သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်ိဳ႕ယြင္းခ်က္တခ်ိဳ႕ ရွိခဲ႔ေပမယ့္ ေအာင္ျမင္တဲ႔ ေရြးေကာက္ပြဲလို႔ ေလ႔လာသူေတြ ကနဦး သံုးသပ္


၂၀၂၀ ေရြးကောက္ပဲြ မဲေပးအၿပီး မဲေရတြက္ေနတဲ့ မဲ႐ုံဝန္ထမ္းမ်ား။ (ႏုိဝင္ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

၂၀၂၀ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကို ေအာင္ျမင္စြာ က်င္းပၿပီးစီးခဲ့ၿပီ ျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ အျမင္အမ်ိဳးမ်ိဳး ရႈေထာင့္အမ်ိဳးမ်ိဳးက သုံးသပ္မႈေတြကို မေမခက စုစည္းတင္ျပထားပါတယ္။

ဒီေရြးေကာက္ပဲြက အရင္တုန္းက က်င္းပၿပီးစီးခဲ့တဲ့ အေထြေထြေ႐ြးေကာက္ပြဲေတြနဲ႔ မတူတဲ့ အေျခအေနတခုမွာ က်င္းပျပဳလုပ္ခဲ့တာ ျဖစ္သလို မတူညီတဲ့ စိန္ေခၚမႈမ်ားၾကားျဖစ္တဲ့ ကပ္ေရာဂါကာလအတြင္း က်င္းပရတာျဖစ္လို႔ မဲ႐ုံေတြမွာ က်န္းမာေရး စည္းမ်ဥ္းေတြနဲ႔အညီ ေဆာင္႐ြက္ေနၾကရပါတယ္။

တပ္မေတာ္က ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ျပင္းျပင္းထန္ထန္ ျပစ္တင္ေဝဖန္ခဲ့ၿပီးေနာက္မွာေတာ့ ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာ က်င္းပႏိုင္ပါ့မလားလို႔ စိုးရိမ္မႈေတြ ရွိေနခ်ိန္မွာပဲ ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အခုလို က်င္းပၿပီးစီးခဲ့တာနဲ႔ ပတ္သက္လို႔ ေစာင့္ၾကည့္သူေတြ၊ ႏုိင္ငံေရး ေလ့လာသုံးသပ္သူေတြရဲ႕ အျမင္အမ်ိဳးမ်ိဳး ရႈေထာင့္အမ်ိဳးမ်ိဳး ရွိခဲ့ပါတယ္။

ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ ေအာင္ျမင္တဲ့ ေ႐ြးေကာက္ပြဲတခု အေနနဲ႔ ရႈျမင္ေပမယ့္ အျငင္းပြားဖြယ္ ကိစၥတခ်ိဳ႕ ႀကဳံေတြ႕ရတဲ့အေပၚမွာ ေကာ္မရွင္ဘက္က တိက်တဲ့ေျဖရွင္းမႈကို သူက လိုလားပါတယ္။

"ေရြးေကာက္ပဲြက လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပဲြလို႔ သုံးသပ္လို႔ ရႏိုင္ပါတယ္။ သုိ႔ေသာ္လည္းပဲ ေကာ္မရွင္ရဲ႕ ေဆာင္ရြက္ခ်က္ေတြမွာ အားနည္းခ်က္ေတြ လိုအပ္ခ်က္ေတြ ရွိေနတာလည္း အထင္အရွားပါ။ ရန္ကုန္တုိင္းမွာဆုိရင္ ရခုိင္တုိင္းရင္းသားလူမ်ဳိး မဲဆႏၵနယ္မွာ မဲေပးတဲ့ စာရြက္ထဲမွာ ကုိယ္စားလွယ္ မပါတာတို႔၊ ေနာက္ မဲစာရင္းမွာ မပါတာတို႔ ဒီလိုအသံေတြ ၾကားေနရတဲ့ အေျခအေနကေတာ့ ဒါ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပဲြ အေျခအေန ျဖစ္တယ္လို႔ အလုံးစုံ ေကာက္ခ်က္ခ်ဖို႔က်ေတာ့ ခဲယဥ္းႏိုင္တယ္လို႔ ျမင္ပါတယ္။ လိုအပ္တဲ့ ေျဖရွင္းခ်က္၊ ျပဳျပင္ေဆာင္ရြက္မႈေတြကို အခ်ိန္နဲ႔တေျပးညီ ေဆာင္ရြက္ႏိုင္ဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္။"

ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္နဲ႔ တသီးပုဂၢလေတြ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ဒီေရြးေကာက္ပဲြအတြင္း ဒီလို မဲေပးတာမွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရတာကို ေကာ္မရွင္ဘက္က လက္ခံထားပါတယ္။ ဒါေပမယ့္ ေအာင္ျမင္တဲ့ ေ႐ြးေကာက္ပြဲတခု ျဖစ္လာမယ္လို႔ေတာ့ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးခင္ေမာင္ဦးက ေမွ်ာ္လင့္ေနပါတယ္။

"က်ေနာ္တို႔မွာလည္း အကန္႔အသတ္က COVID-19 ေပါ့။ အဲဒီၾကားထဲမွာ လုပ္ရကိုင္ရတာေတြက အကန္႔အသတ္ေတြ ရွိတယ္။ က်န္းမာေရးဆိုင္ရာ စည္းမ်ည္းစည္းကမ္းေတြနဲ႔ ညီေအာင္လုပ္ရေတာ့ အခ်ိန္ကိုက္ျဖစ္ေအာင္ေပါ့ေလ၊ ျပည္သူအားလုံးလည္း မဲေပးလို႔ရေအာင္ က်ေနာ္တို႔ အတတ္ႏိုင္ဆုံး ေကာ္မရွင္အဆင့္အဆင့္ လုပ္ခဲ့ပါတယ္။ တႏိုင္ငံလုံး အတုိင္းအတာ မဲရုံေပါင္း ၄၀,၀၀၀ ရွိေတာ့ အားနည္းခ်က္ ခ်ဳိ႕ယြင္းခ်က္ေတြ ရွိႏိုင္ပါတယ္။ သုိ႔ေသာ္ အတတ္ႏုိင္ဆုံး အေကာင္းဆုံး ေဆာင္ရြက္ခဲ့ပါတယ္။ အေျဖရလဒ္ကလည္း အားလုံးေပါင္းခ်ဳပ္လုိက္ရင္ ေကာင္းမြန္မယ္ ထင္ပါတယ္။"

ကေနာင္ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္အဖြဲ႕က ဦးသန္းျမတ္စိုးကေတာ့ လက္ရွိေ႐ြးေကာက္ပြဲကို လြတ္လပ္မွ်တတဲ့ ေ႐ြးေကာက္ပြဲအျဖစ္ မရႈျမင္ႏိုင္ေသးဘူးလို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

"ကုိဗစ္ကာလမွာဆိုေတာ့ စိန္ေခၚမႈေတြ ပိုမ်ားတယ္။ အဲဒီအခ်ိန္မွာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔ ကုိဗစ္ကာလအတြင္း လုပ္တာကိုေတာ့ က်ေနာ္တုိ႔ ေတြ႔ရတယ္။ ဒါေပမယ့္ COVID-19 ျဖစ္ေနတဲ့ကာလ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ တခ်ဳိ႔ လုပ္ထုံးလုပ္နည္း အမိန္႔ ညႊန္ၾကားခ်က္ေတြက ရွင္းလင္းျပတ္သားမႈ မရွိဘူး။ တခ်ဳိ႕အပိုင္းေတြမွာ ေမးခြန္းထုတ္စရာေတြ ရွိေနတယ္။ အဲလိုမ်ဳိး ရွိေနျခင္းအားျဖင့္ လြတ္လပ္မွ်တတဲ့ ေရြးေကာက္ပဲြ ျဖစ္လားလုိ႔ ေမးရင္ေတာ့ အားနည္းခ်က္ေတြ ရွိေနတာ ေတြ႔ရတယ္ေပါ့ေနာ္ ။ အဲလိုပဲ ေလာေလာဆယ္ ေျဖခ်င္ပါတယ္။"

ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပတဲ့၂၀၂၀ ေ႐ြးေကာက္ပြဲမွာေတာ့ ျပည္နယ္ တိုင္းေဒသႀကီး မဲဆႏၵနယ္ ၁,၁၅၇ နယ္ေျမအတြက္ ပါတီေပါင္း ၉၁ ပါတီက ပါတီကိုယ္စားျပဳနဲ႔ တသီးပုဂၢလ ကိုယ္စားလွယ္ေပါင္း ၅,၈၃၉ ဦး ပါဝင္ယွဥ္ၿပိဳင္ၾကမွာပါ။ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ မဲ႐ုံေပါင္း ၄၁,၀၀၀ ဝန္းက်င္အတြက္ကေတာ့ မဲ႐ုံဝန္ထမ္းက ၄၁၀,၀၀၀ တာဝန္ယူမွာျဖစ္ၿပီး မဲလာေပးမယ့္သူ စုစုေပါင္းကေတာ့ ၃၇ သန္းေက်ာ္ ရွိႏိုင္တယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ချို့ယွင်းချက်တချို့ ရှိခဲ့ပေမယ့် အောင်မြင်တဲ့ ရွေးကောက်ပွဲလို့ လေ့လာသူတွေ ကနဦး သုံးသပ်

၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အမြင်အမျိုးမျိုး ရှုထောင့်အမျိုးမျိုးက သုံးသပ်မှုတွေကို မမေခက စုစည်းတင်ပြထားပါတယ်။

ဒီရွေးကောက်ပွဲက အရင်တုန်းက ကျင်းပပြီးစီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေနဲ့ မတူတဲ့ အခြေအနေတခုမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်သလို မတူညီတဲ့ စိန်ခေါ်မှုများကြားဖြစ်တဲ့ ကပ်ရောဂါကာလအတွင်း ကျင်းပရတာဖြစ်လို့ မဲရုံတွေမှာ ကျန်းမာရေး စည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်နေကြရပါတယ်။

တပ်မတော်က ရွေးကောက်ပွဲကော်မရှင်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပြီးနောက်မှာတော့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ပါ့မလားလို့ စိုးရိမ်မှုတွေ ရှိနေချိန်မှာပဲ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ကျင်းပပြီးစီးခဲ့တာနဲ့ ပတ်သက်လို့ စောင့်ကြည့်သူတွေ၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေရဲ့ အမြင်အမျိုးမျိုး ရှုထောင့်အမျိုးမျိုး ရှိခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အောင်မြင်တဲ့ ရွေးကောက်ပွဲတခု အနေနဲ့ ရှုမြင်ပေမယ့် အငြင်းပွားဖွယ် ကိစ္စတချို့ ကြုံတွေ့ရတဲ့အပေါ်မှာ ကော်မရှင်ဘက်က တိကျတဲ့ဖြေရှင်းမှုကို သူက လိုလားပါတယ်။

"ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ သုံးသပ်လို့ ရနိုင်ပါတယ်။ သို့သော်လည်းပဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေ လိုအပ်ချက်တွေ ရှိနေတာလည်း အထင်အရှားပါ။ ရန်ကုန်တိုင်းမှာဆိုရင် ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မှာ မဲပေးတဲ့ စာရွက်ထဲမှာ ကိုယ်စားလှယ် မပါတာတို့၊ နောက် မဲစာရင်းမှာ မပါတာတို့ ဒီလိုအသံတွေ ကြားနေရတဲ့ အခြေအနေကတော့ ဒါ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အခြေအနေ ဖြစ်တယ်လို့ အလုံးစုံ ကောက်ချက်ချဖို့ကျတော့ ခဲယဉ်းနိုင်တယ်လို့ မြင်ပါတယ်။ လိုအပ်တဲ့ ဖြေရှင်းချက်၊ ပြုပြင်ဆောင်ရွက်မှုတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။"

နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလတွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒီရွေးကောက်ပွဲအတွင်း ဒီလို မဲပေးတာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာကို ကော်မရှင်ဘက်က လက်ခံထားပါတယ်။ ဒါပေမယ့် အောင်မြင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်လာမယ်လို့တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်ဦးက မျှော်လင့်နေပါတယ်။

"ကျနော်တို့မှာလည်း အကန့်အသတ်က COVID-19 ပေါ့။ အဲဒီကြားထဲမှာ လုပ်ရကိုင်ရတာတွေက အကန့်အသတ်တွေ ရှိတယ်။ ကျန်းမာရေးဆိုင်ရာ စည်းမျည်းစည်းကမ်းတွေနဲ့ ညီအောင်လုပ်ရတော့ အချိန်ကိုက်ဖြစ်အောင်ပေါ့လေ၊ ပြည်သူအားလုံးလည်း မဲပေးလို့ရအောင် ကျနော်တို့ အတတ်နိုင်ဆုံး ကော်မရှင်အဆင့်အဆင့် လုပ်ခဲ့ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာ မဲရုံပေါင်း ၄၀,၀၀၀ ရှိတော့ အားနည်းချက် ချို့ယွင်းချက်တွေ ရှိနိုင်ပါတယ်။ သို့သော် အတတ်နိုင်ဆုံး အကောင်းဆုံး ဆောင်ရွက်ခဲ့ပါတယ်။ အဖြေရလဒ်ကလည်း အားလုံးပေါင်းချုပ်လိုက်ရင် ကောင်းမွန်မယ် ထင်ပါတယ်။"

ကနောင် ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့က ဦးသန်းမြတ်စိုးကတော့ လက်ရှိရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် မရှုမြင်နိုင်သေးဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

"ကိုဗစ်ကာလမှာဆိုတော့ စိန်ခေါ်မှုတွေ ပိုများတယ်။ အဲဒီအချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကိုဗစ်ကာလအတွင်း လုပ်တာကိုတော့ ကျနော်တို့ တွေ့ရတယ်။ ဒါပေမယ့် COVID-19 ဖြစ်နေတဲ့ကာလ ဖြစ်တဲ့အတွက်ကြောင့်မို့ တချို့ လုပ်ထုံးလုပ်နည်း အမိန့် ညွှန်ကြားချက်တွေက ရှင်းလင်းပြတ်သားမှု မရှိဘူး။ တချို့အပိုင်းတွေမှာ မေးခွန်းထုတ်စရာတွေ ရှိနေတယ်။ အဲလိုမျိုး ရှိနေခြင်းအားဖြင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လားလို့ မေးရင်တော့ အားနည်းချက်တွေ ရှိနေတာ တွေ့ရတယ်ပေါ့နော် ။ အဲလိုပဲ လောလောဆယ် ဖြေချင်ပါတယ်။"

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတဲ့၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပြည်နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် ၁,၁၅၇ နယ်မြေအတွက် ပါတီပေါင်း ၉၁ ပါတီက ပါတီကိုယ်စားပြုနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၅,၈၃၉ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲရုံပေါင်း ၄၁,၀၀၀ ဝန်းကျင်အတွက်ကတော့ မဲရုံဝန်ထမ်းက ၄၁၀,၀၀၀ တာဝန်ယူမှာဖြစ်ပြီး မဲလာပေးမယ့်သူ စုစုပေါင်းကတော့ ၃၇ သန်းကျော် ရှိနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG