သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲ အခင်းအကျင်း Refugees International အဖွဲ့ ဝေဖန်

ရန်ကုန်မြို့မှာ အသက် ၆၀ အထက် လူကြီးများ မဲပေးကြတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၂၉၊ ၂၀၂၀)
ရန်ကုန်မြို့မှာ အသက် ၆၀ အထက် လူကြီးများ မဲပေးကြတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံက ပြည်သူ ၁ သန်းကျော်ဟာ မဲပေးခွင့် ရုပ်သိမ်းခံရတာ ဒါမှမဟုတ် အိုးအိမ်စွန့်ခွာ ပြည်တွင်းဒုက္ခသည်အဖြစ် တိမ်းရှောင်နေရတဲ့အတွက် နိုဝင်ဘာ ၈ ရက် ဒီကနေ့ကျင်းပတဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့ Refugees International (RI) ခေါ် အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များကူညီရေးအဖွဲ့က စနေနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြစ်တင် ဝေဖန်လိုက်ပါတယ်။

မဲပေးခွင့် ဆုံးရှုံးသူတွေထဲမှာ ရိုဟင်ဂျာတွေနဲ့ အခြားသော နယ်စပ်ဒေသက တိုင်းရင်းသား လူနည်းစုတွေ အများဆုံးပါဝင်တယ်လို့ ကြေညာချက်က ထောက်ပြပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံက ထွက်လာကြတဲ့ ရိုဟင်ဂျာ ၉ သိန်းကျော်ရှိပြီး မြန်မာနိုင်ငံထဲ ကျန်နေတဲ့ ရိုဟင်ဂျာ ၆ သိန်းလောက်ဟာလည်း ခွဲခြားဖိနှိပ် ဆက်ဆံတာ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ RI အဖွဲ့ ကြေညာချက်က စွပ်စွဲပါတယ်။

နိုင်ငံတကာက ခုလို ခေါ်ဝေါ်တဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရရော စစ်တပ်ကပါ လက်မခံ ပယ်ချထားပါတယ်။

၂၀၁၅ မှာလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲကို တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သမိုင်းမှတ်တိုင်အဖြစ် ကမ္ဘာက မြင်ခဲ့ကြပေမယ့် ဒီ ၂၀၂၀ ရွေးကောက်ပွဲကတော့ ခုထိ ဒီမိုကရေစီ စံနှုန်းတွေနဲ့ အလှမ်းဝေးနေတယ်ဆိုတာကို ပြသရာ ရောက်နေကြောင်းလည်း RI အဖွဲ့ ကြေညာချက်မှာ သုံးသပ်ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ အခုလို ကမောက်ကမ ဖြစ်နေတာကို အမေရိကန်နဲ့ သူ့မဟာမိတ်နိုင်ငံတွေက လက်ခံအသိအမှတ်ပြုပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြန်လည်ပေါ်ထွန်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးရေးအတွက် မြန်မာခေါင်းဆောင်တွေ အလေးအနက် ကိုင်တွယ်ဖြေရှင်းလာစေဖို့ ဖိအားပေး တိုက်တွန်းသင့်တယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက် Refugees International အဖွဲ့က ပြောပါတယ်။ လူတိုင်းရဲ့ သဘောထားအမြင်ကို ထည့်သွင်းစဉ်းစားမှသာ ဒီမိုကရေစီ ရှင်သန်လာနိုင်မှာ ဖြစ်တယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။

မြန်မာရွေးကောက်ပွဲ အခင်းအကျင်း Refugees International အဖွဲ့ ဝေဖန်
please wait

No media source currently available

0:00 0:01:40 0:00
တိုက်ရိုက် လင့်ခ်

----------------------

(Unicode)








This item is part of
XS
SM
MD
LG