သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မြန္နဲ႔ ခ်င္းျပည္နယ္ ေရြးေကာက္ပဲြရလဒ္မ်ား


ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုမွာ ဆႏၵမဲမ်ား ေရတြက္ေနၾကတဲ့ ျမင္ကြင္း။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

မေန႔က က်င္းပၿပီးစီးသြားတဲ့ ေရြးေကာက္ပဲြက ကနဦး မဲရလဒ္ေတြအရ တုိင္းရင္းသား ေဒသတခ်ဳိ႕မွာ လက္ရွိအာဏာရ NLD အမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ အသာရေနေပမဲ့ တခ်ဳိ႕ေနရာေတြမွာေတာ့ ေဒသခံတုိင္းရင္းသားပါတီေတြလည္း ေနရာရလာေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

ဒီႏွစ္ေရြးေကာက္ပဲြမွာ မြန္ႏုိင္ငံေရးပါတီေတြ စုေပါင္းၿပီး ဖဲြ႔စည္းထားတဲ့ မြန္ညီညႊတ္ေရးပါတီက စုစုေပါင္း ကုိယ္စားလွယ္ေလာင္း ၃၅ ေယာက္ ယွဥ္ၿပိဳင္ခဲ့ရာမွာ ၁၁ ေယာက္ အႏုိင္ရခဲ့ေၾကာင္း ပါတီတြဲဘက္အတြင္းေရးမွဴး ၂ ႏိုင္စံတင္က VOA ကို ေျပာပါတယ္။

“က်ေနာ္တို႔ မြန္ျပည္နယ္မွာ ၃၅ ေယာက္ဝင္ၿပိဳင္တယ္ေပါ့ေနာ္.. လႊတ္ေတာ္ကိုယ္စားလွယ္ေပါ့ေနာ္။ အဲ့ဒီမွာ က်ေနာ္တို႔ ေရးၿမိဳ႕နယ္မွာ ၅ ေနရာစလံုး ႏိုင္တယ္ေပါ့ေနာ္။ သံံျဖဴဇရပ္မွာက်ေတာ့ ျပည္နယ္လႊတ္ေတာ္ အမွတ္ ၂ မွာပဲႏိုင္တယ္။ မုဒံုမွာက်ေတာ့ က်ေနာ္တို႔ ျပည္သူ႔လႊတ္ေတာ္ရယ္၊ အမ်ဳိးသားလႊတ္ေတာ္ရယ္၊ ျပည္နယ္လႊတ္ေတာ္ အမွတ္ ၂ ရယ္ ၃ ေနရာႏိုင္တယ္။ က်ဳိက္မေရာမွာက်ေတာ့ က်ေနာ္တို႔ ျပည္နယ္လႊတ္ေတာ္ အမွတ္ ၂ မွာ ႏိုင္တယ္။ တစ္ေနရာေလာက္ပဲ ေနာက္ၿပီးေတာ့ ေခ်ာင္းဆံုမွာ ျပည္နယ္လႊတ္ေတာ္အမွတ္ ၂ မွာ ႏိုင္တယ္။ အဲ့ဒီမွာ အားလံုးေပါင္း ၁၁ ေယာက္ပဲ က်ေနာ္တို႔ ႏိုင္တယ္။ ေလာေလာဆယ္ေတာ့ ဒီလိုေပါ့ဗ်ာ ျပည္သူလူထုရဲ႕ အားေပးမႈရယ္၊ ပါတီကလည္း ေပါင္းစည္းထားတဲ့ တစ္ပါတီရဲ႕ အင္အားေၾကာင့္ ဒီေလာက္ႏိုင္တယ္ေပါ့ေနာ္။ ဒါေပမဲ့ အားမရဘူးေပါ့ဗ်ာ... ေလာေလာဆယ္ပါတီႀကီးနဲ႔ ၿပိဳင္ရတဲ့အခါက်ေတာ့ ဒီေလာက္ႏိုင္တာ က်ေနာ္တို႔ ေက်နပ္ရတာေပါ့။”

မြန္ျပည္နယ္ရဲ႕ ေရြးေကာက္ပြဲ မဲရလဒ္ေတြကိုေတာ့ စိစစ္ဆဲျဖစ္တာေၾကာင့္ အတည္မျပဳႏိုင္ေသးဘူးလို႔ မြန္ျပည္နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္ တာဝန္ရွိသူ တစ္ဦးက ဗြီအိုေအကိုေျပာပါတယ္။

“ဟုတ္ကဲ့။ ေရြးေကာက္ပြဲရလဒ္ ညီမတို႔ဆီ ၿမိဳ႕နယ္ေတြ မစံုေသးလို႔ပါရွင္။ တက္လာတာက မုဒံု၊ ေခ်ာင္းဆံု၊ ေမာ္လၿမိဳင္၊ က်ဳိက္မေရာ အဲ့ဒါေတြက်ေတာ့ ညီမတို႔ ေအာက္မွာ စာရင္းေပါင္းတုန္းရွင့္... မရေသးဘူး။ အခုမွ တက္လာၾကတယ္ဆိုေတာ့ ရလဒ္ေတာ့ မထြက္လာေသးလို႔ရွင့္ေနာ္။ အခုမွ ေအာက္မွာ လုပ္ေနၾကတုန္းမလို႔ပါရွင္ေနာ္။ ၿမိဳ႕နယ္ေတြ ၿပီးရင္ေတာ့ ထြက္ေပးမွာေပါ့ေနာ္။ ၿမိဳ႕နယ္ေတြကလည္း အခုခ်ိန္ထိတက္မလာၾကေသးလို႔ ၿပီးတာနဲ႔ တန္းထုတ္ေပးမွာပါရွင္။”

ေမာ္လၿမိဳင္ခ႐ိုင္ ၆ ၿမိဳ႕နယ္ျဖစ္တဲ့ ေမာ္လၿမိဳင္၊ ေခ်ာင္းဆံု၊ က်ဳိက္မေရာ၊ မုဒံု၊ ေရး ၿမိဳ႕နယ္တို႔ရဲ႕ ေရြးေကာက္ပြဲရလဒ္နဲ႔ ပတ္သက္ၿပီး ေမာ္လၿမိဳင္ခ႐ုိင္ေကာ္မရွင္ အတြင္းေရးမွဴး ဦးထင္ေက်ာ္က VOA ကို အတည္ျပဳ ေျပာပါတယ္။

“အားလံုးဆိုရင္ ေမာ္လၿမိဳင္ခ႐ုိင္မွာ မဲဆႏၵနယ္ ၂၆ ေနရာရွိတာေပါ့။ ျပည္သူ႔လႊတ္ေတာ္က ၆ ေနရာ၊ အမ်ဳိးသားလႊတ္ေတာ္က ၈ ေနရာ၊ ျပည္နယ္လႊတ္ေတာ္က ၁၂ ေနရာ၊ အားလံုး ၂၆ ေနရာေပါ့။ ၂၆ ေနရာမွာ အဲ့မွာ အႏိုင္ရတာ NLD ပါတီက ၁၅ ေနရာႏိုင္တယ္။ မြန္ညီညႊတ္ေရးပါတီက ၁၁ ေနရာႏိုင္တယ္။”

မြန္ျပည္နယ္မွာဆိုရင္ လႊတ္ေတာ္အသီးသီးအတြက္ မဲဆႏၵနယ္ေျမ ၄၅ ေနရာ ေရြးေကာက္ပြဲ က်င္းပခဲ့ၿပီး မဲေပးခြင့္ရွိသူကေတာ့ ၁၈ သိန္းေက်ာ္ရွိတယ္လို႔ ေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။ ႏိုင္ငံေရးပါတီေပါင္း ၁၆ ပါတီနဲ႔ တသီးပုဂၢလအပါအဝင္း ကိုယ္စားလွယ္ေလာင္း ၂၅၀ ေက်ာ္က ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

ပါတီေပါင္း ၁၁ ခုနဲ႔ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေပါင္း ၁၇၀ ေက်ာ္က ကုိယ္စားလွယ္ေလာင္းေတြ ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ ခ်င္းျပည္နယ္မွာလည္း NLD ပါတီက ေနရာအမ်ားစုမွာ အႏုိင္ရခဲ့တယ္လုိ႔ ျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္အတြင္းေရးမွဴး ဦးလင္းေက်ာ္က VOA ကို
အတည္ျပဳေျပာပါတယ္။

“က်ေနာ္တို႔ဆီမွာေတာ့ ဟားခါးၿမိဳ႕နယ္နဲ႔ မင္းတပ္ၿမိဳ႕နယ္ေပါ့... ႏွစ္ၿမိဳ႕နယ္ရဲ႕ မဲဆႏၵနယ္ေတြေတာ့ ပံုစံ (၁၉) ေတြေတာ့ ေရာက္ပါၿပီဗ်။ ဟားခါးမွာေတာ့ မဲဆႏၵနယ္ ၅ နယ္မွာေတာ့ က်ေနာ္တို႔ ၄ ေနရာေတာ့ NLD ပါဗ်။ ေနာက္တစ္နယ္ကေတာ့ CNLD ပါ။ မင္းတပ္မွာေတာ့ ၄ နယ္လံုး NLD ပါဗ်။ ဟုတ္ပါတယ္ဗ်ာ။ မဲဆႏၵနယ္ ၄ ေနရာလံုးကို ေျပာတာပါ။ မဲ႐ုံက လာတဲ့ ပံုစံ (၁၆) ေတြနဲ႔ စိစစ္ေနတုန္းေပါ့။”

က်န္တဲ့ ၿမိဳ႕နယ္ေတြရလဒ္ကိုေတာ့ စိစစ္ဆဲျဖစ္တယ္လို႔လည္း ခ်င္းျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္အတြင္းေရးမွဴး ဦးလင္းေက်ာ္က ေျပာပါတယ္။

ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္နဲ႔ တသီးပုဂၢလလႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ ေရြးေကာက္ပဲြမွာေတာ့ မဲမသမာမႈနဲ႔ အခက္အခဲတခ်ဳိ႕ ရွိတယ္ဆုိတဲ့ သတင္းေတြ ထြက္ေပၚခဲ့ေပမဲ့လည္း ျပႆနာတစုံတရာ ႀကီးႀကီးမားမား မရွိဘဲ အဆုံးသတ္ခဲ့ပါတယ္။

မြန္နဲ႔ ခ်င္းျပည္နယ္ေရြးေကာက္ပဲြရလဒ္မ်ား
please wait

No media source currently available

0:00 0:04:06 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မွန်နဲ့ ချင်းပြည်နယ်ရွေးကောက်ပွဲရလဒ်များ

မနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲက ကနဦး မဲရလဒ်တွေအရ တိုင်းရင်းသား ဒေသတချို့မှာ လက်ရှိအာဏာရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသာရနေပေမဲ့ တချို့နေရာတွေမှာတော့ ဒေသခံတိုင်းရင်းသားပါတီတွေလည်း နေရာရလာနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ဒီနှစ်ရွေးကောက်ပွဲမှာ မွန်နိုင်ငံရေးပါတီတွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ မွန်ညီညွှတ်ရေးပါတီက စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၅ ယောက် ယှဉ်ပြိုင်ခဲ့ရာမှာ ၁၁ ယောက် အနိုင်ရခဲ့ကြောင်း ပါတီတွဲဘက်အတွင်းရေးမှူး ၂ နိုင်စံတင်က VOA ကို ပြောပါတယ်။

“ကျနော်တို့ မွန်ပြည်နယ်မှာ ၃၅ ယောက်ဝင်ပြိုင်တယ်ပေါ့နော်.. လွှတ်တော်ကိုယ်စားလှယ်ပေါ့နော်။ အဲ့ဒီမှာ ကျနော်တို့ ရေးမြို့နယ်မှာ ၅ နေရာစလုံး နိုင်တယ်ပေါ့နော်။ သံံဖြူဇရပ်မှာကျတော့ ပြည်နယ်လွှတ်တော် အမှတ် ၂ မှာပဲနိုင်တယ်။ မုဒုံမှာကျတော့ ကျနော်တို့ ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ရယ်၊ ပြည်နယ်လွှတ်တော် အမှတ် ၂ ရယ် ၃ နေရာနိုင်တယ်။ ကျိုက်မရောမှာကျတော့ ကျနော်တို့ ပြည်နယ်လွှတ်တော် အမှတ် ၂ မှာ နိုင်တယ်။ တစ်နေရာလောက်ပဲ နောက်ပြီးတော့ ချောင်းဆုံမှာ ပြည်နယ်လွှတ်တော်အမှတ် ၂ မှာ နိုင်တယ်။ အဲ့ဒီမှာ အားလုံးပေါင်း ၁၁ ယောက်ပဲ ကျနော်တို့ နိုင်တယ်။ လောလောဆယ်တော့ ဒီလိုပေါ့ဗျာ ပြည်သူလူထုရဲ့ အားပေးမှုရယ်၊ ပါတီကလည်း ပေါင်းစည်းထားတဲ့ တစ်ပါတီရဲ့ အင်အားကြောင့် ဒီလောက်နိုင်တယ်ပေါ့နော်။ ဒါပေမဲ့ အားမရဘူးပေါ့ဗျာ... လောလောဆယ်ပါတီကြီးနဲ့ ပြိုင်ရတဲ့အခါကျတော့ ဒီလောက်နိုင်တာ ကျနော်တို့ ကျေနပ်ရတာပေါ့။”

မွန်ပြည်နယ်ရဲ့ ရွေးကောက်ပွဲ မဲရလဒ်တွေကိုတော့ စိစစ်ဆဲဖြစ်တာကြောင့် အတည်မပြုနိုင်သေးဘူးလို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူ တစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

“ဟုတ်ကဲ့။ ရွေးကောက်ပွဲရလဒ် ညီမတို့ဆီ မြို့နယ်တွေ မစုံသေးလို့ပါရှင်။ တက်လာတာက မုဒုံ၊ ချောင်းဆုံ၊ မော်လမြိုင်၊ ကျိုက်မရော အဲ့ဒါတွေကျတော့ ညီမတို့ အောက်မှာ စာရင်းပေါင်းတုန်းရှင့်... မရသေးဘူး။ အခုမှ တက်လာကြတယ်ဆိုတော့ ရလဒ်တော့ မထွက်လာသေးလို့ရှင့်နော်။ အခုမှ အောက်မှာ လုပ်နေကြတုန်းမလို့ပါရှင်နော်။ မြို့နယ်တွေ ပြီးရင်တော့ ထွက်ပေးမှာပေါ့နော်။ မြို့နယ်တွေကလည်း အခုချိန်ထိတက်မလာကြသေးလို့ ပြီးတာနဲ့ တန်းထုတ်ပေးမှာပါရှင်။”

မော်လမြိုင်ခရိုင် ၆ မြို့နယ်ဖြစ်တဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ ရေး မြို့နယ်တို့ရဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး မော်လမြိုင်ခရိုင်ကော်မရှင် အတွင်းရေးမှူး ဦးထင်ကျော်က VOA ကို အတည်ပြု ပြောပါတယ်။

“အားလုံးဆိုရင် မော်လမြိုင်ခရိုင်မှာ မဲဆန္ဒနယ် ၂၆ နေရာရှိတာပေါ့။ ပြည်သူ့လွှတ်တော်က ၆ နေရာ၊ အမျိုးသားလွှတ်တော်က ၈ နေရာ၊ ပြည်နယ်လွှတ်တော်က ၁၂ နေရာ၊ အားလုံး ၂၆ နေရာပေါ့။ ၂၆ နေရာမှာ အဲ့မှာ အနိုင်ရတာ NLD ပါတီက ၁၅ နေရာနိုင်တယ်။ မွန်ညီညွှတ်ရေးပါတီက ၁၁ နေရာနိုင်တယ်။”

မွန်ပြည်နယ်မှာဆိုရင် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်မြေ ၄၅ နေရာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မဲပေးခွင့်ရှိသူကတော့ ၁၈ သိန်းကျော်ရှိတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးပါတီပေါင်း ၁၆ ပါတီနဲ့ တသီးပုဂ္ဂလအပါအဝင်း ကိုယ်စားလှယ်လောင်း ၂၅၀ ကျော်က ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပါတီပေါင်း ၁၁ ခုနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၁၇၀ ကျော်က ကိုယ်စားလှယ်လောင်းတွေ ယှဉ်ပြိုင်ခဲ့ကြတဲ့ ချင်းပြည်နယ်မှာလည်း NLD ပါတီက နေရာအများစုမှာ အနိုင်ရခဲ့တယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်က VOA ကို
အတည်ပြုပြောပါတယ်။

“ကျနော်တို့ဆီမှာတော့ ဟားခါးမြို့နယ်နဲ့ မင်းတပ်မြို့နယ်ပေါ့... နှစ်မြို့နယ်ရဲ့ မဲဆန္ဒနယ်တွေတော့ ပုံစံ (၁၉) တွေတော့ ရောက်ပါပြီဗျ။ ဟားခါးမှာတော့ မဲဆန္ဒနယ် ၅ နယ်မှာတော့ ကျနော်တို့ ၄ နေရာတော့ NLD ပါဗျ။ နောက်တစ်နယ်ကတော့ CNLD ပါ။ မင်းတပ်မှာတော့ ၄ နယ်လုံး NLD ပါဗျ။ ဟုတ်ပါတယ်ဗျာ။ မဲဆန္ဒနယ် ၄ နေရာလုံးကို ပြောတာပါ။ မဲရုံက လာတဲ့ ပုံစံ (၁၆) တွေနဲ့ စိစစ်နေတုန်းပေါ့။”

ကျန်တဲ့ မြို့နယ်တွေရလဒ်ကိုတော့ စိစစ်ဆဲဖြစ်တယ်လို့လည်း ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်က ပြောပါတယ်။

နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ရွေးကောက်ပွဲမှာတော့ မဲမသမာမှုနဲ့ အခက်အခဲတချို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့လည်း ပြဿနာတစုံတရာ ကြီးကြီးမားမား မရှိဘဲ အဆုံးသတ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG