သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္နယ္ေတြမွာ တိုင္းရင္းသားပါတီေတြ အႏုိင္ရႏုိင္ေျခ


ေတာင္ကုတ္ၿမိဳ႕နယ္ ရခိုင္အမ်ိဳးသားပါတီ (ANP) (ဓာတ္ပံု - Win Zaw)

(Zawgyi / Unicode)

ရခုိင္ျပည္နယ္ဘက္က မေန႔ညအထိ အေျခအေနကို ျပည္နယ္လႊတ္ေတာ္ဥကၠ႒နဲ႔ ANP ရခုိင္အမ်ဳိးသားပါတီရဲ႕ မူဝါဒေရးရာ ဦးေဆာင္ေကာ္မတီဝင္ ဦးစံေက်ာ္လွကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းရာမွာ သူက အဓိက ရခုိင္ပါတီ ထူးထူးျခားျခား လက္ရွိအခ်ိန္ထိ မဲသာေနတယ္ဆုိၿပီး အခုလို စရွင္းျပပါတယ္။

ဦးစံေက်ာ္လွ - “ဘာထူးလဲဆုိေတာ့ အခုလက္ရွိ ရခုိင္ျပည္နယ္ ေရြးေကာက္ပြဲလုပ္တဲ့ ၿမိဳ႕နယ္ေတြမွာေတာ့ ANP ပါတီက ေတာ္ေတာ္မ်ားမ်ား ႏုိင္ပါတယ္။ ရာခုိင္ႏႈန္း ေတာ္ေတာ္မ်ားမ်ား ႏုိင္ပါတယ္။”

ကုိဝင္းမင္း - ဘယ္ၿမိဳ႕နယ္ေတြမွာ အဓိကႏုိင္လဲ။

ဦးစံေက်ာ္လွ - “ANP က အခု တရားဝင္ေတာ့ မထြက္ေသးဘူး။ ဒါပေမယ့္ စစ္ေတြ ANP အကုန္လုံး ႏုိင္ႏုိင္ပါတယ္။ စစ္ေတြ၊ မာန္ေအာင္၊ သံတြဲ ဒီၿမိဳ႕နယ္ေတြက လုံးဝနီးပါးေလာက္ ႏုိင္ႏုိင္တဲ့ အေျခအေန ရွိပါတယ္။ က်န္တဲ့ၿမိဳ႕နယ္ေတြမွာလည္း ဂြကလြဲၿပီးေတာ့ က်န္တဲ့ၿမိဳ႕နယ္ေတြမွာလည္း ANP က ႏုိင္တဲ့အေနအထား ရွိပါတယ္။ သုိ႔ေသာ္ ရာခုိင္ႏႈန္းအားျဖင့္ ဘယ္ေလာက္ ဘယ္ေလာက္ဆုိတာေတာ့ မရႏုိင္ေသးဘူး ေလာေလာဆယ္မွာ။”

ကုိဝင္းမင္း - ဟုတ္ကဲ့၊ ေနာက္ေရာ။

ဦးစံေက်ာ္လွ - “NLD ကေတာ့ ဂြၿမိဳ႕နယ္မွာ အားေကာင္းတဲ့သေဘာေတာ့ ရွိပါတယ္။ NLD အေနနဲ႔ ဂြၿမိဳ႕နယ္ကလြဲၿပီး က်န္တဲ့ေနရာေတြမွာ အားေကာင္းႏုိင္တဲ့ အေနအထားမ်ဳိးေတာ့ မရွိပါဘူး။ ဂြက ဦးညီပုရဲ႕ ၿမိဳ႕နယ္ေလ။ ဝန္ႀကီးခ်ဳပ္ရဲ႕ နယ္ေျမ။ ဂြမွာေတာ့ ကေ်နာ္ထင္တယ္၊ NLD ေတာ္ေတာ္မ်ားမ်ား ႏုိင္မွာပါ။”

ကုိဝင္းမင္း - ဒီႏွစ္က ထူးျခားမႈ ဘာရွိလဲ။ ႏုိင္တဲ့ၿမိဳ႕နယ္ေတြမွာ။

ဦးစံေက်ာ္လွ - “ႏုိင္တဲ့ၿမိဳ႕နယ္ေတြမွာ ထူးျခားမႈဆုိတာကေတာ့ ရခုိင္ျပည္နယ္ ေအာက္ပုိင္းေဒသကို က်ေနာ္တုိ႔ ရခုိင္ပါတီေတြအေနနဲ႔ ဟုိ ေရွးေရွးတုန္းက ႏုိင္ေျခ အားနည္းခဲ့တယ္။ မႏုိင္ဘူးလို႔ေတာင္ ေျပာလုိ႔ရတယ္။ မာန္ေအာင္၊ ေတာင္ကုတ္၊ သံတြဲ၊ ဂြ အဲဒီၿမိဳ႕နယ္ေတြဟာ က်ေနာ္တုိ႔ ရခုိင္ပါတီေတြ မႏုိင္ခဲ့ပါဘူး တခါမွ။ ဒါေပမယ့္ အခု ၂၀၂၀ ေရြးေကာက္ပြဲမွာ ရခုိင္အမ်ဳိးသားရဲ႕ စိတ္ဓာတ္ဟာ အခုဆုိရင္ ရခုိင္တျပည္နယ္လုံးကို လႊမ္းမုိးသြားၿပီလို႔ ေျပာလို႔ရတယ္။ ဒါ့အျပင္ ဧရာဝတီဘက္ကိုေတာင္ က်ေနာ္တုိ႔ ရခုိင္ပါတီက ထုိးေဖာက္ႏုိင္တဲ့ အေနအထားမ်ဳိးမွာ ရွိပါတယ္။ အဲဒီမွာ ဝင္ၿပိဳင္တဲ့ တုိင္းရင္းသားေရးရာဝန္ႀကီး ဦးေဇာ္ေအးေမာင္ အေနနဲ႔လည္း အခုလက္ရွိ အေျခအေနထိကေတာ့ အျေခအေန ေကာင္းေနတယ္လို႔ပဲ သိရပါတယ္။ ေနာက္ပုိင္းေတာ့ က်ေနာ္တုိ႔ အတိအက် မေျပာႏုိင္ေသးဘူး။”

ကိုဝင္းမင္း - ေနာက္ထပ္ေရာ ထူးျခားမႈရွိေသးလား။

ဦးစံေက်ာ္လွ - “ဒါေပမယ့္ အမ္းမွာက်ေတာ့ ျပည္ခုိင္ၿဖိဳး အားေကာင္းပါတယ္။ အားေကာင္းတယ္ဆုိတာ အမ္းၿမိဳ႕နယ္ တၿမိဳ႕နယ္လုံးမွာ ျပည္ခုိင္ၿဖဳိး အားေကာင္းတာမဟုတ္ဘူး။ အခု ေရြးေကာက္ပြဲခ်တဲ့ေနရာက တပ္မေတာ္ အားရွိတဲ့ေနရာ၊ အဲဒီ တပ္မေတာ္ အားရွိတဲ့ေနရာ ပတ္ဝန္းက်င္မွာ ျဖစ္တဲ့အတြက္ ျပည္ခုိင္ၿဖဳိး အားသာသြားတယ္။”

ကုိဝင္းမင္း - အခုလို အမ်ားစုရတဲ့အတြက္ ဒီ ရခုိင္ျပည္နယ္မွာ တႏုိင္ငံလုံးမွာ အမ်ားဆုံးရမယ့္ ပါတီကိုေရာ အဓိက ဘာမွာခ်င္လဲ။

ဦးစံေက်ာ္လွ - “ျမန္မာႏုိင္ငံရဲ႕ အခင္းအက်င္းအရ အေျပာင္းအလဲ ျဖစ္ခ်င္မွျဖစ္မယ္။ ျဖစ္သည္ျဖစ္ေစ၊ မျဖစ္သည္ျဖစ္ေစ ရခုိင္ျပည္နယ္ တနံတလ်ားမွာ က်ေနာ္တုိ႔ ရခုိင္ပါတီေတြ ႏုိင္တဲ့အတြက္ က်ေနာ္တုိ႔ ဂုဏ္ယူပါတယ္။”

ကုိဝင္းမင္း - ဒီေနရာမွာ အင္အားႀကီး ပါတီတခုျဖစ္တဲ့ NLD ပါတီ ေျပာခြင့္ရကို ေမးလုိက္ေတာ့ ေရြးေကာက္ပြဲ ႏုိင္ခဲ့မယ္ဆုိရင္ ဒီတေခါက္မွာ တုိင္းရင္းသားပါတီေတြနဲ႔ ပူးေပါင္းၿပီးေတာ့ အမ်ဳိးသားညီညြတ္ေရး အစုိးရမ်ဳိး ဖြဲ႔မယ္လို႔ ေျပာခဲ့တဲ့အေပၚမွာေရာ ဘယ္လုိတုံ႔ျပန္ခ်င္ပါလဲ။

ဦးစံေက်ာ္လွ - “အဲလုိဆုိေတာ့ NLD က ပထမေျပာထားတဲ့ စကားနဲ႔ မတူေတာ့ဘဲ သူတုိ႔ စိတ္ေျပာင္းသြားတဲ့သေဘာ ရွိတယ္ေလ။ အဲလိုဆုိေတာ့လည္း ႀကိဳဆုိရတာေပါ့ဗ်ာ။”

ကုိဝင္းမင္း - ဟုတ္ကဲ့ ေက်းဇူးပါ ဦးစံေက်ာ္လွခင္ဗ်ား။

ေနာက္ ကခ်င္ျပည္နယ္ဘက္က အေျခအေနကိုလည္း ျမစ္ႀကီးနားၿမိဳ႕ မဲဆႏၵနယ္တခုမွာ ဝင္ၿပိဳင္ေနတဲ့ KSPP ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ ဒုဥကၠ႒-၁ ေဒၚဒြဲဘူကို ေမးထားပါတယ္။ သူက ပါတီဥကၠ႒ ေဒါက္တာတူးဂ်ာ ႏုိင္ေနေပမယ့္ သူ႔နယ္ေျမမွာေတာ့ မဲေရေနေသးတယ္လို႔ အခုလို စရွင္းျပပါတယ္။

ေဒၚဒြဲဘူ - “အခု က်မတုိ႔ေတြက မသိေသးဘူး။ ေဒါက္တာတူးဂ်ာေတာ့ ႏုိင္တယ္။ အင္ဂ်န္းယန္မွာ က်မတုိ႔ ျပည္သူ႔လႊတ္ေတာ္ႏုိင္တယ္။ ျပည္နယ္တေနရာ၊ ျပည္သူ႔လႊတ္ေတာ္ တေနရာေပါ့။ က်မတုိ႔ေတြက အခုထိ ေရေနတုန္း။ မနက္ေလာက္မွ သိမယ္ထင္တယ္၊ ျမစ္ႀကီးနားက နယ္က်ယ္ေတာ့ေလ။”

ကိုဝင္းမင္း - အလားအလာေရာ ဘယ္လိုရွိလဲ။

ေဒၚဒြဲဘူ - “အလားအလာက သူတုိ႔ႏုိင္တဲ့ေနရာႏုိင္၊ ကုိယ္ႏုိင္တဲ့ေနရာႏုိင္ အဲလုိမ်ဳိး ျဖစ္ေနတယ္။”

ကိုဝင္းမင္း - ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲနဲ႔ ဆုိရင္ေရာ၊ ကြာတာရွိလား။

ေဒၚဒြဲဘူ - “ကြာတာေပါ့။ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲလိုေတာ့ သူတို႔လည္း အျပတ္အသတ္ေတာ့ မဟုတ္ဘူးေပါ့။ ဒါေပမယ့္ မ်ားေသာအားျဖင့္ က်ေမတုိ႔က ကခ်င္မဲေတြေတာ့ ရတာေပါ့။ ဒါေပမယ့္ ဒီမွာလာေနတာ တ႐ုတ္ေတြမ်ားတဲ့ ရပ္ကြက္တုိ႔၊ ဗမာေတြေနတာမ်ားတဲ့ ရပ္ကြက္တုိ႔ဆုိ က်မတုိ႔မရဘူးေလ။ အေမစုရတာေပါ့။ သူတုိ႔ကေတာ့ အဲဒါပဲၾကည့္တာကုိး။”

ကုိဝင္းမင္း - ေက်းဇူးပါ ေဒၚဒြဲဘူခင္ဗ်ား။

ေနာက္ ကခ်င္ျပည္နယ္ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္ကေန ဝင္ၿပိဳင္တဲ့ KSPP ပါတီ ဒုဥကၠ႒-၂ ကြမ္ေဂါင္ေအာင္ခမ္းကို ေမးရာမွာလည္း ႏုိင္ဖုိ႔ ခက္ေနတယ္ဆုိၿပီး အခုလုိ သူက စရွင္းျပပါတယ္။

ကြမ္ေဂါင္ေအာင္ခမ္း - “ဒီမွာေတာ့ ကေ်နာ္က ဆြမ္ပရာဘြမ္မွာ ရွိေနတာ ျဖစ္ပါတယ္။ ဒီမွာက စစ္တပ္နဲ႔ ေရႊ႕ေျပာင္းလုပ္သားေတြက မ်ားေနေတာ့ က်ေနာ္တုိ႔ ေဒသခံပါတီအတြက္ေတာ့ မေကာင္းတဲ့အေျခအေနမ်ဳိး ျဖစ္သြားၿပီ။”

ကုိဝင္းမင္း - ေနာက္ တျခားေနရာေတြမွာေရာ။

ကြမ္ေဂါင္ေအာင္ခမ္း - “တျခားေနရာမွာ အင္ဂ်န္းယန္မွာက KSPP ဥကၠ႒ကိုယ္တုိင္ ႏုိင္တယ္လို႔ ၾကားတယ္။ အေျခအေနေကာင္းတယ္လို႔ေတာ့ ေျပာတယ္။ ေဒါက္တာတူးဂ်ာကေတာ့ ႏုိင္ေနတယ္လို႔ ၾကားေနတယ္။ က်ေနာ္က နည္းနည္း အလွမ္းေဝးတယ္ေလ။ အင္ဂ်န္းယန္နဲ႔ ဆြမ္ပရာဘြမ္က လုိင္းကလည္း မမိေတာ့။”

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရနိုင်ခြေ

ရခိုင်ပြည်နယ်ဘက်က မနေ့ညအထိ အခြေအနေကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ ANP ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးစံကျော်လှကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းရာမှာ သူက အဓိက ရခိုင်ပါတီ ထူးထူးခြားခြား လက်ရှိအချိန်ထိ မဲသာနေတယ်ဆိုပြီး အခုလို စရှင်းပြပါတယ်။

ဦးစံကျော်လှ - “ဘာထူးလဲဆိုတော့ အခုလက်ရှိ ရခိုင်ပြည်နယ် ရွေးကောက်ပွဲလုပ်တဲ့ မြို့နယ်တွေမှာတော့ ANP ပါတီက တော်တော်များများ နိုင်ပါတယ်။ ရာခိုင်နှုန်း တော်တော်များများ နိုင်ပါတယ်။”

ကိုဝင်းမင်း - ဘယ်မြို့နယ်တွေမှာ အဓိကနိုင်လဲ။

ဦးစံကျော်လှ - “ANP က အခု တရားဝင်တော့ မထွက်သေးဘူး။ ဒါပမေယ့် စစ်တွေ ANP အကုန်လုံး နိုင်နိုင်ပါတယ်။ စစ်တွေ၊ မာန်အောင်၊ သံတွဲ ဒီမြို့နယ်တွေက လုံးဝနီးပါးလောက် နိုင်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ ကျန်တဲ့မြို့နယ်တွေမှာလည်း ဂွကလွဲပြီးတော့ ကျန်တဲ့မြို့နယ်တွေမှာလည်း ANP က နိုင်တဲ့အနေအထား ရှိပါတယ်။ သို့သော် ရာခိုင်နှုန်းအားဖြင့် ဘယ်လောက် ဘယ်လောက်ဆိုတာတော့ မရနိုင်သေးဘူး လောလောဆယ်မှာ။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ နောက်ရော။

ဦးစံကျော်လှ - “NLD ကတော့ ဂွမြို့နယ်မှာ အားကောင်းတဲ့သဘောတော့ ရှိပါတယ်။ NLD အနေနဲ့ ဂွမြို့နယ်ကလွဲပြီး ကျန်တဲ့နေရာတွေမှာ အားကောင်းနိုင်တဲ့ အနေအထားမျိုးတော့ မရှိပါဘူး။ ဂွက ဦးညီပုရဲ့ မြို့နယ်လေ။ ဝန်ကြီးချုပ်ရဲ့ နယ်မြေ။ ဂွမှာတော့ ကျေနာ်ထင်တယ်၊ NLD တော်တော်များများ နိုင်မှာပါ။”

ကိုဝင်းမင်း - ဒီနှစ်က ထူးခြားမှု ဘာရှိလဲ။ နိုင်တဲ့မြို့နယ်တွေမှာ။

ဦးစံကျော်လှ - “နိုင်တဲ့မြို့နယ်တွေမှာ ထူးခြားမှုဆိုတာကတော့ ရခိုင်ပြည်နယ် အောက်ပိုင်းဒေသကို ကျနော်တို့ ရခိုင်ပါတီတွေအနေနဲ့ ဟို ရှေးရှေးတုန်းက နိုင်ခြေ အားနည်းခဲ့တယ်။ မနိုင်ဘူးလို့တောင် ပြောလို့ရတယ်။ မာန်အောင်၊ တောင်ကုတ်၊ သံတွဲ၊ ဂွ အဲဒီမြို့နယ်တွေဟာ ကျနော်တို့ ရခိုင်ပါတီတွေ မနိုင်ခဲ့ပါဘူး တခါမှ။ ဒါပေမယ့် အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားရဲ့ စိတ်ဓာတ်ဟာ အခုဆိုရင် ရခိုင်တပြည်နယ်လုံးကို လွှမ်းမိုးသွားပြီလို့ ပြောလို့ရတယ်။ ဒါ့အပြင် ဧရာဝတီဘက်ကိုတောင် ကျနော်တို့ ရခိုင်ပါတီက ထိုးဖောက်နိုင်တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ အဲဒီမှာ ဝင်ပြိုင်တဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် အနေနဲ့လည်း အခုလက်ရှိ အခြေအနေထိကတော့ အြခေအနေ ကောင်းနေတယ်လို့ပဲ သိရပါတယ်။ နောက်ပိုင်းတော့ ကျနော်တို့ အတိအကျ မပြောနိုင်သေးဘူး။”

ကိုဝင်းမင်း - နောက်ထပ်ရော ထူးခြားမှုရှိသေးလား။

ဦးစံကျော်လှ - “ဒါပေမယ့် အမ်းမှာကျတော့ ပြည်ခိုင်ဖြိုး အားကောင်းပါတယ်။ အားကောင်းတယ်ဆိုတာ အမ်းမြို့နယ် တမြို့နယ်လုံးမှာ ပြည်ခိုင်ဖြိုး အားကောင်းတာမဟုတ်ဘူး။ အခု ရွေးကောက်ပွဲချတဲ့နေရာက တပ်မတော် အားရှိတဲ့နေရာ၊ အဲဒီ တပ်မတော် အားရှိတဲ့နေရာ ပတ်ဝန်းကျင်မှာ ဖြစ်တဲ့အတွက် ပြည်ခိုင်ဖြိုး အားသာသွားတယ်။”

ကိုဝင်းမင်း - အခုလို အများစုရတဲ့အတွက် ဒီ ရခိုင်ပြည်နယ်မှာ တနိုင်ငံလုံးမှာ အများဆုံးရမယ့် ပါတီကိုရော အဓိက ဘာမှာချင်လဲ။

ဦးစံကျော်လှ - “မြန်မာနိုင်ငံရဲ့ အခင်းအကျင်းအရ အပြောင်းအလဲ ဖြစ်ချင်မှဖြစ်မယ်။ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ရခိုင်ပြည်နယ် တနံတလျားမှာ ကျနော်တို့ ရခိုင်ပါတီတွေ နိုင်တဲ့အတွက် ကျနော်တို့ ဂုဏ်ယူပါတယ်။”

ကိုဝင်းမင်း - ဒီနေရာမှာ အင်အားကြီး ပါတီတခုဖြစ်တဲ့ NLD ပါတီ ပြောခွင့်ရကို မေးလိုက်တော့ ရွေးကောက်ပွဲ နိုင်ခဲ့မယ်ဆိုရင် ဒီတခေါက်မှာ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းပြီးတော့ အမျိုးသားညီညွတ်ရေး အစိုးရမျိုး ဖွဲ့မယ်လို့ ပြောခဲ့တဲ့အပေါ်မှာရော ဘယ်လိုတုံ့ပြန်ချင်ပါလဲ။

ဦးစံကျော်လှ - “အဲလိုဆိုတော့ NLD က ပထမပြောထားတဲ့ စကားနဲ့ မတူတော့ဘဲ သူတို့ စိတ်ပြောင်းသွားတဲ့သဘော ရှိတယ်လေ။ အဲလိုဆိုတော့လည်း ကြိုဆိုရတာပေါ့ဗျာ။”

ကိုဝင်းမင်း - ဟုတ်ကဲ့ ကျေးဇူးပါ ဦးစံကျော်လှခင်ဗျား။

နောက် ကချင်ပြည်နယ်ဘက်က အခြေအနေကိုလည်း မြစ်ကြီးနားမြို့ မဲဆန္ဒနယ်တခုမှာ ဝင်ပြိုင်နေတဲ့ KSPP ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ-၁ ဒေါ်ဒွဲဘူကို မေးထားပါတယ်။ သူက ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာ နိုင်နေပေမယ့် သူ့နယ်မြေမှာတော့ မဲရေနေသေးတယ်လို့ အခုလို စရှင်းပြပါတယ်။

ဒေါ်ဒွဲဘူ - “အခု ကျမတို့တွေက မသိသေးဘူး။ ဒေါက်တာတူးဂျာတော့ နိုင်တယ်။ အင်ဂျန်းယန်မှာ ကျမတို့ ပြည်သူ့လွှတ်တော်နိုင်တယ်။ ပြည်နယ်တနေရာ၊ ပြည်သူ့လွှတ်တော် တနေရာပေါ့။ ကျမတို့တွေက အခုထိ ရေနေတုန်း။ မနက်လောက်မှ သိမယ်ထင်တယ်၊ မြစ်ကြီးနားက နယ်ကျယ်တော့လေ။”

ကိုဝင်းမင်း - အလားအလာရော ဘယ်လိုရှိလဲ။

ဒေါ်ဒွဲဘူ - “အလားအလာက သူတို့နိုင်တဲ့နေရာနိုင်၊ ကိုယ်နိုင်တဲ့နေရာနိုင် အဲလိုမျိုး ဖြစ်နေတယ်။”

ကိုဝင်းမင်း - ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ဆိုရင်ရော၊ ကွာတာရှိလား။

ဒေါ်ဒွဲဘူ - “ကွာတာပေါ့။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲလိုတော့ သူတို့လည်း အပြတ်အသတ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် များသောအားဖြင့် ကျမေတို့က ကချင်မဲတွေတော့ ရတာပေါ့။ ဒါပေမယ့် ဒီမှာလာနေတာ တရုတ်တွေများတဲ့ ရပ်ကွက်တို့၊ ဗမာတွေနေတာများတဲ့ ရပ်ကွက်တို့ဆို ကျမတို့မရဘူးလေ။ အမေစုရတာပေါ့။ သူတို့ကတော့ အဲဒါပဲကြည့်တာကိုး။”

ကိုဝင်းမင်း - ကျေးဇူးပါ ဒေါ်ဒွဲဘူခင်ဗျား။

နောက် ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်ကနေ ဝင်ပြိုင်တဲ့ KSPP ပါတီ ဒုဥက္ကဋ္ဌ-၂ ကွမ်ဂေါင်အောင်ခမ်းကို မေးရာမှာလည်း နိုင်ဖို့ ခက်နေတယ်ဆိုပြီး အခုလို သူက စရှင်းပြပါတယ်။

ကွမ်ဂေါင်အောင်ခမ်း - “ဒီမှာတော့ ကျေနာ်က ဆွမ်ပရာဘွမ်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒီမှာက စစ်တပ်နဲ့ ရွှေ့ပြောင်းလုပ်သားတွေက များနေတော့ ကျနော်တို့ ဒေသခံပါတီအတွက်တော့ မကောင်းတဲ့အခြေအနေမျိုး ဖြစ်သွားပြီ။”

ကိုဝင်းမင်း - နောက် တခြားနေရာတွေမှာရော။

ကွမ်ဂေါင်အောင်ခမ်း - “တခြားနေရာမှာ အင်ဂျန်းယန်မှာက KSPP ဥက္ကဋ္ဌကိုယ်တိုင် နိုင်တယ်လို့ ကြားတယ်။ အခြေအနေကောင်းတယ်လို့တော့ ပြောတယ်။ ဒေါက်တာတူးဂျာကတော့ နိုင်နေတယ်လို့ ကြားနေတယ်။ ကျနော်က နည်းနည်း အလှမ်းဝေးတယ်လေ။ အင်ဂျန်းယန်နဲ့ ဆွမ်ပရာဘွမ်က လိုင်းကလည်း မမိတော့။”

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG