KNU ကရင္အမ်ဳိးသားအစည္းအရံုးရဲ ႔ ဗဟိုေကာ္မတီဝင္ ပဒိုမန္းၿငိမ္းေမာင္ လာမယ့္ေရြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ႏုိင္ဖို႔အတြက္ လြန္ခဲ့တဲ့ ဇူလိုင္လက KNU က ႏုတ္ထြက္လိုက္ေၾကာင္း သိရပါတယ္။ ကရင္လက္နက္ကိုင္ေတာ္လွန္ေရးမွာ နွစ္ (၅၀) အေတြ႔အႀကံဳရိွသူ ျဖစ္ပါတယ္။ လက္နက္ကိုင္ေတာ္လွန္ေရးကို စြန္႔လႊတ္ၿပီး၊ လႊတ္ေတာ္ႏိုင္ငံေရးကို ပထမဦးဆံုး ကူးေျပာင္းသူျဖစ္လို႔ သူေအာင္ျမင္တဲ့ အတိုင္းအတာေပၚမူတည္ၿပီး အျခားလက္နက္ကိုင္အုပ္စုေတြလည္း အတုယူဖြယ္ရိွတယ္လို႔ ပဒိုမန္းၿငိမ္းေမာင္ ေျပာဆုိတာကို ၾသဂုတ္လ (၁၂) ရက္ေန႔ထုတ္ Frontier Myanmar စာေစာင္မွာ ေဖာ္ျပပါတယ္။
လြတ္လပ္ေရးရတဲ့ ၁၉၄၈ ခုႏွစ္မွာ ျပည္တြင္းစစ္ ျဖစ္ပြားပါတယ္။ ၁၉၄၉ မွာ KNU က အစိုးရကို စစ္ေၾကညာပါတယ္။ အဲဒီေခတ္က KNU တပ္နဲ႔ ဗကပကြန္ျမဴနစ္တပ္ေတြဟာ ျမန္မာျပည္မွာ စစ္အင္အားအႀကီးဆံုး တပ္ဖြဲ႔ေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖလပအစိုးရကို အျပဳတ္မတိုက္ႏိုင္ဘဲ ေတာခိုေနၾကရပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီး မၾကာမီ ၁၉၆၃ မွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ကမ္းလွမ္းေတာ့ ရန္ကုန္ကို လာၾကတဲ့ လက္နက္ကိုင္အဖြဲ႔ ရွစ္ဖြဲ႔ ရိွပါတယ္။ KNU ဟာ ကြန္ျမဴနစ္နဲ႔ ပူးေပါင္းၿပီး မဒညတ (အမ်ဳိးသားဒီမိုကေရစီ ညီညႊတ္ေရးတပ္ေပါင္းစု) ဦးေဆာင္ပါတယ္။
လြတ္လပ္ေရးႀကိဳးပမ္းစဥ္ကာလ ကရင္အဖြဲ႔အစည္းအမ်ဳိးမ်ဳိး ရိွခဲ့သလို လက္နက္ကိုင္ေတာ္လွန္ေရး လုပ္ေတာ့လည္း အမ်ဳိးမ်ဳိးရိွလာပါတယ္။ မဒညတအဖြဲ႔ကို KNU ေခါင္းေဆာင္ မန္းဘဇံက ဦးေဆာင္ၿပီး ဗိုလ္ေနဝင္းအစိုးရနဲ႔ ေဆြးေႏြးပါတယ္။ ေစာဟန္တာသာေမႊး ဦးေဆာင္တဲ့ ကရင္ေတာ္လွန္ေရးေကာင္စီကလည္း ဗိုလ္ေနဝင္းအစိုးရနဲ႔ ေဆြးေႏြးပါတယ္။ ႏိုင္ငံေရးသေဘာတူၿပီးရင္ စစ္ေရးသေဘာတူခ်က္ ရယူႏိုင္ရမယ္ဆိုတဲ့ ကရင္အာဇာနည္ ေစာဘဦးႀကီးရဲ ႔မူကို ေစာဟန္တာသာေမႊးတို႔အဖြဲ႔က လက္ကိုင္ထားတယ္လို႔ ဆုိပါတယ္။ တကယ္ေတာ့ ဗိုလ္လင္းထင္နဲ႔ ဗိုလ္ထရူးမင္း ေခါင္းေဆာင္တဲ့ ကရင္တပ္ရင္းႏွစ္ရင္း တပ္မေတာ္လက္ေအာက္ သြတ္သြင္းႏိုင္တာကို စစ္ေရးသေဘာတူခ်က္လို႔ ေခၚတာပါ။ မန္းဘဇံအဖြဲ႔ဟာ စစ္အစိုးရနဲ႔ သေဘာတူခ်က္မယူႏိုင္ဘဲ ေစာဟန္တာသာေမႊးသာ ရယူႏိုင္ၿပီး ကရင္ျပည္နယ္ကို ‘ေကာ္သူေလး’ လို႔ေခၚဖို႔ ၁၉၆၄ မွာ ဗိုလ္ခ်ဳပ္ေနဝင္းအစိုးရက ေၾကညာပါတယ္။
ဗိုလ္ခ်ဳပ္ႀကီးေစာဗိုလ္ျမလက္ထက္မွာ KNU ဟာ ကြန္္ျမဴနစ္နဲ႔ လက္တြဲျဖဳတ္လိုုက္ပါတယ္။ မဆလဆိုရွယ္လစ္ေခတ္က အစိုးရစီးပြားေရး ခၽြတ္ၿခံဳက်ခ်ိန္မွာ KNU ဟာ စီးပြားေရး၊ စစ္အင္အား ေတာင့္တင္းပါတယ္။ ဒါေပမဲ့ DKBA ကရင္ဗုဒၶဘာသာတပ္ ခြဲထြက္သြားၿပီး မယ္နာပေလာ ဌာနခ်ဳပ္ က်ဆံုးသြားခဲ့တဲ့ ၁၉၉၅ ကစၿပီး၊ KNU အင္အားက်ဆင္းလာပါတယ္။ ကြန္ျမဴနစ္အႏၱရာယ္ေၾကာင့္ အရင္က ေထာက္ခံအားေပးခဲ့တဲ့ ထိုင္းအစိုးရမူ ေျပာင္းသြားခဲ့ပါတယ္။ ၁၉၉၇ မွာ အာဆီယံအသင္းဝင္ ျဖစ္လာတဲ့ ျမန္မာႏုိင္ငံက လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႔ကို ေထာက္ခံလို႔ မျဖစ္ေတာ့ပါဘူး။
ဒါေပမဲ့ မယ္နာပေလာ က်ဆံုးသြားတဲ့ေနာက္ပိုင္းမွာ KNU ဌာနခ်ဳပ္ဟာ ထိုင္းႏုိင္ငံ မဲေဆာက္နယ္ျခားၿမိဳ ႔ကို ေျပာင္းေရႊ ႔အေျခစိုက္ရပါတယ္။ ထိုင္းအေျခစိုက္ KNU ဌာနခ်ဳပ္ရဲ ႔ ျမန္မာျပည္တြင္းမွာ လႈပ္ရွားၾကတဲ့ KNU တပ္ဖြဲ႔ေတြၾကား ဆက္ဆံေရးမေျပလည္တာေတြ ရိွလာပါတယ္။ KNU အဖြဲ႔မွာ ဗဟိုခ်ဳပ္ကိုင္မႈ အားနည္းၿပီး တပ္ရင္းေတြဟာ သူ႔နည္းသူ႔ဟန္နဲ႔ လႈပ္ရွားၾကတာမုိ႔ ကရင္တပ္ဖြဲ႔အမ်ဳိးမ်ဳိး ေပၚထြက္လာပါတယ္။ ဗိုလ္ခ်ဳပ္ထိန္ေမာင္ ဦးစီးတဲ့တပ္ဖြဲ႔ဟာ ၂၀၀၇ မွာ KNU တပ္မဟာ (၇) က ခြဲထြက္ၿပီး၊ စစ္အစိုးရနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးတဲ့အတြက္ KNU ၿငိမ္းခ်မ္းေရးေကာင္စီ ျဖစ္လာပါတယ္။ DKBA ကရင္ဗုဒၶဘာသာတပ္ဖြဲ႔ကို တပ္မေတာ္လက္ေအာက္ခံ နယ္ျခားေစာင့္တပ္အျဖစ္၂၀၁၀ မွာ အသြင္ေျပာင္းတဲ့အခါမွာ DKBA တပ္သားအမ်ားအျပား KNU ဘက္ကို ျပန္ဝင္လာၾကပါတယ္။ ၂၀၁၂ မွာ KNU နဲ႔ အစိုးရအပစ္ရပ္ၾကၿပီး ၂၀၁၅ မွာ တျပည္လံုးအပစ္ရပ္တဲ့ NCA စာခ်ဳပ္ဝင္ ျဖစ္လာပါတယ္။
တျပည္လံုးမွာ တပ္မေတာ္တခုသာ ရိွရမယ္လို႔ အေျခခံဥပေဒမွာ ျပဌာန္းထားပါတယ္။
ဒါေၾကာင့္ တုိင္းရင္းသားလက္နက္ကိုင္ေတြကို တပ္မေတာ္လက္ေအာက္ခံ နယ္ျခားေစာင့္တပ္ ျဖစ္လာေအာင္ စည္းရံုးသိမ္းသြင္းပါတယ္။ အင္အားသံုးရာေက်ာ္ရိွတဲ့ နယ္ျခားေစာင့္တပ္ရင္းတရင္းမွာ အစိုးရတပ္သားက (၃) ရာခိုင္ႏႈန္း ပါဝင္ပါတယ္။ လက္နက္ကိုင္အဖြဲ႔ေလးေတြကို နယ္ျခားေစာင့္တပ္အျဖစ္ အသြင္ေျပာင္းႏို္င္တာေၾကာင့္ ကခ်င္၊ ရွမ္း၊ ကယား၊ ကရင္ စတဲ့ျပည္နယ္ေတြမွာ တပ္မေတာ္လက္ေအာက္ခံ နယ္ျခားေစာင့္တပ္ဖြဲ႔ေတြ ရိွလာၿပီး၊ စီးပြားေရး လုပ္ၾကပါတယ္။
တပ္မေတာ္နဲ႔ ပူးေပါင္းတဲ့ ကရင္နယ္ျခားေစာင့္တပ္ဟာ တရုတ္ေလာင္းကစားၿမိဳ ႔ တည္ေထာင္ၿပီး စီးပြားရွာလာပါတယ္။ အစုိးရတပ္နဲ႔ တိုင္းရင္းသားတပ္ ေဝစားမွ်စားလုပ္တဲ့ အစီအစဥ္ပါ။ ဒါေပမဲ့ KNU လို ဝါရင့္လက္နက္ကိုင္ တပ္ဖြဲ႔ႀကီးေတြကေတာ့ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးထားေပမယ့္ တပ္မေတာ္လက္ေအာက္ခံလုပ္ဖို႔ မစဥ္းစားေသးပါဘူး။ မိမိရည္ရြယ္ခ်က္ကို စစ္အင္အားနဲ႔ အရယူဖို႔ အလွမ္းေဝးေနေသးေပမယ့္ တပ္မေတာ္ကို ယံုၾကည္စိတ္ခ်ဖို႔ KNU အတြက္ ခက္ခဲေနပံု ရပါတယ္။
==Unicode==
KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ ဇူလိုင်လက KNU က နုတ်ထွက်လိုက်ကြောင်း သိရပါတယ်။ ကရင်လက်နက်ကိုင်တော်လှန်ရေးမှာ နှစ် (၅၀) အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်ပြီး၊ လွှတ်တော်နိုင်ငံရေးကို ပထမဦးဆုံး ကူးပြောင်းသူဖြစ်လို့ သူအောင်မြင်တဲ့ အတိုင်းအတာပေါ်မူတည်ပြီး အခြားလက်နက်ကိုင်အုပ်စုတွေလည်း အတုယူဖွယ်ရှိတယ်လို့ ပဒိုမန်းငြိမ်းမောင် ပြောဆိုတာကို သြဂုတ်လ (၁၂) ရက်နေ့ထုတ် Frontier Myanmar စာစောင်မှာ ဖော်ပြပါတယ်။
လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှာ ပြည်တွင်းစစ် ဖြစ်ပွားပါတယ်။ ၁၉၄၉ မှာ KNU က အစိုးရကို စစ်ကြေညာပါတယ်။ အဲဒီခေတ်က KNU တပ်နဲ့ ဗကပကွန်မြူနစ်တပ်တွေဟာ မြန်မာပြည်မှာ စစ်အင်အားအကြီးဆုံး တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖလပအစိုးရကို အပြုတ်မတိုက်နိုင်ဘဲ တောခိုနေကြရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး မကြာမီ ၁၉၆၃ မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတော့ ရန်ကုန်ကို လာကြတဲ့ လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ ရှိပါတယ်။ KNU ဟာ ကွန်မြူနစ်နဲ့ ပူးပေါင်းပြီး မဒညတ (အမျိုးသားဒီမိုကရေစီ ညီညွှတ်ရေးတပ်ပေါင်းစု) ဦးဆောင်ပါတယ်။
လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ ကရင်အဖွဲ့အစည်းအမျိုးမျိုး ရှိခဲ့သလို လက်နက်ကိုင်တော်လှန်ရေး လုပ်တော့လည်း အမျိုးမျိုးရှိလာပါတယ်။ မဒညတအဖွဲ့ကို KNU ခေါင်းဆောင် မန်းဘဇံက ဦးဆောင်ပြီး ဗိုလ်နေဝင်းအစိုးရနဲ့ ဆွေးနွေးပါတယ်။ စောဟန်တာသာမွှေး ဦးဆောင်တဲ့ ကရင်တော်လှန်ရေးကောင်စီကလည်း ဗိုလ်နေဝင်းအစိုးရနဲ့ ဆွေးနွေးပါတယ်။ နိုင်ငံရေးသဘောတူပြီးရင် စစ်ရေးသဘောတူချက် ရယူနိုင်ရမယ်ဆိုတဲ့ ကရင်အာဇာနည် စောဘဦးကြီးရဲ့မူကို စောဟန်တာသာမွှေးတို့အဖွဲ့က လက်ကိုင်ထားတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဗိုလ်လင်းထင်နဲ့ ဗိုလ်ထရူးမင်း ခေါင်းဆောင်တဲ့ ကရင်တပ်ရင်းနှစ်ရင်း တပ်မတော်လက်အောက် သွတ်သွင်းနိုင်တာကို စစ်ရေးသဘောတူချက်လို့ ခေါ်တာပါ။ မန်းဘဇံအဖွဲ့ဟာ စစ်အစိုးရနဲ့ သဘောတူချက်မယူနိုင်ဘဲ စောဟန်တာသာမွှေးသာ ရယူနိုင်ပြီး ကရင်ပြည်နယ်ကို ‘ကော်သူလေး’ လို့ခေါ်ဖို့ ၁၉၆၄ မှာ ဗိုလ်ချုပ်နေဝင်းအစိုးရက ကြေညာပါတယ်။
ဗိုလ်ချုပ်ကြီးစောဗိုလ်မြလက်ထက်မှာ KNU ဟာ ကွန်မြူနစ်နဲ့ လက်တွဲဖြုတ်လိုက်ပါတယ်။ မဆလဆိုရှယ်လစ်ခေတ်က အစိုးရစီးပွားရေး ချွတ်ခြုံကျချိန်မှာ KNU ဟာ စီးပွားရေး၊ စစ်အင်အား တောင့်တင်းပါတယ်။ ဒါပေမဲ့ DKBA ကရင်ဗုဒ္ဓဘာသာတပ် ခွဲထွက်သွားပြီး မယ်နာပလော ဌာနချုပ် ကျဆုံးသွားခဲ့တဲ့ ၁၉၉၅ ကစပြီး၊ KNU အင်အားကျဆင်းလာပါတယ်။ ကွန်မြူနစ်အန္တရာယ်ကြောင့် အရင်က ထောက်ခံအားပေးခဲ့တဲ့ ထိုင်းအစိုးရမူ ပြောင်းသွားခဲ့ပါတယ်။ ၁၉၉၇ မှာ အာဆီယံအသင်းဝင် ဖြစ်လာတဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကို ထောက်ခံလို့ မဖြစ်တော့ပါဘူး။
ဒါပေမဲ့ မယ်နာပလော ကျဆုံးသွားတဲ့နောက်ပိုင်းမှာ KNU ဌာနချုပ်ဟာ ထိုင်းနိုင်ငံ မဲဆောက်နယ်ခြားမြို့ကို ပြောင်းရွှေ့အခြေစိုက်ရပါတယ်။ ထိုင်းအခြေစိုက် KNU ဌာနချုပ်ရဲ့ မြန်မာပြည်တွင်းမှာ လှုပ်ရှားကြတဲ့ KNU တပ်ဖွဲ့တွေကြား ဆက်ဆံရေးမပြေလည်တာတွေ ရှိလာပါတယ်။ KNU အဖွဲ့မှာ ဗဟိုချုပ်ကိုင်မှု အားနည်းပြီး တပ်ရင်းတွေဟာ သူ့နည်းသူ့ဟန်နဲ့ လှုပ်ရှားကြတာမို့ ကရင်တပ်ဖွဲ့အမျိုးမျိုး ပေါ်ထွက်လာပါတယ်။ ဗိုလ်ချုပ်ထိန်မောင် ဦးစီးတဲ့တပ်ဖွဲ့ဟာ ၂၀၀၇ မှာ KNU တပ်မဟာ (၇) က ခွဲထွက်ပြီး၊ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အတွက် KNU ငြိမ်းချမ်းရေးကောင်စီ ဖြစ်လာပါတယ်။ DKBA ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ကို တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်၂၀၁၀ မှာ အသွင်ပြောင်းတဲ့အခါမှာ DKBA တပ်သားအများအပြား KNU ဘက်ကို ပြန်ဝင်လာကြပါတယ်။ ၂၀၁၂ မှာ KNU နဲ့ အစိုးရအပစ်ရပ်ကြပြီး ၂၀၁၅ မှာ တပြည်လုံးအပစ်ရပ်တဲ့ NCA စာချုပ်ဝင် ဖြစ်လာပါတယ်။
တပြည်လုံးမှာ တပ်မတော်တခုသာ ရှိရမယ်လို့ အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေကို တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ် ဖြစ်လာအောင် စည်းရုံးသိမ်းသွင်းပါတယ်။ အင်အားသုံးရာကျော်ရှိတဲ့ နယ်ခြားစောင့်တပ်ရင်းတရင်းမှာ အစိုးရတပ်သားက (၃) ရာခိုင်နှုန်း ပါဝင်ပါတယ်။ လက်နက်ကိုင်အဖွဲ့လေးတွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းနိုင်တာကြောင့် ကချင်၊ ရှမ်း၊ ကယား၊ ကရင် စတဲ့ပြည်နယ်တွေမှာ တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့တွေ ရှိလာပြီး၊ စီးပွားရေး လုပ်ကြပါတယ်။
တပ်မတော်နဲ့ ပူးပေါင်းတဲ့ ကရင်နယ်ခြားစောင့်တပ်ဟာ တရုတ်လောင်းကစားမြို့ တည်ထောင်ပြီး စီးပွားရှာလာပါတယ်။ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ် ဝေစားမျှစားလုပ်တဲ့ အစီအစဉ်ပါ။ ဒါပေမဲ့ KNU လို ဝါရင့်လက်နက်ကိုင် တပ်ဖွဲ့ကြီးတွေကတော့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားပေမယ့် တပ်မတော်လက်အောက်ခံလုပ်ဖို့ မစဉ်းစားသေးပါဘူး။ မိမိရည်ရွယ်ချက်ကို စစ်အင်အားနဲ့ အရယူဖို့ အလှမ်းဝေးနေသေးပေမယ့် တပ်မတော်ကို ယုံကြည်စိတ်ချဖို့ KNU အတွက် ခက်ခဲနေပုံ ရပါတယ်။