သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ေရြးေကာက္ပြဲ ေၾကညာစာတမ္း


NLD ေထာက္ခံသူမ်ားရဲ႕ မဲဆြယ္စည္း႐ံုးေရးျမင္ကြင္း။ (ႏိုဝင္ဘာ ၁၊ ၂၀၁၈)
NLD ေရြးေကာက္ပြဲ ေၾကညာစာတမ္း
please wait

No media source currently available

0:00 0:05:29 0:00
တိုက္႐ိုက္ လင့္ခ္

ေရွ ႔လမွာက်င္းပမယ့္ ေရြးေကာက္ပြဲအတြက္ NLD ပါတီက (၂၇) မ်က္ႏွာ ေၾကညာစာတမ္းကို ထုတ္ေဝခဲ့ပါတယ္။ “ေအာင္လံခိုင္ဖို႔ မဲေပးစို႔”၊ “ဒီမိုကေရစီမွန္ကန္ေရး NLD ကို ဒို႔မဲေပး” ဆိုတဲ့ ေၾကြးေၾကာ္သံေတြနဲ႔အတူ ဦးတည္ခ်က္ (၃) ရပ္ကို ေဖာ္ျပထားပါတယ္။ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ တိုင္းရင္းသားအေရး၊ စစ္မွန္တဲ့ ဒီမိုကေရစီကို ျဖစ္ထြန္းေစမယ့္ အေျခခံဥပေဒေပၚေပါက္ေရး၊ ေရရွည္တည္တံ့ခိုင္ၿမဲမယ့္ လံုၿခံဳဖြံ႔ၿဖိဳးတိုးတက္ေရး စတဲ့ ဦးတည္ခ်က္ေတြ ျဖစ္ပါတယ္။ ဒီအေရးေတြ အေကာင္အထည္ေပၚေအာင္ NLD အစုိးရရဲ ႔ ဒုတိယ (၅) ႏွစ္ သက္တမ္းမွာ ဆက္လက္ႀကိဳးပမ္းမယ္လို႔ ဂတိေပးလိုက္တာပါ။

ဒီမိုကေရစီနည္းလမ္းနဲ႔ ျပည္သူက ေရြးေကာက္တင္ေျမွာက္ထားတဲ့ အရပ္သားအစိုးရရဲ ႔ မူဝါဒအတိုင္း တပ္မေတာ္က ရပ္တည္ႏိုင္ဖို႔လည္း ႀကိဳးပမ္းမယ္လို႔ ဆိုပါတယ္။ ေနာက္ၿပီးေတာ့ တရားဥပေဒ စိုးမိုးေရးအတြက္ ဥပေဒအတိုင္း ေဆာင္ရြက္တဲ့ ရဲတပ္ဖြဲ႔ ျဖစ္ေပၚလာဖို႔နဲ႔ ျပည္သူခ်စ္ခင္အားကိုးတဲ့ ရဲအဖြဲ႔ျဖစ္လာေအာင္လည္း ႀကိဳးပမ္းမယ္လို႔ ဆုိပါတယ္။ ဒီမိုကေရစီကို ျဖစ္ထြန္းေစမယ့္ အေျခခံဥပေဒ ေပၚေပါက္လာေရးကိုလည္း NLD ပါတီက မ်က္ေျချပတ္ မခံတာကိုလည္း ေတြ႔ရပါတယ္။

ဒီမိုကေရစီလမ္းေၾကာင္းကို ပိတ္ဆို႔ေနတဲ့ ၂၀၀၈ အေျခခံဥပေဒ ျပင္ဆင္ဖုိ႔ ခက္ခဲေနတာကို ၾကည့္ၿပီးစိတ္ပ်က္ေနရင္ မိမိကိုယ္မိမိ ခ်ဳပ္ခ်ယ္ထားသလို ျဖစ္ေနတယ္လို႔ ၾသဂုတ္လ (၂၄) ရက္ေန႔ထုတ္ Frontier စာေစာင္ အယ္ဒီတာအာေဘာ္က ဆိုပါတယ္။ လက္ရိွအေျခခံဥပေဒအေၾကာင္း ဒီမိုကေရစီ ျဖစ္ထြန္းဖို႔ မျဖစ္ႏိုင္ေပမယ့္ ႏိုင္ငံေရးလုပ္လို႔ မရဘူးလို႔ မေျပာႏုိင္ပါဘူး။ အခြင့္ထူးခံခ်င္သူေတြကသာ အေျပာင္းအလဲနဲ႔ ျပဳျပင္ေရး မလုပ္ခ်င္တာပါ။ အေျခခံဥ႔ပေဒကို မျပင္ဘဲ၊ တရားစီရင္ေရးဌာနကို ျပဳျပင္ေျပာင္းလဲႏိုင္ပါတယ္။ တရားမွ်တၿပီး ဘက္လိုက္မႈကင္းတဲ့ တရားစီရင္ေရးစနစ္ ထူေထာင္မယ္လို႔ NLD ေၾကညာစာတမ္းမွာ ေဖာ္ျပထားတာဟာ အေျခခံဥပေဒကို ျပင္စရာမလိုတဲ့ အလုပ္ပါ။ ျပည္သူ႔အတြက္ တရားမွ်တၿပီး ဘက္လုိက္မႈကင္းတဲ့ တရားစီရင္ေရးစနစ္ဟာ ဒီမိုကေရစီရဲ ႔ အေျခခံတစ္ခု ျဖစ္ပါတယ္။ ဒီစနစ္ အေကာင္အထည္ေဖာ္တာ အလြန္ေကာင္းေပမယ့္ အခုေတာ့ ၿငိမ္းခ်မ္းစြာ လႈပ္ရွားသူေတြကို ဖမ္းဆီးေနတုန္း ျဖစ္ပါတယ္။

အေျခခံဥပေဒကို မျပင္ဘဲ ျပဳျပင္ေျပာင္းလဲေရး လုပ္ႏုိင္တာကို NLD အစိုးရက ျပသေနပါတယ္။ ေထြးအုပ္လို႔ေခၚတဲ့ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၂၈) ရက္ေန႔ကစၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႔ ဝန္ႀကီးဌာန လက္ေအာက္ကို လႊဲေျပာင္းဖြဲ႔စည္းႏုိင္တာဟာ NLD အစုိးရရဲ ႔ ထင္ရွားတဲ့ ျပဳျပင္ေရးလုပ္ငန္းတခု ျဖစ္ပါတယ္။ အစိုးရအုပ္ခ်ဳပ္ေရး ယႏၱရားႀကီးကို ျပည္ထဲေရးဝန္ႀကီးဌာန လက္ေအာက္က ဆြဲထုတ္ႏုိင္တာဟာ ဒီမိုကေရစီ ျပဳျပင္ေရးအတြက္ အလြန္အေရးႀကီးတယ္လို႔ အာရွေဖာင္ေဒးရွင္း ကိုယ္စားလွယ္ Dr. Matthew Arnold က ၂၀၁၉ မွာ သံုးသပ္ဖူးပါတယ္။ ဒါဟာ NLD အစိုးရရဲ ႔ ေအာင္ျမင္မႈျဖစ္လို႔ အေသအခ်ာ ထိန္းသိမ္းၿပီး ေကာင္းမြန္ေအာင္လုပ္မယ္လို႔ ပညာရွင္ Dr.Lachlan McDonald က ဇြန္လ (၁၁) ရက္ေန႔ထုတ္ Frontier Myanmar စာေစာင္မွာ ေရးသားထားပါတယ္။

အေထြေထြအုပ္ခ်ဳပ္ေရးဌာနဟာ စစ္အစိုးရအဆက္ဆက္မွာ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္ခဲ့တာမို႔ အရာထမ္းထဲမွာ အၿငိမ္းစာစစ္ဗိုလ္က အမ်ားစု ျဖစ္ပါတယ္။ သူတုိ႔ရဲ ႔ အႀကီးအကဲဟာ စစ္ဦးစီးခ်ဳပ္ပါ။ အစိုးရဌာနတုိင္းမွာ အၿငိမ္စားစစ္ဗိုလ္ ရိွပါတယ္။ ေရွာင္လို႔မရပါဘူး။ ျပည္ထဲေရးဝန္ႀကီး စစ္ဗိုလ္လက္ေအာက္က ေထြအုပ္ဌာနကို အရပ္သားလက္ေအာက္ လႊဲေျပာင္းလိုက္တယ္ဆုိေပမယ့္ အရပ္သား ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုးဝန္ႀကီးဟာ ေလတပ္က အၿငိမ္းစားဗိုလ္မွဴးႀကီး ဦးမင္းသူ ျဖစ္ေနပါတယ္။ စစ္ဗိုလ္ေဟာင္းေတြနဲ႔ လက္တြဲၿပီး လုပ္ကိုင္ရင္း အရပ္သားအုပ္ခ်ဳပ္ေရးစနစ္ တည္ေဆာက္တဲ့သေဘာ ျဖစ္ပါတယ္။ NLD အစိုးရရဲ ႔ ေရရွည္တည္တံ့ခိုင္ၿမဲ ဖြံ႔ၿဖိဳးတုိးတက္ေရးစီမံကိန္း (၂၀၁၈-၂၀၃၀) နဲ႔ ဆက္ႏြယ္ၿပီး ေထြအုပ္ဌာနကို ျပဳျပင္သြားမယ္လို႔ ၂၀၁၉ ႏုိဝင္ဘာလ အစည္းအေဝးမွာ ဦးမင္းသူက ေျပာသြားပါတယ္။

