သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲဆႏၵမေပးေရး လႈပ္ရွားမႈ


Myanmar Voters filling on ballots informations and signs to vote in embassy, Washington D.C (October 17, 2015./Photo from Myanmar Embassy website)
မဲဆႏၵမေပးေရး လႈပ္ရွားမႈ
please wait

No media source currently available

0:00 0:05:25 0:00
တိုက္႐ိုက္ လင့္ခ္

ကိုဗစ္ေရာဂါအႏၱရာယ္ေၾကာင့္ သြားလာလႈပ္ရွားမႈကို ကန္႔သတ္တဲ့ စည္းမ်ဥ္းစည္းကမ္းထုတ္ေနခ်ိန္မွာ ေရြးေကာက္ပြဲမွာ မဲမေပးဖို႔ေဆာ္ၾသတဲ့ လႈပ္ရွားမႈ ေပၚေပါက္လာပါတယ္။ ေရြးေကာက္ပြဲမွာ ႏိုင္ငံသားတိုင္းမွာ မဲဆႏၵေပးခြင့္ရိွတယ္လို႔ သတ္မွတ္ၾကပါတယ္။ ဒါေပမဲ့ မဲေပးတာကို တာဝန္အျဖစ္ မေပးမေနရ ေပးရမယ္လို႔ (၂၂) ႏိုင္ငံမွာသာ ျပဌာန္းထားပါတယ္။ မဲေပးတဲ့ တာဝန္ပ်က္ကြယ္လို႔ အေရးယူတဲ့ ႏိုင္ငံကေတာ့ (၁၁) ႏုိင္ငံ ရိွပါတယ္။ မဲမေပးမေနရလို႔ ျပဌာန္းထားတဲ့ Australia နဲ႔ Singapore မွာ မဲမေပးသူကို ဒဏ္ေငြေဆာင္ခိုင္းပါတယ္။ ထိုင္းႏုိင္ငံမွာေတာ့ မဲမေပးသူကို အေရးမယူပါဘူး။

ႏုိင္ငံအမ်ားစုမွာ မဲဆႏၵေပးတာကို အခြင့္အေရးအျဖစ္ သတ္မွတ္ထားပါတယ္။ မျဖစ္မေန ထမ္းေဆာင္ရမယ့္ တာဝန္လို႔ မသတ္မွတ္ပါဘူး။ ၂၀၀၈ အေျခခံဥပေဒ အခန္း (၉) ပုဒ္မ (၃၉၁) မွာ အသက္ (၁၈) ျပည့္ရင္ ဆႏၵမဲေပးပိုင္ခြင့္ ရိွတယ္လို႔သာ ေဖာ္ျပပါတယ္။ ဥပေဒအရ မဲေပးခြင့္ရိွသူတိုင္း ဆႏၵမဲေပးပိုင္ခြင့္ ရိွတယ္လို႔ ေဖာ္ျပထားပါတယ္။ ေရြးေကာက္ပြဲတင္ေျမွာက္ျခင္းနဲ႔ဆိုင္တဲ့ အခန္း (၉) တစ္ခုလံုးမွာ ဆႏၵမဲေပးပိုင္ခြင့္ the right to vote လို႔သာ သံုးတာမို႔ မဲေပးပိုင္ခြင့္သာ ကိုယ္ပိုင္အခြင့္အေရးတစ္ခုသာ ျဖစ္ေနပါတယ္။ ဒီအခြင့္အေရးကို မျဖစ္မေန အသံုးျပဳရမယ္လို႔ ျပဌာန္းတာမ်ဳိး မရိွပါဘူး။

ရခိုင္ျပည္နယ္မွာ အၾကမ္းဖက္တိုက္ခိုက္ေနတာကို မေက်နပ္သူေတြက ေရြးေကာက္ပြဲမွာ ဆႏၵမဲမေပးဘဲ ကန္႔ကြက္မယ့္အေၾကာင္း Facebook လူမႈကြန္ရက္မွာ ေရးသားၾကရာကစၿပီး မဲမေပးေရး လႈပ္ရွားမႈ စတင္လာတာလို႔ သိရပါတယ္။ ဇြန္လကစတဲ့ လႈပ္ရွားမႈကို လူသိမ်ားေပမယ့္ မႏၱေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ေဝဖန္တဲ့အခါမွာ လူသိမ်ားလာပါတယ္။ ၾသဂုတ္လ (၅) ရက္ေန႔ကလုပ္တဲ့ အြန္လိုင္းေဆြးေႏြးပြဲမွာ တာဝန္တရပ္အေနနဲ႔ မဲေပးခြင့္ရိွသူတုိင္း မဲထည့္ၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းသြားတာကိုၾကည့္ရင္ မဲမေပးေရးလႈပ္ရွားမႈ ျပန္႔ႏံွလာပံုကို ခန္႔မွန္းႏိုင္ပါတယ္။ ၾသဂုတ္လ (၈) ရက္ေန႔ေရာက္ေတာ့ ဆႏၵမဲမေပးဘဲ ေရြးေကာက္ပြဲကို သပိတ္ေမွာက္တဲ့ လႈပ္ရွားမႈလုပ္မယ္လို႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္က ေၾကညာပါတယ္။ ၂၀၀၈ အေျခခံဥပေဒအရ က်င္းပတဲ့ ေရြးေကာက္ပြဲမွာ ဆႏၵမဲေပးေနလို႔ အေၾကာင္းထူးမွာ မဟုတ္ဘူးလို႔ ဗကသ က ဆုိပါတယ္။

ျပည္သူ႔အမ်ားစုေထာက္ခံလို႔ ၂၀၁၅ ေရြးေကာက္ပြဲမွာ အျပတ္အသတ္ႏိုင္တဲ့ NLD ပါတီေတာင္ အေျခခံဥပေဒ မျပင္ႏိုင္တာကို ေထာက္ျပၾကပါတယ္။ ၂၀၀၈ အေျခခံဥပေဒေအာက္မွာ က်င္းပတဲ့ ေရြးေကာက္ပြဲေတြဟာ စစ္အုပ္စုအက်ဳိးစီးပြားကို ကာကြယ္တဲ့အစိုးရကို တင္ေျမွာက္တဲ့ လုပ္ရပ္သာျဖစ္တယ္လို႔ ဗကသအဖြဲ႔ခ်ဳပ္က ဆိုပါတယ္။ ဒါေပမဲ့ မေပးေရးကို အြန္လိုင္းမွာေရာ ေျမျပင္မွာေရာ လႈပ္ရွားဖို႔ ရည္ရြယ္တယ္လို႔ ေၾကညာပါတယ္။ ကိုဗစ္အႏၱရာယ္ေၾကာင့္ ေရြးေကာက္ပြဲကို စိတ္ဝင္စားသူ နည္းပါးေနခ်ိန္မွာ မဲမေပးဖို႔ သပိတ္ေမွာက္ေဆာ္ၾသတာဟာ ႏိုင္ငံေရးအားနည္းခ်က္ ျဖစ္တယ္လို႔ ျမင္သူေတြလည္း ရိွပါတယ္။ ဆႏၵမဲမေပးတာနဲ႔ ေရြးေကာက္ပြဲကို စိတ္မဝင္စားတာဟာ အတူတူပါပဲ။

ဒါေပမဲ့ ၂၀၁၀ မွာ စစ္အစုိးရျပဌာန္းတဲ့ ျပည္သူ႔ေရြးေကာက္ပြဲ ဥပေဒအခန္း (၁၃) မွာ ေရြးေကာက္ပြဲဆိုင္ရာ ျပစ္မႈနဲ႔ ျပစ္ဒဏ္ေတြအေၾကာင္း ေဖာ္ျပထားပါတယ္။ ဆႏၵမဲမေပးေအာင္ အၾကမ္းဖက္မႈ၊ ၿခိမ္းေျခာက္မႈ၊ လိမ္လည္လွည့္ျဖားမႈ၊ လာဘ္ေပးမႈ စတာေတြလုပ္ရင္ ေထာင္ဒဏ္တႏွစ္ (သို႔မဟုတ္) ဒဏ္ေငြက်ပ္တသိန္းအထိ ခ်မွတ္ႏိုင္တယ္လို႔ ပုဒ္မ (၅၇) မွာ ေဖာ္ျပပါတယ္။ လူမ်ဳိးေရး (သို႔မဟုတ္) ဘာသာေရးကို အေၾကာင္းျပၿပီး ဆႏၵမဲေပးရန္၊ မေပးရန္ ေဟာေျပာမႈ၊ အားေပးလႈပ္ေဆာ္မႈ၊ ေၾကညာခ်က္ထုတ္မႈ စတာေတြမွာ အလားတူ ေထာင္ဒဏ္နဲ႔ေငြဒဏ္ ခ်မွတ္ႏိုင္ပါတယ္။ ဆႏၵမဲ ပ်က္ျပားေအာင္ (သို႔မဟုတ္) ေရြးေကာက္ပြဲ ပ်က္ျပားသြားေအာင္ ရည္ရြယ္ၿပီး စည္းေဝးေဟာေျပာမႈ၊ လံႈေဆာ္မႈ၊ ေရးသားမႈ၊ ျဖန္႔ခ်ီမႈ၊ ပို႔စတာ အသံုးျပဳမႈ စတာေတြကိုလည္း အေရးယူႏိုင္တယ္လို႔ ဆိုပါတယ္။

ေရြးေကာက္တင္ေျမွာက္ထားတဲ့ အစိုးရရဲ ႔ စြမ္းေဆာင္ႏိုင္မႈကိုၾကည့္ၿပီး မေက်မနပ္ျဖစ္ရာကေန ဆႏၵမဲေပးလည္း အေၾကာင္းထူးမွာ မဟုတ္ဘူးလို႔ သံုးသပ္လာၾကတာ ျဖစ္ပံုရပါတယ္။ တကယ္ေတာ့ ေရြးေကာက္ပြဲအစိုးရသက္တမ္းဟာ (၁၀) ႏွစ္ပဲ ရိွပါေသးတယ္။ စစ္အုပ္စုဝင္ ျပည္ခိုင္ၿဖိဳးပါတီက (၅) ႏွစ္ NLD အစိုးရက (၅) ႏွစ္ပါ။ ႏွစ္ေပါင္း (၆၀) နီးပါး ႀကီးစိုးခဲ့တဲ့ စစ္အာဏာရွင္ ဓေလ့ကို (၅) ႏွစ္ ပ်က္ျပယ္ေအာင္ ျပဳလုပ္ဖို႔ဆိုတာ အလြန္ခက္ခဲတဲ့ကိစၥပါ။ ဒီမိုကေရစီ လိုလားတဲ့ အစိုးရေတြ ဆက္လက္တည္ၿမဲေနမယ္ဆိုရင္ အာဏာရွင္ဓေလ့ဟာ တျဖည္းျဖည္းပ်က္ျပယ္သြားႏိုင္ပါတယ္။

ေရြးေကာက္ပြဲဟာ မိမိရဲ ႔သေဘာထားကို ဆႏၵမဲနဲ႔ ျပသတဲ့ ႏိုင္ငံေရးက်င့္စဥ္ ျဖစ္ပါတယ္။ ဒီမိုကေရစီ လိုလားသူတိုင္းဟာ ႏုိင္ငံေရးမွာ ပါဝင္လႈပ္ရွားဖို႔ လိုပါတယ္။ ဆႏၵမဲေပးတာဟာ ႏိုင္ငံေရးလႈပ္ရွားမႈတခု ျဖစ္ပါတယ္။ တျပည္လံုးမွာ ဆႏၵမဲေပးခြင့္ရိွသူ (၃၇) သန္းခြဲေလာက္ရိွတဲ့အနက္ ပထမအႀကိမ္ မဲေပးမယ့္ လူငယ္က (၇) သိန္းေလာက္ ရိွပါတယ္။ ေရြးေကာက္ပြဲကို ယံုၾကည္တဲ့ အတိုင္းအတာကိုလိုက္ၿပီး ဆႏၵမဲေပးသူ အနည္းအမ်ား ရိွလာမွာ ျဖစ္ပါတယ္။


==Unicode==

ကိုဗစ်ရောဂါအန္တရာယ်ကြောင့် သွားလာလှုပ်ရှားမှုကို ကန့်သတ်တဲ့ စည်းမျဉ်းစည်းကမ်းထုတ်နေချိန်မှာ ရွေးကောက်ပွဲမှာ မဲမပေးဖို့ဆော်သြတဲ့ လှုပ်ရှားမှု ပေါ်ပေါက်လာပါတယ်။ ရွေးကောက်ပွဲမှာ နိုင်ငံသားတိုင်းမှာ မဲဆန္ဒပေးခွင့်ရှိတယ်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ မဲပေးတာကို တာဝန်အဖြစ် မပေးမနေရ ပေးရမယ်လို့ (၂၂) နိုင်ငံမှာသာ ပြဌာန်းထားပါတယ်။ မဲပေးတဲ့ တာဝန်ပျက်ကွယ်လို့ အရေးယူတဲ့ နိုင်ငံကတော့ (၁၁) နိုင်ငံ ရှိပါတယ်။ မဲမပေးမနေရလို့ ပြဌာန်းထားတဲ့ Australia နဲ့ Singapore မှာ မဲမပေးသူကို ဒဏ်ငွေဆောင်ခိုင်းပါတယ်။ ထိုင်းနိုင်ငံမှာတော့ မဲမပေးသူကို အရေးမယူပါဘူး။

နိုင်ငံအများစုမှာ မဲဆန္ဒပေးတာကို အခွင့်အရေးအဖြစ် သတ်မှတ်ထားပါတယ်။ မဖြစ်မနေ ထမ်းဆောင်ရမယ့် တာဝန်လို့ မသတ်မှတ်ပါဘူး။ ၂၀၀၈ အခြေခံဥပဒေ အခန်း (၉) ပုဒ်မ (၃၉၁) မှာ အသက် (၁၈) ပြည့်ရင် ဆန္ဒမဲပေးပိုင်ခွင့် ရှိတယ်လို့သာ ဖော်ပြပါတယ်။ ဥပဒေအရ မဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲတင်မြှောက်ခြင်းနဲ့ဆိုင်တဲ့ အခန်း (၉) တစ်ခုလုံးမှာ ဆန္ဒမဲပေးပိုင်ခွင့် the right to vote လို့သာ သုံးတာမို့ မဲပေးပိုင်ခွင့်သာ ကိုယ်ပိုင်အခွင့်အရေးတစ်ခုသာ ဖြစ်နေပါတယ်။ ဒီအခွင့်အရေးကို မဖြစ်မနေ အသုံးပြုရမယ်လို့ ပြဌာန်းတာမျိုး မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်နေတာကို မကျေနပ်သူတွေက ရွေးကောက်ပွဲမှာ ဆန္ဒမဲမပေးဘဲ ကန့်ကွက်မယ့်အကြောင်း Facebook လူမှုကွန်ရက်မှာ ရေးသားကြရာကစပြီး မဲမပေးရေး လှုပ်ရှားမှု စတင်လာတာလို့ သိရပါတယ်။ ဇွန်လကစတဲ့ လှုပ်ရှားမှုကို လူသိများပေမယ့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဝေဖန်တဲ့အခါမှာ လူသိများလာပါတယ်။ သြဂုတ်လ (၅) ရက်နေ့ကလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ တာဝန်တရပ်အနေနဲ့ မဲပေးခွင့်ရှိသူတိုင်း မဲထည့်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားတာကိုကြည့်ရင် မဲမပေးရေးလှုပ်ရှားမှု ပြန့်နံှလာပုံကို ခန့်မှန်းနိုင်ပါတယ်။ သြဂုတ်လ (၈) ရက်နေ့ရောက်တော့ ဆန္ဒမဲမပေးဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ လှုပ်ရှားမှုလုပ်မယ်လို့ ဗကသများအဖွဲ့ချုပ်က ကြေညာပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနေလို့ အကြောင်းထူးမှာ မဟုတ်ဘူးလို့ ဗကသ က ဆိုပါတယ်။

ပြည်သူ့အများစုထောက်ခံလို့ ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်တဲ့ NLD ပါတီတောင် အခြေခံဥပဒေ မပြင်နိုင်တာကို ထောက်ပြကြပါတယ်။ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ စစ်အုပ်စုအကျိုးစီးပွားကို ကာကွယ်တဲ့အစိုးရကို တင်မြှောက်တဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ဗကသအဖွဲ့ချုပ်က ဆိုပါတယ်။ ဒါပေမဲ့ မပေးရေးကို အွန်လိုင်းမှာရော မြေပြင်မှာရော လှုပ်ရှားဖို့ ရည်ရွယ်တယ်လို့ ကြေညာပါတယ်။ ကိုဗစ်အန္တရာယ်ကြောင့် ရွေးကောက်ပွဲကို စိတ်ဝင်စားသူ နည်းပါးနေချိန်မှာ မဲမပေးဖို့ သပိတ်မှောက်ဆော်သြတာဟာ နိုင်ငံရေးအားနည်းချက် ဖြစ်တယ်လို့ မြင်သူတွေလည်း ရှိပါတယ်။ ဆန္ဒမဲမပေးတာနဲ့ ရွေးကောက်ပွဲကို စိတ်မဝင်စားတာဟာ အတူတူပါပဲ။

ဒါပေမဲ့ ၂၀၁၀ မှာ စစ်အစိုးရပြဌာန်းတဲ့ ပြည်သူ့ရွေးကောက်ပွဲ ဥပဒေအခန်း (၁၃) မှာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေအကြောင်း ဖော်ပြထားပါတယ်။ ဆန္ဒမဲမပေးအောင် အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ လိမ်လည်လှည့်ဖြားမှု၊ လာဘ်ပေးမှု စတာတွေလုပ်ရင် ထောင်ဒဏ်တနှစ် (သို့မဟုတ်) ဒဏ်ငွေကျပ်တသိန်းအထိ ချမှတ်နိုင်တယ်လို့ ပုဒ်မ (၅၇) မှာ ဖော်ပြပါတယ်။ လူမျိုးရေး (သို့မဟုတ်) ဘာသာရေးကို အကြောင်းပြပြီး ဆန္ဒမဲပေးရန်၊ မပေးရန် ဟောပြောမှု၊ အားပေးလှုပ်ဆော်မှု၊ ကြေညာချက်ထုတ်မှု စတာတွေမှာ အလားတူ ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်နိုင်ပါတယ်။ ဆန္ဒမဲ ပျက်ပြားအောင် (သို့မဟုတ်) ရွေးကောက်ပွဲ ပျက်ပြားသွားအောင် ရည်ရွယ်ပြီး စည်းဝေးဟောပြောမှု၊ လှုံဆော်မှု၊ ရေးသားမှု၊ ဖြန့်ချီမှု၊ ပို့စတာ အသုံးပြုမှု စတာတွေကိုလည်း အရေးယူနိုင်တယ်လို့ ဆိုပါတယ်။

ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရရဲ့ စွမ်းဆောင်နိုင်မှုကိုကြည့်ပြီး မကျေမနပ်ဖြစ်ရာကနေ ဆန္ဒမဲပေးလည်း အကြောင်းထူးမှာ မဟုတ်ဘူးလို့ သုံးသပ်လာကြတာ ဖြစ်ပုံရပါတယ်။ တကယ်တော့ ရွေးကောက်ပွဲအစိုးရသက်တမ်းဟာ (၁၀) နှစ်ပဲ ရှိပါသေးတယ်။ စစ်အုပ်စုဝင် ပြည်ခိုင်ဖြိုးပါတီက (၅) နှစ် NLD အစိုးရက (၅) နှစ်ပါ။ နှစ်ပေါင်း (၆၀) နီးပါး ကြီးစိုးခဲ့တဲ့ စစ်အာဏာရှင် ဓလေ့ကို (၅) နှစ် ပျက်ပြယ်အောင် ပြုလုပ်ဖို့ဆိုတာ အလွန်ခက်ခဲတဲ့ကိစ္စပါ။ ဒီမိုကရေစီ လိုလားတဲ့ အစိုးရတွေ ဆက်လက်တည်မြဲနေမယ်ဆိုရင် အာဏာရှင်ဓလေ့ဟာ တဖြည်းဖြည်းပျက်ပြယ်သွားနိုင်ပါတယ်။

ရွေးကောက်ပွဲဟာ မိမိရဲ့သဘောထားကို ဆန္ဒမဲနဲ့ ပြသတဲ့ နိုင်ငံရေးကျင့်စဉ် ဖြစ်ပါတယ်။ ဒီမိုကရေစီ လိုလားသူတိုင်းဟာ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားဖို့ လိုပါတယ်။ ဆန္ဒမဲပေးတာဟာ နိုင်ငံရေးလှုပ်ရှားမှုတခု ဖြစ်ပါတယ်။ တပြည်လုံးမှာ ဆန္ဒမဲပေးခွင့်ရှိသူ (၃၇) သန်းခွဲလောက်ရှိတဲ့အနက် ပထမအကြိမ် မဲပေးမယ့် လူငယ်က (၇) သိန်းလောက် ရှိပါတယ်။ ရွေးကောက်ပွဲကို ယုံကြည်တဲ့ အတိုင်းအတာကိုလိုက်ပြီး ဆန္ဒမဲပေးသူ အနည်းအများ ရှိလာမှာ ဖြစ်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG