာခြင့္ရ၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာန ၫႊန္ၾကားေရးမႈး ေဒါက္တာခင္ခင္ႀကီးက ဗြီအုိေအကုိ ေျပာပါတယ္။

“မေန႔ကဆိုရင္ ထိခိုက္ ဒဏ္ရာရတဲ့သူေတြကို ရန္ကုန္ေဆး႐ုံႀကီးမွာ ကုသမႈေပးတယ္။ အဲ့ဒီမွာ စစ္ၾကည့္လိုက္တယ္။ သံုး ေယာက္ေလာက္က Positive ျဖစ္တယ္။ ဒါဆိုလို႔ရွိရင္ အဲ့ဒီ သံုး ေယာက္ Positive ျဖစ္တာမ်ိဳး ေနာက္လူေတြမွာလည္း အမ်ားႀကီးျဖစ္ႏိုင္တယ္။ အဲ့ဒီ သံုး ေယာက္ကေန ဘယ္ႏွစ္ေယာက္ ကူးသြားၿပီလဲ။ လူအုပ္စုထဲမွာ လူဦးေရရဲ႕ ၈၀ ရာခိုင္ႏႈန္းေလာက္ကို ကူးစက္ေစတာက အဲ့ဒီ လူဦးေရထဲက ၅ ရာခိုင္ႏႈန္းေလာက္က ကူးစက္ေစတာျဖစ္တယ္။ ဒါေလးေတြကို သိထားရမွာျဖစ္တယ္။ အဲ့ဒီလိုဆိုတဲ့ အခါမွာ ကိုယ္ကေတာ့ ေပ်ာ္႐ႊင္တယ္၊ ဝမ္းေျမာက္တယ္၊ ကိုယ့္ရဲ႕ ဝမ္းေျမာက္ျခင္းကို ေဖာ္ျပတယ္ဆိုေပမဲ့ ေဖာ္ျပေနတာ မမွန္တဲ့ အတြက္ေၾကာင့္မို႔ ကိုယ့္မွာ ေရာဂါကူးစက္ေစႏိုင္တဲ့ အခြင့္အလမ္းကေတာ့ ရရွိသြားၿပီ။ အဲ့ဒီကေနမွ ကိုယ့္ရဲ႕ မိသားစုဝင္ေတြ အသက္ႀကီးတဲ့ သူေတြ၊ ‌ေနာက္ခံေရာဂါရွိတဲ့သူေတြမွာ ေရာဂါကူးစက္လို႔ရွိရင္ ဆိုးဆိုးဝါးဝါးျဖစ္ႏိုင္တဲ့ အတြက္ေၾကာင့္မို႔ ဒီပုဂၢိဳလ္ေတြအေနနဲ႔ကေတာ့ ဒီရက္ကာလမွာ အနည္းဆုံး ၁၀ ရက္ေလာက္ကေတာ့ မိသားစုနဲ႔ လုံးဝ ထိေတြ႕မႈမရွိေအာင္ေနဖို႔က အထူးအေရးႀကီးေနၿပီဆိုတာကို ေျပာလိုပါတယ္။”

ေရြးေကာက္ပဲြကာလမွာ လူအမ်ားအျပား ထိေတြ႔ဆက္ဆံတာေတြ ရွိခဲ့သလုိ၊ ေရြးေကာက္ပဲြေနာက္ပုိင္း လူစုလူေ၀းေၾကာင့္ ေရာဂါကူးစက္မႈေတြ တုိးလာမွာကုိလည္း က်န္းမာေရးပညာရွင္ေတြ စုိးရိမ္ေနပါတယ္။ ေရာဂါကူးစက္မႈေတြ ေလွ်ာ့ခ်ဖုိ႔ ႀကိဳးစားေနရခ်ိန္မွာ ေနာက္ထပ္ ကူးစက္မႈေတြနဲ႔ အေသအေပ်ာက္ေတြ ႀကံဳရမွာ စုိးရိမ္ရတယ္လုိ႔လည္း ‌ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“အခု အေျခအေနပုံစံနဲ႔ဆိုရင္ က်မတို႔ ၉ ရက္ေန႔ကေန စၿပီးလို႔ရွိရင္ ေနာက္ ၅ ရက္ကေန ၇ ရက္ေပါ့ေနာ္။ အဲ့ဒီေလာက္မွာ ဆိုလို႔ရွိရင္ေတာ့ ထိေတြ႕မႈ ရွိတဲ့သူေတြထဲကေန ကူးစက္ခံရၿပီးေတာ့ ေရာဂါျဖစ္ပြားမႈေတြ၊ အသက္ႀကီးတဲ့သူေတြမွာ ျဖစ္မယ္ဆိုရင္ ေသဆုံးမႈေတြ ဒါေတြကလည္း မလြဲမေသြ ႀကဳံရမယ္လို႔ က်မတို႔ကေတာ့ ႀကိဳတင္ျပင္ဆင္ထားရမွာေပါ့ေန္။ ၿပီးေတာ့ က်မတို႔ရဲ႕ လက္ရွိလုပ္ေဆာင္ေပးေနတဲ့ အတိုင္းအတာကလည္း ႏိုင္ႏိုင္နင္းနင္းရွိေနတဲ့ အေျခအေနကေန တကယ္လို႔သာ ေန႔စဥ္ျဖစ္ပြားမႈေတြ သိပ္မ်ားလာၿပီဆိုလို႔ရွိရင္ ေတာ္ေတာ္ေလးကို အခက္အခဲေတြ႕မယ့္ သေဘာမ်ိဳးကေတာ့ ရွိႏိုင္ပါတယ္။ တိုးတက္ၿပီး ႏိုင္ငံေတြမွာေတာင္မွ ဒီလိုမ်ိဳး အခက္အခဲရွိၾကတယ္ဆိုေတာ့ေလ။”

ျမန္မာႏုိင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္မ်ားလာရာက လူ ၃၀ ထက္ပိုၿပီးမစုေဝးၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ညႊန္ၾကားခဲ့ေပမဲ့ ေရြးေကာက္ပဲြ ကာလမွာေတာ့ လူ ၅၀ အထိ ခြင့္ျပဳခဲ့ပါတယ္။ ေရြးေကာက္ပဲြအၿပီး ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေျပာၾကားတဲ့ မိန္႔ခြန္းမွာေတာ့ ေရြးေကာက္ပဲြကာလမွာ လူစုလူေ၀း ျဖစ္ခဲ့တာေတြ ရွိခဲ့ေပမဲ့ သိပ္အံ့အားသင့္စရာ မဟုတ္ေၾကာင္း ေျပာဆုိခဲ့တာပါ။ က်န္းမာေရး ၀န္ႀကီးဌာနကေတာ့ ေရြးေကာက္ပဲြ ေနာက္ပုိင္း လူစုလူေ၀းလုပ္တာေတြကုိ ေရွာင္ဖုိ႔နဲ႔ လုိက္နာဖုိ႔ ပ်က္ကြက္ရင္ ထိထိေရာက္ေရာက္ အေရးယူမယ္လို႔လည္း မေန႔တုန္းကပဲ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲအောင်ပွဲခံလူအုပ်ထဲ ကိုဗစ်ရောဂါပိုးတွေ့

မြန်မာနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲ နောက်ဆက်တွဲ မဲရလဒ်တွေအပေါ် အောင်ပွဲခံစုဝေးခဲ့သူတွေထဲ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် လူစုလူဝေးမလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံသတိပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲအပြီး အောင်ပွဲခံတဲ့ အနေနဲ့ ရန်ကုန်မြို့က NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ စုဝေးသူတွေထဲမှာ ရောဂါပိုးကူးစက်သူ တွေ့ရှိခဲ့တာကြောင့် ကူးစက်မှု မဖြစ်အောင် သတိပေးနေတာပါ။ ရွေးကောက်ပွဲ အောင်ပွဲခံစုဝေးသူတွေထဲက ထိခိုက်ဒဏ်ရာရသူတချို့ ရန်ကုန်ဆေးရုံကြီးကို ရောက်လာချိန်မှာ စစ်ဆေးကြည့်ရာက ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် နောက်ဆက်တွဲ ကူးစက်မှုမဖြစ်အောင် သတိထားဖို့လည်း လိုအပ်နေတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှုး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ကဆိုရင် ထိခိုက် ဒဏ်ရာရတဲ့သူတွေကို ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုပေးတယ်။ အဲ့ဒီမှာ စစ်ကြည့်လိုက်တယ်။ သုံး ယောက်လောက်က Positive ဖြစ်တယ်။ ဒါဆိုလို့ရှိရင် အဲ့ဒီ သုံး ယောက် Positive ဖြစ်တာမျိုး နောက်လူတွေမှာလည်း အများကြီးဖြစ်နိုင်တယ်။ အဲ့ဒီ သုံး ယောက်ကနေ ဘယ်နှစ်ယောက် ကူးသွားပြီလဲ။ လူအုပ်စုထဲမှာ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ကူးစက်စေတာက အဲ့ဒီ လူဦးရေထဲက ၅ ရာခိုင်နှုန်းလောက်က ကူးစက်စေတာဖြစ်တယ်။ ဒါလေးတွေကို သိထားရမှာဖြစ်တယ်။ အဲ့ဒီလိုဆိုတဲ့ အခါမှာ ကိုယ်ကတော့ ပျော်ရွှင်တယ်၊ ဝမ်းမြောက်တယ်၊ ကိုယ့်ရဲ့ ဝမ်းမြောက်ခြင်းကို ဖော်ပြတယ်ဆိုပေမဲ့ ဖော်ပြနေတာ မမှန်တဲ့ အတွက်ကြောင့်မို့ ကိုယ့်မှာ ရောဂါကူးစက်စေနိုင်တဲ့ အခွင့်အလမ်းကတော့ ရရှိသွားပြီ။ အဲ့ဒီကနေမှ ကိုယ့်ရဲ့ မိသားစုဝင်တွေ အသက်ကြီးတဲ့ သူတွေ၊ ‌နောက်ခံရောဂါရှိတဲ့သူတွေမှာ ရောဂါကူးစက်လို့ရှိရင် ဆိုးဆိုးဝါးဝါးဖြစ်နိုင်တဲ့ အတွက်ကြောင့်မို့ ဒီပုဂ္ဂိုလ်တွေအနေနဲ့ကတော့ ဒီရက်ကာလမှာ အနည်းဆုံး ၁၀ ရက်လောက်ကတော့ မိသားစုနဲ့ လုံးဝ ထိတွေ့မှုမရှိအောင်နေဖို့က အထူးအရေးကြီးနေပြီဆိုတာကို ပြောလိုပါတယ်။”

ရွေးကောက်ပွဲကာလမှာ လူအများအပြား ထိတွေ့ဆက်ဆံတာတွေ ရှိခဲ့သလို၊ ရွေးကောက်ပွဲနောက်ပိုင်း လူစုလူဝေးကြောင့် ရောဂါကူးစက်မှုတွေ တိုးလာမှာကိုလည်း ကျန်းမာရေးပညာရှင်တွေ စိုးရိမ်နေပါတယ်။ ရောဂါကူးစက်မှုတွေ လျှော့ချဖို့ ကြိုးစားနေရချိန်မှာ နောက်ထပ် ကူးစက်မှုတွေနဲ့ အသေအပျောက်တွေ ကြုံရမှာ စိုးရိမ်ရတယ်လို့လည်း ‌ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“အခု အခြေအနေပုံစံနဲ့ဆိုရင် ကျမတို့ ၉ ရက်နေ့ကနေ စပြီးလို့ရှိရင် နောက် ၅ ရက်ကနေ ၇ ရက်ပေါ့နော်။ အဲ့ဒီလောက်မှာ ဆိုလို့ရှိရင်တော့ ထိတွေ့မှု ရှိတဲ့သူတွေထဲကနေ ကူးစက်ခံရပြီးတော့ ရောဂါဖြစ်ပွားမှုတွေ၊ အသက်ကြီးတဲ့သူတွေမှာ ဖြစ်မယ်ဆိုရင် သေဆုံးမှုတွေ ဒါတွေကလည်း မလွဲမသွေ ကြုံရမယ်လို့ ကျမတို့ကတော့ ကြိုတင်ပြင်ဆင်ထားရမှာပေါ့နေ်။ ပြီးတော့ ကျမတို့ရဲ့ လက်ရှိလုပ်ဆောင်ပေးနေတဲ့ အတိုင်းအတာကလည်း နိုင်နိုင်နင်းနင်းရှိနေတဲ့ အခြေအနေကနေ တကယ်လို့သာ နေ့စဉ်ဖြစ်ပွားမှုတွေ သိပ်များလာပြီဆိုလို့ရှိရင် တော်တော်လေးကို အခက်အခဲတွေ့မယ့် သဘောမျိုးကတော့ ရှိနိုင်ပါတယ်။ တိုးတက်ပြီး နိုင်ငံတွေမှာတောင်မှ ဒီလိုမျိုး အခက်အခဲရှိကြတယ်ဆိုတော့လေ။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန်များလာရာက လူ ၃၀ ထက်ပိုပြီးမစုဝေးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ပေမဲ့ ရွေးကောက်ပွဲ ကာလမှာတော့ လူ ၅၀ အထိ ခွင့်ပြုခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ရွေးကောက်ပွဲကာလမှာ လူစုလူဝေး ဖြစ်ခဲ့တာတွေ ရှိခဲ့ပေမဲ့ သိပ်အံ့အားသင့်စရာ မဟုတ်ကြောင်း ပြောဆိုခဲ့တာပါ။ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ရွေးကောက်ပွဲ နောက်ပိုင်း လူစုလူဝေးလုပ်တာတွေကို ရှောင်ဖို့နဲ့ လိုက်နာဖို့ ပျက်ကွက်ရင် ထိထိရောက်ရောက် အရေးယူမယ်လို့လည်း မနေ့တုန်းကပဲ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG