သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗဟို အစိုးရဖြဲ႕ႏိုင္တဲ့အထိ NLD ႏိုင္ဖို႔အလားအလာရွိေနတာ ဘာေၾကာင့္လဲ


NLD ပါတီ ေထာက္ခံသူတခ်ိဳ႕ကို ရန္ကုန္ၿမိဳ႕ရွိ NLD ရံုးေရွ႕မွာ ေတြ႔ရ။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

(Zawgyi/Unicode)

၂၀၂၀ ေရြးေကာက္ပဲြမွာ NLD အေနနဲ႔ သမၼတ ေရြးႏိုင္၊ ျပည္ေထာင္စုအဆင့္ အစိုးရဖဲြ႔ႏိုင္တဲ့အထိ မဲအေရအတြက္ အျပတ္အသတ္ရဖို႔ရွိေနေၾကာင္း ေရြးေကာက္ပဲြေစာင့္ၾကည့္ေနတဲ့ ျမန္မာ့အေရးအကဲခတ္ေတြက သံုးသပ္ၾကပါတယ္။ ႏို၀င္ဘာ (၈) ရက္ ေရြးေကာက္ပဲြ ေနာက္ဆံုး မဲ ရလာဒ္ အေျခအေနေတြနဲ႔ ပတ္သက္လို႔ သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္ကို မအင္ၾကင္းနိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး။ ၊၊ ျမန္မာနိုင္ငံမွာ ေရြးေကာက္ပြဲက်င္းပျပီးတဲ့ေနာက္ ေနာက္ဆံုးရလဒ္အေျခအေနေတြ ဘယ္လိုရွိေနပါသလဲ။

စည္သူေအာင္ျမင့္။ ။ အခုေနာက္ဆံုးရလဒ္ေပါ့ေနာ္ ။ အခု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကေတာ့ တရား၀င္ထုတ္ျပန္ခ်က္ေတြေတာ့ စျပီးလုပ္ေနပါျပီ ။ ဒါေပမယ့္ သူ႕ဆီက တရား၀င္ထုတ္ျပန္ခ်က္ေတြ က နည္းနည္း ေႏွးတယ္ေပါ့ေနာ္။ အတည္ျပဳခ်က္ေတြ တဆင့္ျပီးတဆင့္ သူလုပ္တယ္။ လက္မွတ္ထိုးတာေတြလည္း တဆင့္ျပီးတဆင့္ သူေစာင္ ့ ေနရတဲ့ခါက်ေတာ့ နည္းနည္း ေနွးတယ္ေပါ့။ ဒါေပမယ့္လည္း တဘက္က ပါ၀င္ယွဥ္ျပိဳင္တဲ့ပါတီေတြေပါ့ေနာ္။ သူတို႔က သက္ဆိုင္ရာ ၿမိဳ ့နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္ေတြကဆီကရတဲ့ ထုတ္ျပန္ထားတဲ့ အခ်က္အလက္ေတြအရဆိုရင္ေတာ့ ေတာ္ေတာ္မ်ားမ်ားေပါ့ေနာ္ ၉၀ ရာႏႈန္းေလာက္ကေတာ့ သိေနနိုင္ပါၿပီ ။ UEC က အတည္မျပဳေသးေပမယ့္လည္း ဒီဥစၥာက အတည္ျဖစ္တယ္လို ့ေျပာလို႔ရနိုင္ပါတယ္။

အဲဒီမွာ ေနာက္ဆံုးအေနနဲ႔ ဘာေတြ ့ရသလဲဆိုေတာ့ ျပည္ေထာင္စုအဆင့္ေပါ့ေနာ္ ။ ဒါကအေရးၾကီးပါတယ္။ ျပည္ေထာင္စုအဆင့္လို ့ဘာလို ့ေျပာရသလဲဆိုေတာ့ ျပည္ေထာင္စုအဆင့္ကိုေရာက္သြားမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ ့ လႊတ္ေတာ္ထဲေရာက္သြားတဲ့အခါက်လို ့ရွိရင္ သူတို ့က နုိင္ငံေတာ္ သမၼတသစ္ တေယာက္ကိုေရြးမယ္၊ အစိုးရသစ္ဖြဲ ့မယ္ ဆိုတဲ့အတြက္ေၾကာင့္မို ့လို ့ ျပည္ေထာင္စုအဆင့္ကို ေျပာတာပါ။ အဲဒီေတာ့ ျပည္ေထာင္စုအဆင့္မွာဆိုရင္ေတာ့ NLD အမ်ိုးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္ဟာ သမၼတေရြးႏိုင္ အစိုးရဖြဲ ့နိုင္တဲ့ အမတ္အေရအတြက္ကို ရရွိသြားျပီဆိုတာ သိရပါတယ္။

ေမး။။ ဟုတ္ကဲ့ ။ ဆိုေတာ့ NLD က အဲေလာက္အနိုင္ရသြားျပီလို ့သိရျပီးတဲ့အခါမွာ ၾကံ့ခိုင္ဖြံ ့ျဖိဳးေရးပါတီဘက္ကေရာ သူတို ့ရဲ့ မဲေရတြက္မႈ ရလဒ္ေတြနဲ ့ပက္သက္ ျပီး ဘယ္လို တုံ ့ျပန္သလဲ ။

စည္သူေအာင္ျမင့္။ ။ ဒီဥစၥာကေတာ့ တေနရာခ်င္းစီေပါ့ေနာ္ ။ တေနရာခ်င္းစီမွာ ၀င္ၿပိဳင္တဲ့အခါမွာ သက္ဆိုင္ရာကိုယ္စားလွယ္ေတြဆီက သူတို ့ပံုစံ (၁၉) နဲ လက္မွတ္ထိုး အတည္ျပဳတာေတြ ရွိပါတယ္။ လက္မွတ္ထိုးျခင္း၊ မထိုးျခင္းေတြကေတာ့ သူတို ့သက္ဆိုင္ရာ နယ္ေတြမွာ ရွိမွာပဲ ။ ဒါေပမယ့္လည္း ျပည္ခိုင္ျဖိဳး ပါတီ အေနနဲ ့က်ေနာ္တို ့ရထားတဲ့ သတင္းအခ်က္အလက္ေတြ အရဆိုရင္ သူတို ့ဟာ ၂၀၁၅ တုန္းကဆိုရင္ ျပည္ေထာင္စု အဆင့္အတြက္ဆို ၄၁ ေနရာ နိုင္ခဲ့တယ္။ ဒါေပမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ ၾကေတာ့ အဲဒီ ၄၁ ေနရာ နိုင္ထားခဲ့တဲ့ ေနရာေတြမွာ ဆံုးရံႈးတာေတြ ့ရတယ္ ။ အဲဒီေနရာေတြကို NLD ပါတီက နိုင္သြားခဲ့တာေတြလည္း ေတြ ့ရပါတယ္။ ဆိုတဲ့ခါက်ေတာ့ သူ့ ့ရဲ့ ရလဒ္ဟာ ၂၀၁၅ တုန္းက ရ တဲ့ ရလဒ္ထက္ကို နည္းေနတယ္ဆိုတာ က်ေနာ္တို ့ေတြ ့ရပါတယ္။

ေမး။။ ဒါေပမယ့္တဘက္မွာၾကေတာ့ NLD အေနနဲ ့တိုင္းရင္းသား နယ္ေျမေတြမွာ ယွဥ္ၿပိဳင္တဲ့ အေနအထားကေရာ ဘယ္လိုရွိပါသလဲရွင့္ ။

စည္သူေအာင္ျမင့္။ ။ တိုင္းရင္းသားပါတီေတြမွာ တခ်ိဳ ့ေသာပါတီေတြဟာ ၂၀၁၅ တုန္းကထက္ကို ပိုျပီးအားေကာင္းလာတယ္ဆိုတာ အမွန္ပါပဲ ။ အဲဒါေတြက က်ေနာ္တို ့က ဘယ္မွာ ေတြ ့ရသလဲဆိုေတာ့ က်ေနာ္တို ့ကယားျပည္နယ္ မွာေတြ ့ရတယ္။ ၂၀၁၅ တုန္းက ဒီ ကယားပါတီေတြေပါ့ေနာ္ သူတို ့ေတြက အမတ္ေနရာေတြ မရခဲ့ၾကပါဘူး ။ ဒါေပမယ့္ အခုတၾကိမ္က်ေတာ့ ျပည္နယ္အဆင့္မွာေရာ ျပည္ေထာင္စု အဆင့္မွာပါ သူတို ့အမတ္ေနရာေတြ ရလာၾကတယ္ ။ ဒီေရြးေကာက္ပြဲမွာဆိုရင္ ပိုျပီးေတာ့ေပါ့ ၂၀၁၅ ထက္ ပိုရလာတဲ့သေဘာေပါ့ ။

အင္း ေနာက္တခုက ရွမ္းျပည္နယ္မွာ။ ရွမ္းျပည္နယ္မွာ NLD ရဲ့ရလဒ္ဟာ နည္းတာေတြ ့ရတယ္။ တဘက္မွာျပည္ၾကည့္ေတာ့ SNLD လို ပါတီမ်ိဳးက ၂၀၁၅ ထက္ပိုလာတာလည္း ေတြ ့ရတယ္ ။ ျပီးေတာ့မွ ေနာက္ ရခိုင္ျပည္နယ္ေပါ့ ။ ရခုိင္ျပည္နယ္ဆိုရင္ ၿပီးခဲ့တဲ့ ၂၀၁၅ တုန္းက ANP ပါတီေပါ့ေနာ္ ။ ရခိုင္အမ်ိဳးသားပါတီအားေကာင္းခဲ့တဲ့ အမတ္ေနရာေတြအမ်ားႀကီးရခဲ့တဲ့ ရခိုင္ေျမာက္ပိုင္း ၉ ျမိဳ ့နယ္မွာ မက်င္းပနိုင္ခဲ့ဘူး ။ ေတာင္ပိုင္းမွာပဲ က်ဥ္းပပါတယ္။ အဲဒီေတာ့ ေတာင္ပိုင္းမွာလည္း NLD ပါတီက ၂၀၁၅ တုန္းက ေနရာအမ်ားစု အနိင္ရခဲ့တာ၊ ေျမာက္ပိုင္းမွာေတာ့ သူရံႈးတာေပါ့ေနာ္။ အခုေနာက္ဆံုးရလဒ္ေတြကို က်ေနာ့္ နားလည္ခ်က္အရဆိုရင္ ေတာင္ပိုင္းမွာ NLD ပါတီဟာ ေနရာ နည္းနည္းေလးပဲရတယ္ ။ ရခုိင္အမ်ိဳးသားပါတီက ေနရာေတာ္ေတာ္မ်ားမ်ားရတာေတြ ့ရတယ္။ ၂၀၁၅ နဲ ့နွိဳင္းယွဥ္လိုက္ရင္ အဲဒီေနရာေတြမွာ NLD က ပိုၿပီး ဆံုးရွံုဳးသြားတယ္။ တုိင္းရင္းသားပါတီေတြရတဲ့ ေနရာေတြ ပိုမ်ားလာတယ္ဆိုတာေတြ ့ရတယ္။ ဒါေပမယ့္လည္း ကရင္၊ ကခ်င္ နဲ ့ ခ်င္းျပည္နယ္ေတြမွာ က်ေတာ့ NLD အေနနဲ ့၂၀၁၅ ထက္ကို ပိုျပီးေတာ့ ဆံုးရွံဳးတာမ်ိဳးမေတြ ့ရဘူး ။ တနုိင္ငံလံုးအတိုင္းအတာနဲ ့ တစံုလံုးကို ျခံဳျပီးေျပာရရင္ ။ ျပည္ေထာင္စုအဆင့္ေပါ့ေနာ္ NLD ဟာ ၂၀၁၅ တုန္းက ရတာထက္ ေနရာတခ်ိဳ ့ပိုျပီးေတာ့ ရလာတာ ေတြ ့ရတယ္။

တိုက္႐ိုက္ လင့္ခ္


................

ဗဟို အစိုးရဖွဲ့နိုင်တဲ့အထိ NLD နိုင်ဖို့အလားအလာရှိနေတာ ဘာကြောင့်လဲ

(Unicode)

၂၀၂၀ ရွေးကောက်ပွဲမှာ NLD အနေနဲ့ သမ္မတ ရွေးနိုင်၊ ပြည်ထောင်စုအဆင့် အစိုးရဖွဲ့နိုင်တဲ့အထိ မဲအရေအတွက် အပြတ်အသတ်ရဖို့ရှိနေကြောင်း ရွေးကောက်ပွဲစောင့်ကြည့်နေတဲ့ မြန်မာ့အရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ နိုဝင်ဘာ (၈) ရက် ရွေးကောက်ပွဲ နောက်ဆုံး မဲ ရလာဒ် အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ၊၊ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် နောက်ဆုံးရလဒ်အခြေအနေတွေ ဘယ်လိုရှိနေပါသလဲ။

စည်သူအောင်မြင့်။ ။ အခုနောက်ဆုံးရလဒ်ပေါ့နော် ။ အခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ တရားဝင်ထုတ်ပြန်ချက်တွေတော့ စပြီးလုပ်နေပါပြီ ။ ဒါပေမယ့် သူ့ဆီက တရားဝင်ထုတ်ပြန်ချက်တွေ က နည်းနည်း နှေးတယ်ပေါ့နော်။ အတည်ပြုချက်တွေ တဆင့်ပြီးတဆင့် သူလုပ်တယ်။ လက်မှတ်ထိုးတာတွေလည်း တဆင့်ပြီးတဆင့် သူစောင့် နေရတဲ့ခါကျတော့ နည်းနည်း နှေးတယ်ပေါ့။ ဒါပေမယ့်လည်း တဘက်က ပါဝင်ယှဉ်ပြိုင်တဲ့ပါတီတွေပေါ့နော်။ သူတို့က သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွေကဆီကရတဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရဆိုရင်တော့ တော်တော်များများပေါ့နော် ၉၀ ရာနှုန်းလောက်ကတော့ သိနေနိုင်ပါပြီ ။ UEC က အတည်မပြုသေးပေမယ့်လည်း ဒီဥစ္စာက အတည်ဖြစ်တယ်လို့ပြောလို့ရနိုင်ပါတယ်။

အဲဒီမှာ နောက်ဆုံးအနေနဲ့ ဘာတွေ ့ရသလဲဆိုတော့ ပြည်ထောင်စုအဆင့်ပေါ့နော် ။ ဒါကအရေးကြီးပါတယ်။ ပြည်ထောင်စုအဆင့်လို့ဘာလို့ပြောရသလဲဆိုတော့ ပြည်ထောင်စုအဆင့်ကိုရောက်သွားမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ထဲရောက်သွားတဲ့အခါကျလို့ရှိရင် သူတို့က နိုင်ငံတော် သမ္မတသစ် တယောက်ကိုရွေးမယ်၊ အစိုးရသစ်ဖွဲ့မယ် ဆိုတဲ့အတွက်ကြောင့်မို့လို့ ပြည်ထောင်စုအဆင့်ကို ပြောတာပါ။ အဲဒီတော့ ပြည်ထောင်စုအဆင့်မှာဆိုရင်တော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သမ္မတရွေးနိုင် အစိုးရဖွဲ့နိုင်တဲ့ အမတ်အရေအတွက်ကို ရရှိသွားပြီဆိုတာ သိရပါတယ်။

မေး။။ ဟုတ်ကဲ့ ။ ဆိုတော့ NLD က အဲလောက်အနိုင်ရသွားပြီလို့သိရပြီးတဲ့အခါမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကရော သူတို့ရဲ့ မဲရေတွက်မှု ရလဒ်တွေနဲ့ပက်သက် ပြီး ဘယ်လို တုံ့ပြန်သလဲ ။

စည်သူအောင်မြင့်။ ။ ဒီဥစ္စာကတော့ တနေရာချင်းစီပေါ့နော် ။ တနေရာချင်းစီမှာ ဝင်ပြိုင်တဲ့အခါမှာ သက်ဆိုင်ရာကိုယ်စားလှယ်တွေဆီက သူတို့ပုံစံ (၁၉) နဲ လက်မှတ်ထိုး အတည်ပြုတာတွေ ရှိပါတယ်။ လက်မှတ်ထိုးခြင်း၊ မထိုးခြင်းတွေကတော့ သူတို့သက်ဆိုင်ရာ နယ်တွေမှာ ရှိမှာပဲ ။ ဒါပေမယ့်လည်း ပြည်ခိုင်ဖြိုး ပါတီ အနေနဲ့ကျနော်တို့ရထားတဲ့ သတင်းအချက်အလက်တွေ အရဆိုရင် သူတို့ဟာ ၂၀၁၅ တုန်းကဆိုရင် ပြည်ထောင်စု အဆင့်အတွက်ဆို ၄၁ နေရာ နိုင်ခဲ့တယ်။ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကြတော့ အဲဒီ ၄၁ နေရာ နိုင်ထားခဲ့တဲ့ နေရာတွေမှာ ဆုံးရှုံးတာတွေ ့ရတယ် ။ အဲဒီနေရာတွေကို NLD ပါတီက နိုင်သွားခဲ့တာတွေလည်း တွေ ့ရပါတယ်။ ဆိုတဲ့ခါကျတော့ သူ့ရဲ့ ရလဒ်ဟာ ၂၀၁၅ တုန်းက ရ တဲ့ ရလဒ်ထက်ကို နည်းနေတယ်ဆိုတာ ကျနော်တို့တွေ ့ရပါတယ်။

မေး။။ ဒါပေမယ့်တဘက်မှာကြတော့ NLD အနေနဲ့တိုင်းရင်းသား နယ်မြေတွေမှာ ယှဉ်ပြိုင်တဲ့ အနေအထားကရော ဘယ်လိုရှိပါသလဲရှင့် ။

စည်သူအောင်မြင့်။ ။ တိုင်းရင်းသားပါတီတွေမှာ တချို့သောပါတီတွေဟာ ၂၀၁၅ တုန်းကထက်ကို ပိုပြီးအားကောင်းလာတယ်ဆိုတာ အမှန်ပါပဲ ။ အဲဒါတွေက ကျနော်တို့က ဘယ်မှာ တွေ ့ရသလဲဆိုတော့ ကျနော်တို့ကယားပြည်နယ် မှာတွေ့ရတယ်။ ၂၀၁၅ တုန်းက ဒီ ကယားပါတီတွေပေါ့နော် သူတို့တွေက အမတ်နေရာတွေ မရခဲ့ကြပါဘူး ။ ဒါပေမယ့် အခုတကြိမ်ကျတော့ ပြည်နယ်အဆင့်မှာရော ပြည်ထောင်စု အဆင့်မှာပါ သူတို့အမတ်နေရာတွေ ရလာကြတယ် ။ ဒီရွေးကောက်ပွဲမှာဆိုရင် ပိုပြီးတော့ပေါ့ ၂၀၁၅ ထက် ပိုရလာတဲ့သဘောပေါ့ ။

အင်း နောက်တခုက ရှမ်းပြည်နယ်မှာ။ ရှမ်းပြည်နယ်မှာ NLD ရဲ့ရလာဒ်ဟာ နည်းတာတွေ့ရတယ်။ တဘက်မှာပြည်ကြည့်တော့ SNLD လို ပါတီမျိုးက ၂၀၁၅ ထက်ပိုလာတာလည်း တွေ ့ရတယ် ။ ပြီးတော့မှ နောက် ရခိုင်ပြည်နယ်ပေါ့ ။ ရခိုင်ပြည်နယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ANP ပါတီပေါ့နော် ။ ရခိုင်အမျိုးသားပါတီအားကောင်းခဲ့တဲ့ အမတ်နေရာတွေအများကြီးရခဲ့တဲ့ ရခိုင်မြောက်ပိုင်း ၉ မြို့နယ်မှာ မကျင်းပနိုင်ခဲ့ဘူး ။ တောင်ပိုင်းမှာပဲ ကျဉ်းပပါတယ်။ အဲဒီတော့ တောင်ပိုင်းမှာလည်း NLD ပါတီက ၂၀၁၅ တုန်းက နေရာအများစု အနိင်ရခဲ့တာ၊ မြောက်ပိုင်းမှာတော့ သူရှုံးတာပေါ့နော်။ အခုနောက်ဆုံးရလဒ်တွေကို ကျနော့် နားလည်ချက်အရဆိုရင် တောင်ပိုင်းမှာ NLD ပါတီဟာ နေရာ နည်းနည်းလေးပဲရတယ် ။ ရခိုင်အမျိုးသားပါတီက နေရာတော်တော်များများရတာတွေ ့ရတယ်။ ၂၀၁၅ နဲ့နှိုင်းယှဉ်လိုက်ရင် အဲဒီနေရာတွေမှာ NLD က ပိုပြီး ဆုံးရှုံုးသွားတယ်။ တိုင်းရင်းသားပါတီတွေရတဲ့ နေရာတွေ ပိုများလာတယ်ဆိုတာတွေ ့ရတယ်။ ဒါပေမယ့်လည်း ကရင်၊ ကချင် နဲ့ ချင်းပြည်နယ်တွေမှာ ကျတော့ NLD အနေနဲ့၂၀၁၅ ထက်ကို ပိုပြီးတော့ ဆုံးရှုံးတာမျိုးမတွေ့ရဘူး ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ တစုံလုံးကို ခြုံပြီးပြောရရင် ။ ပြည်ထောင်စုအဆင့်ပေါ့နော် NLD ဟာ ၂၀၁၅ တုန်းက ရတာထက် နေရာတချို့ပိုပြီးတော့ ရလာတာ တွေ့ရတယ်။

XS
SM
MD
LG