ဒီမိုကေရစီဖယ္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ရာမွာ အေထြေထြအုပ္ခ်ဳပ္ေရးဌာန ပါဝင္မယ္လို႔လည္း ဦးမင္းသူက ေျပာပါတယ္။ အေျခခံဥပေဒပုဒ္မ (၂၆၀) အရ တိုင္းနဲ႔ျပည္နယ္ ေထြအုပ္ဦးစီးရဲ ႔ ဌာနမွဴးဟာ တုိင္းနဲ႔ျပည္နယ္အစိုးရအဖြဲ႔ရဲ ႔ အတြင္းေရးမွဴးလည္း ျဖစ္ပါတယ္။တိုင္းနဲ႔ျပည္နယ္မွာ သီးျခားအုပ္ခ်ဳပ္ေရးယႏၱရား မရိွတဲ့အတြက္ တိုင္းနဲ႔ျပည္နယ္ရဲ ႔ ေထြအုပ္ရံုးဟာ တုိင္းနဲ႔ျပည္နယ္အစိုးရရံုးလည္း ျဖစ္တယ္လို႔ အေျခခံဥပေဒက ဆိုပါတယ္။ တိုင္းနဲ႔ျပည္နယ္အစိုးရအဖြဲ႔ရဲ ႔ အုပ္ခ်ဳပ္ေရးရာ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးတဲ့ ေထြးအုပ္ဌာနဟာ တုိင္းနဲ႔ျပည္နယ္ရဲ ႔ ရံုးအမႈထမ္းလည္း ျဖစ္ေနျပန္ပါတယ္။

တိုင္းနဲ႔ျပည္နယ္အစိုးရရဲ ႔လုပ္ငန္းမွာ အေထြေထြအုပ္ခ်ဳပ္ေရးဌာနဟာ အဓိက ပါဝင္ေပမယ့္ ျပည္ေထာင္စုဝန္ႀကီးကိုသာ အစီရင္ခံဖို႔ တာဝန္ရိွပါတယ္။ တိုင္းနဲ႔ျပည္နယ္အစိုးရဟာ သူတုိ႔ရဲ ႔အတြင္းေရးမွဴး ခန္႔အပ္တဲ့ေနရာမွာ အဆံုးအျဖတ္ေပးႏုိင္ခြင့္ မရိွပါဘူး။ ဒီျပႆနာေတြဟာ အေထြေထြအုပ္ခ်ဳပ္ေရးဌာန ျပဳျပင္ေရးလုပ္ရင္း ေျပလည္သြားဖြယ္ ရိွပါတယ္။ ဒါေၾကာင့္ ဖယ္ဒရယ္စနစ္ကို ေအာက္ေျခကစၿပီး တည္ေဆာက္ရာမွာ ေထြအုပ္ဌာန ျပဳျပင္ေရးဟာ အေရးႀကီးေၾကာင္း တင္ျပလိုက္ရပါတယ္။


==Unicode==

ရှေ့လမှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် NLD ပါတီက (၂၇) မျက်နှာ ကြေညာစာတမ်းကို ထုတ်ဝေခဲ့ပါတယ်။ “အောင်လံခိုင်ဖို့ မဲပေးစို့”၊ “ဒီမိုကရေစီမှန်ကန်ရေး NLD ကို ဒို့မဲပေး” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဦးတည်ချက် (၃) ရပ်ကို ဖော်ပြထားပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ဖြစ်ထွန်းစေမယ့် အခြေခံဥပဒေပေါ်ပေါက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲမယ့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ဦးတည်ချက်တွေ ဖြစ်ပါတယ်။ ဒီအရေးတွေ အကောင်အထည်ပေါ်အောင် NLD အစိုးရရဲ့ ဒုတိယ (၅) နှစ် သက်တမ်းမှာ ဆက်လက်ကြိုးပမ်းမယ်လို့ ဂတိပေးလိုက်တာပါ။

ဒီမိုကရေစီနည်းလမ်းနဲ့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ မူဝါဒအတိုင်း တပ်မတော်က ရပ်တည်နိုင်ဖို့လည်း ကြိုးပမ်းမယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေအတိုင်း ဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့ ဖြစ်ပေါ်လာဖို့နဲ့ ပြည်သူချစ်ခင်အားကိုးတဲ့ ရဲအဖွဲ့ဖြစ်လာအောင်လည်း ကြိုးပမ်းမယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီကို ဖြစ်ထွန်းစေမယ့် အခြေခံဥပဒေ ပေါ်ပေါက်လာရေးကိုလည်း NLD ပါတီက မျက်ခြေပြတ် မခံတာကိုလည်း တွေ့ရပါတယ်။

ဒီမိုကရေစီလမ်းကြောင်းကို ပိတ်ဆို့နေတဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ဖို့ ခက်ခဲနေတာကို ကြည့်ပြီးစိတ်ပျက်နေရင် မိမိကိုယ်မိမိ ချုပ်ချယ်ထားသလို ဖြစ်နေတယ်လို့ သြဂုတ်လ (၂၄) ရက်နေ့ထုတ် Frontier စာစောင် အယ်ဒီတာအာဘော်က ဆိုပါတယ်။ လက်ရှိအခြေခံဥပဒေအကြောင်း ဒီမိုကရေစီ ဖြစ်ထွန်းဖို့ မဖြစ်နိုင်ပေမယ့် နိုင်ငံရေးလုပ်လို့ မရဘူးလို့ မပြောနိုင်ပါဘူး။ အခွင့်ထူးခံချင်သူတွေကသာ အပြောင်းအလဲနဲ့ ပြုပြင်ရေး မလုပ်ချင်တာပါ။ အခြေခံဥ့ပဒေကို မပြင်ဘဲ၊ တရားစီရင်ရေးဌာနကို ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ တရားမျှတပြီး ဘက်လိုက်မှုကင်းတဲ့ တရားစီရင်ရေးစနစ် ထူထောင်မယ်လို့ NLD ကြေညာစာတမ်းမှာ ဖော်ပြထားတာဟာ အခြေခံဥပဒေကို ပြင်စရာမလိုတဲ့ အလုပ်ပါ။ ပြည်သူ့အတွက် တရားမျှတပြီး ဘက်လိုက်မှုကင်းတဲ့ တရားစီရင်ရေးစနစ်ဟာ ဒီမိုကရေစီရဲ့ အခြေခံတစ်ခု ဖြစ်ပါတယ်။ ဒီစနစ် အကောင်အထည်ဖော်တာ အလွန်ကောင်းပေမယ့် အခုတော့ ငြိမ်းချမ်းစွာ လှုပ်ရှားသူတွေကို ဖမ်းဆီးနေတုန်း ဖြစ်ပါတယ်။

အခြေခံဥပဒေကို မပြင်ဘဲ ပြုပြင်ပြောင်းလဲရေး လုပ်နိုင်တာကို NLD အစိုးရက ပြသနေပါတယ်။ ထွေးအုပ်လို့ခေါ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့ကစပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာန လက်အောက်ကို လွှဲပြောင်းဖွဲ့စည်းနိုင်တာဟာ NLD အစိုးရရဲ့ ထင်ရှားတဲ့ ပြုပြင်ရေးလုပ်ငန်းတခု ဖြစ်ပါတယ်။ အစိုးရအုပ်ချုပ်ရေး ယန္တရားကြီးကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က ဆွဲထုတ်နိုင်တာဟာ ဒီမိုကရေစီ ပြုပြင်ရေးအတွက် အလွန်အရေးကြီးတယ်လို့ အာရှဖောင်ဒေးရှင်း ကိုယ်စားလှယ် Dr. Matthew Arnold က ၂၀၁၉ မှာ သုံးသပ်ဖူးပါတယ်။ ဒါဟာ NLD အစိုးရရဲ့ အောင်မြင်မှုဖြစ်လို့ အသေအချာ ထိန်းသိမ်းပြီး ကောင်းမွန်အောင်လုပ်မယ်လို့ ပညာရှင် Dr.Lachlan McDonald က ဇွန်လ (၁၁) ရက်နေ့ထုတ် Frontier Myanmar စာစောင်မှာ ရေးသားထားပါတယ်။

အထွေထွေအုပ်ချုပ်ရေးဌာနဟာ စစ်အစိုးရအဆက်ဆက်မှာ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တာမို့ အရာထမ်းထဲမှာ အငြိမ်းစာစစ်ဗိုလ်က အများစု ဖြစ်ပါတယ်။ သူတို့ရဲ့ အကြီးအကဲဟာ စစ်ဦးစီးချုပ်ပါ။ အစိုးရဌာနတိုင်းမှာ အငြိမ်စားစစ်ဗိုလ် ရှိပါတယ်။ ရှောင်လို့မရပါဘူး။ ပြည်ထဲရေးဝန်ကြီး စစ်ဗိုလ်လက်အောက်က ထွေအုပ်ဌာနကို အရပ်သားလက်အောက် လွှဲပြောင်းလိုက်တယ်ဆိုပေမယ့် အရပ်သား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဟာ လေတပ်က အငြိမ်းစားဗိုလ်မှူးကြီး ဦးမင်းသူ ဖြစ်နေပါတယ်။ စစ်ဗိုလ်ဟောင်းတွေနဲ့ လက်တွဲပြီး လုပ်ကိုင်ရင်း အရပ်သားအုပ်ချုပ်ရေးစနစ် တည်ဆောက်တဲ့သဘော ဖြစ်ပါတယ်။ NLD အစိုးရရဲ့ ရေရှည်တည်တံ့ခိုင်မြဲ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀) နဲ့ ဆက်နွယ်ပြီး ထွေအုပ်ဌာနကို ပြုပြင်သွားမယ်လို့ ၂၀၁၉ နိုဝင်ဘာလ အစည်းအဝေးမှာ ဦးမင်းသူက ပြောသွားပါတယ်။

ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာမှာ အထွေထွေအုပ်ချုပ်ရေးဌာန ပါဝင်မယ်လို့လည်း ဦးမင်းသူက ပြောပါတယ်။ အခြေခံဥပဒေပုဒ်မ (၂၆၀) အရ တိုင်းနဲ့ပြည်နယ် ထွေအုပ်ဦးစီးရဲ့ ဌာနမှူးဟာ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။တိုင်းနဲ့ပြည်နယ်မှာ သီးခြားအုပ်ချုပ်ရေးယန္တရား မရှိတဲ့အတွက် တိုင်းနဲ့ပြည်နယ်ရဲ့ ထွေအုပ်ရုံးဟာ တိုင်းနဲ့ပြည်နယ်အစိုးရရုံးလည်း ဖြစ်တယ်လို့ အခြေခံဥပဒေက ဆိုပါတယ်။ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ ထွေးအုပ်ဌာနဟာ တိုင်းနဲ့ပြည်နယ်ရဲ့ ရုံးအမှုထမ်းလည်း ဖြစ်နေပြန်ပါတယ်။

တိုင်းနဲ့ပြည်နယ်အစိုးရရဲ့လုပ်ငန်းမှာ အထွေထွေအုပ်ချုပ်ရေးဌာနဟာ အဓိက ပါဝင်ပေမယ့် ပြည်ထောင်စုဝန်ကြီးကိုသာ အစီရင်ခံဖို့ တာဝန်ရှိပါတယ်။ တိုင်းနဲ့ပြည်နယ်အစိုးရဟာ သူတို့ရဲ့အတွင်းရေးမှူး ခန့်အပ်တဲ့နေရာမှာ အဆုံးအဖြတ်ပေးနိုင်ခွင့် မရှိပါဘူး။ ဒီပြဿနာတွေဟာ အထွေထွေအုပ်ချုပ်ရေးဌာန ပြုပြင်ရေးလုပ်ရင်း ပြေလည်သွားဖွယ် ရှိပါတယ်။ ဒါကြောင့် ဖယ်ဒရယ်စနစ်ကို အောက်ခြေကစပြီး တည်ဆောက်ရာမှာ ထွေအုပ်ဌာန ပြုပြင်ရေးဟာ အရေးကြီးကြောင်း တင်ပြလိုက်ရပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG