သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲကာလ ကိုဗစ္အႏၲရာယ္ အထူးသတိထားဖို႔လို


ရန္ကုန္ၿမိဳ႕တြင္ အသက္ ၆၀ အထက္ လူႀကီးမ်ား မဲေပးၾကသည့္ ျမင္ကြင္းတခ်ိဳ႕။ (ေအာက္တိုဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္မွာပဲ မၾကာခင္ ေရြးေကာက္ပဲြေတြ က်င္းပေတာ့မွာမုိ႔ ေရာဂါကူးစက္မယ့္ အႏၱရာယ္ကုိ အထူးသတိထားဖုိ႔ က်န္းမာေရး ပညာရွင္ေတြ တုိက္တြန္းေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက သတင္းေပးပို႔ထားပါတယ္။

ေန႔စဥ္ကူးစက္မႈ ၁,၀၀၀ ၀န္းက်င္နဲ႔ ေသဆုံးသူေတြ ရွိေနဆဲ ျဖစ္သလုိ၊ ေရာဂါပုိးရွိ၊ မရွိ စစ္ေဆးသူအားလုံးရဲ႕ ၁၀ ရာခိုင္ႏႈန္းေလာက္မွာ ကူးစက္မႈေတြ ေတြ႔ရွိေနရတာေၾကာင့္ ကပ္ေရာဂါအႏၱရာယ္ကုိ သတိထားဖုိ႔ က်န္းမာေရး ပညာရွင္ေတြ သတိေပးေနပါတယ္။ အထူးသျဖင့္ လူစုလူေ၀း ေရွာင္ရမယ့္အခ်ိန္မွာ ေရြးေကာက္ပဲြ က်င္းပဖုိ႔လည္း ရွိေနတာေၾကာင့္ ေနာက္ထပ္ ကူးစက္မႈေတြ တုိးလာမွာကုိ သတိထားဖုိ႔ လုိတယ္လုိ႔လည္း ရန္ကုန္မွာရွိတဲ့ ဖ်ားနာကုအခမဲ့ေဆးခန္းေတြရဲ႕ တာဝန္ခံ ေဒါက္တာေက်ာ္မင္းထြန္းက VOA ကိုေျပာပါတယ္။

"အခုအေနအထားကေတာ့ ျပန္သုံးသပ္ရမယ္ဆိုရင္ ဒီကာလက နည္းနည္းအေရးႀကီးတယ္၊ အထူးသတိျပဳပါ။ အကုန္လုံးကလည္း အျပင္ေတြသြားလာေနၿပီ၊ ေ႐ြးေကာက္ပြဲလည္း နီးေနၿပီ၊ မဲေပးမယ့္ကိစၥကလည္း ဒီၾကားမွာရွိေတာ့ အထူးဂ႐ုစိုက္ပါ။ ပိုးေတြ႕တဲ့ႏႈန္းကလည္း တက္လည္းမတက္၊ ေလ်ာ့လည္း မေလ်ာ့ဘူးေပါ့ေနာ္။ ၾကားထဲမွာ တန္းေနေတာ့ နည္းနည္းသတိထားရမယ္။ ၾကားထဲမွာေရာက္ေနေတာ့ တက္လည္းတက္ႏိုင္တယ္၊ က်လည္းက်ႏိုင္တယ္။ ျပည္သူလူထုေတြ ေသခ်ာဂ႐ုစိုက္ ေနထိုင္သြားမယ္ဆိုရင္ အခုတန္းေနတဲ့ အမွတ္ေအာက္ကို ေရာက္သြားမယ္။ အဲလိုမဟုတ္ဘဲ ေသခ်ာဂ႐ုမစိုက္၊ မဆင္ျခင္၊ စည္းကမ္းမလိုက္နာဘူးဆိုရင္ အခုလက္ရွိတန္းေနတဲ့ အေပၚကိုေရာက္သြားမယ္။"

ကပ္ေရာဂါေၾကာင့္ ရန္ကုန္တုိင္းအတြင္း အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားေပမဲ့ ကုန္ထုတ္လုပ္ငန္းေတြကုိေတာ့ ျပန္လုပ္ကုိင္ခြင့္ ေပးထားတာေၾကာင့္ သြားလာလႈပ္ရွားမႈေတြလည္း ရွိေနပါတယ္။ ၿပီးခဲ့တဲ့လထဲမွာပဲ စက္႐ုံ၊ အလုပ္႐ုံေတြ ျပန္လည္ဖြင့္လွစ္ရာမွာ ေရာဂါကူးစက္မႈ သတင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။ ဒီအတြက္လည္း က်န္းမာေရးစည္းမ်ဥ္းေတြကို ဆက္ၿပီးလိုက္နာဖို႔ လိုအပ္ေနတယ္လို႔ ေဒါက္တာေက်ာ္မင္းထြန္းက ေျပာပါတယ္။

"အခုခ်ိန္မွာ ေတာ္ေတာ္မ်ားမ်ား လူစုလူေဝးပုံစံမ်ိဳး ေတြ႕လာရတယ္။ ဘာေၾကာင့္ေတြ႕လာရလဲဆိုေတာ့ ႐ုံးေတြ၊ စက္႐ုံ၊ အလုပ္႐ုံေတြက ပုံမွန္အတိုင္းျပန္လည္ပတ္ေနၿပီ။ ၿပီးေတာ့ လိုင္းကားေတြေတာ္ေတာ္မ်ားမ်ား ထြက္လာၿပီး သုံးလာၾကၿပီဆိုေတာ့ မိမိကိုယ္ကိုယ္ကာကြယ္ဖို႔က အေရးႀကီးလာၿပီ။ Mask ခြၽတ္ၿပီးေနတာ အခုထိေတြ႕ေနတုန္းပဲ။ အဲဒါကိုေတာ့ ျဖစ္ႏိုင္ရင္ မလုပ္ဖို႔အႀကံျပဳခ်င္တယ္။ ေနာက္တခုက မိမိကိုယ္ကိုယ္ကာကြယ္မွ တျခားသူကို မကူးမွာ။ ကုသတဲ့အပိုင္းမွာဆိုရင္ ေစာစီးစြာ ကုသမႈခံယူဖို႔ အေရးႀကီးတယ္။ နီးစပ္ရာၿမိဳ႕နယ္က Fever Clinic မွာ လာေရာက္ျပသ ကုသမႈခံယူပါ။ ညဘက္တခုခုဆိုရင္လည္း အေရးေပၚအေနနဲ႔ ေဆး႐ုံခ်က္ခ်င္းသြားေရာက္ ကုသပါ။ အိမ္မွာေနၿပီးေတာ့ ႀကိတ္ၿပီးေတာ့ တိုင္းရင္းေဆး၊ စပ္ေဆးေတြကို အတတ္ႏိုင္ဆုံးမေသာက္ဘဲနဲ႔ ေဆး႐ုံ၊ ေဆးခန္းေတြကို သြားေရာက္ကုသဖို႔ တိုက္တြန္းႏႈိးေဆာ္ပါတယ္။"

ကိုဗစ္ေရာဂါကာကြယ္ေဆး ေပၚလာၿပီး လူအမ်ားစု မရႏိုင္ေသးခင္အခ်ိန္ထိ ကပ္ေရာဂါကူးစက္မႈေတြ ႀကံဳရႏုိင္တဲ့ အႏၱရာယ္ ရွိေနဆဲ ျဖစ္ေၾကာင္းလည္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနဝန္ႀကီး ေဒါက္တာျမင့္ေထြးက သတိေပးထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိဆို ျပည္တြင္းမွာ အတည္ျပဳလူနာေပါင္း ၅၆,၉၄၀ ဦးရွိေနၿပီး၊ ေသဆုံးသူကေတာ့ ၁,၃၃၀ ဦးရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲကာလ ကိုဗစ်အန္တရာယ် အထူးသတိထားဖို့လို

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာပဲ မကြာခင် ရွေးကောက်ပွဲတွေ ကျင်းပတော့မှာမို့ ရောဂါကူးစက်မယ့် အန္တရာယ်ကို အထူးသတိထားဖို့ ကျန်းမာရေး ပညာရှင်တွေ တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

နေ့စဉ်ကူးစက်မှု ၁,၀၀၀ ဝန်းကျင်နဲ့ သေဆုံးသူတွေ ရှိနေဆဲ ဖြစ်သလို၊ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးသူအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက်မှာ ကူးစက်မှုတွေ တွေ့ရှိနေရတာကြောင့် ကပ်ရောဂါအန္တရာယ်ကို သတိထားဖို့ ကျန်းမာရေး ပညာရှင်တွေ သတိပေးနေပါတယ်။ အထူးသဖြင့် လူစုလူဝေး ရှောင်ရမယ့်အချိန်မှာ ရွေးကောက်ပွဲ ကျင်းပဖို့လည်း ရှိနေတာကြောင့် နောက်ထပ် ကူးစက်မှုတွေ တိုးလာမှာကို သတိထားဖို့ လိုတယ်လို့လည်း ရန်ကုန်မှာရှိတဲ့ ဖျားနာကုအခမဲ့ဆေးခန်းတွေရဲ့ တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက VOA ကိုပြောပါတယ်။

"အခုအနေအထားကတော့ ပြန်သုံးသပ်ရမယ်ဆိုရင် ဒီကာလက နည်းနည်းအရေးကြီးတယ်၊ အထူးသတိပြုပါ။ အကုန်လုံးကလည်း အပြင်တွေသွားလာနေပြီ၊ ရွေးကောက်ပွဲလည်း နီးနေပြီ၊ မဲပေးမယ့်ကိစ္စကလည်း ဒီကြားမှာရှိတော့ အထူးဂရုစိုက်ပါ။ ပိုးတွေ့တဲ့နှုန်းကလည်း တက်လည်းမတက်၊ လျော့လည်း မလျော့ဘူးပေါ့နော်။ ကြားထဲမှာ တန်းနေတော့ နည်းနည်းသတိထားရမယ်။ ကြားထဲမှာရောက်နေတော့ တက်လည်းတက်နိုင်တယ်၊ ကျလည်းကျနိုင်တယ်။ ပြည်သူလူထုတွေ သေချာဂရုစိုက် နေထိုင်သွားမယ်ဆိုရင် အခုတန်းနေတဲ့ အမှတ်အောက်ကို ရောက်သွားမယ်။ အဲလိုမဟုတ်ဘဲ သေချာဂရုမစိုက်၊ မဆင်ခြင်၊ စည်းကမ်းမလိုက်နာဘူးဆိုရင် အခုလက်ရှိတန်းနေတဲ့ အပေါ်ကိုရောက်သွားမယ်။"

ကပ်ရောဂါကြောင့် ရန်ကုန်တိုင်းအတွင်း အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားပေမဲ့ ကုန်ထုတ်လုပ်ငန်းတွေကိုတော့ ပြန်လုပ်ကိုင်ခွင့် ပေးထားတာကြောင့် သွားလာလှုပ်ရှားမှုတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့လထဲမှာပဲ စက်ရုံ၊ အလုပ်ရုံတွေ ပြန်လည်ဖွင့်လှစ်ရာမှာ ရောဂါကူးစက်မှု သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီအတွက်လည်း ကျန်းမာရေးစည်းမျဉ်းတွေကို ဆက်ပြီးလိုက်နာဖို့ လိုအပ်နေတယ်လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

"အခုချိန်မှာ တော်တော်များများ လူစုလူဝေးပုံစံမျိုး တွေ့လာရတယ်။ ဘာကြောင့်တွေ့လာရလဲဆိုတော့ ရုံးတွေ၊ စက်ရုံ၊ အလုပ်ရုံတွေက ပုံမှန်အတိုင်းပြန်လည်ပတ်နေပြီ။ ပြီးတော့ လိုင်းကားတွေတော်တော်များများ ထွက်လာပြီး သုံးလာကြပြီဆိုတော့ မိမိကိုယ်ကိုယ်ကာကွယ်ဖို့က အရေးကြီးလာပြီ။ Mask ချွတ်ပြီးနေတာ အခုထိတွေ့နေတုန်းပဲ။ အဲဒါကိုတော့ ဖြစ်နိုင်ရင် မလုပ်ဖို့အကြံပြုချင်တယ်။ နောက်တခုက မိမိကိုယ်ကိုယ်ကာကွယ်မှ တခြားသူကို မကူးမှာ။ ကုသတဲ့အပိုင်းမှာဆိုရင် စောစီးစွာ ကုသမှုခံယူဖို့ အရေးကြီးတယ်။ နီးစပ်ရာမြို့နယ်က Fever Clinic မှာ လာရောက်ပြသ ကုသမှုခံယူပါ။ ညဘက်တခုခုဆိုရင်လည်း အရေးပေါ်အနေနဲ့ ဆေးရုံချက်ချင်းသွားရောက် ကုသပါ။ အိမ်မှာနေပြီးတော့ ကြိတ်ပြီးတော့ တိုင်းရင်းဆေး၊ စပ်ဆေးတွေကို အတတ်နိုင်ဆုံးမသောက်ဘဲနဲ့ ဆေးရုံ၊ ဆေးခန်းတွေကို သွားရောက်ကုသဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။"

ကိုဗစ်ရောဂါကာကွယ်ဆေး ပေါ်လာပြီး လူအများစု မရနိုင်သေးခင်အချိန်ထိ ကပ်ရောဂါကူးစက်မှုတွေ ကြုံရနိုင်တဲ့ အန္တရာယ် ရှိနေဆဲ ဖြစ်ကြောင်းလည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိဆို ပြည်တွင်းမှာ အတည်ပြုလူနာပေါင်း ၅၆,၉၄၀ ဦးရှိနေပြီး၊ သေဆုံးသူကတော့ ၁,၃၃၀ ဦးရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG