သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေႂကြးနစ္တဲ့ ကိုဗစ္စီးပြားေရး


This photo taken on May 8, 2020 shows workers wearing face masks sewing disposable surgical gowns for health workers as protection from the COVID-19 coronavirus at a garment factory in Yangon. - The factory which has switched from making clothes for expor
အေႂကြးနစ္တဲ့ ကိုဗစ္စီးပြားေရး
please wait

No media source currently available

0:00 0:00:13 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာ့ၿမိဳ႕ႀကီး (၁၀) ၿမိဳ႕က အေသးစားလုပ္ငန္း (၂၃၃၃) ကို၊ Onow လုပ္ငန္းဖြံ႕ၿဖိဳးေရးအဖြဲ႕က စစ္တမ္းေကာက္တဲ့အခါမွာ စီးပြားေရး ပိုမိုတင္းက်ပ္တည္းလာေၾကာင္း သိရပါတယ္။ ဖားအံ့၊ ကေလး၊ မႏၲေလး၊ မုံ႐ြာ၊ ျမစ္ႀကီးနား၊ ေမာ္လၿမိဳင္၊ ပုသိမ္၊ ေတာင္ႀကီး၊ ရန္ကုန္နဲ႔ လႈိင္သာယာ က လုပ္ငန္းေလးေတြမွာ ကိုဗစ္ေရာဂါ မျဖစ္ပြားခင္ကတည္းက အလုပ္မွန္မွန္ မလုပ္ႏိုင္သူ (၆၀) ရာခိုင္ႏႈန္းေလာက္ ရွိပါတယ္။ ကိုဗစ္ေရာဂါ ျဖစ္လာတဲ့အခါမွာ (၈၅) ရာခိုင္ႏႈန္းအထိ တိုးပြားလာတယ္လို႔ Onow အဖြဲ႕က ဆိုပါတယ္။ လုပ္ငန္းဖြံ႕ၿဖိဳးေရးအတြက္ Onow အဖြဲ႕ကို Google ကုမၸဏီ ရန္ပုံေငြနဲ႔ ၂၀၁၂ မွာ တည္ေထာင္ပါတယ္။

ဆင္းရဲသားမ်ားတဲ့ ေ႐ႊျပည္သား၊ လႈိင္သာယာနဲ႔ ဒလၿမိဳ႕နယ္ေတြမွာ UN Habitat အဖြဲ႕က စစ္တမ္းေကာက္တဲ့အခါမွာ ကိုဗစ္ေရာဂါ မျဖစ္ပြားမီကတည္းက ေႂကြးတင္ေနသူ (၆၀) ရာခိုင္ႏႈန္းေက်ာ္ ရွိေနပါတယ္။ အမ်ားစုဟာ ရိကၡာေဆးဝါးအတြက္ ေငြေခ်းၾကတာ ျဖစ္ပါတယ္။ ကိုဗစ္ေရာဂါ ကာကြယ္ဖို႔ လုပ္ေဆာင္ရမွာေတြကို သိေပမယ့္ လုပ္ဖို႔ အေျခအေန မရွိပါဘူး။ တဦးနဲ႔တဦး (၆) ေပခြါၿပီး ေနထိုင္ႏိုင္တဲ့ အိမ္ယာ မရွိပါဘူး။ အိမ္ေထာင္စု (၃၀) ရာခိုင္ႏႈန္းမွာ ႏွာေခါင္းစည္းဝယ္စရာ ေငြပို မရွိၾကပါဘူး။

ကိုဗစ္ေရာဂါေၾကာင့္ စီးပြားေရးက်ဆင္းေနတဲ့ ႏိုင္ငံေတြထဲမွာ ျမန္မာျပည္လည္း ပါဝင္ပါတယ္။ တိုင္းျပည္ရဲ႕ အသားတင္ထုတ္လုပ္မႈ တိုးတက္ႏႈန္းဟာ လက္ရွိဘ႑ာေရးႏွစ္မွာ ၀ ဒႆမ ၅ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားႏိုင္တယ္လို႔ ကမာၻ႔ဘဏ္ရဲ႕ ဇြန္လထုတ္ ျမန္မာ့စီးပြားေရး ေလ့လာခ်က္မွာ ေဖာ္ျပပါတယ္။ စီးပြားေရး တိုးတက္ႏႈန္း ေႏွးေကြးေနရင္ ဆင္းရဲတဲ့ အိမ္ေထာင္စုေတြ ပိုမိုဆင္းရဲဖို႔သာ ရွိတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ လာမယ့္ႏွစ္ေတြမွာ စီးပြားေရး ဦးေမာ့လာမယ္ဆိုရင္ေတာ့ ဆင္းရဲႏြမ္းပါးမႈဟာ ကိုဗစ္ မတိုင္မီကာလအေျခအေနကို ျပန္လည္ေရာက္ဖို႔ အလားအလာ မရွိဘူးလို႔ သိရပါတယ္။ အစိုးရရဲ႕ ကိုဗစ္ ရန္ပုံေငြထူေထာင္မႈနဲ႔ ကိုဗစ္ စီးပြားေရးကုစားေရး စီမံခ်က္ေတြကိုလည္း ကမာၻဘဏ္အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ လုပ္ငန္းက႑အားလုံး ကိုဗစ္ဒဏ္ကို တၿပိဳင္တည္း ခံရတာမဟုတ္ဘဲ၊ လုပ္ငန္းသဘာဝကိုလိုက္ၿပီး ဂယက္႐ိုက္မႈ အမ်ိဳးမ်ိဳးရွိတာ ေတြ႕ရပါတယ္။

တကယ္ေတာ့ ကမာၻ႔ဘဏ္ဟာ ေမလအထိသာ အေျခအေနကို ေလ့လာထားတာ ျဖစ္ပါတယ္။ ကိုဗစ္ေၾကာင့္ ရပ္ဆိုင္းလိုက္ရတဲ့ ပုဂၢလိကလုပ္ငန္းထဲမွာ ဝန္ေဆာင္လုပ္ငန္းဟာ (၄၀) ရာခိုင္ႏႈန္းအထိ ရွိတာမို႔ အမ်ားဆုံး ျဖစ္ေနပါတယ္။ ကုန္ထုတ္လုပ္ငန္းမွာ (၁၂) ရာခိုင္ႏႈန္း၊ စိုက္ပ်ိဳးေရးမွာ (၆) ရာခိုင္ႏႈန္း ယာယီရပ္ဆိုင္းမႈ ရွိတယ္လို႔ ဆိုပါတယ္။ စီးပြားေရးလုပ္ငန္း (၅၀) ရာခိုင္ႏႈန္း ေငြေၾကးအက်ပ္အတည္းနဲ႔ ႀကဳံေတြ႕ေနရပါတယ္။ ဒီအထဲမွာ စိုက္ပ်ိဳးေရးက သုံးပုံႏွစ္ပုံ ပါဝင္တာမို႔ အမ်ားဆုံး ျဖစ္ပါတယ္။ ေငြေခ်းဖို႔ အခက္အခဲရွိတဲ့လုပ္ငန္းက (၄၂) ရာခိုင္ႏႈန္း ရွိပါတယ္။ ကမာၻ႔ဘဏ္က ေလ့လာတဲ့ လုပ္ငန္းေတြမွာ ကိုဗစ္ေၾကာင့္ လုပ္နည္းလုပ္ထုံးကို အြန္လိုင္း Online က ေျပာင္းလုပ္သူဦးေရ (၂၀) ရာခိုင္ႏႈန္းသာရွိတာ ေတြ႕ရတယ္လို႔ ဆိုပါတယ္။ စိုက္ပ်ိဳးေရးက႑မွာ Online အသုံးျပဳမႈ အားနည္းေနပါတယ္။

ကိုဗစ္ေၾကာင့္ စီးပြားေရး ထိခိုက္နစ္နာသြားတာေတြကို ကိုင္တြယ္ေျဖရွင္းတဲ့ လုပ္ငန္းေကာ္မတီဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းကလည္း NLD အစိုးရရဲ႕ ကိုဗစ္စီမံခ်က္ေတြကို စက္တင္ဘာ (၂၇) ထုတ္၊ ျမန္မာ့အလင္းသတင္းစာ (အဂၤလိပ္ပိုင္း) မွာ ရွင္းျပထားပါတယ္။ ကိုဗစ္ဆိုးက်ိဳးေတြကို ေျဖရွင္းဖို႔အတြက္ အစိုးရက က်ပ္ေငြသန္းေပါင္း (၂) သန္းနီးပါး ထုတ္ေပးထားတယ္လို႔ ဆိုပါတယ္။ ဒီအထဲမွာ ေဆး႐ုံ၊ ကုန္ထုတ္လုပ္ငန္း၊ ခရီးသြားနဲ႔ ဝန္ေဆာင္လုပ္ငန္းအတြက္ က်ပ္သန္းေပါင္း (၂) သိန္း၊ လယ္ယာက႑အတြက္ သန္း (၆) သိန္း၊ အေသးစားေခ်းေငြလုပ္ငန္းအတြက္ သန္း (၁) သိန္း၊ အေသးစား၊ အလတ္စား လုပ္ငန္းအတြက္ က်ပ္သန္းေပါင္း (၂) သိန္း၊ လဖက္ရည္ဆိုင္နဲ႔ လမ္းေဘးဆိုင္ေလးေတြအတြက္ က်ပ္သန္းေပါင္း (၁) သိန္း ပါဝင္တယ္လို႔ ဦးေသာင္းထြန္းက ေျပာပါတယ္။

ADB အာရွဖြံ႕ၿဖိဳးေရးဘဏ္ကေတာ့ ျမန္မာျပည္ရဲ႕ GDP အသားတင္ ထုတ္လုပ္မႈဟာ ဒီႏွစ္ထဲမွာ (၂) ရာခိုင္ႏႈန္းနီးပါးသာ တိုးတက္လာဖြယ္ရွိၿပီး၊ ေရွ႕ႏွစ္ (၂၀၂၁) မွာ (၆) ရာခိုင္ႏႈန္း တိုးပြားလိမ့္မယ္လို႔ ခန႔္မွန္းထားပါတယ္။ ၂၀၂၀ မွာ ျမန္မာ၊ ဗိယက္နမ္နဲ႔ ဘ႐ူႏိုင္းမွာသာ အသားတင္ထုတ္လုပ္မႈ အနည္းငယ္တိုးလို႔ ADB က ခန႔္မွန္းပါတယ္။ က်န္ အာဆီယံႏိုင္ငံေတြရဲ႕ အသားတင္ထုတ္လုပ္မႈမွာ အႏုတ္လကၡဏာ ျပေနပါတယ္။ ဆင္းရဲသားအေျခအေန ဆိုးဝါးလာလို႔ အတိုးမယူဖို႔ ေငြေၾကးဝန္ေဆာင္မႈ လုပ္ငန္းကို တိုင္းနဲ႔ျပည္နယ္အစိုးရေတြက ၫႊန္ၾကားထားတယ္လို႔ ကိုေဇာ္ထက္ရဲ႕ ေအာက္တိုဘာ (၂) ရက္ေန႔ထုတ္ VOA သတင္းလႊာမွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံျခားေရာက္ ျမန္မာ့အလုပ္သမားေတြလည္း အခက္အခဲ ေတြ႕ေနၾကပါတယ္။ ထိုင္းႏိုင္ငံမွာ ျမန္မာ့အလုပ္သမား (၂) သန္းနဲ႔ (၃) သန္းၾကားအထိ ရွိႏိုင္ၿပီး၊ စကၤာပူနဲ႔ မေလးရွားတို႔မွာ (၅) သိန္းေလာက္ ရွိမယ္လို႔ ကမာၻ႔ဘဏ္က ခန႔္မွန္းပါတယ္။ ဒီအလုပ္သမားေတြ ျပန္ပို႔တဲ့ေငြကို မွီခိုေနရတဲ့ အိမ္ေထာင္စုက (၈) ရာခိုင္ႏႈန္းေလာက္သာ ရွိပါတယ္။ အိမ္နီးခ်င္းႏိုင္ငံေတြမွာ စီးပြားေရးက်ဆင္းတာေၾကာင့္ ေငြျပန္မပို႔ႏိုင္သူေတြနဲ႔ ျပည္ေတာ္ျပန္သူေတြ မ်ားျပားလာပါတယ္။ ဒါေၾကာင့္ ဆင္းရဲသားေတြရဲ႕ အေျခအေနဟာ ပိုၿပီးဆိုးဝါးလာဖြယ္ ရွိတယ္လို႔ ကမာၻ႔ဘဏ္က ခန႔္မွန္းပါတယ္။


==Unicode==

မြန်မာ့မြို့ကြီး (၁၀) မြို့က အသေးစားလုပ်ငန်း (၂၃၃၃) ကို၊ Onow လုပ်ငန်းဖွံ့ဖြိုးရေးအဖွဲ့က စစ်တမ်းကောက်တဲ့အခါမှာ စီးပွားရေး ပိုမိုတင်းကျပ်တည်းလာကြောင်း သိရပါတယ်။ ဖားအံ့၊ ကလေး၊ မန္တလေး၊ မုံရွာ၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ ရန်ကုန်နဲ့ လှိုင်သာယာ က လုပ်ငန်းလေးတွေမှာ ကိုဗစ်ရောဂါ မဖြစ်ပွားခင်ကတည်းက အလုပ်မှန်မှန် မလုပ်နိုင်သူ (၆၀) ရာခိုင်နှုန်းလောက် ရှိပါတယ်။ ကိုဗစ်ရောဂါ ဖြစ်လာတဲ့အခါမှာ (၈၅) ရာခိုင်နှုန်းအထိ တိုးပွားလာတယ်လို့ Onow အဖွဲ့က ဆိုပါတယ်။ လုပ်ငန်းဖွံ့ဖြိုးရေးအတွက် Onow အဖွဲ့ကို Google ကုမ္ပဏီ ရန်ပုံငွေနဲ့ ၂၀၁၂ မှာ တည်ထောင်ပါတယ်။

ဆင်းရဲသားများတဲ့ ရွှေပြည်သား၊ လှိုင်သာယာနဲ့ ဒလမြို့နယ်တွေမှာ UN Habitat အဖွဲ့က စစ်တမ်းကောက်တဲ့အခါမှာ ကိုဗစ်ရောဂါ မဖြစ်ပွားမီကတည်းက ကြွေးတင်နေသူ (၆၀) ရာခိုင်နှုန်းကျော် ရှိနေပါတယ်။ အများစုဟာ ရိက္ခာဆေးဝါးအတွက် ငွေချေးကြတာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်ဖို့ လုပ်ဆောင်ရမှာတွေကို သိပေမယ့် လုပ်ဖို့ အခြေအနေ မရှိပါဘူး။ တဦးနဲ့တဦး (၆) ပေခွါပြီး နေထိုင်နိုင်တဲ့ အိမ်ယာ မရှိပါဘူး။ အိမ်ထောင်စု (၃၀) ရာခိုင်နှုန်းမှာ နှာခေါင်းစည်းဝယ်စရာ ငွေပို မရှိကြပါဘူး။

ကိုဗစ်ရောဂါကြောင့် စီးပွားရေးကျဆင်းနေတဲ့ နိုင်ငံတွေထဲမှာ မြန်မာပြည်လည်း ပါဝင်ပါတယ်။ တိုင်းပြည်ရဲ့ အသားတင်ထုတ်လုပ်မှု တိုးတက်နှုန်းဟာ လက်ရှိဘဏ္ဍာရေးနှစ်မှာ ၀ ဒဿမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဇွန်လထုတ် မြန်မာ့စီးပွားရေး လေ့လာချက်မှာ ဖော်ပြပါတယ်။ စီးပွားရေး တိုးတက်နှုန်း နှေးကွေးနေရင် ဆင်းရဲတဲ့ အိမ်ထောင်စုတွေ ပိုမိုဆင်းရဲဖို့သာ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လာမယ့်နှစ်တွေမှာ စီးပွားရေး ဦးမော့လာမယ်ဆိုရင်တော့ ဆင်းရဲနွမ်းပါးမှုဟာ ကိုဗစ် မတိုင်မီကာလအခြေအနေကို ပြန်လည်ရောက်ဖို့ အလားအလာ မရှိဘူးလို့ သိရပါတယ်။ အစိုးရရဲ့ ကိုဗစ် ရန်ပုံငွေထူထောင်မှုနဲ့ ကိုဗစ် စီးပွားရေးကုစားရေး စီမံချက်တွေကိုလည်း ကမ္ဘာဘဏ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။ လုပ်ငန်းကဏ္ဍအားလုံး ကိုဗစ်ဒဏ်ကို တပြိုင်တည်း ခံရတာမဟုတ်ဘဲ၊ လုပ်ငန်းသဘာဝကိုလိုက်ပြီး ဂယက်ရိုက်မှု အမျိုးမျိုးရှိတာ တွေ့ရပါတယ်။

တကယ်တော့ ကမ္ဘာ့ဘဏ်ဟာ မေလအထိသာ အခြေအနေကို လေ့လာထားတာ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ရပ်ဆိုင်းလိုက်ရတဲ့ ပုဂ္ဂလိကလုပ်ငန်းထဲမှာ ဝန်ဆောင်လုပ်ငန်းဟာ (၄၀) ရာခိုင်နှုန်းအထိ ရှိတာမို့ အများဆုံး ဖြစ်နေပါတယ်။ ကုန်ထုတ်လုပ်ငန်းမှာ (၁၂) ရာခိုင်နှုန်း၊ စိုက်ပျိုးရေးမှာ (၆) ရာခိုင်နှုန်း ယာယီရပ်ဆိုင်းမှု ရှိတယ်လို့ ဆိုပါတယ်။ စီးပွားရေးလုပ်ငန်း (၅၀) ရာခိုင်နှုန်း ငွေကြေးအကျပ်အတည်းနဲ့ ကြုံတွေ့နေရပါတယ်။ ဒီအထဲမှာ စိုက်ပျိုးရေးက သုံးပုံနှစ်ပုံ ပါဝင်တာမို့ အများဆုံး ဖြစ်ပါတယ်။ ငွေချေးဖို့ အခက်အခဲရှိတဲ့လုပ်ငန်းက (၄၂) ရာခိုင်နှုန်း ရှိပါတယ်။ ကမ္ဘာ့ဘဏ်က လေ့လာတဲ့ လုပ်ငန်းတွေမှာ ကိုဗစ်ကြောင့် လုပ်နည်းလုပ်ထုံးကို အွန်လိုင်း Online က ပြောင်းလုပ်သူဦးရေ (၂၀) ရာခိုင်နှုန်းသာရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာ Online အသုံးပြုမှု အားနည်းနေပါတယ်။

ကိုဗစ်ကြောင့် စီးပွားရေး ထိခိုက်နစ်နာသွားတာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကလည်း NLD အစိုးရရဲ့ ကိုဗစ်စီမံချက်တွေကို စက်တင်ဘာ (၂၇) ထုတ်၊ မြန်မာ့အလင်းသတင်းစာ (အင်္ဂလိပ်ပိုင်း) မှာ ရှင်းပြထားပါတယ်။ ကိုဗစ်ဆိုးကျိုးတွေကို ဖြေရှင်းဖို့အတွက် အစိုးရက ကျပ်ငွေသန်းပေါင်း (၂) သန်းနီးပါး ထုတ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ ဆေးရုံ၊ ကုန်ထုတ်လုပ်ငန်း၊ ခရီးသွားနဲ့ ဝန်ဆောင်လုပ်ငန်းအတွက် ကျပ်သန်းပေါင်း (၂) သိန်း၊ လယ်ယာကဏ္ဍအတွက် သန်း (၆) သိန်း၊ အသေးစားချေးငွေလုပ်ငန်းအတွက် သန်း (၁) သိန်း၊ အသေးစား၊ အလတ်စား လုပ်ငန်းအတွက် ကျပ်သန်းပေါင်း (၂) သိန်း၊ လဖက်ရည်ဆိုင်နဲ့ လမ်းဘေးဆိုင်လေးတွေအတွက် ကျပ်သန်းပေါင်း (၁) သိန်း ပါဝင်တယ်လို့ ဦးသောင်းထွန်းက ပြောပါတယ်။

ADB အာရှဖွံ့ဖြိုးရေးဘဏ်ကတော့ မြန်မာပြည်ရဲ့ GDP အသားတင် ထုတ်လုပ်မှုဟာ ဒီနှစ်ထဲမှာ (၂) ရာခိုင်နှုန်းနီးပါးသာ တိုးတက်လာဖွယ်ရှိပြီး၊ ရှေ့နှစ် (၂၀၂၁) မှာ (၆) ရာခိုင်နှုန်း တိုးပွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၀ မှာ မြန်မာ၊ ဗိယက်နမ်နဲ့ ဘရူနိုင်းမှာသာ အသားတင်ထုတ်လုပ်မှု အနည်းငယ်တိုးလို့ ADB က ခန့်မှန်းပါတယ်။ ကျန် အာဆီယံနိုင်ငံတွေရဲ့ အသားတင်ထုတ်လုပ်မှုမှာ အနုတ်လက္ခဏာ ပြနေပါတယ်။ ဆင်းရဲသားအခြေအနေ ဆိုးဝါးလာလို့ အတိုးမယူဖို့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းကို တိုင်းနဲ့ပြည်နယ်အစိုးရတွေက ညွှန်ကြားထားတယ်လို့ ကိုဇော်ထက်ရဲ့ အောက်တိုဘာ (၂) ရက်နေ့ထုတ် VOA သတင်းလွှာမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရောက် မြန်မာ့အလုပ်သမားတွေလည်း အခက်အခဲ တွေ့နေကြပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာ့အလုပ်သမား (၂) သန်းနဲ့ (၃) သန်းကြားအထိ ရှိနိုင်ပြီး၊ စင်္ကာပူနဲ့ မလေးရှားတို့မှာ (၅) သိန်းလောက် ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ဒီအလုပ်သမားတွေ ပြန်ပို့တဲ့ငွေကို မှီခိုနေရတဲ့ အိမ်ထောင်စုက (၈) ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ စီးပွားရေးကျဆင်းတာကြောင့် ငွေပြန်မပို့နိုင်သူတွေနဲ့ ပြည်တော်ပြန်သူတွေ များပြားလာပါတယ်။ ဒါကြောင့် ဆင်းရဲသားတွေရဲ့ အခြေအနေဟာ ပိုပြီးဆိုးဝါးလာဖွယ် ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG