သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေရြးေကာက္ပြဲ


Supporters of the National League for Democracy (NLD) party on a motorcade pass supporters of the opposition Union Solidarity and Development Party (USDP), seen at left, during a campaign in Wundwin, near Mandalay on September 19, 2020. (Photo by Kyaw The
ကိုဗစ္ေရြးေကာက္ပြဲ
please wait

No media source currently available

0:00 0:05:15 0:00
တိုက္႐ိုက္ လင့္ခ္

Covid-19 လို႔ေခၚတဲ့ ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး ျပန္႔ပြားေနခ်ိန္မွာ ေရြးေကာက္ပြဲ မဲဆြယ္စည္းရံုးေရး ဆင္းရတာမို႔ လူမႈကြန္ရက္အသံုးျပဳမႈ မ်ားျပားလာတာ ေတြ႔ရပါတယ္။ ေတြ႔ဆံုေဆြးေႏြးပြဲေတြ ေမးျမန္းခန္းေတြနဲ႔ သတင္းစာရွင္းလင္းပြဲေတြကို အြန္းလိုင္မွာ က်င္းပၾကပါတယ္။ လြန္ခဲ့တဲ့ ဒီဇင္ဘာလကစၿပီး ဦးေရႊမန္းရဲ ႔ ျပည္ေထာင္စုေကာင္းက်ိးေဆာင္ပါတီ၊ NLD ေဟာင္း ေဒၚသက္သက္ခိုင္ တည္ေထာင္တဲ့ ျပည္သူ႔ေရွ ႔ေဆာင္ပါတီိနဲ႔ ျပည္ခိုင္ၿဖိဳးပါတီိဟာ Facebook လူမႈကြန္ရက္မွာ အႀကီးအက်ယ္ ေငြကုန္ခံၿပီး စည္းရံုးေနပံုကို ၾသဂုတ္လ (၁၈) ရက္ထုတ္ ဧရာဝတီအဂၤလိပ္စာေစာင္မွာ ေဖာ္ျပပါတယ္။

လြန္ခဲ့တဲ့ (၈) လအတြင္း ျပည္ခိုင္ၿဖိဳးပါတီဟာ Facebook ဟာ က်ပ္ငါးသန္းေလာက္ အကုန္ခံတယ္လို႔ ဆိုပါတယ္။ ျပည္သူ႔အက်ဳိးေဆာင္ပါတီဟာ Facebook အတြက္ က်ပ္ (၇) သိန္း အကုန္ခံထားၿပီး၊ ဦးေရႊမန္းရဲ ႔ပါတီက က်ပ္ (၁) သန္းေလာက္ အကုန္ခံထားပါတယ္။ ေဒၚသက္သက္ခိုင္ဟာ NLD ပါတီကို က်ပ္သန္း (၁၅၀) လွဴဖူးတဲ့ ေက်ာက္မ်က္လုပ္ငန္းရွင္ ျဖစ္ပါတယ္။ အခုေတာ့ ေဒၚသက္သက္ခုိင္ဟာ NLD ဗဟိုေကာ္မတီဝင္ ေဒၚေမဝင္းျမင့္နဲ႔ မရမ္းကုန္ၿမိဳ ႔နယ္မွာ ယွဥ္ၿပိဳင္အေရြးခံပါလိမ့္မယ္။

ေဒၚေအာင္ဆန္းစုၾကည္ကလည္း ကိုဗစ္ (၁၉) ကာလမွာ ျပည္သူလူထုနဲ႔ ျမန္ျမန္ဆန္ဆန္ ထိထိေရာက္ေရာက္ ဆက္သြယ္ဖို႔အတြက္ ဧၿပီလဆန္းကစၿပီး Facebook ကို အသံုးျပဳလာပါတယ္။ လူေတြစုၿပံဳ မေနဖို႔ လိုအပ္တဲ့အခ်ိန္မွာ ျပည္သူ႔က်န္းမာေရးကို သက္ဆိုင္ရာတာဝန္ရိွ ပုဂၢိဳလ္ေတြနဲ႔ ေဒၚစု ေဆြးေႏြးသြားတာေတြဟာ NLD အစိုးရကို အမ်ားႀကီး သိကၡာတက္ေစပါတယ္။ ေဒၚစုရဲ ႔ ေခါင္းေဆာင္မႈနဲ႔ အရပ္သားအစိုးရရဲ ႔ ထိေရာက္မႈေတြကို ျပည္သူလူထုဟာ Facebook မွာ အထင္အရွား ေတြ႔ေနရပါတယ္။ ေဒၚစုအေနနဲ႔ ေရြးေကာက္ပြဲအတြက္ သီးသန္႔တရားေဟာစရာေတာင္ မလိုေတာ့ပါဘူး။ ေဒၚစုရဲ ႔ Facebook ေဆြးေႏြးခန္းေတြကို ပရိသတ္က သိန္းသန္းခ်ီၿပီး ေထာက္ခံေနၾကပါတယ္။ ေဆြးေႏြးခန္းေတြမွာ ေမတၱာ၊ ေစတနာကို ျပႏိုင္တာဟာ စစ္ဗိုလ္ႀကီးငယ္ေတြ မလုပ္ႏိုင္တဲ့ကိစၥ ျဖစ္ပါတယ္။

ဒါေပမဲ့ စစ္အုပ္စုဟာ အေလ်ာ့ေပးဖို႔ စိတ္ကူးပံု မရေသးပါဘူး။ တရားမဝင္ေတာ့တဲ့ မဘသအဖြဲ႔ဟာ နည္းမ်ဳိးစံုသံုးၿပီး လႈပ္ရွားေနတုန္းပါ။ ရုရွားနဲ႔ဆက္ထားတဲ့ Facebook Accounts (၆) ခုကေန သတင္းမွန္ထုတ္ျပန္သလိုလိုနဲ႔ NLD ကို ျပစ္တင္ရႈတ္ခ်ၿပီး တပ္မေတာ္ကို အမႊန္းတင္ထားတယ္လို႔ Hunter Marston ဆိုသူက မတ္လ (၄) ရက္ထုတ္၊ The Interpreter စာေစာင္မွာ ေရးထားပါတယ္။ ရခိုင္ျပႆနာနဲ႔ ပတ္သက္ၿပီး အမ်ဳိးသားေရးကို ႏိုးဆြလာတာေၾကာင့္ အာဏာရ NLD ဟာ အစိုးရကို ေဝဖန္သူေတြကို ႏိွမ္နင္းလာပါတယ္။ အမ်ဳိးသားေရးလႈပ္ေဆာ္မႈနဲ႔ ICJ မွာ စစ္တပ္ဖက္က ေဒၚစုေရွ ႔ေနလိုက္မႈေၾကာင့္ စစ္အုပ္ခ်ဳပ္ေရး ဆန္႔က်င္သူေတြေတာင္ စစ္တပ္ကို ေထာက္ခံလာတယ္လို႔ ဆိုပါတယ္။

ရွစ္ေလးလံုးမ်ဳိးဆက္ တည္ေထာင္တဲ့ ျပည္သူ႔ပါတီက ေရြးေကာက္ပြဲဝင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးေရဟာ အလြန္နည္းေနတာေတြ႔ရပါတယ္။ ျပည္သူလူထုနဲ႔ နီးစပ္တဲ့ပါတီလို႔ သံုးသပ္ၾကေပမယ့္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း (၄၃) ဦး၊ အမ်ဳိးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း (၁၀) ဦးနဲ႔ တိုင္းနဲ႔ျပည္နယ္လႊတ္ေတာ္အမတ္ေလာင္း (၉၉) ဦး၊ စုစုေပါင္း (၁၅၂) ဦးသာ ဝင္ေရာက္ယွဥ္ၿပိဳင့္သေဘာ ျဖစ္ပါတယ္။ ၁၉၈၈ မွာ လူငယ္ေတြ တည္ေထာင္တဲ့ လူ႔ေဘာင္သစ္ပါတီကေတာ့ ကိုယ္စားလွယ္ေလာင္း (၁၆) ဦးသာ ေရြးေကာက္ပြဲ ဝင္ႏိုင္ပါတယ္။ စစ္အစိုးရ ဖိႏိွပ္မႈေၾကာင့္ ျပည္ပေရာက္သြားတဲ့ လူ႔ေဘာင္သစ္ပါတီဟာ (၂၀၁၃) ေရာက္မွ ျပည္တြင္းမွာ ျပန္လည္အေျခစိုက္ႏိုင္ပါတယ္။ ျပည္တြင္းမွာ (၁၀) ႏွစ္သာ ေနထိုင္သူသာ ေရြးေကာက္ပြဲဝင္ႏိုင္တယ္ဆိုတဲ့ စည္းမ်ဥ္းေၾကာင့္ ျပည္ပမွ ျပည္လာသူေတြ ေရြးေကာက္ပြဲ မဝင္ႏိုင္တာမ်ဳိးလည္းရိွေၾကာင္း သိရပါတယ္။

ကိုဗစ္ေရာဂါပိုး ကူးစက္မႈ တိုးပြားလာခ်ိန္မွာ ေရြးေကာက္ပြဲ စည္းရံုးေရးဆင္းရတာမုိ႔ လူစုလူေဝးလႈပ္ရွားမႈမွာ ကန္႔သတ္တာေတြ ရိွလာပါတယ္။ ဒါေၾကာင့္ တျပည္လံုးမွာ ရံုးခြဲေတြ ဖြင့္ထားႏိုင္တဲ့ ပါတီႀကီးေတြဟာ တအိမ္တက္ဆင္း မဲဆြယ္ရာမွာ တပန္းသာေနပါတယ္။ မဲဆြယ္ခ်ိန္နဲ႔ မဲေပးခ်ိန္မွာ ကိုဗစ္ကာလအတြက္ ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ လုပ္ေဆာင္ႏိုင္ဖို႔ အေရးႀကီးပါတယ္။ NLD ပါတီဟာ အမ်ားစုမဲ ရရိွလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနေပမယ့္ ျပည္နယ္ေတြမွာေတာ့ ေဒသခံ တိုင္းရင္းသားပါတီေတြနဲ႔ အက်ိတ္အနယ္ ယွဥ္ၿပိဳင္ရမယ့္ အလားအလာ ရိွပါတယ္။

အာဏာရပါတီ NLD ဟာ လႊတ္ေတာ္အမတ္ေနရာအားလံုးမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မွာမို႔ ကိုယ္စားလွယ္ေလာင္းဦးေရ (၁၁၄၃) ရိွေနပါတယ္။ ၂၀၁၅ ေရြးေကာက္ပြဲတုန္းကလို NLD ကပဲ ကိုယ္စားလွယ္ေနရာအမ်ားဆံုး ရရိွလိမ့္မယ္လို႔ ခန္႔မွန္းၾကပါတယ္။ ဒါေပမဲ့ ကိုဗစ္ေရာဂါပိုး ျပန္႔ပြားမႈေၾကာင့္ အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းသြားလာေရးမွာ အခက္အခဲ ရိွပါတယ္။ ဒါေၾကာင့္ အျပည္ျပည္ဆိုင္ရာက ေရြးေကာက္ပြဲေလ့လာေရးအဖြဲ႔ေတြ မလာႏိုင္တာဟာ ကိုဗစ္ေရြးေကာက္ပြဲရဲ ႔ အားနည္းခ်က္တခု ျဖစ္ဖြယ္ရာရိွေၾကာင္း တင္ျပလိုက္ရပါတယ္။


==Unicode==

Covid-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပြန့်ပွားနေချိန်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဆင်းရတာမို့ လူမှုကွန်ရက်အသုံးပြုမှု များပြားလာတာ တွေ့ရပါတယ်။ တွေ့ဆုံဆွေးနွေးပွဲတွေ မေးမြန်းခန်းတွေနဲ့ သတင်းစာရှင်းလင်းပွဲတွေကို အွန်းလိုင်မှာ ကျင်းပကြပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလကစပြီး ဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိးဆောင်ပါတီ၊ NLD ဟောင်း ဒေါ်သက်သက်ခိုင် တည်ထောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီဟာ Facebook လူမှုကွန်ရက်မှာ အကြီးအကျယ် ငွေကုန်ခံပြီး စည်းရုံးနေပုံကို သြဂုတ်လ (၁၈) ရက်ထုတ် ဧရာဝတီအင်္ဂလိပ်စာစောင်မှာ ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ (၈) လအတွင်း ပြည်ခိုင်ဖြိုးပါတီဟာ Facebook ဟာ ကျပ်ငါးသန်းလောက် အကုန်ခံတယ်လို့ ဆိုပါတယ်။ ပြည်သူ့အကျိုးဆောင်ပါတီဟာ Facebook အတွက် ကျပ် (၇) သိန်း အကုန်ခံထားပြီး၊ ဦးရွှေမန်းရဲ့ပါတီက ကျပ် (၁) သန်းလောက် အကုန်ခံထားပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ NLD ပါတီကို ကျပ်သန်း (၁၅၀) လှူဖူးတဲ့ ကျောက်မျက်လုပ်ငန်းရှင် ဖြစ်ပါတယ်။ အခုတော့ ဒေါ်သက်သက်ခိုင်ဟာ NLD ဗဟိုကော်မတီဝင် ဒေါ်မေဝင်းမြင့်နဲ့ မရမ်းကုန်မြို့နယ်မှာ ယှဉ်ပြိုင်အရွေးခံပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ် (၁၉) ကာလမှာ ပြည်သူလူထုနဲ့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက်သွယ်ဖို့အတွက် ဧပြီလဆန်းကစပြီး Facebook ကို အသုံးပြုလာပါတယ်။ လူတွေစုပြုံ မနေဖို့ လိုအပ်တဲ့အချိန်မှာ ပြည်သူ့ကျန်းမာရေးကို သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဒေါ်စု ဆွေးနွေးသွားတာတွေဟာ NLD အစိုးရကို အများကြီး သိက္ခာတက်စေပါတယ်။ ဒေါ်စုရဲ့ ခေါင်းဆောင်မှုနဲ့ အရပ်သားအစိုးရရဲ့ ထိရောက်မှုတွေကို ပြည်သူလူထုဟာ Facebook မှာ အထင်အရှား တွေ့နေရပါတယ်။ ဒေါ်စုအနေနဲ့ ရွေးကောက်ပွဲအတွက် သီးသန့်တရားဟောစရာတောင် မလိုတော့ပါဘူး။ ဒေါ်စုရဲ့ Facebook ဆွေးနွေးခန်းတွေကို ပရိသတ်က သိန်းသန်းချီပြီး ထောက်ခံနေကြပါတယ်။ ဆွေးနွေးခန်းတွေမှာ မေတ္တာ၊ စေတနာကို ပြနိုင်တာဟာ စစ်ဗိုလ်ကြီးငယ်တွေ မလုပ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်အုပ်စုဟာ အလျော့ပေးဖို့ စိတ်ကူးပုံ မရသေးပါဘူး။ တရားမဝင်တော့တဲ့ မဘသအဖွဲ့ဟာ နည်းမျိုးစုံသုံးပြီး လှုပ်ရှားနေတုန်းပါ။ ရုရှားနဲ့ဆက်ထားတဲ့ Facebook Accounts (၆) ခုကနေ သတင်းမှန်ထုတ်ပြန်သလိုလိုနဲ့ NLD ကို ပြစ်တင်ရှုတ်ချပြီး တပ်မတော်ကို အမွှန်းတင်ထားတယ်လို့ Hunter Marston ဆိုသူက မတ်လ (၄) ရက်ထုတ်၊ The Interpreter စာစောင်မှာ ရေးထားပါတယ်။ ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီး အမျိုးသားရေးကို နိုးဆွလာတာကြောင့် အာဏာရ NLD ဟာ အစိုးရကို ဝေဖန်သူတွေကို နှိမ်နင်းလာပါတယ်။ အမျိုးသားရေးလှုပ်ဆော်မှုနဲ့ ICJ မှာ စစ်တပ်ဖက်က ဒေါ်စုရှေ့နေလိုက်မှုကြောင့် စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူတွေတောင် စစ်တပ်ကို ထောက်ခံလာတယ်လို့ ဆိုပါတယ်။

ရှစ်လေးလုံးမျိုးဆက် တည်ထောင်တဲ့ ပြည်သူ့ပါတီက ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေဟာ အလွန်နည်းနေတာတွေ့ရပါတယ်။ ပြည်သူလူထုနဲ့ နီးစပ်တဲ့ပါတီလို့ သုံးသပ်ကြပေမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၄၃) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၁၀) ဦးနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်အမတ်လောင်း (၉၉) ဦး၊ စုစုပေါင်း (၁၅၂) ဦးသာ ဝင်ရောက်ယှဉ်ပြိုင့်သဘော ဖြစ်ပါတယ်။ ၁၉၈၈ မှာ လူငယ်တွေ တည်ထောင်တဲ့ လူ့ဘောင်သစ်ပါတီကတော့ ကိုယ်စားလှယ်လောင်း (၁၆) ဦးသာ ရွေးကောက်ပွဲ ဝင်နိုင်ပါတယ်။ စစ်အစိုးရ ဖိနှိပ်မှုကြောင့် ပြည်ပရောက်သွားတဲ့ လူ့ဘောင်သစ်ပါတီဟာ (၂၀၁၃) ရောက်မှ ပြည်တွင်းမှာ ပြန်လည်အခြေစိုက်နိုင်ပါတယ်။ ပြည်တွင်းမှာ (၁၀) နှစ်သာ နေထိုင်သူသာ ရွေးကောက်ပွဲဝင်နိုင်တယ်ဆိုတဲ့ စည်းမျဉ်းကြောင့် ပြည်ပမှ ပြည်လာသူတွေ ရွေးကောက်ပွဲ မဝင်နိုင်တာမျိုးလည်းရှိကြောင်း သိရပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်မှု တိုးပွားလာချိန်မှာ ရွေးကောက်ပွဲ စည်းရုံးရေးဆင်းရတာမို့ လူစုလူဝေးလှုပ်ရှားမှုမှာ ကန့်သတ်တာတွေ ရှိလာပါတယ်။ ဒါကြောင့် တပြည်လုံးမှာ ရုံးခွဲတွေ ဖွင့်ထားနိုင်တဲ့ ပါတီကြီးတွေဟာ တအိမ်တက်ဆင်း မဲဆွယ်ရာမှာ တပန်းသာနေပါတယ်။ မဲဆွယ်ချိန်နဲ့ မဲပေးချိန်မှာ ကိုဗစ်ကာလအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ NLD ပါတီဟာ အများစုမဲ ရရှိလိမ့်မယ်လို့ မျှော်လင့်နေပေမယ့် ပြည်နယ်တွေမှာတော့ ဒေသခံ တိုင်းရင်းသားပါတီတွေနဲ့ အကျိတ်အနယ် ယှဉ်ပြိုင်ရမယ့် အလားအလာ ရှိပါတယ်။

အာဏာရပါတီ NLD ဟာ လွှတ်တော်အမတ်နေရာအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာမို့ ကိုယ်စားလှယ်လောင်းဦးရေ (၁၁၄၃) ရှိနေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလို NLD ကပဲ ကိုယ်စားလှယ်နေရာအများဆုံး ရရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါပိုး ပြန့်ပွားမှုကြောင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းသွားလာရေးမှာ အခက်အခဲ ရှိပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာက ရွေးကောက်ပွဲလေ့လာရေးအဖွဲ့တွေ မလာနိုင်တာဟာ ကိုဗစ်ရွေးကောက်ပွဲရဲ့ အားနည်းချက်တခု ဖြစ်ဖွယ်ရာရှိကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG