သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူဦးရေ ၃၇ သန်း မဲပေးကြမယ့် မြန်မာ့ရွေးကောက်ပွဲ


ရန်ကုန်မြို့မှာ အသက် ၆၀ အထက် လူကြီးများ ကြိုတင်မဲပေးတဲ့ မြင်ကွင်း။
ရန်ကုန်မြို့မှာ အသက် ၆၀ အထက် လူကြီးများ ကြိုတင်မဲပေးတဲ့ မြင်ကွင်း။

(Zawgyi / Unicode)

မြန်မာနိုင်ငံတဝန်း မနက်ဖြန် နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေ မဲပေးကြတော့မှာ ဖြစ်ပါတယ်။

လူဦးရေ ၅၄ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ မဲပေးခွင့်ရှိသူပေါင်း ၃၇ သန်းရှိပြီး ဒီထဲက ဘယ်လောက်အရေအတွက် မဲသွားပေးမယ် ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ကြိုတင်မဲတွေကိုတော့ အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၇ ရက် ဒီနေ့ထိ ကောက်ယူထားပါတယ်။

ဒီတကြိမ်အတွက် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေ အရေအတွက်ဟာ ၂၀၁၅ ခုနှစ်ကထက် ပိုများပြီး ကျင်းပမှာကတော့ အမျိုးသားလွှတ်တော်အတွက် ၁၆၁ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၃၁၅ နေရာ၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်တွေအတွက် ၆၁၂ နေရာ၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်နေရာ ၂၉ နေရာတို့အတွက် ကိုယ်စားလှယ်လောင်း အရေအတွက် ၅,၆၄၀ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲကို ပြည်တွင်းပြည်ပက စောင့်ကြည့်လေ့လာနေကြပြီး အဲဒီထဲက ရန်ကုန်အခြေစိုက် စောင့်ကြည့်လေ့လာသူတဦးဖြစ်တဲ့ Richard Horsey က...

"ဒီရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံအတွက် တကယ့််ကို အရေးကြီးပါတယ်။ အကြောင်းကတော့ ဒီမိုကရေစီနည်းကျ တက်လာတဲ့ အစိုးရတခုလက်ထက်မှာ ကျင်းပတဲ့ ဒုတိယအကြိမ်ပဲရှိသေးတဲ့ ရွေးကောက်ပွဲတွေ ဖြစ်တာကြောင့်ပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနည်းအရ ဒီမိုကရေစီ ခိုင်မာစေဖို့ ဒုတိယအကျော့ ကြိုးပမ်းချက်ဖြစ်တဲ့အတွက် သိပ်ကို အရေးကြီးပါတယ်" လို့ ပြောပါတယ်။

COVID-19 ရောဂါ ပျံ့နှံ့ကူးစက်ဆဲကာလမှာ ရွေးကောက်ပွဲတွေကို ကျင်းပတာကြောင့် ရောဂါပိုး ကူးစက်မှုမရှိစေရေး တဦးနဲ့တဦး လူချင်း ခပ်ခွာခွာနေဖို့ အပါအဝင် ဘေးကင်းစေရေး လိုက်နာရမယ့် စည်းကမ်းတွေကို ချမှတ်ထားပါတယ်။

ဗိုင်းရပ်စ်ပိုးကူးစက်မှု စိုးရိမ်ချက်ကြောင့် မဲပေးသူ နည်းနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ထားပါတယ်။ နိုင်ငံတဝန်း မဲရုံတွေကို မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ပုံတွေနဲ့ ပတ်သက်လို့ ဝေဖန် ပြောဆိုတာတွေလည်း ရှိထားပြီး ဒီထဲမှာ တပ်မတော်လည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)










XS
SM
MD
LG