သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေ႐ြးေကာက္ပြဲကာလ အေရးႀကီးျပႆနာမ်ား


ေ႐ြးေကာက္ပြဲကာzလ အေရးႀကီးျပႆနာမ်ား
please wait

No media source currently available

0:00 0:11:48 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏို္င္ငံ အခုလိုေရြးေကာက္ပြဲကာလမွာ ေရြးေကာက္ပြဲအျပင္ အျခားေမ့မထားသင့္တဲ့ ျပႆနာေတြလည္း အမ်ားႀကီး ရိွေနပါတယ္။ ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာ့အေရးသံုးသပ္သူ ဦးေအာင္သူၿငိမ္းနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသံုးသပ္ထားပါတယ္။


ေမး ။ ။ ေရွ ႔ဦးစြာ အခုလာမယ့္ ေရြးေကာက္ပြဲ တရားမွ်တၿပီး၊ လြတ္လပ္မႈ ရိွႏိုင္တဲ့ အေျခအေနေမးခြန္းကို ဦးေအာင္သူၿငိမ္းက အခုလို ေျဖၾကားပါတယ္။

ေျဖ ။ ။ ေရြးေကာက္ပြဲက လြတ္လပ္ၿပီး တရားမွ်တမလားဆိုရင္ေတာ့ ေတာ္ေတာ္ေမးခြန္း ရိွပါတယ္။ ကိုဗစ္ကူးစက္ကပ္ေဘးေအာက္မွာ လုပ္ရကိုင္ရတာလဲ ခက္ခဲတဲ့ အေနအထားေတြ ေတာ္ေတာ္ရိွပါတယ္။ ဒါ့အျပင္ ဒီအစိုးရက incumbent advantage အာဏာရိွၿပီးသား ပါတီရဲ ႔ အခြင့္ေကာင္းေတြအားလံုးကို သံုးေနတဲ့ ပံုစံမ်ဳိးလည္း ျဖစ္ေနတယ္။ ကန္႔သတ္ခ်ဳပ္ခ်ယ္မႈေတြ လုပ္တာကစလို႔ ေနာက္ပိတ္ဆံုး ျပည္သူလူထု - ဆိုပါစို႔ အေျခခံလူထုေတြကို ေထာက္ပံ့ေၾကးေပးတာအဆံုး ဒါမ်ဳိးေတြ လုပ္ေနတဲ့အခါၾကေတာ့ သူ႔ဘက္ကေတာ့ အေနအထားက အေတာ္ေလးအသာစီး ရိွေနတဲ့ အေနအထား ျဖစ္ပါတယ္။ ေနာက္ထပ္လတ္တေလာမွာ ကိုဗစ္ကူးစက္ကပ္ေဘးကေတာ့ တကယ့္ကို ၿခိမ္းေျခာက္ေနတဲ့ ျပႆနာ ျဖစ္တယ္လို႔ ထင္ပါတယ္။

ေမး ။ ။ တဆက္တည္း ေမးခ်င္တဲ့ ေမးခြန္းကေတာ့ အခုနေျပာတဲ့ အာဏာလက္ရိွအစိုးရအေနနဲ႔ လုပ္ႏိုင္ကိုင္ႏိုင္တာေတြဟာ သူမ်ားထက္ အခြင့္သာတယ္ဆိုတဲ့အျပင္ ကိုဗစ္နဲ႔ ပတ္သက္ၿပီးေတာ့ အမ်ားျပည္သူ လိုက္နာဖို႔ ကန္႔သတ္ထားတဲ့ စည္းကမ္းေတြကို အာဏာရပါတီ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဘက္က ခ်ဳိးေဖာက္ၿပီးေတာ့ လူစုလူေဝးေတြနဲ႔ ခ်ီတက္တာေတြမ်ား ရိွပါသလား။

ေျဖ ။ ။ လက္ရိွပါတီေခါင္းေဆာင္ေတြက ေျပာတာကေတာ့ သူတုိ႔ေမတၱာရပ္ခံတယ္ေပါ့။ ဒါေတြက တားလို႔မရဘူး၊ ေအာက္ေျခလူထုက လုပ္ေနတယ္ဆိုတဲ့ သေဘာေတြကို ေျပာပါတယ္။ ဆိုေတာ့ တကယ့္တကယ္ၾကေတာ့ အေရးယူတဲ့ ေနရာေတြမွာ ေတာ္ေတာ္ေလးကို မမွ်တတဲ့ေနရာမ်ဳိးေတြကို ေတြ႔ရတယ္။ AAPP က သူတုိ႔ျပဳစုထားတဲ့ စာရင္းတစ္ခုအရဆုိရင္ အမႈေသးေသးေလးေတြ - ညမထြက္ရ၊ ႏွားေခါင္းစည္းမတပ္တာတုိ႔၊ ဒီလိုကိစၥမ်ဳိးေတြနဲ႔ အေရးယူခံထားရသူေတြက (၁၅၀၀) ပတ္ဝန္းက်င္ေလာက္ ရိွတယ္။ အဲဒါအျပင္မွာ ၿပီးခဲ့တဲ့ကာလမွာ တရားေဟာဆရာ ေဒးဗစ္လာကအစ၊ ဆႏၵျပတဲ့ ေက်ာင္းသားေတြအဆံုး အေရးယူခံရေတာ့ ေထာင္ဒဏ္က တစ္ႏွစ္ကေန တခ်ဳိ ႔က ငါးႏွစ္ေလာက္အထိကိုက်တဲ့ အမႈေတြလည္း ရိွၾကတယ္။ ဒါေပမဲ့ က်န္တဲ့ မဲဆြယ္စည္းရံုးေနတာေတြ၊ လူစုလူေဝး ျဖစ္ေနတာေတြေတာ့ မျမင္ခ်င္ေယာင္ေဆာင္ထားတဲ့ဟာေတြ ျဖစ္ေနတယ္။ ဒီလိုအေနအထားမ်ဳိးမွာ ေျပာစရာ ျဖစ္တာပါ။

ေမး ။ ။ ေရြးေကာက္ပြဲထက္ ပိုအေရးႀကီးေနတဲ့ ကိုဗစ္ေရာဂါကို လက္ရိွအစိုးရအေနနဲ႔ ထိန္းခ်ဳပ္မႈ ဘယ္ေလာက္ထိေရာက္မႈ ရိွပါသလဲ။ သူတုိ႔လက္ရိွ facility အတြင္းမွာ ဒီဟာထက္ပိုၿပီးေတာ့ ေကာင္းေအာင္လုပ္ႏိုင္တဲ့ အေျခအေန ရိွပါသလား။ ျမင္ပါသလား။

ေျဖ ။ ။ ေအာက္ေျခမွာ ဆရာဝန္၊ ဆရာမေတြ၊ သူနာျပဳေတြ၊ လုပ္အားေပးေတြက တကယ့္ကိုပဲ ႀကိဳးႀကိဳးစားစား လုပ္ေနၾကတာေတာ့ ခ်ီးက်ဴးစရာေကာင္းပါတယ္။ ဒါေပမဲ့ တစံုလံုးအေျခအေနကို ျပန္ၾကည့္ရင္ သတင္းက အျပည့္အဝ မရဘူးဆိုတဲ့ အေနအထား ရိွေနတယ္။ အဲဒီအေနအထားမွာ ေကာလာဟလေတြက ပိုျဖစ္လာတယ္။ ေနာက္တခုၾကေတာ့ အစိုးရကိုယ္တိုင္က အမိန္႔ေတြက ခဏထုတ္လိုက္၊ ခဏေနျပန္သိမ္းလိုက္ေတာ့ နားလည္ရ ခက္ပါတယ္။ အဲဒီလိုအေနအထားမွာေတာ့ ပိုၿပီးေတာ့ အခက္အခဲရိွတယ္။ ေနာက္တစ္ခုကေတာ့ အေပၚပိုင္းမွာ ေကာ္မတီေတြ ဖြဲ႔ထားပါတယ္။ ဒါေပမဲ့ တခ်ဳိ ႔ေကာ္မတီေတြက ရိွေသးရဲ ႔လား။ အလုပ္ေကာ လုပ္ေသးရဲ ႔လားဆိုတဲ့ ပံုစံမ်ဳိးေတြ။ အထူးသျဖင့္ေတာ့ ဒုသမၼတ ဦးေဆာင္ၿပီးေတာ့ ေကာ္မတီဖြဲ႔တယ္။ တပ္မေတာ္ဘက္ကလဲ ပါတယ္ေပါ့။ အဲဒီလိုပံုစံ ေကာ္မတီေတြကေတာ့ အလုပ္ျဖစ္ေနသလားေပါ့။ ဆိုေတာ့ အဲဒါေတြက က်ေနာ္တို႔ မေသခ်ာပါဘူး။

ေမး ။ ။ ကိုဗစ္ကိစၥကို တိုက္တဲ့ေနရာမွာ ရန္သူမိတ္ေဆြမျခား ပူးေပါင္းၿပီး လုပ္ရမယ့္ကိစၥ ျဖစ္ပါတယ္။ လက္နက္ကိုင္အဖြဲ႔အစည္းတခ်ဳိ ႔နဲ႔ မပူးေပါင္းႏိုင္တာေတာ့ ထားပါေတာ့ ေျမေပၚမွာ တရားဝင္ အတူတကြလုပ္ေနရမယ္လို႔ ယူဆရမယ့္ တပ္မေတာ္၊ အတိုက္အခံအျဖစ္နဲ႔ စိန္ေခၚမယ့္ပါတီတို႔ သူတုိ႔ဘက္ကေရာ ကိုဗစ္တုိက္ဖ်က္ေရးမွာ အစိုးရနဲ႔ ႏုိင္ငံေရး အဃာတစိတ္ဝမ္းကြဲမႈ မထားဘဲနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ ရိွတယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ အဲဒါကေတာ့ ဒီျပႆနာကို ဘယ္လိုစဥ္းစားသလဲေပၚ မူတည္မယ္လို႔ ထင္ပါတယ္။ အေစာပိုင္းတုန္းကေတာ့ ကိုဗစ္ျပႆနာကို စဥ္းစားပံုက Public Health ျပည္သူ႔က်န္းမာေရး ျပႆနာလုိ႔ပဲ စဥ္းစားတယ္။ ေနာက္ပိုင္းမွာေတာ့ နည္းနည္းခ်ဲ ႔ထြင္လာတယ္။ စီးပြားေရး အက်ပ္အတည္းလည္း ျဖစ္ႏိုင္တာမ်ဳိး။ ဒါေပမဲ့ က်ေနာ္ျမင္တာက ကိုဗစ္ေၾကာင့္ ျဖစ္လာႏိုင္မယ့္ ေနာက္ဆက္တြဲျပႆနာေတြကို ဘယ္လုိလက္ခံစဥ္းစားသလဲဆိုတဲ့ အေပၚမွာေတာ့ မရွင္းဘူး။ အဲဒီအေနအထားေအာက္မွာပဲ အခုလက္ရိွကေတာ့ က်ေနာ္တုိ႔ျမင္ေနတာက Public Health ျပႆနာကိုပဲ ကိုင္တြယ္ေနတုန္းပဲ။ ေနာက္တစ္ခုက က်န္တဲ့အင္အားစုေတြကလဲ အစိုးရရဲ ႔ေနာက္မွာ လုိက္ခဲ့ၾကဆုိတဲ့ ပံုစံမ်ဳိးနဲ႔ သြားေနတုန္းလို႔ ထင္ပါတယ္။

ေမး ။ ။ အစိုးရရဲ ႔ လုပ္ပံုကိုင္ပံု မွားယြင္းမွာကို ေစာင့္ေနတာ၊ အဲဒီဟာကို ႏုိင္ငံေရးအျမတ္ထုတ္ၿပီး စည္းရံုးလက္နက္အျဖစ္ သံုးခ်င္လို႔ လက္ပိုက္ၾကည့္ေနတဲ့သေဘာေတာ့ မေတြ႔ရဘူးေပါ့။

ေျဖ ။ ။ အဲဒီလိုေတာ့ က်ေနာ္ မယူဆဘူး။ က်ေနာ္ျမင္တာကေတာ့ အစိုးရဘက္က ဒီျပႆနာကို ပိုၿပီးေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ တျခားအင္အားစုေတြနဲ႔ပါ မိတ္ဖက္ဖြဲ႔ၿပီးေတာ့ ေဆာင္ရြက္သင့္တယ္လုိ႔ ထင္တယ္။ ေနာက္တစ္ခုကေတာ့ Communication တခ်ဳိ ႔အရင္းအျမစ္ resources ေတြကိုလည္း ေသခ်ာမသံုးဘူးလို႔ ေတြ႔ေနရတယ္။ ဥပမာအားျဖင့္ FM radio ေတြ ရိွပါတယ္။ အဲဒီကေန ပံုမွန္ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္၊ ၿမိဳ ႔ေတာ္ဝန္တုိ႔က အၿမဲတေစ ဆက္သြယ္ၿပီးေတာ့ ေျပာဆိုေနလို႔ရတဲ့ အေနအထားပါ။ ဒါမ်ဳိးေတြလဲ ေသခ်ာသံုးတာ မေတြ႔ရဘူး။

ေမး ။ ။ ကိုဗစ္ၿပီးရင္ ေနာက္အေရးႀကီးတဲ့ ျပႆနာတစ္ခုကို ေရြးပါဆိုရင္ ဘာကိုေရြးလိုပါသလဲ။ စီးပြားေရးအက်ပ္အတည္းကို ေျပာလိုလား။ ၿငိမ္းခ်မ္းေရးကိစၥကို ေျပာလိုလား။ ဘာကိုေရြးမလဲ။

ေျဖ ။ ။ ဒုတိယ က်ေနာ္ေရြးခ်င္တာကေတာ့ စီးပြားေရးျပႆနာကို ေရြးခ်င္တယ္။ တတိယကေတာ့ ၿငိမ္းခ်မ္းေရးျပႆနာကို က်ေနာ္ ေျပာခ်င္ပါတယ္။ စီးပြားေရးျပႆနာကေတာ့ က်ေနာ္တို႔ တႏိုင္ငံတည္းမဟုတ္ဘူး၊ တကမာၻလံုး ခံရမယ့္အေနအထားပါ။ ႏုိင္ငံတကာမွာ ပညာရွင္ေတြနဲ႔ အစိုးရေတြ ေတာ္ေတာ္မ်ားမ်ားမွာက ကိုဗစ္အလြန္ (Post Covid) ကာလမွာ ဘာေတြလုပ္မလဲဆိုတာကို ေတာ္ေတာ္ႀကီး ေတြးေခၚႀကံဆေနတာေတြကို က်ေနာ္တုိ႔ ေလ့လာမိပါတယ္။ ဒါေပမဲ့ က်ေနာ္တုိ႔ ႏိုင္ငံမွာေတာ့ အဲဒီလိုမ်ဳိး ေျပာတာဆုိတာက ေတာ္ေတာ္နည္းတယ္။ ေနာက္တစ္ခုကေတာ့ က်ေနာ္တုိ႔က ကာကြယ္ေဆးေတြရင္ ဒီျပႆနာႀကီးက ၿပီးသြားမယ္လို႔ ယူဆထားတဲ့သေဘာမ်ဳိး က်ေနာ္တုိ႔ ပိုၾကားရပါတယ္။

ေမး ။ ။ အခုလက္ရိွမွာေကာ စီးပြားေရးအားျဖင့္ တခ်ဳိ ႔စာရင္းဇယားေတြ၊ တခ်ဳိ ႔အေရးအသားေတြဆိုရင္ ရန္ကုန္မွာ ကိုးဆယ္ရာခိုင္ႏႈန္းေသာ မိသားစုေတြဟာ ထမင္းေတာင္ နပ္မွန္ေအာင္ မစားႏုိင္ဘူးဆိုၿပီးေတာ့ ေရးသားထားပါတယ္။ ေနာက္ၿပီးေတာ့ အစားအေသာက္အတြက္ အေၾကြးေတြ ပိုတင္ေနရတယ္ဆိုၿပီး ေရးထားတာေတြ႔ေတာ့ ဒီေလာက္ေတာင္ ဟုတ္ရဲ ႔လား။ ရန္ကုန္မွာေနတဲ့ ေလ့လာသံုးသပ္ေနသူ ဦးေအာင္သူၿငိမ္း ဘယ္လိုျမင္ပါသလဲ။ အဲဒီေလာက္အထိ ဆိုးပါသလား။

ေျဖ ။ ။ အဲဒါကေတာ့ ေနရာေပၚ မူတည္လိမ့္မယ္ ထင္တယ္။ အခုနေျပာတဲ့ ကိုးဆယ္ရာခိုင္ႏႈန္းဆိုတဲ့ ရာခိုင္ႏႈန္း အတိအက်ေတာ့ ေျပာဖို႔ခက္ပါလိမ့္မယ္။ ဒါေပမဲ့ လက္လုပ္လက္စား ေတာ္ေတာ္မ်ားမ်ားကေတာ့ အေတာ္ကိုက်ပ္တည္းသြားတဲ့ အေနအထားရိွတယ္။ အခုနလို အေၾကြးေတြတင္ေနတယ္ဆိုတာလဲ မွန္ပါလိမ့္မယ္။ ေနာက္တစ္ခုကေတာ့ ရိွတာေလး ထုခြဲေရာင္းခ်ၿပီးေတာ့ ထိုင္စားေနရတဲ့ ကာလမ်ဳိး ပိုျဖစ္တာေပါ့။ ဒါကလဲ ဘယ္ေလာက္ၾကာၾကာ ေတာင့္ခံႏိုင္မယ္ဆိုိတာ သိပ္မေသခ်ာပါဘူး။

ေမး ။ ။ ဒါက စီးပြားေရး။ စီးပြားေရးနဲ႔ တဆက္တည္း ၿငိမ္းခ်မ္းေရးကိစၥကို ေျပာမယ္ဆိုရင္ ၿငိမ္းခ်မ္းေရး မရိွတဲ့ေဒသေတြမွာ စစ္ေရွာင္ဒုကၡသည္ေတြ၊ စစ္ေၾကာင့္ အုိးအိမ္စြန္႔ခြါထြက္ေျပးေနရတဲ့ လူေတြရဲ ႔ စီးပြားေရးအေျခအေနက ပိုဆိုးမယ္ထင္ပါတယ္။ အဲဒီဟာကို ေျပာၾကရေအာင္။ အဲဒီကိစၥကို တာဝန္ရိွတဲ့ ႏုိင္ငံပိုင္အာဏာပိုင္ေတြအေနနဲ႔ ဘယ္ေလာက္အထိ ကူညီေစာင့္ေရွာက္ႏိုင္တဲ့ အေျခအေန ရိွပါသလဲ။

ေျဖ ။ ။ Report တစ္ခု ဖတ္ရပါတယ္။ IRC ကပါ သူတုိ႔ေရးတာကေတာ့ စစ္ေရွာင္စခန္းေတြ၊ အထူးသျဖင့္ ဒုကၡသည္ေတြမွာ သူတုိ႔က double emergency ပိုၿပီးေတာ့ ထိခိုက္ႏုိ္င္တယ္ဆိုတဲ့ အသံုးအႏႈန္းကို သံုးပါတယ္။ ဆိုလိုတာကေတာ့ ကိုဗစ္ေရာဂါ ကူးစက္ရင္လဲ ပိုဆုိးမယ္။ ဒီစခန္းေတြမွာ ေတာ္ေတာ္က်ပ္က်ပ္တည္းတည္း ေနရတဲ့ အေနအထားေတြ ရိွပါတယ္။ ဒုတိယကေတာ့ နဂိုကတည္းကိုမွ က်န္းမာေရးဝန္ေဆာင္မႈေတြ မရတဲ့အခါမွာ ကပ္ေရာဂါျဖစ္ရင္ ႏွစ္ဆပိုၿပီးေတာ့ ပင္ပန္းဒုကၡေရာက္မယ္ဆိုတဲ့ သေဘာမ်ဳိး ေရးထားတာပါ။ က်ေနာ္တုိ႔ဆီမွာရိွတဲ့ ဒုကၡသည္ေတြ အေရအတြက္ ျပည္တြင္းဒုကၡသည္ေတြလည္း မနည္းပါဘူး။ အဲဒီအေနအထားမွာေတာ့ ပိုၿပီးေတာ့ ဒုကၡေရာက္ဖို႔ ရိွပါတယ္။ အထူးသျဖင့္ ရခုိင္ျပည္နယ္အတြင္းမွာဆိုရင္လဲ IDP ေတြအတြက္က တစ္သိန္္းခြဲေလာက္ မွန္းထားပါတယ္။ အခုလက္ရိွအခ်ိန္အထိ တုိက္ပြဲေတြက မေလ်ာ့ေသးဘူးဆုိေတာ့ ပိုဒုကၡေရာက္မယ့္ အေနအထား ရိွတယ္လို႔ ထင္ပါတယ္။ အဲဒါေတြကို က်ေနာ္တို႔ ေလ့လာၾကည့္တဲ့အခါၾကေတာ့ တေလာကပဲ Shared NLD Facebook စာမ်က္ႏွာမွာ တက္လာတယ္။ လူမႈဖူလံုေရးနဲ႔ ကယ္ဆယ္ေရး ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန သူတို႔က IDP စခန္းေတြကို ေထာက္ပံ့တယ္ဆိုတဲ့ စာရင္းေတြ ေတြ႔ပါတယ္။ က်ေနာ္ အဲဒီစာရင္းေတြကို ေပါင္းၾကည့္ေတာ့ ေဒၚလာတစ္သန္းခြဲေလာက္ပဲ ရိွလိမ့္မယ္။ အဲဒီမွာေပးတာေတာ့ ဆပ္ျပာခဲတို႔၊ ႏွားေခါင္းစည္းတို႔ ေထာက္ပံ့တာေပါ့။ က်ေနာ္ထင္တယ္ ဒီေလာက္နဲ႔ေတာ့ မဖူလံုဘူး။ ဆင္ပါးစပ္ ႏွမ္းပက္ေလာက္ပဲ ရိွမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ ေဒသခံတခ်ဳိ ႔ကေတာ့ ဒီလိုမလံုမေလာက္ မစို႔မပို႔ အကူအညီေတြေၾကာင့္ သူတုိ႔ ဘယ္လိုအထင္ေရာက္ေနၾကသလဲဆိုရင္ သူတုိ႔ကို တမင္ပစ္ထားတယ္ဆိုတဲ့သေဘာ၊ ဂရုမစိုက္ဘူးဆုိတဲ့သေဘာမ်ဳိး ခံစားမႈေတြ ေဖာ္ထုတ္ေျပာေနၾကတာကို ၾကားရပါတယ္။ အဲဒါကို ဘယ္လိုသံုးသပ္လိုပါလဲ။ ေျပာသင့္တဲ့ စကားေတြလား။ တကယ္မွန္ေတြလား အဲဒါေတြက။

ေျဖ ။ ။ အဲဒီလိုေတာ့ အတိအက် က်ေနာ္ မသိပါဘူး။ ဒါေပမဲ့ အစိုးရဘက္က ဖြဲ႔ထားတဲ့ ေကာ္မတီတစ္ခု ရိွပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြနဲ႔ ကိုဗစ္တိုက္ဖ်က္ေရးမွာ ပူးေပါင္းလုပ္ေဆာင္ဖို႔ဆိုၿပီးေတာ့ ဧၿပီလထဲမွာ ဖြဲ႔ထားတယ္။ အဲဒီေကာ္မတီေတြရဲ ႔ လႈပ္ရွားမႈေတြနဲ႔ ပတ္သက္လို႔လဲ က်ေနာ္တို႔ ေနာက္ပိုင္းမွာေတာ့ သိပ္ၿပီးေတာ့ ထူးထူးေထြေထြ မၾကားရဘူး။ အဲဒီေတာ့ ပူးေပါင္းေဆာင္ရြက္မႈကလဲ က်ေနာ္ထင္တယ္ အားနည္းလိမ့္မယ္လို႔ ယူဆပါတယ္။

ေမး ။ ။ တကယ္ေတာ့ တုိင္းရင္းသားလက္နက္ကိုင္ အင္အားစုေတြဘက္က ပူးေပါင္းေဆာင္ရြက္ဖို႔ ကမ္းလွမ္းတာ ေတြ႔တယ္။ သိပ္အံ့ၾသဖို႔ေကာင္းတယ္။ ႏွစ္ဘက္စလံုး ပူးေပါင္းေဆာင္ရြက္ၾကဖို႔ ေျပာေနၿပီး မပူးေပါင္းႏိုင္ဘဲနဲ႔ တိုက္ေနၾကတာ ဘာမ်ားလဲ။ ဒီကိစၥ ပူးေပါင္းေဆာင္ရြက္ေရးမွာ ႏုိင္ငံေရး၊ စစ္ေရး၊ အသာစီးမႈကို ပိုဦးစားေပးၿပီး တြက္ေနၾကသလား။ ဒုကၡေရာက္ေနတဲ့ ျပည္သူေတြကို ကူညီဖို႔ကိစၥကို သူတို႔ ဘာျဖစ္လို႔ အေလးမထားသလဲဆိုတာကို နည္းနည္းေဝဖန္ပါအံုး။

ေျဖ ။ ။ အခုအေနအထားမွာေတာ့ ေျပာရခက္ပါတယ္။ အထူးသျဖင့္ေတာ့ တပ္မေတာ္ဘက္ကလဲ တဘက္သတ္ အပစ္ရပ္တယ္ဆိုၿပီးေတာ့ ေၾကညာပါတယ္။ ေၾကညာေပမယ့္လဲ တကယ့္တကယ္ အခုတုိက္ပြဲေတြ ျဖစ္ေနတဲ့ ေနရာမ်ဳိးေတြ ရခိုင္ျပည္နယ္မ်ဳိးက မပါဘူး။ ေနာက္တစ္ခုက ရပ္ထားတယ္လို႔ ေျပာေနေပမယ့္ ဒီတစ္ရက္ႏွစ္ရက္မွာ ရွမ္းျပည္နယ္မွာလဲ တုိက္ပြဲေတြ ျဖစ္ၿပီးေတာ့ ထြက္ေျပးေနတဲ့ သတင္းေတြကို ေတြ႔ေနရတယ္။ အဲဒါကေတာ့ ဒီထက္ပိုၿပီးေတာ့ ႏွစ္ဘက္စလံုးက ထိန္းထိန္းသိမ္းသိမ္း ရိွဖို႔လိုမယ္လို႔ ထင္ပါတယ္။ ေနာက္တစ္ခုက ျဖစ္တတ္တာကေတာ့ အခုလို ကိုဗစ္ကာလမ်ဳိးမွာ အရင္းအျမစ္ေတြ ပိုရွားလာတယ္။ အရင္းအျမစ္ေတြ ပိုရွားလာတဲ့အခါၾကေတာ့ ဒါကို ကိုယ္လည္းလိုခ်င္တယ္၊ သူလည္းလိုခ်င္တယ္ဆိုေတာ့ အရင္းအျမစ္ လုတဲ့အခါမွာ ပဋိပကၡေတြလဲ ပိုျပင္းထန္လာတတ္တယ္ဆိုတဲ့ ေဆြးေႏြးၾကတဲ့သေဘာမ်ဳိးေတြလဲ ၾကားရပါတယ္။

ေမး ။ ။ ကိုဗစ္ေၾကာင့္ ၿငိမ္းခ်မ္းေရးအလားအလာ ပိုေဝးသြားတယ္လို႔ေျပာရင္ မွန္ႏိုင္တာေပါ့။

ေျဖ ။ ။ ဟုတ္ကဲ့ ကိုဗစ္ကို ဘံုရန္သူအျဖစ္ က်ေနာ္တို႔ကို ၿခိမ္းေျခာက္မႈအျဖစ္ ျမင္ၿပီးေတာ့ ပူးေပါင္းေဆာင္ရြက္ရင္ေတာ့ ပိုၿပီးေတာ့ ေကာင္းတဲ့အလားအလာဘက္ကို သြားႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီကိစၥေတြက အခုအခ်ိန္အထိေတာ့ က်ေနာ္တို႔ ေတြ႔ရတာ အားနည္းတယ္လို႔ ျမင္မိပါတယ္။

==Unicode==

မြန်မာနိုင်ငံ အခုလိုရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲအပြင် အခြားမေ့မထားသင့်တဲ့ ပြဿနာတွေလည်း အများကြီး ရှိနေပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ရှေ့ဦးစွာ အခုလာမယ့် ရွေးကောက်ပွဲ တရားမျှတပြီး၊ လွတ်လပ်မှု ရှိနိုင်တဲ့ အခြေအနေမေးခွန်းကို ဦးအောင်သူငြိမ်းက အခုလို ဖြေကြားပါတယ်။

ဖြေ ။ ။ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမလားဆိုရင်တော့ တော်တော်မေးခွန်း ရှိပါတယ်။ ကိုဗစ်ကူးစက်ကပ်ဘေးအောက်မှာ လုပ်ရကိုင်ရတာလဲ ခက်ခဲတဲ့ အနေအထားတွေ တော်တော်ရှိပါတယ်။ ဒါ့အပြင် ဒီအစိုးရက incumbent advantage အာဏာရှိပြီးသား ပါတီရဲ့ အခွင့်ကောင်းတွေအားလုံးကို သုံးနေတဲ့ ပုံစံမျိုးလည်း ဖြစ်နေတယ်။ ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်တာကစလို့ နောက်ပိတ်ဆုံး ပြည်သူလူထု - ဆိုပါစို့ အခြေခံလူထုတွေကို ထောက်ပံ့ကြေးပေးတာအဆုံး ဒါမျိုးတွေ လုပ်နေတဲ့အခါကြတော့ သူ့ဘက်ကတော့ အနေအထားက အတော်လေးအသာစီး ရှိနေတဲ့ အနေအထား ဖြစ်ပါတယ်။ နောက်ထပ်လတ်တလောမှာ ကိုဗစ်ကူးစက်ကပ်ဘေးကတော့ တကယ့်ကို ခြိမ်းခြောက်နေတဲ့ ပြဿနာ ဖြစ်တယ်လို့ ထင်ပါတယ်။

မေး ။ ။ တဆက်တည်း မေးချင်တဲ့ မေးခွန်းကတော့ အခုနပြောတဲ့ အာဏာလက်ရှိအစိုးရအနေနဲ့ လုပ်နိုင်ကိုင်နိုင်တာတွေဟာ သူများထက် အခွင့်သာတယ်ဆိုတဲ့အပြင် ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ အများပြည်သူ လိုက်နာဖို့ ကန့်သတ်ထားတဲ့ စည်းကမ်းတွေကို အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ချိုးဖောက်ပြီးတော့ လူစုလူဝေးတွေနဲ့ ချီတက်တာတွေများ ရှိပါသလား။

ဖြေ ။ ။ လက်ရှိပါတီခေါင်းဆောင်တွေက ပြောတာကတော့ သူတို့မေတ္တာရပ်ခံတယ်ပေါ့။ ဒါတွေက တားလို့မရဘူး၊ အောက်ခြေလူထုက လုပ်နေတယ်ဆိုတဲ့ သဘောတွေကို ပြောပါတယ်။ ဆိုတော့ တကယ့်တကယ်ကြတော့ အရေးယူတဲ့ နေရာတွေမှာ တော်တော်လေးကို မမျှတတဲ့နေရာမျိုးတွေကို တွေ့ရတယ်။ AAPP က သူတို့ပြုစုထားတဲ့ စာရင်းတစ်ခုအရဆိုရင် အမှုသေးသေးလေးတွေ - ညမထွက်ရ၊ နှားခေါင်းစည်းမတပ်တာတို့၊ ဒီလိုကိစ္စမျိုးတွေနဲ့ အရေးယူခံထားရသူတွေက (၁၅၀၀) ပတ်ဝန်းကျင်လောက် ရှိတယ်။ အဲဒါအပြင်မှာ ပြီးခဲ့တဲ့ကာလမှာ တရားဟောဆရာ ဒေးဗစ်လာကအစ၊ ဆန္ဒပြတဲ့ ကျောင်းသားတွေအဆုံး အရေးယူခံရတော့ ထောင်ဒဏ်က တစ်နှစ်ကနေ တချို့က ငါးနှစ်လောက်အထိကိုကျတဲ့ အမှုတွေလည်း ရှိကြတယ်။ ဒါပေမဲ့ ကျန်တဲ့ မဲဆွယ်စည်းရုံးနေတာတွေ၊ လူစုလူဝေး ဖြစ်နေတာတွေတော့ မမြင်ချင်ယောင်ဆောင်ထားတဲ့ဟာတွေ ဖြစ်နေတယ်။ ဒီလိုအနေအထားမျိုးမှာ ပြောစရာ ဖြစ်တာပါ။

မေး ။ ။ ရွေးကောက်ပွဲထက် ပိုအရေးကြီးနေတဲ့ ကိုဗစ်ရောဂါကို လက်ရှိအစိုးရအနေနဲ့ ထိန်းချုပ်မှု ဘယ်လောက်ထိရောက်မှု ရှိပါသလဲ။ သူတို့လက်ရှိ facility အတွင်းမှာ ဒီဟာထက်ပိုပြီးတော့ ကောင်းအောင်လုပ်နိုင်တဲ့ အခြေအနေ ရှိပါသလား။ မြင်ပါသလား။

ဖြေ ။ ။ အောက်ခြေမှာ ဆရာဝန်၊ ဆရာမတွေ၊ သူနာပြုတွေ၊ လုပ်အားပေးတွေက တကယ့်ကိုပဲ ကြိုးကြိုးစားစား လုပ်နေကြတာတော့ ချီးကျူးစရာကောင်းပါတယ်။ ဒါပေမဲ့ တစုံလုံးအခြေအနေကို ပြန်ကြည့်ရင် သတင်းက အပြည့်အဝ မရဘူးဆိုတဲ့ အနေအထား ရှိနေတယ်။ အဲဒီအနေအထားမှာ ကောလာဟလတွေက ပိုဖြစ်လာတယ်။ နောက်တခုကြတော့ အစိုးရကိုယ်တိုင်က အမိန့်တွေက ခဏထုတ်လိုက်၊ ခဏနေပြန်သိမ်းလိုက်တော့ နားလည်ရ ခက်ပါတယ်။ အဲဒီလိုအနေအထားမှာတော့ ပိုပြီးတော့ အခက်အခဲရှိတယ်။ နောက်တစ်ခုကတော့ အပေါ်ပိုင်းမှာ ကော်မတီတွေ ဖွဲ့ထားပါတယ်။ ဒါပေမဲ့ တချို့ကော်မတီတွေက ရှိသေးရဲ့လား။ အလုပ်ကော လုပ်သေးရဲ့လားဆိုတဲ့ ပုံစံမျိုးတွေ။ အထူးသဖြင့်တော့ ဒုသမ္မတ ဦးဆောင်ပြီးတော့ ကော်မတီဖွဲ့တယ်။ တပ်မတော်ဘက်ကလဲ ပါတယ်ပေါ့။ အဲဒီလိုပုံစံ ကော်မတီတွေကတော့ အလုပ်ဖြစ်နေသလားပေါ့။ ဆိုတော့ အဲဒါတွေက ကျနော်တို့ မသေချာပါဘူး။

မေး ။ ။ ကိုဗစ်ကိစ္စကို တိုက်တဲ့နေရာမှာ ရန်သူမိတ်ဆွေမခြား ပူးပေါင်းပြီး လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ မပူးပေါင်းနိုင်တာတော့ ထားပါတော့ မြေပေါ်မှာ တရားဝင် အတူတကွလုပ်နေရမယ်လို့ ယူဆရမယ့် တပ်မတော်၊ အတိုက်အခံအဖြစ်နဲ့ စိန်ခေါ်မယ့်ပါတီတို့ သူတို့ဘက်ကရော ကိုဗစ်တိုက်ဖျက်ရေးမှာ အစိုးရနဲ့ နိုင်ငံရေး အဃာတစိတ်ဝမ်းကွဲမှု မထားဘဲနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ ထင်ပါသလား။

ဖြေ ။ ။ အဲဒါကတော့ ဒီပြဿနာကို ဘယ်လိုစဉ်းစားသလဲပေါ် မူတည်မယ်လို့ ထင်ပါတယ်။ အစောပိုင်းတုန်းကတော့ ကိုဗစ်ပြဿနာကို စဉ်းစားပုံက Public Health ပြည်သူ့ကျန်းမာရေး ပြဿနာလို့ပဲ စဉ်းစားတယ်။ နောက်ပိုင်းမှာတော့ နည်းနည်းချဲ့ထွင်လာတယ်။ စီးပွားရေး အကျပ်အတည်းလည်း ဖြစ်နိုင်တာမျိုး။ ဒါပေမဲ့ ကျနော်မြင်တာက ကိုဗစ်ကြောင့် ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲပြဿနာတွေကို ဘယ်လိုလက်ခံစဉ်းစားသလဲဆိုတဲ့ အပေါ်မှာတော့ မရှင်းဘူး။ အဲဒီအနေအထားအောက်မှာပဲ အခုလက်ရှိကတော့ ကျနော်တို့မြင်နေတာက Public Health ပြဿနာကိုပဲ ကိုင်တွယ်နေတုန်းပဲ။ နောက်တစ်ခုက ကျန်တဲ့အင်အားစုတွေကလဲ အစိုးရရဲ့နောက်မှာ လိုက်ခဲ့ကြဆိုတဲ့ ပုံစံမျိုးနဲ့ သွားနေတုန်းလို့ ထင်ပါတယ်။

မေး ။ ။ အစိုးရရဲ့ လုပ်ပုံကိုင်ပုံ မှားယွင်းမှာကို စောင့်နေတာ၊ အဲဒီဟာကို နိုင်ငံရေးအမြတ်ထုတ်ပြီး စည်းရုံးလက်နက်အဖြစ် သုံးချင်လို့ လက်ပိုက်ကြည့်နေတဲ့သဘောတော့ မတွေ့ရဘူးပေါ့။

ဖြေ ။ ။ အဲဒီလိုတော့ ကျနော် မယူဆဘူး။ ကျနော်မြင်တာကတော့ အစိုးရဘက်က ဒီပြဿနာကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် တခြားအင်အားစုတွေနဲ့ပါ မိတ်ဖက်ဖွဲ့ပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ထင်တယ်။ နောက်တစ်ခုကတော့ Communication တချို့အရင်းအမြစ် resources တွေကိုလည်း သေချာမသုံးဘူးလို့ တွေ့နေရတယ်။ ဥပမာအားဖြင့် FM radio တွေ ရှိပါတယ်။ အဲဒီကနေ ပုံမှန်ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ မြို့တော်ဝန်တို့က အမြဲတစေ ဆက်သွယ်ပြီးတော့ ပြောဆိုနေလို့ရတဲ့ အနေအထားပါ။ ဒါမျိုးတွေလဲ သေချာသုံးတာ မတွေ့ရဘူး။

မေး ။ ။ ကိုဗစ်ပြီးရင် နောက်အရေးကြီးတဲ့ ပြဿနာတစ်ခုကို ရွေးပါဆိုရင် ဘာကိုရွေးလိုပါသလဲ။ စီးပွားရေးအကျပ်အတည်းကို ပြောလိုလား။ ငြိမ်းချမ်းရေးကိစ္စကို ပြောလိုလား။ ဘာကိုရွေးမလဲ။

ဖြေ ။ ။ ဒုတိယ ကျနော်ရွေးချင်တာကတော့ စီးပွားရေးပြဿနာကို ရွေးချင်တယ်။ တတိယကတော့ ငြိမ်းချမ်းရေးပြဿနာကို ကျနော် ပြောချင်ပါတယ်။ စီးပွားရေးပြဿနာကတော့ ကျနော်တို့ တနိုင်ငံတည်းမဟုတ်ဘူး၊ တကမ္ဘာလုံး ခံရမယ့်အနေအထားပါ။ နိုင်ငံတကာမှာ ပညာရှင်တွေနဲ့ အစိုးရတွေ တော်တော်များများမှာက ကိုဗစ်အလွန် (Post Covid) ကာလမှာ ဘာတွေလုပ်မလဲဆိုတာကို တော်တော်ကြီး တွေးခေါ်ကြံဆနေတာတွေကို ကျနော်တို့ လေ့လာမိပါတယ်။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံမှာတော့ အဲဒီလိုမျိုး ပြောတာဆိုတာက တော်တော်နည်းတယ်။ နောက်တစ်ခုကတော့ ကျနော်တို့က ကာကွယ်ဆေးတွေရင် ဒီပြဿနာကြီးက ပြီးသွားမယ်လို့ ယူဆထားတဲ့သဘောမျိုး ကျနော်တို့ ပိုကြားရပါတယ်။

မေး ။ ။ အခုလက်ရှိမှာကော စီးပွားရေးအားဖြင့် တချို့စာရင်းဇယားတွေ၊ တချို့အရေးအသားတွေဆိုရင် ရန်ကုန်မှာ ကိုးဆယ်ရာခိုင်နှုန်းသော မိသားစုတွေဟာ ထမင်းတောင် နပ်မှန်အောင် မစားနိုင်ဘူးဆိုပြီးတော့ ရေးသားထားပါတယ်။ နောက်ပြီးတော့ အစားအသောက်အတွက် အကြွေးတွေ ပိုတင်နေရတယ်ဆိုပြီး ရေးထားတာတွေ့တော့ ဒီလောက်တောင် ဟုတ်ရဲ့လား။ ရန်ကုန်မှာနေတဲ့ လေ့လာသုံးသပ်နေသူ ဦးအောင်သူငြိမ်း ဘယ်လိုမြင်ပါသလဲ။ အဲဒီလောက်အထိ ဆိုးပါသလား။

ဖြေ ။ ။ အဲဒါကတော့ နေရာပေါ် မူတည်လိမ့်မယ် ထင်တယ်။ အခုနပြောတဲ့ ကိုးဆယ်ရာခိုင်နှုန်းဆိုတဲ့ ရာခိုင်နှုန်း အတိအကျတော့ ပြောဖို့ခက်ပါလိမ့်မယ်။ ဒါပေမဲ့ လက်လုပ်လက်စား တော်တော်များများကတော့ အတော်ကိုကျပ်တည်းသွားတဲ့ အနေအထားရှိတယ်။ အခုနလို အကြွေးတွေတင်နေတယ်ဆိုတာလဲ မှန်ပါလိမ့်မယ်။ နောက်တစ်ခုကတော့ ရှိတာလေး ထုခွဲရောင်းချပြီးတော့ ထိုင်စားနေရတဲ့ ကာလမျိုး ပိုဖြစ်တာပေါ့။ ဒါကလဲ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ်ဆိုတာ သိပ်မသေချာပါဘူး။

မေး ။ ။ ဒါက စီးပွားရေး။ စီးပွားရေးနဲ့ တဆက်တည်း ငြိမ်းချမ်းရေးကိစ္စကို ပြောမယ်ဆိုရင် ငြိမ်းချမ်းရေး မရှိတဲ့ဒေသတွေမှာ စစ်ရှောင်ဒုက္ခသည်တွေ၊ စစ်ကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးနေရတဲ့ လူတွေရဲ့ စီးပွားရေးအခြေအနေက ပိုဆိုးမယ်ထင်ပါတယ်။ အဲဒီဟာကို ပြောကြရအောင်။ အဲဒီကိစ္စကို တာဝန်ရှိတဲ့ နိုင်ငံပိုင်အာဏာပိုင်တွေအနေနဲ့ ဘယ်လောက်အထိ ကူညီစောင့်ရှောက်နိုင်တဲ့ အခြေအနေ ရှိပါသလဲ။

ဖြေ ။ ။ Report တစ်ခု ဖတ်ရပါတယ်။ IRC ကပါ သူတို့ရေးတာကတော့ စစ်ရှောင်စခန်းတွေ၊ အထူးသဖြင့် ဒုက္ခသည်တွေမှာ သူတို့က double emergency ပိုပြီးတော့ ထိခိုက်နိုင်တယ်ဆိုတဲ့ အသုံးအနှုန်းကို သုံးပါတယ်။ ဆိုလိုတာကတော့ ကိုဗစ်ရောဂါ ကူးစက်ရင်လဲ ပိုဆိုးမယ်။ ဒီစခန်းတွေမှာ တော်တော်ကျပ်ကျပ်တည်းတည်း နေရတဲ့ အနေအထားတွေ ရှိပါတယ်။ ဒုတိယကတော့ နဂိုကတည်းကိုမှ ကျန်းမာရေးဝန်ဆောင်မှုတွေ မရတဲ့အခါမှာ ကပ်ရောဂါဖြစ်ရင် နှစ်ဆပိုပြီးတော့ ပင်ပန်းဒုက္ခရောက်မယ်ဆိုတဲ့ သဘောမျိုး ရေးထားတာပါ။ ကျနော်တို့ဆီမှာရှိတဲ့ ဒုက္ခသည်တွေ အရေအတွက် ပြည်တွင်းဒုက္ခသည်တွေလည်း မနည်းပါဘူး။ အဲဒီအနေအထားမှာတော့ ပိုပြီးတော့ ဒုက္ခရောက်ဖို့ ရှိပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းမှာဆိုရင်လဲ IDP တွေအတွက်က တစ်သိန်းခွဲလောက် မှန်းထားပါတယ်။ အခုလက်ရှိအချိန်အထိ တိုက်ပွဲတွေက မလျော့သေးဘူးဆိုတော့ ပိုဒုက္ခရောက်မယ့် အနေအထား ရှိတယ်လို့ ထင်ပါတယ်။ အဲဒါတွေကို ကျနော်တို့ လေ့လာကြည့်တဲ့အခါကြတော့ တလောကပဲ Shared NLD Facebook စာမျက်နှာမှာ တက်လာတယ်။ လူမှုဖူလုံရေးနဲ့ ကယ်ဆယ်ရေး ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သူတို့က IDP စခန်းတွေကို ထောက်ပံ့တယ်ဆိုတဲ့ စာရင်းတွေ တွေ့ပါတယ်။ ကျနော် အဲဒီစာရင်းတွေကို ပေါင်းကြည့်တော့ ဒေါ်လာတစ်သန်းခွဲလောက်ပဲ ရှိလိမ့်မယ်။ အဲဒီမှာပေးတာတော့ ဆပ်ပြာခဲတို့၊ နှားခေါင်းစည်းတို့ ထောက်ပံ့တာပေါ့။ ကျနော်ထင်တယ် ဒီလောက်နဲ့တော့ မဖူလုံဘူး။ ဆင်ပါးစပ် နှမ်းပက်လောက်ပဲ ရှိမယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒေသခံတချို့ကတော့ ဒီလိုမလုံမလောက် မစို့မပို့ အကူအညီတွေကြောင့် သူတို့ ဘယ်လိုအထင်ရောက်နေကြသလဲဆိုရင် သူတို့ကို တမင်ပစ်ထားတယ်ဆိုတဲ့သဘော၊ ဂရုမစိုက်ဘူးဆိုတဲ့သဘောမျိုး ခံစားမှုတွေ ဖော်ထုတ်ပြောနေကြတာကို ကြားရပါတယ်။ အဲဒါကို ဘယ်လိုသုံးသပ်လိုပါလဲ။ ပြောသင့်တဲ့ စကားတွေလား။ တကယ်မှန်တွေလား အဲဒါတွေက။

ဖြေ ။ ။ အဲဒီလိုတော့ အတိအကျ ကျနော် မသိပါဘူး။ ဒါပေမဲ့ အစိုးရဘက်က ဖွဲ့ထားတဲ့ ကော်မတီတစ်ခု ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကိုဗစ်တိုက်ဖျက်ရေးမှာ ပူးပေါင်းလုပ်ဆောင်ဖို့ဆိုပြီးတော့ ဧပြီလထဲမှာ ဖွဲ့ထားတယ်။ အဲဒီကော်မတီတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့လဲ ကျနော်တို့ နောက်ပိုင်းမှာတော့ သိပ်ပြီးတော့ ထူးထူးထွေထွေ မကြားရဘူး။ အဲဒီတော့ ပူးပေါင်းဆောင်ရွက်မှုကလဲ ကျနော်ထင်တယ် အားနည်းလိမ့်မယ်လို့ ယူဆပါတယ်။

မေး ။ ။ တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတာ တွေ့တယ်။ သိပ်အံ့သြဖို့ကောင်းတယ်။ နှစ်ဘက်စလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောနေပြီး မပူးပေါင်းနိုင်ဘဲနဲ့ တိုက်နေကြတာ ဘာများလဲ။ ဒီကိစ္စ ပူးပေါင်းဆောင်ရွက်ရေးမှာ နိုင်ငံရေး၊ စစ်ရေး၊ အသာစီးမှုကို ပိုဦးစားပေးပြီး တွက်နေကြသလား။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီဖို့ကိစ္စကို သူတို့ ဘာဖြစ်လို့ အလေးမထားသလဲဆိုတာကို နည်းနည်းဝေဖန်ပါအုံး။

ဖြေ ။ ။ အခုအနေအထားမှာတော့ ပြောရခက်ပါတယ်။ အထူးသဖြင့်တော့ တပ်မတော်ဘက်ကလဲ တဘက်သတ် အပစ်ရပ်တယ်ဆိုပြီးတော့ ကြေညာပါတယ်။ ကြေညာပေမယ့်လဲ တကယ့်တကယ် အခုတိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာမျိုးတွေ ရခိုင်ပြည်နယ်မျိုးက မပါဘူး။ နောက်တစ်ခုက ရပ်ထားတယ်လို့ ပြောနေပေမယ့် ဒီတစ်ရက်နှစ်ရက်မှာ ရှမ်းပြည်နယ်မှာလဲ တိုက်ပွဲတွေ ဖြစ်ပြီးတော့ ထွက်ပြေးနေတဲ့ သတင်းတွေကို တွေ့နေရတယ်။ အဲဒါကတော့ ဒီထက်ပိုပြီးတော့ နှစ်ဘက်စလုံးက ထိန်းထိန်းသိမ်းသိမ်း ရှိဖို့လိုမယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက ဖြစ်တတ်တာကတော့ အခုလို ကိုဗစ်ကာလမျိုးမှာ အရင်းအမြစ်တွေ ပိုရှားလာတယ်။ အရင်းအမြစ်တွေ ပိုရှားလာတဲ့အခါကြတော့ ဒါကို ကိုယ်လည်းလိုချင်တယ်၊ သူလည်းလိုချင်တယ်ဆိုတော့ အရင်းအမြစ် လုတဲ့အခါမှာ ပဋိပက္ခတွေလဲ ပိုပြင်းထန်လာတတ်တယ်ဆိုတဲ့ ဆွေးနွေးကြတဲ့သဘောမျိုးတွေလဲ ကြားရပါတယ်။

မေး ။ ။ ကိုဗစ်ကြောင့် ငြိမ်းချမ်းရေးအလားအလာ ပိုဝေးသွားတယ်လို့ပြောရင် မှန်နိုင်တာပေါ့။

ဖြေ ။ ။ ဟုတ်ကဲ့ ကိုဗစ်ကို ဘုံရန်သူအဖြစ် ကျနော်တို့ကို ခြိမ်းခြောက်မှုအဖြစ် မြင်ပြီးတော့ ပူးပေါင်းဆောင်ရွက်ရင်တော့ ပိုပြီးတော့ ကောင်းတဲ့အလားအလာဘက်ကို သွားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေက အခုအချိန်အထိတော့ ကျနော်တို့ တွေ့ရတာ အားနည်းတယ်လို့ မြင်မိပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG