သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မရွိမျဖစ္ ဖက္ဒရယ္စနစ္


John H. Badgley in Ngapali on January 20, 2007. Photo credit: his daughter.

ျမန္မာႏိုင္ငံမွာ စစ္မွန္တဲ့ ဖယ္ဒရယ္ျပည္ေထာင္စုကို မေဖာ္ေဆာင္ႏိုင္ဘူးဆိုရင္ အေျခအေန ပိုမိုဆိုးဝါးလာႏိုင္တယ္လို႔ ျမန္မာ့အေရးကို ႏွစ္ေပါင္းမ်ားစြာ ေလ့လာခဲ့သူ အေမရိကန္ျပည္ေထာင္စု Johns Hopkins တကၠသိုလ္ အာရွေရးရာ အၿငိမ္းစား ၫႊန္ၾကားေရးမႉး၊ ပါေမာကၡ John Badgley က ေျပာၾကားခဲ့ပါတယ္။ ပါေမာကၡ Badgley ဟာ ျမန္မာႏိုင္ငံဆိုင္ရာ စာအုပ္စာတမ္းမ်ားစြာကို ျပဳစုခဲ့ၿပီး နာဂစ္ဆိုင္ကလုံးေနာက္ပိုင္း ျမန္မာႏိုင္ငံအႏွံအျပားမွာ စာၾကည့္တိုက္မ်ား ထူေထာင္ေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့တာ ကြယ္လြန္ခ်ိန္ထိပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ မတ္လ (၁)ရက္ေန႔က အသက္ ၉၂ ႏွစ္ အ႐ြယ္မွာ ကြယ္လြန္သြားတဲ့ ပါေမာကၡ John Herbert Badgley ကို ၂၀၂၀ ေ႐ြးေကာက္ပြဲ မတိုင္ခင္ေလးတင္ ဦးေက်ာ္ဇံသာ ဆက္သြယ္ေမးျမန္းခဲ့တာကို ျပန္လည္တင္ဆက္လိုက္ပါတယ္။

ေမး ။ ။ ပထမဦးဆံုးေမးခ်င္တာကေတာ့ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ အသြင္ကူးေျပာင္းဖုိ႔ ႀကိဳးပမ္းေနေပမယ့္ အခက္အခဲေတြ အင္မတန္္မ်ားျပားေနပါတယ္။ ဒါက ျမန္မာႏိုင္ငံမွာ ထူးျခားတဲ့ အေျခအေန ရိွေနလို႔ ဒီလိုျဖစ္ေနရတယ္လို႔ သံုးသပ္သူတခ်ဳိ ႔ ရိွပါတယ္။ တကမာၻလံုးမွာ ဒီမိုကေရစီ အသြင္ကူးေျပာင္းသြားတဲ့ ႏိုင္ငံေတြမွာ အခက္အခဲေတြနဲ႔ ျမန္မာႏိုင္ငံရဲ ႔ အေျခအေနဟာ ပိုမိုမ်ားျပားေနတယ္လို႔ ဆရာႀကီး ယူဆမိပါသလား။

ေျဖ ။ ။ ျမန္မာႏုိင္ငံဟာ တုိင္းရင္းသားမ်ဳိးစံု ေနထိုင္လာခဲ့တဲ့ မတူကြဲျပားတဲ့ အစဥ္အလာေတြ၊ ရွည္ရွည္လ်ားလ်ား တည္ရိွလာတဲ့အတြက္ ဒီမိုကေရစီ ထူေထာင္ေရးအတြက္ အခက္အခဲေတြ မ်ားျပားတယ္လို႔ ႀကိဳတင္ခန္႔မွန္းႏုိင္တဲ့ ကိစၥလို႔ ထင္ပါတယ္။ က်ေနာ္ ျမန္မာႏိုင္ငံကို ပထမဦးဆံုး သြားလာခဲ့တဲ့ ၁၉၅၀ ျပည့္လြန္တုန္းက ဦးဘေဆြတို႔က (၅) နွစ္ (သို႔မဟုတ္) (၄) ႏွစ္ စီမံကိန္းေတြကို အေကာင္းဆံုးျဖစ္မယ္ဆိုတဲ့ ရည္မွန္းခ်က္နဲ႔ လုပ္ေနခဲ့ဲၾကတာပါ။ မတူကြဲျပားတဲ့ လူမ်ဳိးေပါင္းစံုအတြက္ တစ္ခုတည္းေသာ လူ႔အဖြဲ႔အစည္း၊ တစ္ခုတည္းေသာႏုိင္ငံ၊ တစ္ခုတည္းေသာ အစိုးရျဖစ္ေစရမယ္ဆိုတဲ့ စိတ္ကူးယဥ္ ရည္မွန္းခ်က္ေတြနဲ႔ လုပ္ခဲ့ၾကတာပါ။ ကမာၻတလႊာမွာ က်ေနာ္တို႔ ေတြ႔လာရတာက ဒီလိုႏုိင္ငံေတြမွာ ျပႆနာေတြ ရိွေနတယ္ဆိုတာပါပဲ။ သိပ္အင္အားႀကီးမားတဲ့ USSR ေခၚ ဆိုဗီယက္ျပည္ေထာင္စုကို စတာလင္က လူမ်ဳိးကြဲမ်ားစြာကို အင္အားနဲ႔ ထူေထာင္ခဲ့ၿပီးေတာ့ လူမ်ဳိးစုလိုက္ ျပည္နယ္ေတြ ဖြဲ႔စည္းဆြဲေဆာင္ သိမ္းသြင္းမႈနဲ႔ ေအာင္ျမင္ေအာင္ လုပ္ႏိုင္တယ္လို႔ ရည္ရြယ္ခဲ့ေပမယ့္ ႏွစ္ေပါင္း (၆၀) ေက်ာ္လာေတာ့ က်ဆံုးသြားတာပါပဲ။

အလားတူစြာပါပဲ ယူဂိုဆလားဗီးယားကိုလည္း ကြန္ျမဴနစ္အစိုးရက အင္အားသံုး သိမ္းသြင္းထူေထာင္ခဲ့ေပမယ့္ ၿပိဳကြဲသြားခဲ့ပါတယ္။ ဆိုေတာ့က ျမန္မာႏိုင္ငံရဲ ႔ ျပႆနာအတြက္လည္း က်ေနာ္ေတာ့ မအံ့ၾသပါဘူး။ ျမန္မာျပည္သူလူထုအေနနဲ႔ သူတုိ႔ရဲ ႔ မတူကြဲျပားမႈကို နားလည္သေဘာေပါက္ၿပီး အသိအမွတ္ျပဳေပးဖို႔ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေထာင္ၾကမလား။ သီးျခားႏုိင္ငံေတြ ျဖစ္သြားေစမလားဆိုတာကို စဥ္းစားဆင္ျခင္ၾကဖို႔ သိပ္အေရးႀကီးပါတယ္။

ေမး ။ ။ အခုမၾကာခင္ ျမန္မာျပည္သူေတြဟာ မဲေပးၾကေတာ့မယ္ ျဖစ္ပါတယ္။ ဒီေရြးေကာက္ပြဲကေန ဘယ္လိုမ်ားေမွ်ာ္လင့္ႏိုင္ပါသလဲ။ ဘာေတြမ်ား ေမွ်ာ္လင့္ႏိုင္ပါသလဲ။ ဆရာႀကီး အခုနကေျပာခဲ့တဲ့ အခက္အခဲ အေျခအေနမ်ဳိးေတြကို ဒီေရြးေကာက္ပြဲ ၿပီးတဲ့အခါမွာ ေပၚေပါက္လာတဲ့ အခင္းအက်င္းေတြက ေက်ာ္လႊာႏုိင္မယ္လို႔ ဆရာႀကီး ထင္ပါသလား။

ေျဖ ။ ။ အခက္အခဲ ရိွႏိုင္ပါတယ္။ အခုေတာ့ ျမန္မာျပည္သူေတြမွာ တူညီတဲ့သေဘာထား ရိွၾကရဲ ႔လားဆိုတာ မေသခ်ာပါဘူး။ က်ေနာ့္အသိမိတ္ေဆြအားလံုးနဲ႔ ဆက္သြယ္ေဆြးေႏြးၾကည့္ခ်င္ပါတယ္။ အေျခအေန ေနာက္တဆင့္ေရွ ႔တိုးေအာင္ ႏိုင္ငံေရးပါတီတစ္ခုတည္းက ေဆာင္ၾကဥ္ႏိုင္မယ္ မဟုတ္ပါဘူး။ ဆိုေတာ့ တုိင္းျပည္ရင္ဆိုင္ႀကံဳေတြ႔ေနရတဲ့ အေျခခံျပႆနာေတြအတြက္ မ်ားစြာခရီးေရာက္ႏိုင္လိမ့္မယ္လို႔ က်ေနာ္ မေမွ်ာ္လင့္ပါဘူး။

ေမး ။ ။ တခ်ဳိ ႔ကေတာ့ ဒီကိစၥနဲ႔ ပတ္သက္တဲ့ ျပႆနာအေတာ္မ်ားမ်ားဟာ လက္ရိွ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ မေကာင္းလို႔ဆိုၿပီး ေျပာၾကပါတယ္။ စစ္တပ္က ေရးဆြဲထားတဲ့ ဥပေဒ ျဖစ္ေနတာေၾကာင့္ ဒီဟာမသင့္ေလ်ာ္တဲ့ ဥပေဒဆုိၿပီးေတာ့ ဒီဖြဲ႔စည္းပံုကို အဓိကေထာက္ျပေနၾကပါတယ္။ ဆရာႀကီး ဘယ္လိုသေဘာရပါသလဲ။

ေျဖ ။ ။ ပထမ ေျပာခဲ့သလိုပါပဲ ဆိုဗီယက္ျပည္ေထာင္စု၊ ယူဂိုဆလားဗီးယားတုိ႔မွာလည္း ဖြဲ႔စည္းပံုဥေဒေတြေတာ့ ရိွခဲ့ၾကတာပဲ။ အဲဒီဖြဲ႔စည္းပံုေတြလည္း က်ဆံုးပ်က္ျပားခဲ့ၾကပါတယ္။ အဲဒီအစား ဒီမိုကေရစီ ဦးတည္တဲ့ သမၼတႏိုင္ငံေတြ ျဖစ္ထြန္းလာခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း ဖြဲ႔စည္းပံုဟာ Single Governing Authority တစ္ခုတည္းေသာ အစိုးရအာဏာဆိုတဲ့ အယူအဆအေပၚ မူတည္ထားတာပါ။ ဒါဟာ က်ဆံုးေရးကို လံုးဝဦးတည္ေနပါတယ္။ တိုင္းရင္းသားေတြကို ျဖန္႔က်က္ကိုယ္စားမျပဳႏိုင္ပါဘူး။ တခ်ိန္တည္းမွာပဲ ရိုဟင္ဂ်ာျပႆနာေၾကာင့္ပဲ ျမန္မာႏုိင္ငံကို ကမာၻက ေစာင့္ၾကည့္ေနတာပါ။ သူတုိ႔ဟာလည္း အင္အားႀကီးမားစြာ လႈပ္ရွားလာတဲ့ အသိုက္အဝန္းတစ္ရပ္ပါ။ အျခားေသာ ပဋိပကၡေတြလည္း မ်ားျပားျပင္းထန္လာပါတယ္။ ဒါေၾကာင့္ ဖယ္ဒရယ္ျပည္ေထာင္စု ဖြဲ႔စည္းၾကမလား။ သီးျခားစီ ျဖစ္သြားေစမလားဆိုတာ အေလးအနက္ စဥ္းစားရမယ့္ အခ်ိန္ပါ။

ေမး ။ ။ ဆိုေတာ့ ဆရာႀကီး ေျပာသြားသလို ဆိုဗီယက္ျပည္ေထာင္စု၊ ယူဂိုဆလားဗီးယားျပည္ေထာင္စုတို႔လို ၿပိဳကြဲရတဲ့ အျဖစ္မ်ဳိး ေရာက္ႏိုင္တဲ့အထိ ျမန္မာႏုိင္ငံရဲ ႔ အေျခအေနက ဒီေလာက္ေတာင္ ဆိုးဝါးေနလို႔လား။ တကယ္မ်ား အဲဒီလိုၿပိဳကြဲတဲ့ အေျခအေနကို ေရာက္ႏိုင္စရာအေၾကာင္း ရိွလို႔လား။

ေျဖ ။ ။ ျဖစ္လာႏိုင္စရာ ရိွပါတယ္။ စစ္တပ္က သူ႔အင္အားတစ္ခုတည္းနဲ႔ ဘယ္ေလာက္အထိ ထိန္းႏိုင္မလဲဆိုတဲ့အေပၚ မူတည္ပါတယ္။ ဒါေပမဲ့ လူ႔သဘာဝဆိုတာက အားၿပိဳင္တဲ့သေဘာ ရိွပါတယ္။ ဒီသေဘာေၾကာင့္ တခ်ိိန္ခ်ိန္မွာ အကြဲအၿပဲျဖစ္လာၿပီး အက်ဳိးရိွတဲ့ဘက္ကိုလည္း ဦိးတည္ႏိုင္ပါတယ္။ ေနာက္ၿပီး အထက္လူႀကီးေတြ ႀကီးပြားခ်မ္းသာသေလာက္ သာမန္ေအာက္ေျခ ရဲေဘာ္ေတြဘဝကလည္း ဆိုးဝါးလွပါတယ္။ ဒါက တပ္မေတာ္အတြင္း ႏွစ္ေပါင္းမ်ားစြာ ရိွလာတဲ့ျပႆနာပါ။

ေမး ။ ။ တဆက္တည္း ေမးခ်င္တာကေတာ့ ဆရာႀကီးက တပ္မေတာ္အေၾကာင္းကိုေျပာတယ္။ စစ္တပ္အေၾကာင္းကိုေျပာေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ႔ရဲ ႔ပါတီ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ ႔ စြမ္းေဆာင္ခ်က္၊ လုပ္ေဆာင္ခ်က္ေတြကိုေတာ့ ဆရာႀကီး ဘယ္လိုအကဲျဖတ္လိုပါလဲ။

ေျဖ ။ ။ ျပည္တြင္းကလူေတြ အမ်ားအျပား NLD အေပၚ စိတ္ပ်က္ေနၾကတယ္ဆိုတာ ေသခ်ာပါတယ္။ ေဒၚေအာင္ဆန္္းစုၾကည္အေပၚလည္း အလားတူ စိတ္ပ်က္ေကာင္း စိတ္ပ်က္ေနၾကပါလိမ့္မယ္။ က်ေနာ္ကေတာ့ သူဟာ အင္မတန္စိတ္ရွည္သည္းခံတဲ့ ေခါင္းေဆာင္တစ္ေယာက္လို႔ ထင္ပါတယ္။ ဒါေၾကာင့္လဲ တစ္တိုင္းျပည္လံုး မၿပိဳမကြဲ တေပါင္းစည္းတည္း ရိွႏုိင္ေအာင္လို႔ အစြမ္းကုန္လိုက္ေလ်ာၿပီး ညိွႏိႈင္းလက္ခံခဲ့တယ္လို႔ ျမင္ပါတယ္။ ဖယ္ဒရယ္ျပည္ေထာင္စု ဖြဲ႔စည္းပံုစစ္စစ္ကို ေဖာ္ေဆာင္ၾကပါ။ တစ္ျပည္ေထာင္စနစ္ Unitary ပံုစံ လုပ္ရင္ေတာ့ က်ဆံုးလိမ့္မယ္လို႔ အႀကံေပးခ်င္ပါတယ္။

ေမး ။ ။ ဖယ္ဒရယ္ဆိုလို႔ အခုလက္ရိွ ဖြဲ႔စည္းပံုကလည္း ဖယ္ဒရယ္ပံုစံမ်ဳိးေတာ့ လုပ္ထားတာပဲ။ ၁၉၄၇ ဖြဲ႔စည္းပံုကိုလည္း အဲဒီလိုမ်ဳိး ေျပာခဲ့တာ ရိွပါတယ္။ ျပည္နယ္ေတြ၊ ေဒသႏၲရ အာဏာပိုင္အဖြဲ႔အစည္းေတြ ဖြဲ႔စည္းထားတယ္ဆုိေတာ့ တကယ္ေတာ့ ဖယ္ဒရယ္ ျဖစ္ေစခ်င္ရင္ ဒီဖြဲ႔စည္းပံုကိုပဲ အေျခခံၿပီးေတာ့ အဲဒီတုိင္းရင္းသားေဒသျဖစ္တဲ့ ျပည္နယ္ေတြကို လုပ္ပိုင္ခြင့္ ပိုေပးလိုက္ရင္ အာဏာပိုေပးလိုက္ရင္ ျဖစ္ႏိုင္တယ္လို႔ ေျပာၾကပါတယ္။ အဲဒီလိုေကာ မျဖစ္ႏိုင္ဘူးလား။

ေျဖ ။ ။ အခ်ဳပ္အျခာအာဏာ အေတာ္အသင့္ရိွတဲ့ သမၼတႏုိင္ငံေတြကို စုေပါင္းထားတဲ့ ပံုစံမ်ဳိးကလြဲၿပီး ပိုမိုသာလြန္ေကာင္းမြန္တဲ့ ဖယ္ဒရယ္စနစ္ဆိုတာ မရိွဘူးလို႔ က်ေနာ္ လံုးဝယံုၾကည္ပါတယ္။ က်ေနာ့္ရဲ ႔ ကိုယ္ပိုင္အေတြ႔အႀကံဳအရ အေမရိကန္ျပည္ေထာင္စု နမူနာကို ေျပာပါရေစ။ ဥေရာပတိုက္သားေတြ အေမရိကမွာ စတင္ေျပာင္းေရႊ ႔အေျခခ်စဥ္တုန္းက Political Unit ႏုိင္ငံေရးအစုအေဝးေပါင္း ခုႏွစ္ရာေလာက္ ရိွခဲ့ပါတယ္။ ဌာေနတုိင္းရင္းသားေတြကလြဲလို႔ မတူကြဲျပားတဲ့အားလံုးကို တေပါင္းတစည္းတည္း လုပ္ခ်င္ခဲ့တဲ့ လူေတြဟာ မေအာင္ျမင္ခဲ့ပါဘူး။ သူတုိ႔ဘာသာစကား normative behavior လို႔ေခၚတဲ့ စံစနစ္အျပဳအမႈေတြ ရိွေနခဲ့တာပါ။ အခုႏွစ္ေပါင္း ႏွစ္ရာ၊ သံုးရာ ႀကိဳးပမ္းတည္ေဆာက္လာတာေတာင္ လူမ်ဳိးစုတခ်ဳိ ႔ဟာ အခ်ဳပ္အျခာ အာဏာျပန္လည္ထူေထာင္ခ်င္ၾကပါေသးတယ္။ ဒါဟာ က်န္ကမာၻ႔ႏိုင္ငံေတြအတြက္ ဆိုးဝါးတဲ့ နမူနာတစ္ရပ္ပါ။ ျမန္မာႏုိင္ငံအတြက္လည္း ဗမာလူမ်ဳိးဟာ က်န္တဲ့တုိင္းရင္းသားေဒသေတြကို ကိုလိုနီလို သိမ္းပိုက္ၿပီး တစ္ႏုိင္ငံတည္းအျဖစ္ အုပ္ခ်ဳပ္ဖို႔ မႀကိဳးစားဘဲ၊ ရခိုင္၊ မြန္၊ ရွမ္း၊ ကခ်င္၊ ကရင္၊ ကယား၊ ခ်င္း စသည္ျဖင့္ တုိင္းရင္းသားေတြကို အာဏာခြဲေဝေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ သူတို႔မွာ အနာဂတ္ကိုယ္စီ၊ ဆႏၵကိုယ္စီနဲ႔ ရိွေနၾကပါတယ္။ ေလာေလာဆယ္မွာေတာ့ အားလံုးအတြက္ ဝမ္းနည္းဖြယ္ေကာင္းတဲ့ အေျခအေန ရိွေနပါတယ္။

ေမး ။ ။ ဒီလိုအေျခအေနမ်ဳိးကေန လြတ္ေျမာက္ႏုိင္မယ့္ အျပဳသေဘာေဆာင္တဲ့ အသြင္လကၡဏာ တစံုတရာေကာ မေတြ႔မိဘူးလား။ အခုအခ်ိန္မွာ တုိင္းျပည္က အရင္ထက္စာရင္ ပိုမိုပြင့္လင္းလာၿပီးလို႔ ထင္ပါတယ္။

ေျဖ ။ ။ သိပ္ကိုအျပဳသေဘာေဆာင္တဲ့ အခ်က္တခ်ဳိ ႔လည္း ရိွပါတယ္။ လြန္ခဲ့တဲ့ ဆယ္စုနွစ္အတြင္း က်ေနာ္ဟာ ျမန္မာႏုိင္ငံအႏံွ စာၾကည့္တိုက္ေတြ ထူေထာင္ေရးအတြက္ သြားေရာက္ခဲ့ပါတယ္။ က်ေနာ့္ရဲ ႔ ဒီစီမံကိန္းဟာ ဆက္ရိွေနဆဲပါ။ က်ေနာ့္အတြက္ အားတက္စရာ အေကာင္းဆံုးကေတာ့ လူအမ်ားအျပားဟာ ေလ့လာသင္ယူလိုစိတ္ေတြ ျပင္းျပေနခ်င္ပါ။ သူတုိ႔ဟာ မ်ားေသာအားျဖင့္ ပညာရွင္အသိုင္းအဝိုင္းက လာၾကသူေတြ မဟုတ္ပါဘူး။ သာမန္အေရာင္းအဝယ္ လုပ္ေနတဲ့ ကုန္သည္ေတြပါ။ သူတို႔ဟာ လူငယ္ေတြအတြက္ သင္ၾကားေရးအေထာက္အကူေတြ၊ စာၾကည့္တိုက္ေတြ ထူေထာင္ဖို႔ အထူးကို စိတ္အားထက္သန္ေနၾကပါတယ္။ ကမာၻနဲ႔ တေျပညီ ဗဟုသုတေတြ လိုခ်င္ေနၾကပါတယ္။ ဒါဟာ တႏုိင္ငံလံုးအႏံွ တုိင္းရင္းသားေတြအားလံုးၾကားမွာ ေတြ႔ျမင္ခဲ့ရတာပါ။

ေမး ။ ။ လက္ရိွ ျမန္မာႏုိင္ငံရဲ ႔ အေျခအေနေတြကို အိမ္နီးခ်င္းႏုိင္ငံေတြနဲ႔ ဆက္စပ္ၿပီးေတာ့ ေနာက္ဆံုးေျပာျပပါ။ ဆရာႀကီး ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ ျမန္မာ့အိမ္နီးခ်င္း ထုိင္းနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံစလံုးဟာ သူတို႔ႏုိင္ငံအတြင္းက တုိင္းရင္းသားလူမ်ဳိးစုေတြကို အသိအမွတ္ျပဳမႈ သိပ္ကိုအားနည္းၾကပါတယ္။ ဒါေပမဲ့ သူတုိ႔ဟာ ျမန္မာႏုိင္ငံထက္ တိုးတက္ဖြံ႔ၿဖိဳးမႈေတြ ရိွေနပါတယ္။ အိႏိၵယနဲ႔ တရုတ္တုိ႔မွာေတာ့ ပိုၿပီးေတာ့ တိုးတက္ေနခဲ့တယ္။ ျမန္မာႏုိင္ငံၾကေတာ့ ႏုိင္ငံသား သံုးေလးသန္းဟာ နယ္စပ္ျဖတ္ေက်ာ္ၿပီး ဘဝရပ္တည္ေရးအတြက္ အလုပ္အကိုင္ သြားလုပ္ေနၾကရပါတယ္။ ျမန္မာေခါင္းေဆာင္ေတြအေနနဲ႔ အိမ္နီးခ်င္းေတြကိုလည္း အတုယူၿပီး အနာဂတ္ကို ဘယ္လိုထိန္းေက်ာင္းရမလဲဆိုတာကို စဥ္းစားသင့္ပါတယ္။ အခုလက္ရိွအတိုင္းသာဆိုရင္ေတာ့ ျမန္မာႏုိင္ငံဟာ တရုတ္၊ အိႏိၵယတို႔သာမက ထုိင္း၊ ဘဂၤလားေဒ့ရွ္တိုိ႔ရဲ ႔ ခ်ဳပ္ကိုင္မႈေအာက္ကိုပါ တနည္းနည္းျဖင့္ ေရာက္ရိွသြားႏိုင္ပါတယ္။ တခါတခါ ျမန္မာႏုိင္ငံျပည္သူလူထု ခံစားလာရတဲ့ ဒုကၡေတြကိုၾကည့္ၿပီး က်ေနာ္ အထူးကိုစိတ္မေကာင္း ျဖစ္မိပါတယ္။ ၁၉၄၈ ကစၿပီး ျမန္မာေခါင္းေဆာင္အဆက္ဆက္ဟာ ျပည္သူလူထုအက်ဳိးကို အမွန္တကယ္ မေဆာင္ၾကဥ္းေပးခဲ့ၾကပါဘူး။ အဂၤလိပ္နဲ႔ ဂ်ပန္တုိ႔လည္း ျမန္မာျပည္သူလူထုရဲ ႔ အက်ဳိးကို လံုးဝေဖာ္ေဆာင္ခဲ့ၾကတာ မဟုတ္ပါဘူး။

==Unicode==

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို မဖော်ဆောင်နိုင်ဘူးဆိုရင် အခြေအနေ ပိုမိုဆိုးဝါးလာနိုင်တယ်လို့ မြန်မာ့အရေးကို နှစ်ပေါင်းများစွာ လေ့လာခဲ့သူ အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ် အာရှရေးရာ အငြိမ်းစား ညွှန်ကြားရေးမှူး၊ ပါမောက္ခ John Badgley က ပြောကြားခဲ့ပါတယ်။ ပါမောက္ခ Badgley ဟာ မြန်မာနိုင်ငံဆိုင်ရာ စာအုပ်စာတမ်းများစွာကို ပြုစုခဲ့ပြီး နာဂစ်ဆိုင်ကလုံးနောက်ပိုင်း မြန်မာနိုင်ငံအနှံအပြားမှာ စာကြည့်တိုက်များ ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့တာ ကွယ်လွန်ချိန်ထိပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ (၁)ရက်နေ့က အသက် ၉၂ နှစ် အရွယ်မှာ ကွယ်လွန်သွားတဲ့ ပါမောက္ခ John Herbert Badgley ကို ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်လေးတင် ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်းခဲ့တာကို ပြန်လည်တင်ဆက်လိုက်ပါတယ်။

မေး ။ ။ ပထမဦးဆုံးမေးချင်တာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ကြိုးပမ်းနေပေမယ့် အခက်အခဲတွေ အင်မတန်များပြားနေပါတယ်။ ဒါက မြန်မာနိုင်ငံမှာ ထူးခြားတဲ့ အခြေအနေ ရှိနေလို့ ဒီလိုဖြစ်နေရတယ်လို့ သုံးသပ်သူတချို့ ရှိပါတယ်။ တကမ္ဘာလုံးမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းသွားတဲ့ နိုင်ငံတွေမှာ အခက်အခဲတွေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုမိုများပြားနေတယ်လို့ ဆရာကြီး ယူဆမိပါသလား။

ဖြေ ။ ။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားမျိုးစုံ နေထိုင်လာခဲ့တဲ့ မတူကွဲပြားတဲ့ အစဉ်အလာတွေ၊ ရှည်ရှည်လျားလျား တည်ရှိလာတဲ့အတွက် ဒီမိုကရေစီ ထူထောင်ရေးအတွက် အခက်အခဲတွေ များပြားတယ်လို့ ကြိုတင်ခန့်မှန်းနိုင်တဲ့ ကိစ္စလို့ ထင်ပါတယ်။ ကျနော် မြန်မာနိုင်ငံကို ပထမဦးဆုံး သွားလာခဲ့တဲ့ ၁၉၅၀ ပြည့်လွန်တုန်းက ဦးဘဆွေတို့က (၅) နှစ် (သို့မဟုတ်) (၄) နှစ် စီမံကိန်းတွေကို အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ လုပ်နေခဲ့ဲကြတာပါ။ မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံအတွက် တစ်ခုတည်းသော လူ့အဖွဲ့အစည်း၊ တစ်ခုတည်းသောနိုင်ငံ၊ တစ်ခုတည်းသော အစိုးရဖြစ်စေရမယ်ဆိုတဲ့ စိတ်ကူးယဉ် ရည်မှန်းချက်တွေနဲ့ လုပ်ခဲ့ကြတာပါ။ ကမ္ဘာတလွှာမှာ ကျနော်တို့ တွေ့လာရတာက ဒီလိုနိုင်ငံတွေမှာ ပြဿနာတွေ ရှိနေတယ်ဆိုတာပါပဲ။ သိပ်အင်အားကြီးမားတဲ့ USSR ခေါ် ဆိုဗီယက်ပြည်ထောင်စုကို စတာလင်က လူမျိုးကွဲများစွာကို အင်အားနဲ့ ထူထောင်ခဲ့ပြီးတော့ လူမျိုးစုလိုက် ပြည်နယ်တွေ ဖွဲ့စည်းဆွဲဆောင် သိမ်းသွင်းမှုနဲ့ အောင်မြင်အောင် လုပ်နိုင်တယ်လို့ ရည်ရွယ်ခဲ့ပေမယ့် နှစ်ပေါင်း (၆၀) ကျော်လာတော့ ကျဆုံးသွားတာပါပဲ။

အလားတူစွာပါပဲ ယူဂိုဆလားဗီးယားကိုလည်း ကွန်မြူနစ်အစိုးရက အင်အားသုံး သိမ်းသွင်းထူထောင်ခဲ့ပေမယ့် ပြိုကွဲသွားခဲ့ပါတယ်။ ဆိုတော့က မြန်မာနိုင်ငံရဲ့ ပြဿနာအတွက်လည်း ကျနော်တော့ မအံ့သြပါဘူး။ မြန်မာပြည်သူလူထုအနေနဲ့ သူတို့ရဲ့ မတူကွဲပြားမှုကို နားလည်သဘောပေါက်ပြီး အသိအမှတ်ပြုပေးဖို့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ကြမလား။ သီးခြားနိုင်ငံတွေ ဖြစ်သွားစေမလားဆိုတာကို စဉ်းစားဆင်ခြင်ကြဖို့ သိပ်အရေးကြီးပါတယ်။

မေး ။ ။ အခုမကြာခင် မြန်မာပြည်သူတွေဟာ မဲပေးကြတော့မယ် ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကနေ ဘယ်လိုများမျှော်လင့်နိုင်ပါသလဲ။ ဘာတွေများ မျှော်လင့်နိုင်ပါသလဲ။ ဆရာကြီး အခုနကပြောခဲ့တဲ့ အခက်အခဲ အခြေအနေမျိုးတွေကို ဒီရွေးကောက်ပွဲ ပြီးတဲ့အခါမှာ ပေါ်ပေါက်လာတဲ့ အခင်းအကျင်းတွေက ကျော်လွှာနိုင်မယ်လို့ ဆရာကြီး ထင်ပါသလား။

ဖြေ ။ ။ အခက်အခဲ ရှိနိုင်ပါတယ်။ အခုတော့ မြန်မာပြည်သူတွေမှာ တူညီတဲ့သဘောထား ရှိကြရဲ့လားဆိုတာ မသေချာပါဘူး။ ကျနော့်အသိမိတ်ဆွေအားလုံးနဲ့ ဆက်သွယ်ဆွေးနွေးကြည့်ချင်ပါတယ်။ အခြေအနေ နောက်တဆင့်ရှေ့တိုးအောင် နိုင်ငံရေးပါတီတစ်ခုတည်းက ဆောင်ကြဉ်နိုင်မယ် မဟုတ်ပါဘူး။ ဆိုတော့ တိုင်းပြည်ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေခံပြဿနာတွေအတွက် များစွာခရီးရောက်နိုင်လိမ့်မယ်လို့ ကျနော် မမျှော်လင့်ပါဘူး။

မေး ။ ။ တချို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ပြဿနာအတော်များများဟာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မကောင်းလို့ဆိုပြီး ပြောကြပါတယ်။ စစ်တပ်က ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်နေတာကြောင့် ဒီဟာမသင့်လျော်တဲ့ ဥပဒေဆိုပြီးတော့ ဒီဖွဲ့စည်းပုံကို အဓိကထောက်ပြနေကြပါတယ်။ ဆရာကြီး ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ ပထမ ပြောခဲ့သလိုပါပဲ ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားတို့မှာလည်း ဖွဲ့စည်းပုံဥဒေတွေတော့ ရှိခဲ့ကြတာပဲ။ အဲဒီဖွဲ့စည်းပုံတွေလည်း ကျဆုံးပျက်ပြားခဲ့ကြပါတယ်။ အဲဒီအစား ဒီမိုကရေစီ ဦးတည်တဲ့ သမ္မတနိုင်ငံတွေ ဖြစ်ထွန်းလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဖွဲ့စည်းပုံဟာ Single Governing Authority တစ်ခုတည်းသော အစိုးရအာဏာဆိုတဲ့ အယူအဆအပေါ် မူတည်ထားတာပါ။ ဒါဟာ ကျဆုံးရေးကို လုံးဝဦးတည်နေပါတယ်။ တိုင်းရင်းသားတွေကို ဖြန့်ကျက်ကိုယ်စားမပြုနိုင်ပါဘူး။ တချိန်တည်းမှာပဲ ရိုဟင်ဂျာပြဿနာကြောင့်ပဲ မြန်မာနိုင်ငံကို ကမ္ဘာက စောင့်ကြည့်နေတာပါ။ သူတို့ဟာလည်း အင်အားကြီးမားစွာ လှုပ်ရှားလာတဲ့ အသိုက်အဝန်းတစ်ရပ်ပါ။ အခြားသော ပဋိပက္ခတွေလည်း များပြားပြင်းထန်လာပါတယ်။ ဒါကြောင့် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းကြမလား။ သီးခြားစီ ဖြစ်သွားစေမလားဆိုတာ အလေးအနက် စဉ်းစားရမယ့် အချိန်ပါ။

မေး ။ ။ ဆိုတော့ ဆရာကြီး ပြောသွားသလို ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားပြည်ထောင်စုတို့လို ပြိုကွဲရတဲ့ အဖြစ်မျိုး ရောက်နိုင်တဲ့အထိ မြန်မာနိုင်ငံရဲ့ အခြေအနေက ဒီလောက်တောင် ဆိုးဝါးနေလို့လား။ တကယ်များ အဲဒီလိုပြိုကွဲတဲ့ အခြေအနေကို ရောက်နိုင်စရာအကြောင်း ရှိလို့လား။

ဖြေ ။ ။ ဖြစ်လာနိုင်စရာ ရှိပါတယ်။ စစ်တပ်က သူ့အင်အားတစ်ခုတည်းနဲ့ ဘယ်လောက်အထိ ထိန်းနိုင်မလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ဒါပေမဲ့ လူ့သဘာဝဆိုတာက အားပြိုင်တဲ့သဘော ရှိပါတယ်။ ဒီသဘောကြောင့် တချိန်ချိန်မှာ အကွဲအပြဲဖြစ်လာပြီး အကျိုးရှိတဲ့ဘက်ကိုလည်း ဦိးတည်နိုင်ပါတယ်။ နောက်ပြီး အထက်လူကြီးတွေ ကြီးပွားချမ်းသာသလောက် သာမန်အောက်ခြေ ရဲဘော်တွေဘဝကလည်း ဆိုးဝါးလှပါတယ်။ ဒါက တပ်မတော်အတွင်း နှစ်ပေါင်းများစွာ ရှိလာတဲ့ပြဿနာပါ။

မေး ။ ။ တဆက်တည်း မေးချင်တာကတော့ ဆရာကြီးက တပ်မတော်အကြောင်းကိုပြောတယ်။ စစ်တပ်အကြောင်းကိုပြောတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စွမ်းဆောင်ချက်၊ လုပ်ဆောင်ချက်တွေကိုတော့ ဆရာကြီး ဘယ်လိုအကဲဖြတ်လိုပါလဲ။

ဖြေ ။ ။ ပြည်တွင်းကလူတွေ အများအပြား NLD အပေါ် စိတ်ပျက်နေကြတယ်ဆိုတာ သေချာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်လည်း အလားတူ စိတ်ပျက်ကောင်း စိတ်ပျက်နေကြပါလိမ့်မယ်။ ကျနော်ကတော့ သူဟာ အင်မတန်စိတ်ရှည်သည်းခံတဲ့ ခေါင်းဆောင်တစ်ယောက်လို့ ထင်ပါတယ်။ ဒါကြောင့်လဲ တစ်တိုင်းပြည်လုံး မပြိုမကွဲ တပေါင်းစည်းတည်း ရှိနိုင်အောင်လို့ အစွမ်းကုန်လိုက်လျောပြီး ညှိနှိုင်းလက်ခံခဲ့တယ်လို့ မြင်ပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံစစ်စစ်ကို ဖော်ဆောင်ကြပါ။ တစ်ပြည်ထောင်စနစ် Unitary ပုံစံလုပ်ရင်တော့ ကျဆုံးလိမ့်မယ်လို့ အကြံပေးချင်ပါတယ်။

မေး ။ ။ ဖယ်ဒရယ်ဆိုလို့ အခုလက်ရှိ ဖွဲ့စည်းပုံကလည်း ဖယ်ဒရယ်ပုံစံမျိုးတော့ လုပ်ထားတာပဲ။ ၁၉၄၇ ဖွဲ့စည်းပုံကိုလည်း အဲဒီလိုမျိုး ပြောခဲ့တာ ရှိပါတယ်။ ပြည်နယ်တွေ၊ ဒေသန္တရ အာဏာပိုင်အဖွဲ့အစည်းတွေ ဖွဲ့စည်းထားတယ်ဆိုတော့ တကယ်တော့ ဖယ်ဒရယ် ဖြစ်စေချင်ရင် ဒီဖွဲ့စည်းပုံကိုပဲ အခြေခံပြီးတော့ အဲဒီတိုင်းရင်းသားဒေသဖြစ်တဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် ပိုပေးလိုက်ရင် အာဏာပိုပေးလိုက်ရင် ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ အဲဒီလိုကော မဖြစ်နိုင်ဘူးလား။

ဖြေ ။ ။ အချုပ်အခြာအာဏာ အတော်အသင့်ရှိတဲ့ သမ္မတနိုင်ငံတွေကို စုပေါင်းထားတဲ့ ပုံစံမျိုးကလွဲပြီး ပိုမိုသာလွန်ကောင်းမွန်တဲ့ ဖယ်ဒရယ်စနစ်ဆိုတာ မရှိဘူးလို့ ကျနော် လုံးဝယုံကြည်ပါတယ်။ ကျနော့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံအရ အမေရိကန်ပြည်ထောင်စု နမူနာကို ပြောပါရစေ။ ဥရောပတိုက်သားတွေ အမေရိကမှာ စတင်ပြောင်းရွှေ့အခြေချစဉ်တုန်းက Political Unit နိုင်ငံရေးအစုအဝေးပေါင်း ခုနှစ်ရာလောက် ရှိခဲ့ပါတယ်။ ဌာနေတိုင်းရင်းသားတွေကလွဲလို့ မတူကွဲပြားတဲ့အားလုံးကို တပေါင်းတစည်းတည်း လုပ်ချင်ခဲ့တဲ့ လူတွေဟာ မအောင်မြင်ခဲ့ပါဘူး။ သူတို့ဘာသာစကား normative behavior လို့ခေါ်တဲ့ စံစနစ်အပြုအမှုတွေ ရှိနေခဲ့တာပါ။ အခုနှစ်ပေါင်း နှစ်ရာ၊ သုံးရာ ကြိုးပမ်းတည်ဆောက်လာတာတောင် လူမျိုးစုတချို့ဟာ အချုပ်အခြာ အာဏာပြန်လည်ထူထောင်ချင်ကြပါသေးတယ်။ ဒါဟာ ကျန်ကမ္ဘာ့နိုင်ငံတွေအတွက် ဆိုးဝါးတဲ့ နမူနာတစ်ရပ်ပါ။ မြန်မာနိုင်ငံအတွက်လည်း ဗမာလူမျိုးဟာ ကျန်တဲ့တိုင်းရင်းသားဒေသတွေကို ကိုလိုနီလို သိမ်းပိုက်ပြီး တစ်နိုင်ငံတည်းအဖြစ် အုပ်ချုပ်ဖို့ မကြိုးစားဘဲ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ချင်း စသည်ဖြင့် တိုင်းရင်းသားတွေကို အာဏာခွဲဝေပေးမယ်လို့ မျှော်လင့်ပါတယ်။ သူတို့မှာ အနာဂတ်ကိုယ်စီ၊ ဆန္ဒကိုယ်စီနဲ့ ရှိနေကြပါတယ်။ လောလောဆယ်မှာတော့ အားလုံးအတွက် ဝမ်းနည်းဖွယ်ကောင်းတဲ့ အခြေအနေ ရှိနေပါတယ်။

မေး ။ ။ ဒီလိုအခြေအနေမျိုးကနေ လွတ်မြောက်နိုင်မယ့် အပြုသဘောဆောင်တဲ့ အသွင်လက္ခဏာ တစုံတရာကော မတွေ့မိဘူးလား။ အခုအချိန်မှာ တိုင်းပြည်က အရင်ထက်စာရင် ပိုမိုပွင့်လင်းလာပြီးလို့ ထင်ပါတယ်။

ဖြေ ။ ။ သိပ်ကိုအပြုသဘောဆောင်တဲ့ အချက်တချို့လည်း ရှိပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကျနော်ဟာ မြန်မာနိုင်ငံအနံှ စာကြည့်တိုက်တွေ ထူထောင်ရေးအတွက် သွားရောက်ခဲ့ပါတယ်။ ကျနော့်ရဲ့ ဒီစီမံကိန်းဟာ ဆက်ရှိနေဆဲပါ။ ကျနော့်အတွက် အားတက်စရာ အကောင်းဆုံးကတော့ လူအများအပြားဟာ လေ့လာသင်ယူလိုစိတ်တွေ ပြင်းပြနေချင်ပါ။ သူတို့ဟာ များသောအားဖြင့် ပညာရှင်အသိုင်းအဝိုင်းက လာကြသူတွေ မဟုတ်ပါဘူး။ သာမန်အရောင်းအဝယ် လုပ်နေတဲ့ ကုန်သည်တွေပါ။ သူတို့ဟာ လူငယ်တွေအတွက် သင်ကြားရေးအထောက်အကူတွေ၊ စာကြည့်တိုက်တွေ ထူထောင်ဖို့ အထူးကို စိတ်အားထက်သန်နေကြပါတယ်။ ကမ္ဘာနဲ့ တပြေညီ ဗဟုသုတတွေ လိုချင်နေကြပါတယ်။ ဒါဟာ တနိုင်ငံလုံးအနံှ တိုင်းရင်းသားတွေအားလုံးကြားမှာ တွေ့မြင်ခဲ့ရတာပါ။

မေး ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်စပ်ပြီးတော့ နောက်ဆုံးပြောပြပါ။ ဆရာကြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ မြန်မာ့အိမ်နီးချင်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးဟာ သူတို့နိုင်ငံအတွင်းက တိုင်းရင်းသားလူမျိုးစုတွေကို အသိအမှတ်ပြုမှု သိပ်ကိုအားနည်းကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ မြန်မာနိုင်ငံထက် တိုးတက်ဖွံ့ဖြိုးမှုတွေ ရှိနေပါတယ်။ အိန္ဒိယနဲ့ တရုတ်တို့မှာတော့ ပိုပြီးတော့ တိုးတက်နေခဲ့တယ်။ မြန်မာနိုင်ငံကြတော့ နိုင်ငံသား သုံးလေးသန်းဟာ နယ်စပ်ဖြတ်ကျော်ပြီး ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင် သွားလုပ်နေကြရပါတယ်။ မြန်မာခေါင်းဆောင်တွေအနေနဲ့ အိမ်နီးချင်းတွေကိုလည်း အတုယူပြီး အနာဂတ်ကို ဘယ်လိုထိန်းကျောင်းရမလဲဆိုတာကို စဉ်းစားသင့်ပါတယ်။ အခုလက်ရှိအတိုင်းသာဆိုရင်တော့ မြန်မာနိုင်ငံဟာ တရုတ်၊ အိန္ဒိယတို့သာမက ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ချုပ်ကိုင်မှုအောက်ကိုပါ တနည်းနည်းဖြင့် ရောက်ရှိသွားနိုင်ပါတယ်။ တခါတခါ မြန်မာနိုင်ငံပြည်သူလူထု ခံစားလာရတဲ့ ဒုက္ခတွေကိုကြည့်ပြီး ကျနော် အထူးကိုစိတ်မကောင်း ဖြစ်မိပါတယ်။ ၁၉၄၈ ကစပြီး မြန်မာခေါင်းဆောင်အဆက်ဆက်ဟာ ပြည်သူလူထုအကျိုးကို အမှန်တကယ် မဆောင်ကြဉ်းပေးခဲ့ကြပါဘူး။ အင်္ဂလိပ်နဲ့ ဂျပန်တို့လည်း မြန်မာပြည်သူလူထုရဲ့ အကျိုးကို လုံးဝဖော်ဆောင်ခဲ့ကြတာ မဟုတ်ပါဘူး။

XS
SM
MD
LG