သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမတ်နေရာ အများစုနိုင်ဖို့ NLD မျှော်လင့်


ရွေးကောက်ပွဲအကြိုကာလ ကျောက်ဆည်မြို့မှာ NLD ပါတီ မဲဆွယ်စည်းရုံးရေးမြင်ကွင်း။ (အောက်တိုဘာ ၂၅၊ ၂၀၂၀)
ရွေးကောက်ပွဲအကြိုကာလ ကျောက်ဆည်မြို့မှာ NLD ပါတီ မဲဆွယ်စည်းရုံးရေးမြင်ကွင်း။ (အောက်တိုဘာ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

မနေ့ကကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲရဲ့ မဲပေးပွဲတွေ အပြီးမှာ အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတချို့ရှေ့မှာ ထောက်ခံသူတွေ စုဝေးခဲ့ကြတဲ့အပေါ် NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကို မေးရာမှာ သူက အခုလို စရှင်းပြပါတယ်။

ဒေါက်တာမျိုးညွန့် - “ဟုတ်တယ်၊ နောက်ဆုံးစာရင်း ဂဏန်းမငြိမ်သေးပေမယ့် ကျနော်တို့ နိုင်တဲ့ရလဒ်ကတော့ သေချာသလောက် ဖြစ်နေပါပြီ၊ အဲဒီမြို့နယ်တွေမှာ။”

ကိုဝင်းမင်း - ဘယ်မြို့နယ်တွေလဲ။

ဒေါက်တာမျိုးညွန့် - “အခုထိသိတာ ၅ မြို့၊ ၆ မြို့လောက်ကတော့ သေချာနိုင်ပြီ ပြောလို့ရပါတယ်။ ဒီဘက်မှာဆိုရင် ဟင်္သာတတို့၊ ဧရာဝတီတိုင်းက လေးမျက်နှာတို့၊ နောက် ရန်ကုန်မြို့က ၄ မြို့နယ်လောက် ရှိတာပေါ့လေ။ တာမွေ၊ မရမ်းကုန်း အဲလိုမျိုးပေါ့။ အဓိကတော့ ကျနော်တို့က ပြည်သူပဲခင်ဗျ၊ ပြည်သူတွေက မနက်မိုးလင်းကတည်းကိုက တက်တက်ကြွကြွနဲ့ အင်တိုက်အားတိုက် ထွက်လာပြီး မဲပေးပြီဆိုကတည်းက ကျနော်တို့နိုင်လို့ မှန်းပါတယ်။”

ကိုဝင်းမင်း - NLD ရန်ကုန် ဌာနချုပ်ရှေ့မှာ စုဝေးနေကြတဲ့သူတွေ။

ဒေါက်တာမျိုးညွန့် - “အဲဒီတုန်းက ကျနော်ရှိပါတယ်။ ကျနော်ထွက်ပြီးတော့ ရန်ကုန်ဌာနချုပ်က ဘာကြေညာချက်မှ ထုတ်မှာမဟုတ်ပါဘူး။ ကျနော်တို့ချစ်တဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အိမ်မှာပဲနေပြီး အွန်လိုင်းက အောင်နိုင်ရေး သတင်းကိုပဲ နားထောင်ပါလို့ မှာထားပါတယ်။ နောက်ပြီးတော့ ဒီအချိန်က COVID-19 ရဲ့ အန္တရာယ်လည်းရှိတယ်။ ပြီးတော့ အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်နေတော့ အမြန်ဆုံး အိမ်ကိုပြန်ဖို့ မေတ္တာရပ်ခံပါတယ်။ ဒါပေမယ့် တချို့တော့လည်း ပြန်တယ်၊ တချို့တော့လည်း မပြန်သေးဘူးပေါ့ဗျာ။ အခု နောက်ဆုံးအခြေအနေတော့ ကျနော် မသိတော့ပါဘူး။”

ကိုဝင်းမင်း - တခြား အရေးကြီးတာရော ပြောဖို့ရှိဦးမလား။

ဒေါက်တာမျိုးညွန့် - “အခုလောလောဆယ်အထိ ကျနော်တို့နိုင်တဲ့ နေရာတွေမှာ အရင်တုန်းက ရခဲ့တဲ့ မဲရလဒ်တွေထက်ကို ထူးထူးခြားခြား အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ၇ ဆ၊ ၈ ဆ အဲဒီလိုမျိုး မဲက အဆနဲ့ကို ပိုပြီး နိုင်တာတွေလည်း ရှိပါတယ်။ အရင်ရှုံးခဲ့တဲ့ မြို့နယ်တွေမှာလည်း ကျနော်တို့ ရလဒ်ကောင်းတွေ တောက်လျှောက် ရနေပါတယ်။ အဲတော့ ကျနော်တို့ကတော့ ပြောချင်တာက ရွေးကောက်ပွဲ ပြီးပြီဆိုရင် အရောင်အသွေးတွေ အကုန်လုံး မေ့ထားလိုက်ပြီးတော့ အားလုံးပါဝင်နိုင်မယ့် အမျိုးသားညီညွတ်ရေး အစိုးရပုံစံ တခုတည်းမှာ အားလုံး ပြန်လည်ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်လို့ ပြောချင်ပါတယ်။”

ကိုဝင်းမင်း - အရင်ရှုံးခဲ့တဲ့ နေရာတွေမှာ ရလဒ်ကောင်းတွေ ရလာတယ်ဆိုတော့ ဘယ်မြို့နယ်တွေလဲ။

ဒေါက်တာမျိုးညွန့် - ဥပမာ ဇီးကုန်းလိုမျိုးပေါ့လေ၊ အဲဒီဘက်တွေမှာ ရလဒ်ကောင်းတွေ ရပါတယ်။ နောက် နေပြည်တော်က ဇေယျာသီရိဘက်မှာလည်း ရလဒ်ကောင်းတွေ ရှိတယ်လို့ သတင်းတွေတော့ ထွက်နေတယ်။ နောက်ဆုံး စာရင်းချုပ်မှပဲ ဒါတွေကတော့ ပြောလို့ရပါမယ်။”

ကိုဝင်းမင်း - စာရင်း ဘယ်တော့လောက်ချုပ်နိုင်မယ်ထင်လဲ။

ဒေါက်တာမျိုးညွန့် - “ဒါကတော့ ကျနော်ထင်တယ် မနက်လင်းမှပဲ အကုန်လုံး စာရင်းကတော့ ရလိမ့်မယ်။”

ကိုဝင်းမင်း - အခုလို ကိုဗစ် ကပ်ရောဂါ အန္တရာယ်ရှိတဲ့ကြားမှာ ထပ်ပေးတဲ့ ပြည်သူတွေကိုရော အဓိကမှာချင်တာ ရှိသေးလား။

ဒေါက်တာမျိုးညွန့် - “အထူးသဖြင့်တော့ ကျနော်က ပြည်သူတွေရဲ့ နိုးကြားမှုကို အထူးပဲ လေးစားပါတယ်။ သို့သော် တခါတရံမှာ ကျောနာ်တို့သွားရမယ့် အပြောင်းအလဲကာလဟာ ရှည်ပါတယ်။ ကိုယ်က တက်ကြွလွန်းရင် ကိုယ့်ရဲ့ အင်အားတွေ ယုတ်လျော့သွားပြီးတော့ နောက်ပိုင်း လုပ်ဆောင်စရာတွေကို မလုပ်နိုင်မှာလည်း စိုးရိမ်ပါတယ်။ တခါတခါမှာ တက်ကြွလွန်ပြီးတော့ မလုပ်သင့်တာတွေကိုလည်း လုပ်မိနိုင်ပါတယ်။ အဲဒီတော့ နိုင်ငံရေးသတိနဲ့ အရာရာကို ဆုံးဖြတ်ပြီး ဆက်လက်ပြီး လုပ်ဆောင်ကြပါလို့တော့ ကျနော် တိုက်တွန်းချင်ပါတယ်။”

ကိုဝင်းမင်း - တိုင်းရင်းသားပါတီတွေကိုရော ဘာမှာချင်သေးလဲ။

ဒေါက်တာမျိုးညွန့် - “ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပါတယ်။ ဒီမိုကရေစီ အရင်လာလာ၊ ဖက်ဒရယ် အရင်လာလာ ဆိုတာထက် ကျနော်တို့ရည်ရွယ်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပြီဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရလည်း အပြည့်အဝ ရှိရပါမယ်။ ဖက်ဒရယ် အခွင့်အရေးတွေလည်း အပြည့်အဝ ရှိရပါမယ် ဆိုတာကို ကျနော်တို့ သတင်းစကား ပါးချင်ပါတယ်။”

ကိုဝင်းမင်း - ကျေးဇူးအများကြီးတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)



















XS
SM
MD
LG