သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲနဲ႔ တုိင္းရင္းသားပါတီမ်ား


Myanmar's youth dressed in different ethnic minorities' attires walk to Myanmar's parliament to attend a function to mark the International Day of Democracy in Naypyidaw, Myanmar, Tuesday, Sept. 15, 2015. More than 90 political parties will take part in the parliamentary election
ေရြးေကာက္ပြဲနဲ႔ တုိင္းရင္းသားပါတီမ်ား
please wait

No media source currently available

0:00 0:05:30 0:00
တိုက္႐ိုက္ လင့္ခ္

ေရွ ႔လက်င္းပမယ့္ ေရြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ အုပ္စုႀကီး (၃) စု ရိွပါတယ္။ ရွစ္ေလးလံုး အေရးေတာ္ပံုက ေမြးထုတ္လိုက္တဲ့ အရပ္သားဒီမိုကေရစီအုပ္စု၊ စစ္တပ္အႏြယ္ဝင္အုပ္စုနဲ႔ တိုင္းရင္းသားအုပ္စုေတြ ျဖစ္ပါတယ္။ NLD နဲ႔ စစ္အုပ္စုဝင္ပါတီေတြ ပထမဆံုးအႀကိမ္ လြတ္လြတ္လပ္လပ္ ယွဥ္ၿပိဳင္တဲ့ ၂၀၁၅ ေရြးေကာက္ပြဲမွာ တိုင္းရင္းသားပါတီေတြဟာ ေမွ်ာ္လင့္သေလာက္ ေထာက္ခံမဲ မရၾကပါဘူး။ NLD ကိုသာ အာရံုစိုက္ၾကလို႔ လ်စ္လ်ဴရႈခံရတဲ့ တိုင္းရင္းသားပါတီေတြ မ်ားေနပါတယ္။

၂၀၁၅ ေရြးေကာက္ပြဲရလဒ္ကိုၾကည့္ရင္ လာမယ့္ေရြးေကာက္ပြဲကို ခန္႔မွန္းႏိုင္ဖြယ္ ရိွပါတယ္။ ကယားျပည္နယ္မွာဆိုရင္ အႏိုင္ရတဲ့ ေဒသခံပါတီ လံုးဝမရိွပါဘူး။ ျပည္ေထာင္စုနဲ႔ ျပည္နယ္လႊတ္ေတာ္မွာ NLD က (၂၆) ဦး၊ ျပည္ခိုင္ၿဖိဳးက (၆) ဦး အႏိုင္ရပါတယ္။ ကရင္ျပည္နယ္မွာ NLD က (၂၆) ဦး၊ ျပည္ခိုင္ၿဖိဳးက (၆) ဦး၊ ေဒသခံက (၁) ဦး အႏုိင္ရၾကပါတယ္။ မြန္ျပည္နယ္မွာ NLD ႕ (၃၇) ေနရာ၊ ေဒသခံပါတီေတြက (၄) ေနရာ၊ ျပည္ခိုင္ၿဖိဳးက (၁) ေနရာ အႏုိင္ရပါတယ္။ ခ်င္းျပည္နယ္မွာ NLD က (၂၈) ေနရာ ျပည္ခုိင္ၿဖိဳးက (၅) ေနရာ၊ ေဒသခံပါတီေတြက (၆) ေနရာ အႏိုင္ရၾကပါတယ္။

ကခ်င္ျပည္နယ္မွာလည္း NLD ပါတီကပဲ ျပည္ေထာင္စုလႊတ္ေတာ္အမတ္ေနရာ (၂၂) ခုနဲ႔ ျပည္နယ္အမတ္ေနရာ (၂၂) ခု စုစုေပါင္း ကိုယ္စားလွယ္ (၄၄) ဦး အႏိုင္ရပါတယ္။ ျပည္ခိုင္ၿဖိဳးက (၁၀) ေနရာ၊ ေဒသခံပါတီေတြက (၁၈) ေနရာ ကခ်င္ျပည္နယ္မွာ ႏိုင္ၾကပါတယ္။ ၂၀၁၅ ေရြးေကာက္ပြဲမွာ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ (၁၁) ရာခိုင္ႏႈန္းသာ တုိင္းရင္းသားပါတီေတြ ရရိွခဲ့ၿပီး၊ စစ္အုပ္စုအႏြယ္ဝင္ ပါတီေတြက (၈) ရာခိုင္ႏႈန္း၊ NLD က (၇၈) ရာခိုင္ႏႈန္း၊ တသီးပုဂၢလိက (၃) ရာခိုင္ႏႈန္း ရရိွၾကပါတယ္။ ရခိုင္ျပည္နယ္မွာ ရခိုင္အမ်ဳိးသားပါတီက အမ်ားဆံုးအႏိုင္ရၿပီး၊ ရွမ္းျပည္နယ္အဆင့္မွာေရာ ျပည္ေထာင္စုအဆင့္မွာေရာ ရွမ္း SNLD က ဒုတိယအမ်ားဆံုး အႏိုင္ရရိွပါတယ္။ ေရြးေကာက္ပြဲမတိုင္မီ ရခိုင္ဒီမုိကေရစီအဖြဲ႔ခ်ဳပ္နဲ႔ ရခိုင္တိုင္းရင္းသား တိုးတက္ေရးပါတီတို႔ ပူးေပါင္းၿပီး၊ ရခိုင္အမ်ဳိးသားပါတီ တည္ေထာင္ႏိုင္တာေၾကာင့္ ျပည္ေထာင္စုအဆင့္မွာ (၂၅) ေနရာ၊ ျပည္နယ္အဆင့္မွာ (၂၂) ေနရာ အနိုင္ရရိွပါတယ္။

အခုေတာ့ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ALD ဟာ ခြဲထြက္ၿပီး သီးျခားယွဥ္ၿပိဳင္ပါလိမ့္မယ္။ ေဒသခံပါတီေတြ ေပါင္းစည္းၿပီး၊ ပါတီတခုတည္းအေနနဲ႔ ယွဥ္ၿပိဳင္လို႔ အႏိုင္ရခဲ့တဲ့ ရခိုင္ျပည္နယ္ကို အားက်ၿပီး အျခားျပည္နယ္ေတြမွာ ပါတီေပါင္းစည္းမႈေတြ လုပ္ၾကပါတယ္။ ပါတီခ်င္းေပါင္းစည္းၿပီး ပါတီသစ္တည္ေထာင္ဖို႔အတြက္ ဖ်က္သိမ္းလိုက္တဲ့ပါတီ (၁၆) ပါတီ ရိွပါတယ္။ ယွဥ္ၿပိဳင္တဲ့ေဒသခံ ပါတီေတြမ်ားလာရင္ ဆႏၵမဲေတြလည္း အကြဲကြဲအျပားျပား ျဖစ္သြားတဲ့အတြက္ ဆရာမ်ားသားေသဆိုသလို တဦးမွ အႏိုင္မရတာကို ကယားျပည္နယ္က သက္ေသျပေနပါတယ္။ ဒါေၾကာင့္ မြန္ျပည္နယ္ကေဒသခံ ပါတီေတြ ပူးေပါင္းၿပီး မြန္ညီညႊတ္ေရးပါတီသစ္အေနနဲ႔ ေရြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္ပါလိမ့္မယ္။

ဒါေပမဲ့ NLD ပါတီကို ေထာက္ခံသူေတြ တိုးပြားေနတဲ့အတြက္ တိုင္းရင္းသားပါတီေတြဟာ (၂၀၁၅) က အျဖစ္မ်ဳိး ႀကံဳေတြ႔ႏိုင္ပါတယ္။ ဒါေပမဲ့ ေဒသခံပါတီေတြ ေပါင္းစည္းႏိုင္တဲ့အတြက္ အက်ဳိးအျမတ္ကို လာမယ့္ေရြးေကာက္ပြဲမွာ ေတြ႔ႏိုင္လိမ့္မယ္လို႔ ခန္႔မွန္းရပါတယ္။ ၂၀၁၅ မတိုင္မီက တိုင္းရင္းသားပါတီေတြ ေပါင္းစည္းဖို႔ ႀကိဳးပမ္းတာ မေအာင္ျမင္ခဲ့ေပမယ့္ ၂၀၁၇ နဲ႔ ၂၀၁၉ အတြင္း ကခ်င္၊ ကရင္၊ ကယား၊ မြန္နဲ႔ ခ်င္းျပည္နယ္ေတြမွာ ေပါင္းစည္းတည္ေထာင္ထားတဲ့ တိုင္းရင္းသားပါတီသစ္ေတြ ေပၚထြန္းလာပံုကို တင္ျပထားတဲ့ သုေတသီ စုမြန္သန္႔ရဲ ႔ စာတမ္းကို စကၤာပူအေျခစိုက္ သုေတသနဌာနက လြန္ခဲ့တဲ့ ဇြန္လက ထုတ္ေဝထားပါတယ္။ ပါတီေပါင္းစည္းမႈဟာ ေရြးေကာက္ပြဲအတြက္သာမကပဲ ဖယ္ဒရယ္ႏိုင္ငံ တည္ေထာင္ေရးကို ရည္ရြယ္တယ္လုိ႔ ဆိုပါတယ္။ ဒီလိုစည္းလံုးညီညႊတ္လာတာကို ေဒသခံလူထုက ဘယ္ေလာက္ ေထာက္ခံတယ္ဆုိတာ လာမယ့္ေရြးေကာက္ပြဲမွာ သိရပါလိမ့္မယ္။

ဒါေပမဲ့ တိုင္းရင္းသားပါတီေတြ ေပါင္းစည္းၿပီး ပါတီသစ္ တည္ေထာင္တာနဲ႔ ေထာက္ခံမဲ ရလိမ့္မယ္လို႔ မေျပာႏိုင္ပါဘူး။ မဲဆႏၵရွင္ေတြ ယံုၾကည္အားထားေလာက္တဲ့ အဖြဲ႔အစည္းျဖစ္ၿပီး ဘယ္လို အက်ဳိးေဆာင္မယ္ဆိုတာကို ရွင္းလင္းျပတ္သားစြာ ထုတ္ေဖာ္ဖုိ႔ လိုပါတယ္။ တနည္းဆိုရင္ေတာ့ အျခားပါတီေတြထက္ပိုၿပီး အရည္အေသြးရိွေၾကာင္း ျပသဖုိ႔ လိုပါတယ္။ မဲမေပးသူေတြ မ်ားေနတာဟာလည္း ျပည္နယ္ေတြမွာ ရင္ဆိုင္ေနရတဲ့ ျပႆနာ ျဖစ္ပါတယ္။ ၂၀၁၅ ေရြးေကာက္ပြဲမွာ တျပည္လံုးပ်မ္းမွ်ႏႈန္း (၇၀) ရာခိုင္ႏႈန္း မဲေပးခ်ိန္မွာ ကရင္နဲ႔ မြန္ျပည္နယ္ေတြမွာ မဲေပးသူ (၅၀) ရာခိုင္ႏႈန္းသာ ရိွပါတယ္။

ဒါေၾကာင့္ ပထမအႀကိမ္ ဆႏၵမဲေပးတဲ့ လူငယ္ေတြ မ်ားလာတုန္း မဲေပးဖို႔ စိတ္မပါတဲ့ ေဒသခံေတြဟာ ႏိုင္ငံေရးမွာ စိတ္ဝင္စားလာေအာင္ စြမ္းေဆာင္ႏိုင္ရင္ အက်ဳိးရိွႏိုင္ပါတယ္။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ NLD ဟာ မည္မည္ရရ လက္ေတြ႔ျပစရာ မရိွေသးလို႔ တုိင္းရင္းသားပါတီေတြအေနနဲ႔ အစီအစဥ္သစ္ေတြ တင္ျပႏိုင္ပါတယ္။ ေရြးေကာက္ပြဲမွာ ကိုယ္စားလွယ္မ်ားမ်ား အႏိုင္ရဖို႔ကိစၥဟာ ဒီကိုယ္စားလွယ္ကို မဲဆႏၵရွင္က ဘယ္ေလာက္ ယံုၾကည္သလဲဆိုတဲ့အေပၚမွာ မူတည္ပါတယ္။

==Unicode==

ရှေ့လကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အုပ်စုကြီး (၃) စု ရှိပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံက မွေးထုတ်လိုက်တဲ့ အရပ်သားဒီမိုကရေစီအုပ်စု၊ စစ်တပ်အနွယ်ဝင်အုပ်စုနဲ့ တိုင်းရင်းသားအုပ်စုတွေ ဖြစ်ပါတယ်။ NLD နဲ့ စစ်အုပ်စုဝင်ပါတီတွေ ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေဟာ မျှော်လင့်သလောက် ထောက်ခံမဲ မရကြပါဘူး။ NLD ကိုသာ အာရုံစိုက်ကြလို့ လျစ်လျူရှုခံရတဲ့ တိုင်းရင်းသားပါတီတွေ များနေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲရလဒ်ကိုကြည့်ရင် လာမယ့်ရွေးကောက်ပွဲကို ခန့်မှန်းနိုင်ဖွယ် ရှိပါတယ်။ ကယားပြည်နယ်မှာဆိုရင် အနိုင်ရတဲ့ ဒေသခံပါတီ လုံးဝမရှိပါဘူး။ ပြည်ထောင်စုနဲ့ ပြည်နယ်လွှတ်တော်မှာ NLD က (၂၆) ဦး၊ ပြည်ခိုင်ဖြိုးက (၆) ဦး အနိုင်ရပါတယ်။ ကရင်ပြည်နယ်မှာ NLD က (၂၆) ဦး၊ ပြည်ခိုင်ဖြိုးက (၆) ဦး၊ ဒေသခံက (၁) ဦး အနိုင်ရကြပါတယ်။ မွန်ပြည်နယ်မှာ NLD့ (၃၇) နေရာ၊ ဒေသခံပါတီတွေက (၄) နေရာ၊ ပြည်ခိုင်ဖြိုးက (၁) နေရာ အနိုင်ရပါတယ်။ ချင်းပြည်နယ်မှာ NLD က (၂၈) နေရာ ပြည်ခိုင်ဖြိုးက (၅) နေရာ၊ ဒေသခံပါတီတွေက (၆) နေရာ အနိုင်ရကြပါတယ်။

ကချင်ပြည်နယ်မှာလည်း NLD ပါတီကပဲ ပြည်ထောင်စုလွှတ်တော်အမတ်နေရာ (၂၂) ခုနဲ့ ပြည်နယ်အမတ်နေရာ (၂၂) ခု စုစုပေါင်း ကိုယ်စားလှယ် (၄၄) ဦး အနိုင်ရပါတယ်။ ပြည်ခိုင်ဖြိုးက (၁၀) နေရာ၊ ဒေသခံပါတီတွေက (၁၈) နေရာ ကချင်ပြည်နယ်မှာ နိုင်ကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၁) ရာခိုင်နှုန်းသာ တိုင်းရင်းသားပါတီတွေ ရရှိခဲ့ပြီး၊ စစ်အုပ်စုအနွယ်ဝင် ပါတီတွေက (၈) ရာခိုင်နှုန်း၊ NLD က (၇၈) ရာခိုင်နှုန်း၊ တသီးပုဂ္ဂလိက (၃) ရာခိုင်နှုန်း ရရှိကြပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီက အများဆုံးအနိုင်ရပြီး၊ ရှမ်းပြည်နယ်အဆင့်မှာရော ပြည်ထောင်စုအဆင့်မှာရော ရှမ်း SNLD က ဒုတိယအများဆုံး အနိုင်ရရှိပါတယ်။ ရွေးကောက်ပွဲမတိုင်မီ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီတို့ ပူးပေါင်းပြီး၊ ရခိုင်အမျိုးသားပါတီ တည်ထောင်နိုင်တာကြောင့် ပြည်ထောင်စုအဆင့်မှာ (၂၅) နေရာ၊ ပြည်နယ်အဆင့်မှာ (၂၂) နေရာ အနိုင်ရရှိပါတယ်။

အခုတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ဟာ ခွဲထွက်ပြီး သီးခြားယှဉ်ပြိုင်ပါလိမ့်မယ်။ ဒေသခံပါတီတွေ ပေါင်းစည်းပြီး၊ ပါတီတခုတည်းအနေနဲ့ ယှဉ်ပြိုင်လို့ အနိုင်ရခဲ့တဲ့ ရခိုင်ပြည်နယ်ကို အားကျပြီး အခြားပြည်နယ်တွေမှာ ပါတီပေါင်းစည်းမှုတွေ လုပ်ကြပါတယ်။ ပါတီချင်းပေါင်းစည်းပြီး ပါတီသစ်တည်ထောင်ဖို့အတွက် ဖျက်သိမ်းလိုက်တဲ့ပါတီ (၁၆) ပါတီ ရှိပါတယ်။ ယှဉ်ပြိုင်တဲ့ဒေသခံ ပါတီတွေများလာရင် ဆန္ဒမဲတွေလည်း အကွဲကွဲအပြားပြား ဖြစ်သွားတဲ့အတွက် ဆရာများသားသေဆိုသလို တဦးမှ အနိုင်မရတာကို ကယားပြည်နယ်က သက်သေပြနေပါတယ်။ ဒါကြောင့် မွန်ပြည်နယ်ကဒေသခံ ပါတီတွေ ပူးပေါင်းပြီး မွန်ညီညွှတ်ရေးပါတီသစ်အနေနဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ပါလိမ့်မယ်။

ဒါပေမဲ့ NLD ပါတီကို ထောက်ခံသူတွေ တိုးပွားနေတဲ့အတွက် တိုင်းရင်းသားပါတီတွေဟာ (၂၀၁၅) က အဖြစ်မျိုး ကြုံတွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဒေသခံပါတီတွေ ပေါင်းစည်းနိုင်တဲ့အတွက် အကျိုးအမြတ်ကို လာမယ့်ရွေးကောက်ပွဲမှာ တွေ့နိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ၂၀၁၅ မတိုင်မီက တိုင်းရင်းသားပါတီတွေ ပေါင်းစည်းဖို့ ကြိုးပမ်းတာ မအောင်မြင်ခဲ့ပေမယ့် ၂၀၁၇ နဲ့ ၂၀၁၉ အတွင်း ကချင်၊ ကရင်၊ ကယား၊ မွန်နဲ့ ချင်းပြည်နယ်တွေမှာ ပေါင်းစည်းတည်ထောင်ထားတဲ့ တိုင်းရင်းသားပါတီသစ်တွေ ပေါ်ထွန်းလာပုံကို တင်ပြထားတဲ့ သုတေသီ စုမွန်သန့်ရဲ့ စာတမ်းကို စင်္ကာပူအခြေစိုက် သုတေသနဌာနက လွန်ခဲ့တဲ့ ဇွန်လက ထုတ်ဝေထားပါတယ်။ ပါတီပေါင်းစည်းမှုဟာ ရွေးကောက်ပွဲအတွက်သာမကပဲ ဖယ်ဒရယ်နိုင်ငံ တည်ထောင်ရေးကို ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒီလိုစည်းလုံးညီညွှတ်လာတာကို ဒေသခံလူထုက ဘယ်လောက် ထောက်ခံတယ်ဆိုတာ လာမယ့်ရွေးကောက်ပွဲမှာ သိရပါလိမ့်မယ်။

ဒါပေမဲ့ တိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ပါတီသစ် တည်ထောင်တာနဲ့ ထောက်ခံမဲ ရလိမ့်မယ်လို့ မပြောနိုင်ပါဘူး။ မဲဆန္ဒရှင်တွေ ယုံကြည်အားထားလောက်တဲ့ အဖွဲ့အစည်းဖြစ်ပြီး ဘယ်လို အကျိုးဆောင်မယ်ဆိုတာကို ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ဖို့ လိုပါတယ်။ တနည်းဆိုရင်တော့ အခြားပါတီတွေထက်ပိုပြီး အရည်အသွေးရှိကြောင်း ပြသဖို့ လိုပါတယ်။ မဲမပေးသူတွေ များနေတာဟာလည်း ပြည်နယ်တွေမှာ ရင်ဆိုင်နေရတဲ့ ပြဿနာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ တပြည်လုံးပျမ်းမျှနှုန်း (၇၀) ရာခိုင်နှုန်း မဲပေးချိန်မှာ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ မဲပေးသူ (၅၀) ရာခိုင်နှုန်းသာ ရှိပါတယ်။

ဒါကြောင့် ပထမအကြိမ် ဆန္ဒမဲပေးတဲ့ လူငယ်တွေ များလာတုန်း မဲပေးဖို့ စိတ်မပါတဲ့ ဒေသခံတွေဟာ နိုင်ငံရေးမှာ စိတ်ဝင်စားလာအောင် စွမ်းဆောင်နိုင်ရင် အကျိုးရှိနိုင်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ NLD ဟာ မည်မည်ရရ လက်တွေ့ပြစရာ မရှိသေးလို့ တိုင်းရင်းသားပါတီတွေအနေနဲ့ အစီအစဉ်သစ်တွေ တင်ပြနိုင်ပါတယ်။ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်များများ အနိုင်ရဖို့ကိစ္စဟာ ဒီကိုယ်စားလှယ်ကို မဲဆန္ဒရှင်က ဘယ်လောက် ယုံကြည်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG