သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းနဲ႔ ရခိုင္မွလဲြ က်န္တိုင္းနဲ႔ ျပည္နယ္ NLD အမ်ားစုႏိုင္ေန


NLD ပါတီကို ေထာက္ခံအားေပးသူမ်ား။ (ႏိုဝင္ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ဒီတႀကိမ္ေရြးေကာက္ပဲြမွာ အမ်ားစု အႏုိင္ရထားတယ္လုိ႔ ေျပာဆုိထားတဲ့ လက္ရွိအာဏာရ NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ပါတီ အေနနဲ႔ အစုိးရသစ္ဖဲြ႔စည္းရာမွာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို ဦးစားေပးဖုိ႔ ရည္မွန္းထားတဲဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက သတင္းေပးပို႔ထားပါတယ္။

တနဂၤေႏြေန႔ ေရြးေကာက္ပဲြ ကနဦးမဲရလဒ္ေတြအရ NLD ပါတီက ေနရာေတာ္ေတာ္မ်ားမ်ားမွာ အႏုိင္ရထားေၾကာင္း ပါတီတာ၀န္ရွိသူေတြက ေျပာပါတယ္။ ဒီေန႔ညေနပုိင္းအထိ မဲအေရအတြက္အရဆုိရင္ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ကထက္ေတာင္ ကုိယ္စားလွယ္ေနရာ ပုိၿပီးအႏုိင္ရတာ ေတြ႔ရတယ္လုိ႔လည္း NLD ပါတီ ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉး မုံ႐ြာေအာင္ရွင္က VOA ကိုေျပာပါတယ္။

"ျပည္ေထာင္စုလႊတ္ေတာ္မွာ ၆၄၂ ေနရာရွိတယ္ေပါ့ေလ။ ျပည္သူက ၄၂၅ ေနရာ၊ အမ်ိဳးသားက ၂၁၇ ေနရာ။ အားလုံးေပါင္း ၆၄၂ ေနရာမွာ ၃၂၂ ေနရာရရင္ အစိုးရဖြဲ႕ႏိုင္တယ္ေပါ့ေလ။ ဒါေပမဲ့ အခုေလာေလာဆယ္မွာ က်ေနာ္တို႔က ေျပာရလို႔ရွိရင္ေတာ့ ၃၉၀ ေက်ာ္ေလာက္ ရေနတယ္လို႔ သိရပါတယ္။ အဲေတာ့ လိုအပ္တာထက္ေတာင္ ပိုၿပီးေတာ့ ေသာင္ၿပိဳကမ္းၿပိဳထက္ေတာင္မွ မ်ားပါေသးတယ္ အႏိုင္ရေနတာ။ အဲေတာ့ က်ေနာ္တို႔ဘာပဲျဖစ္ျဖစ္ အစိုးရဖြဲ႕ႏိုင္ဖို႔အတြက္ လုံေလာက္တဲ့အေရအတြက္ထက္ အမ်ားႀကီးရေနၿပီလို႔ ေျပာခ်င္ပါတယ္။"

တိုင္းရင္းသားေဒသေတြက တခ်ိဳ႕မဲဆႏၵနယ္ေျမေတြမွာ NLD ပါတီက ေထာက္ခံမႈေတြ အားနည္းခဲ့ေပမဲ့လည္း တႏိုင္ငံလုံး အတုိင္းအတာမွာေတာ့ ရလဒ္ေကာင္းတယ္လုိ႔လည္း ပါတီေျပာခြင့္ရ မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။ ေရြးေကာက္ပဲြ အႏုိင္ရပါတီအေနနဲ႔ အစုိးရသစ္ ဖဲြ႔စည္းရမွာ သင့္ျမတ္ေရး ဦးစားေပးမယ္လုိ႔လည္း ေျပာပါတယ္။

"က်ေနာ္တို႔ အခုမရတဲ့ အားနည္းတဲ့ေနရာေတြကေတာ့ ရခိုင္ေပါ့ဗ်ာ။ ရခိုင္ရယ္၊ ရွမ္းရယ္ကေတာ့ က်ေနာ္တို႔ရတဲ့ အေရအတြက္ အားနည္းပါတယ္။ က်န္တာေတြကေတာ့ အေတာ္အသင့္ ေတာ္ေတာ္ကိုရတယ္လို႔ ေျပာရမွာပါပဲ၊ အရင္ထက္စာရင္ေပါ့ေလ၊ ပိုၿပီးေတာ့ရတယ္လို႔ ေျပာရမွာပါပဲ။ ေနာက္ထပ္အစိုးရဖြဲ႕ၾကမယ္ဆိုရင္ကေတာ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရေပါ့ေလ၊ သို႔မဟုတ္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို အေျခခံတဲ့အစိုးရ ဖြဲ႕ႏိုင္ၾကလိမ့္မယ္လို႔ပဲ က်ေနာ္ေတာ့ ယုံၾကည္ပါတယ္။"

ႏိုင္ငံေရးပါတီေပါင္း ၄၂ ပါတီနဲ႔ တသီးပုဂၢလ ၃၂ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ရန္ကုန္တိုင္းမွာေတာ့ NLD ပါတီ ထိပ္တန္းတာ၀န္ရွိသူေတြလည္းျဖစ္ အစုိးရေခါင္းေဆာင္ေတြလည္းျဖစ္တဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦး၀င္းျမင့္ တုိ႔လည္း ျပန္လည္အေရြးခံခဲ့ရပါတယ္။ ဒါေပမဲ့လည္း ရန္ကုန္တိုင္းအတြင္း ေနာက္ဆုံး မဲရလဒ္ အတိအက်ကုိေတာ့ မသိရေသးဘူလုိ႔လည္း ရန္ကုန္တိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္ ေျပာခြင့္ရ ဦးေက်ာ္မိုးၾကည္က ေျပာပါတယ္။

"အခု ၄၅ ၿမိဳ႕နယ္လုံး မစုံေသးဘူး။ (မဲရလဒ္စာရင္း) အခ်ဳပ္လုပ္လို႔ မရေသးဘူး။ အခ်က္အလက္ေတြ ေျပာဖို႔ဆိုတာက ခက္ေသးတယ္။ လာသမွ်ၿမိဳ႕နယ္ေတြ စစ္တယ္၊ စစ္ၿပီး ကိုယ့္ဘာကိုယ္အတည္ျပဳၿပီးရင္ ဒီကေၾကညာတယ္ အဲဒီလိုမ်ိဳး။ ၿမိဳ႕နယ္ေတြက အခုကလာတယ္၊ လာတဲ့အခါမွာ တခ်ိဳ႕ၿမိဳ႕နယ္ေတြကလာတဲဲ့ စာရင္းဇယားေတြမွာ က႑ေတြေပါင္းတာေတြ၊ အေပၚ၊ ေအာက္မွားတာေတြ ျပင္တယ္၊ လိုအပ္တဲ့ပုံစံေတြ ျဖည့္တယ္၊ ဒါေတြလုပ္ေနတုန္းပဲ။"

ကပ္ေရာဂါကာလ က်င္းပတဲ့ ေရြးေကာက္ပဲြမွာ အားနည္းခ်က္ေတြ ခ်ဳိ႕ယြင္းခ်က္ေတြ ရွိခဲ့တဲ့အေပၚ ေ၀ဖန္မႈေတြ ရွိခဲ့ေပမဲ့ ေအာင္ျမင္တဲ့ ေရြးေကာက္ပဲြအျဖစ္နဲ႔လည္း ႏုိင္ငံတကာက ခ်ီးက်ဳးခဲ့ၾကပါတယ္။ မေန႔တုန္းကလည္း ေရြးေကာက္ပဲြ က်င္းပခဲ့တဲ့အေပၚ အေမရိကန္၊ ဥေရာပသမဂၢ (EU)နဲ႔ ၿဗိတိန္တုိ႔က ခ်ီးက်ဳးခဲ့ၾကတာပါ။ ဒါေပမဲ့လည္း ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ အားလုံးပါ၀င္ခြင့္ရဖုိ႔နဲ႔ တျခားစုိးရိမ္စရာ အေျခအေနေတြကုိလည္း ေထာက္ျပခဲ့ၾကပါတယ္။ ဒီေန႔မွာလည္း ဂ်ပန္ႏိုင္ငံဝန္ႀကီးခ်ဳပ္နဲ႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးတို႔က ေရြးေကာက္ပဲြမွာ NLD ပါတီ အႏုိင္ရတဲ့အေပၚ ခ်ီးက်ဳးေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ သဝဏ္လႊာေပးပို႔ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရှမ်းနဲ့ ရခိုင်မှလွဲ ကျန်တိုင်းနဲ့ ပြည်နယ် NLD အများစုနိုင်နေ

ဒီတကြိမ်ရွေးကောက်ပွဲမှာ အများစု အနိုင်ရထားတယ်လို့ ပြောဆိုထားတဲ့ လက်ရှိအာဏာရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေနဲ့ အစိုးရသစ်ဖွဲ့စည်းရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးဖို့ ရည်မှန်းထားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲ ကနဦးမဲရလဒ်တွေအရ NLD ပါတီက နေရာတော်တော်များများမှာ အနိုင်ရထားကြောင်း ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီနေ့ညနေပိုင်းအထိ မဲအရေအတွက်အရဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကထက်တောင် ကိုယ်စားလှယ်နေရာ ပိုပြီးအနိုင်ရတာ တွေ့ရတယ်လို့လည်း NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က VOA ကိုပြောပါတယ်။

"ပြည်ထောင်စုလွှတ်တော်မှာ ၆၄၂ နေရာရှိတယ်ပေါ့လေ။ ပြည်သူက ၄၂၅ နေရာ၊ အမျိုးသားက ၂၁၇ နေရာ။ အားလုံးပေါင်း ၆၄၂ နေရာမှာ ၃၂၂ နေရာရရင် အစိုးရဖွဲ့နိုင်တယ်ပေါ့လေ။ ဒါပေမဲ့ အခုလောလောဆယ်မှာ ကျနော်တို့က ပြောရလို့ရှိရင်တော့ ၃၉၀ ကျော်လောက် ရနေတယ်လို့ သိရပါတယ်။ အဲတော့ လိုအပ်တာထက်တောင် ပိုပြီးတော့ သောင်ပြိုကမ်းပြိုထက်တောင်မှ များပါသေးတယ် အနိုင်ရနေတာ။ အဲတော့ ကျနော်တို့ဘာပဲဖြစ်ဖြစ် အစိုးရဖွဲ့နိုင်ဖို့အတွက် လုံလောက်တဲ့အရေအတွက်ထက် အများကြီးရနေပြီလို့ ပြောချင်ပါတယ်။"

တိုင်းရင်းသားဒေသတွေက တချို့မဲဆန္ဒနယ်မြေတွေမှာ NLD ပါတီက ထောက်ခံမှုတွေ အားနည်းခဲ့ပေမဲ့လည်း တနိုင်ငံလုံး အတိုင်းအတာမှာတော့ ရလဒ်ကောင်းတယ်လို့လည်း ပါတီပြောခွင့်ရ မုံရွာအောင်ရှင်က ပြောပါတယ်။ ရွေးကောက်ပွဲ အနိုင်ရပါတီအနေနဲ့ အစိုးရသစ် ဖွဲ့စည်းရမှာ သင့်မြတ်ရေး ဦးစားပေးမယ်လို့လည်း ပြောပါတယ်။

"ကျနော်တို့ အခုမရတဲ့ အားနည်းတဲ့နေရာတွေကတော့ ရခိုင်ပေါ့ဗျာ။ ရခိုင်ရယ်၊ ရှမ်းရယ်ကတော့ ကျနော်တို့ရတဲ့ အရေအတွက် အားနည်းပါတယ်။ ကျန်တာတွေကတော့ အတော်အသင့် တော်တော်ကိုရတယ်လို့ ပြောရမှာပါပဲ၊ အရင်ထက်စာရင်ပေါ့လေ၊ ပိုပြီးတော့ရတယ်လို့ ပြောရမှာပါပဲ။ နောက်ထပ်အစိုးရဖွဲ့ကြမယ်ဆိုရင်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရပေါ့လေ၊ သို့မဟုတ် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့အစိုးရ ဖွဲ့နိုင်ကြလိမ့်မယ်လို့ပဲ ကျနော်တော့ ယုံကြည်ပါတယ်။"

နိုင်ငံရေးပါတီပေါင်း ၄၂ ပါတီနဲ့ တသီးပုဂ္ဂလ ၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရန်ကုန်တိုင်းမှာတော့ NLD ပါတီ ထိပ်တန်းတာဝန်ရှိသူတွေလည်းဖြစ် အစိုးရခေါင်းဆောင်တွေလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် တို့လည်း ပြန်လည်အရွေးခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်တိုင်းအတွင်း နောက်ဆုံး မဲရလဒ် အတိအကျကိုတော့ မသိရသေးဘူလို့လည်း ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရ ဦးကျော်မိုးကြည်က ပြောပါတယ်။

"အခု ၄၅ မြို့နယ်လုံး မစုံသေးဘူး။ (မဲရလဒ်စာရင်း) အချုပ်လုပ်လို့ မရသေးဘူး။ အချက်အလက်တွေ ပြောဖို့ဆိုတာက ခက်သေးတယ်။ လာသမျှမြို့နယ်တွေ စစ်တယ်၊ စစ်ပြီး ကိုယ့်ဘာကိုယ်အတည်ပြုပြီးရင် ဒီကကြေညာတယ် အဲဒီလိုမျိုး။ မြို့နယ်တွေက အခုကလာတယ်၊ လာတဲ့အခါမှာ တချို့မြို့နယ်တွေကလာတဲ့ စာရင်းဇယားတွေမှာ ကဏ္ဍတွေပေါင်းတာတွေ၊ အပေါ်၊ အောက်မှားတာတွေ ပြင်တယ်၊ လိုအပ်တဲ့ပုံစံတွေ ဖြည့်တယ်၊ ဒါတွေလုပ်နေတုန်းပဲ။"

ကပ်ရောဂါကာလ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အားနည်းချက်တွေ ချို့ယွင်းချက်တွေ ရှိခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပေမဲ့ အောင်မြင်တဲ့ ရွေးကောက်ပွဲအဖြစ်နဲ့လည်း နိုင်ငံတကာက ချီးကျုးခဲ့ကြပါတယ်။ မနေ့တုန်းကလည်း ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့အပေါ် အမေရိကန်၊ ဥရောပသမဂ္ဂ (EU)နဲ့ ဗြိတိန်တို့က ချီးကျုးခဲ့ကြတာပါ။ ဒါပေမဲ့လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားလုံးပါဝင်ခွင့်ရဖို့နဲ့ တခြားစိုးရိမ်စရာ အခြေအနေတွေကိုလည်း ထောက်ပြခဲ့ကြပါတယ်။ ဒီနေ့မှာလည်း ဂျပန်နိုင်ငံဝန်ကြီးချုပ်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့က ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရတဲ့အပေါ် ချီးကျုးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG