သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ေအာင္ပြဲရၿပီး စိုးရိမ္စရာ ရိွလာႏုိင္သလား


Supporters of the National League for Democracy (NLD) party wave flags in front of the party's headquarters in Yangon on November 9, 2020, as NLD officials said they were confident of a landslide victory in the weekend's election. (Photo by Ye Aung Thu /
NLD ေအာင္ပြဲရၿပီး စိုးရိမ္စရာ ရိွလာႏုိင္သလား
please wait

No media source currently available

0:00 0:11:56 0:00
တိုက္႐ိုက္ လင့္ခ္

ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ေသာင္ၿပိဳကမ္းၿပိဳ အႏုိင္ရရိွခဲ့တာနဲ႔ ပတ္သက္ၿပီး ဝမ္းေျမာက္ဝမ္းသာ ႀကိဳဆိုၾကတဲ့လူေတြ အမ်ားႀကီးရိွသလို၊ တခ်ဳိ ႔ကလဲ ေစာင့္ၾကည့္ရအံုးမယ္လို႔ ယူဆေနၾကၿပီး၊ က်န္တခ်ဳိ ႔ကဆိုရင္ စိုးရမ္စရာ အေျခအေန ျဖစ္ေပၚလာႏိုင္တယ္လို႔ သံုးသပ္ၾကပါတယ္။ ဒီအထဲမွာ တစ္ဦးအပါအဝင္ျဖစ္တဲ့ ေဒါက္တာတင္ေမာင္သန္းနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသံုးသပ္ထားပါတယ္။

ေမး ။ ။ NLD ရဲ ႔ ေအာင္ပြဲေနာက္ပိုင္း ျဖစ္လာႏိုင္တဲ့ အလားအလာနဲ႔ ပတ္သက္ၿပီး ေဒါက္တာတင္ေမာင္သန္းက သူဘာေၾကာင့္ စိုးရိမ္တယ္ဆိုတာကို အခုလိုစတင္ေျဖပါတယ္။

ေျဖ ။ ။ စိုးရိမ္တာကေတာ့ ေရြးေကာက္ပြဲရလဒ္ကို လက္ခံတယ္လို႔ တပ္မေတာ္ေခါင္းေဆာင္က ေျပာပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ၉၀ ေရြးေကာက္ပြဲကို ျပန္ၾကည့္ရင္လဲ ေရြးေကာက္ပြဲရလဒ္ကို လက္မခံဘူးလို႔ တပ္မေတာ္က မေျပာခဲ့ပါဘူး။ အျခားေသာအေရြ ႔ေတြကို က်ေနာ္ ၾကည့္တဲ့အခါမွာ ၂၀၁၀ ဦးသိန္းစိန္ တက္လာၿပီးတဲ့အခါမွာ ေယဘုယ်အားျဖင့္ ေပ်ာ့ေပ်ာင္းတဲ့ လမ္းစဥ္ကို သြားခဲ့တယ္။ အကူးအေျပာင္းကို မေျပာပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ဒီမိုကေရစီ အယူအဆ အမ်ဳိးမ်ဳိးရိွတဲ့အထဲမွာ က်ေနာ့္အေနနဲ႔ လက္ခံတာကေတာ့ အကူးအေျပာင္းဟာ အထူးသျဖင့္ ႏုိင္ငံေရးသေဘာတူညီမႈတစ္ခု အတိုက္အခံနဲ႔ ရယူရတယ္။ ဖြဲ႔စည္းပံုတစ္ခုကို အသစ္ဦးတည္ၿပီးေတာ့ သြားရတယ္။ ဒီလိုအခ်က္ေတြရိွမွ အကူးအေျပာင္းလို႔ ေျပာပါတယ္။ ၂၀၁၁ ဦးသိန္းစိန္တက္လာတာက အဖြင့္ကာလကို ဦးတည္တာ ျဖစ္ပါတယ္။ အကူးအေျပာင္းလို႔ အဲဒီလို က်ေနာ္က မျမင္ပါဘူး။ ဒါေပမဲ့ ဦးသိန္းစိန္အစိုးရလက္ထက္မွာပဲ တပ္မေတာ္က လုပ္ကိုင္လာပံုတစ္ခ်ဳိ ႔က သံသယ ျဖစ္စရာေတြ စၿပီးရိွလာပါတယ္။

ပထမဦးဆံုး ဦးေရႊမန္းကို ျဖဳတ္ခ်လိုက္တယ္။ ဒါက ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီတစ္ခုအတြင္းက ပဋိပကၡလို႔ ေျပာလို႔ရပါတယ္။ ဒါေပမဲ့ တပ္မေတာ္ပါဝင္ဖို႔ မလိုပါဘူး။ တပ္မေတာ္ပါဝင္ခဲ့တယ္လို႔ ၾကားသိရတယ္။ ဒါက မေကာင္းပါဘူး။ တပ္မေတာ္က ႏုိင္ငံေရးထဲမွာ မိမိ ႏုိင္ငံေရးယူဆခ်က္ေတြနဲ႔ မတူလုိ႔ရိွရင္ ကိုယ္ထူေထာင္ထားတဲ့ပါတီ၊ ကိုယ္နဲ႔ အင္မတန္မဟာမိတ္အက်ဆံုး ပါတီကိုေတာင္ သည္းမခံဘူးဆိုတာကို ျပပါတယ္။ အဲဒါက နည္းနည္းစိုးရိမ္စရာေကာင္းတယ္လို႔ က်ေနာ္ထင္ပါတယ္။ အဲဒီကတည္းက စၿပီးေတာ့ စိုးရိမ္ပါတယ္။ ေနာက္ၿပီးေတာ့ ျဖစ္ေပၚလာတဲ့ ႏိုင္ငံေရးကို ၾကည့္လို႔ရိွရင္ လက္ယ်ာစြန္း ႏုိ္င္ငံေရးကို သြားေနတာကို ေတြ႔ရပါတယ္။ ဒါက ႏုိင္ငံတကာမွာလည္း လက္ယ်ာစြန္း ႏုိင္ငံေရးဘက္ကို ညႊတ္လာတာကို ေတြ႔ရတယ္။ ဥပမာ အေမရိကန္ထရမ့္လိုမ်ဳိးေပါ့။ လက္ယ်ာစြန္းႏုိ္င္ငံေရးဆိုတာ ဘာကိုေျပာလာသလဲဆိုေတာ့ မိမိအုပ္စုကို ပိုၿပီးအေလးေပးလာတယ္။ လူမ်ဳိးေရးသေဘာအရ၊ ဘာသာေရးသေဘာအရ ၾကည့္တယ္။ ေနာက္ၿပီးေတာ့ မိမိတဲ့ မတူတဲ့၊ လူမ်ဳိးဘာသာမတူတဲ့ လူေတြကို ေၾကာက္လန္႔လာတယ္။ အဲဒီအတြက္ စိုးရိမ္လာတယ္။ အဲဒါကို လံုၿခံဳေရးၿခိမ္းေျခာက္မႈ တစ္ခုအေနနဲ႔ ျမင္လာတယ္။ ဒါေတြက လက္ယ်ာစြန္းဝါဒရဲ ႔ သရုပ္လကၡဏာေတြ ျဖစ္ပါတယ္။

အဲဒီဘက္ကို တပ္မေတာ္က ေရြ ႔လ်ားလာတယ္လို႔ ျမင္ရတယ္။ လက္ယ်ာစြန္းႏုိင္ငံေရးနဲ႔ စစ္တပ္နဲ႔ေပါင္းၿပီးဆိုရင္ အႏၱရာယ္ရိွတယ္လို႔ က်ေနာ္ ဒီလိုပဲ နားလည္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ ျမန္မာႏုိင္ငံမွာ လက္ယ်ာစြန္းႏုိင္ငံေရးကို ေရြ ႔လာတယ္ဆိုတာက ဆရာေျပာတာ လူနည္းစုေတာ့ ဟုတ္တာေပါ့ - အမ်ဳိးသားေရး ဘာညာေျပာတယ္။ တပ္မေတာ္လည္း အဲဒီဘက္ကို ပါတယ္လို႔ ဦးတင္ေမာင္သန္းက ယူဆတယ္။ ဒါေပမဲ့ ျမန္မာႏုိင္ငံမွာ ေရြးေကာက္ပြဲမွာ ျပည္သူေတြ အေျမာက္အျမားက ေသာင္ၿပိဳကမ္းၿပိဳ မဲေပးၿပီးေတာ့ အႏုိင္ရခဲ့တဲ့ပါတီမွာ ဒီလိုသေဘာထားမ်ဳိး ရိွတယ္လို႔ ဘယ္လိုခန္႔မွန္းႏိုင္သလဲ။ NLD မွာဆိုိရင္ အခုဆုိရင္ အရင္တုန္းက မပါဝင္ခဲ့တဲ့ မူစလင္အမတ္တခ်ဳိ ႔ေတာင္မွ ပါဝင္လာတာကို ေတြ႔ရတယ္။ သူတုိ႔သေဘာထားေပ်ာ့ေပ်ာင္းမႈကို ျပေနတာလို႔ က်ေနာ္ ထင္ပါတယ္။ ျပည္သူေတြကလည္း သူတုိ႔ကို သေဘာက်လို႔ပဲ ေထာက္ခံခဲ့တာဆုိေတာ့ ျပည္သူလူထုတစ္ရပ္လံုးအေနနဲ႔ အမ်ဳိးသားေရး လက္ယ်ာစြန္းဝါဒဘက္ကို ေရြ ႔ေနတယ္လို႔ ေျပာလို႔မွန္ပါ့မလား။

ေျဖ ။ ။ ဆရာနဲ႔က်ေနာ္ သေဘာတူပါတယ္။ ျပည္သူက မေရြ ႔ပါဘူး။ တပ္မေတာ္က ေရြ ႔တာပါ။ တပ္နဲ႔ပါတီက ေရြ ႔တာပါ။ အဲဒါက ပဋိပကၡရဲ ႔ အေရးႀကီးတဲ့ ဘက္တစ္ဖက္ ျဖစ္ေနပါတယ္။ ပဋိပကၡရဲ ႔ အျခားေသာ ဘက္တစ္ဖက္မွာ အခုေန ဆရာေျပာခဲ့တဲ့ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးကို ေရွ ႔ရႈတဲ့၊ ပိုၿပီးေပ်ာ့ေပ်ာင္းလာတဲ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ျပည္သူေတြ ရိွပါတယ္။ ဒါက အဲဒီပဋိပကၡ တစ္ခုလံုးကိုၾကည့္လိုက္ရင္ စိုးရိမ္စရာ ေကာင္းပါတယ္။ စိုးရိမ္တယ္ဆိုတာက အဲဒါကို ေျပာတာပါ။

ေမး ။ ။ ဒါေပမဲ့ တစ္ဘက္မွာလဲ တပ္မေတာ္က အမ်ဳိးသားေရးလို႔သာ ေျပာေပမယ့္လဲ တိုင္းရင္းသားေတြအေရးမွာေတာ့ သေဘာထားေပ်ာ့ေပ်ာင္းလာတယ္လုိ႔ က်ေနာ္တုိ႔ မယူဆႏုိင္ဘူးလား။ အထူးသျဖင့္ ေရြးေကာက္ပြဲ ျပန္လည္က်င္းပႏုိင္ဖို႔ AA က ေျပာတယ္။ တပ္မေတာ္က ေထာက္ခံတယ္။ အခု အျပင္းအထန္ဆံုး တုိက္ပြဲေတြျဖစ္ေနတဲ့ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ၿငိမ္းေအးသြားတယ္။ ဆိုေတာ့ ဒီဟာကို အေကာင္းျမင္ၿပီးေတာ့ အဲဒီသေဘာထားမ်ဳိး ဟုတ္ပါ့မလားဆိုၿပီး သံသယ ရိွစရာ ျဖစ္မေနဘူးလား။

ေျဖ ။ ။ တိုက္ဆိုင္တာကလဲ ေရြးေကာက္ပြဲၿပီးၿပီခ်င္း ေနာက္တစ္ရက္မွာ AA နဲ႔ ပတ္သက္တဲ့ ေၾကညာခ်က္တစ္ရပ္ တပ္မေတာ္က ထုတ္ျပန္တယ္။ ေနာက္ၿပီးေတာ့ ဝကိုသြားၿပီးေတာ့ ကာကြယ္ေရးဦးစီးခ်ဳပ္က သြားေတြ႔တယ္။ ဒါေတြအားလံုးမွာ အစိုးရအဖြဲ႔နဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သေဘာတူညီၿပီးေတာ့ ဝိုင္းဝန္းေဆာင္ရြက္ၾကတယ္ဆိုရင္ အတိုင္းထက္အလြန္ အင္မတန္ေကာင္းတဲ့ ကိစၥပါ။ ဒါေပမဲ့ အဲဒီလိုမဟုတ္ဘူးဆိုရင္ ဘာေၾကာင့္ ေရြးေကာက္ပြဲၿပီးၿပီခ်င္း ကတိုက္ကရိုက္ႀကီး လုပ္ရတာလဲဆိုတဲ့ အဲဒီလိုေမးခြန္းမ်ဳိး ထုတ္ခဲ့ရင္ေကာ က်ေနာ္တုိ႔ ေမးခြန္းထုတ္ထိုက္တဲ့ အေနအထား ျဖစ္သလား။ မျဖစ္ဘူးလား။ ဒါကိုလဲ ခ်ိန္းရပါတယ္။ သံုးသပ္တဲ့ လူတစ္ေယာက္အေနနဲ႔။ ဆိုေတာ့ ဒါေလးေတြက ဘာေၾကာင့္သြားလဲ။ ဘယ္လိုသြားသလဲ။ ဘယ္လိုရည္ရြယ္ခ်က္လဲ။ က်ေနာ္တို႔ မရွင္းလင္းပါဘူး။ ပြင့္လင္းျမင္သာစြာ ေျပာတာေတြလည္း မၾကားရေသးပါဘူး။

ေမး ။ ။ ဒါေပမဲ့ တပ္မေတာ္အႀကီးအကဲတစ္ေယာက္အေနနဲ႔ အဲဒီလို ခရီးသြားမယ့္ကိစၥေတြမွာ အစိုးရရဲ ႔ သေဘာတူညီခ်က္ ရိွဖို႔လိုတယ္။ ညိွႏိႈင္းဖို႔လိုတယ္ဆိုတဲ့ ျပဌာန္းခ်က္ေသာလည္းေကာင္း၊ အစဥ္အလာေသာလည္းေကာင္း ရိွခဲ့ပါသလား။ ရိွေနသလား။ လိုအပ္ပါသလား။

ေျဖ ။ ။ ႏွစ္ဖြဲ႔ထဲ မေတြ႔ရဘူးလို႔ မဆိုလိုပါဘူး။ ေတြ႔လို႔ရပါတယ္။ ဒါေပမဲ့ အခ်ိန္ကာလအေျခအေန ပဋိပကၡထဲမွာ အင္မတန္ တင္းမာေနတဲ့ အေျခအေနကေနမွ ျဖစ္ေပၚလာေနတာေတြ ဒါေတြက က်ေနာ္တို႔ မစဥ္းစားထိုက္ဘူးလို႔ ဆရာ ထင္ပါသလား။

ေမး ။ ။ တခ်ဳိ ႔က သံုးသပ္ၾကတယ္ တပ္မေတာ္နဲ႔ NLD အစိုးရတို႔ ဆက္ဆံေရးက ၿပီးခဲ့တဲ့ (၅) ႏွစ္ကာလမွာ အေတာ္ေလး အဖုအထစ္ေတြ ရိွခဲ့တယ္။ အဆင္မေျပတာေတြ ရိွခဲ့ေပမယ့္လဲ အခုေနာက္ပိုင္းႏွစ္ေတြမွာ နည္းနည္းေလး ေျပလည္မႈ ရရိွခ်င္တဲ့သေဘာ ရိွလာတယ္လို႔ သံုးသပ္ၾကတယ္။ အဲဒါကို ဆရာ ဘာေျပာလိုပါလဲ။

ေျဖ ။ ။ က်ေနာ္တုိ႔ ေနာက္ဆံုးေတြ႔ရတာကေတာ့ ပင္လံုညီလာခံမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ေျပာသြားတဲ့မိန္႔ခြန္း၊ မ်က္ႏွာအေနအထား၊ မိန္႔ခြန္းေျပာပံုဆိုပံု၊ ေျပာေပါက္ဆိုေပါက္ေတြကို ၾကည့္တဲ့အခါမွာ အားတက္စရာ မေတြ႔ရပါဘူး။

ေမး ။ ။ ဒါေပမဲ့ တပ္မေတာ္က ၿငိမ္းခ်မ္းေရးလုပ္ေဆာင္ဖို႔အတြက္ အခု အထူးၿငိမ္းခ်မ္းေရးအဖြဲ႔တစ္ဖြဲ႔ ဖြဲ႔စည္းခဲ့တယ္။ ဗိုလ္ခ်ဳပ္ႀကီးေတြ ပါဝင္တဲ့အဖြဲ႔ ျဖစ္တယ္။ ဆုိေတာ့ အဲဒီကိစၥကိုေရာ ႀကိဳဆိုစရာ မေကာင္းဘူးလား။ တကယ္ေတာ့ ၿငိမ္းခ်မ္းေရးညီလာခံမွာေတာ့ သူတုိိ႔ ညိွရမွာေပါ့။ သို႔တည္းမဟုတ္ ၿငိမ္းခ်မ္းေရးကို သူ ဦးေအာင္လုပ္မယ္၊ ငါ ဦးေအာင္လုပ္မယ္ဆိုၿပီး လက္ဦးမႈယူၿပီး အၿပိဳင္လုပ္ေနၾကတာလား။ ဆရာ ဘယ္လိုျမင္ပါသလဲ အဲဒီကိစၥကို။

ေျဖ ။ ။ က်ေနာ္လည္း အဲဒီလို ေတြးခ်င္ပါတယ္။ အဲဒီလို ျမင္ခ်င္ပါတယ္။ ဒါေပမဲ့ ၿငိမ္းခ်မ္းေရးလုပ္ေနၾကတဲ့ ပုဂၢိဳလ္ေတြကို အဲဒီလို ေၾကညာခ်က္ထုတ္တာကို ဘယ္လို နားလည္ရမလဲလို႔ ေမးၾကည့္တဲ့အခါမွာ က်ေနာ္တို႔ ဘာမွတံု႔ျပန္ခ်က္ မရပါဘူး။ ဆိုတဲ့အခါၾကေတာ့ အခုန ဆရာေျပာသလိုသာ အင္မတန္ အျပဳသေဘာေဆာင္တဲ့ ေကာင္းတယ္လုိ႔ လုပ္ေဆာင္ေနၾကတဲ့ လူေတြက ျမင္ၾကတယ္ဆုိရင္ က်ေနာ္ အင္မတန္ ဝမ္းသာမွာပါ။ ႀကိဳဆိုမွာပါ။ ဒါေပမဲ့ အဲဒီလို မဟုတ္ဘဲနဲ႔ လုပ္ေဆာင္ေနၾကတဲ့ ပုဂၢိဳလ္ေတြကိုယ္တိုင္က ဒိြဟ ဘာလဲဘယ္လိုလဲ ျဖစ္ေနလို႔ရိွရင္ အဲဒီလို ၿငိမ္းခ်မ္းေရး လုပ္ေဆာင္ဖို႔က သင့္ေတာ္တဲ့ ၿငိမ္းခ်မ္းေရး လုပ္ေဆာင္မႈလို႔ မဟုတ္ဘူးလို႔ ထင္ပါတယ္။ အဲဒီေတာ့ တစ္ခုရိွတယ္ က်ေနာ္တုိ႔က ဒါထက္ပိုၿပီးေတာ့လဲ ခ်ိန္ၾကည့္ဖို႔ လိုလိမ့္မယ္လို႔ ထင္တယ္။ တပ္မေတာ္က ဒီဘက္ပိုင္းမွာ (၂၆၁) အရင္တုန္းက သေဘာမတူဘူး။ အခု (၂၆၁) ကို လုပ္ဖို႔တိုက္တြန္းလာတယ္။ ေနာက္ၿပီးေတာ့ အခ်ဳိးက် ကိုယ္စားျပဳမႈစနစ္ကို လုပ္ဖို႔ ေျပာလာတယ္။ ဒါေတြအားလံုးဟာ အာဏာကို အသြင္ယူျပဳၿပီး ေျပာလာတာ ျဖစ္တယ္လို႔ ေကာက္ခ်က္ခ်လို႔ ရပါတယ္။ အဲဒီလို အာဏာျပဳေရး ယူဖို႔အတြက္ အာဏာတူယူျပဳဖို႔အတြက္ ၿငိမ္းခ်မ္းေရးဟာ သူ႔ရဲ ႔ Legitimacy အခ်က္လို႔ သူ႔မွာ ဒါပဲရိွပါတယ္။ တျခားဘာမွ မရိွပါဘူး။

ေမး ။ ။ ဒါေပမဲ့ က်ေနာ္ေမးခ်င္တာက ၿငိမ္းခ်မ္းေရးလုပ္တယ္ဆုိတာ သူ႔ Legitimacy အတြက္ပဲလုပ္လုပ္၊ ဘယ္သူ႔အတြက္ပဲလုပ္လုပ္ ၿငိမ္းခ်မ္းေရး လုပ္တယ္ဆိုရင္ေတာ့ တကယ့္အေရြ ႔ကို တကယ့္ထိေရာက္မႈကို ၾကည့္ၿပီးေတာ့ လက္ခံသင့္တယ္ မဟုတ္ဘူးလား။

ေျဖ ။ ။ ၿငိမ္းခ်မ္းေရးကို လိုခ်င္လို႔ တကယ္လုပ္တာနဲ႔ အာဏာအတြက္ ၿငိမ္းခ်မ္းေရးကို ဘန္းျပတာက မတူပါဘူး။ ဒီလိုေျပာတဲ့အတြက္ေၾကာင့္မို႔ ဒီေျခလွမ္းေတြ အကုန္လံုးက အဲဒီကို လွမ္းေနတယ္လို႔ က်ေနာ္ စြပ္စြဲတာ မဟုတ္ပါဘူး။ ဒါေပမဲ့ အဲဒီလို ရွင္းရွင္းလင္းလင္း ျမင္ရဖို႔လဲ က်ေနာ္တို႔မွာ အခ်က္အလက္ေတြ မရိွေသးပါဘူး။

ေမး ။ ။ ဒါေပမဲ့ ဒီဟာက သူ႔ႏုိင္ငံေရးအတြက္ သက္သက္မဲ့ ၿငိမ္းခ်မ္းေရးကို ဘန္းျပျခင္းသာ ျဖစ္တယ္။ ၿငိမ္းခ်မ္းေရးကို တကယ္လုပ္မွာ မဟုတ္ဘူးလို႔ ယတိျပတ္ ပယ္ခ်လို႔ေတာ့ မရေသးဘူးေပါ့။

ေျဖ ။ ။ က်ေနာ္တုိ႔ ဘာမွေတာ့ ေျပာလို႔မရေသးပါဘူး။ ၿငိမ္းခ်မ္းေရးအတြက္လဲ ျဖစ္ခ်င္ျဖစ္မယ္။ ၿငိမ္းခ်မ္းေရးကို တဘက္တည္းက ဒါက ေဒၚေအာင္ဆန္းစုၾကည္ လုပ္တာမဟုတ္ဘူး။ က်ေနာ္လုပ္တာ ျဖစ္တယ္ဆိုတယ္ဆုိတာေလးကို ဒီလိုျပခ်င္တဲ့အတြက္ေၾကာင့္ လုပ္သြားတယ္ဆုိလုိ႔ရိွရင္ ၿငိမ္းခ်မ္းေရးရရင္ ေကာင္းပါတယ္။ ဒါေပမဲ့ အဲဒီလို လုပ္ပံုကိုင္ပံုက ယံုၾကည္မႈတစ္ခုလံုးကို ထူေထာင္ဖို႔အတြက္ေတာ့ မဟုတ္ဘူး။ အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ ရိွတယ္။ ညီညႊတ္ေရး၊ တုိင္းျပည္ျပန္လည္ထူေထာင္ေရးမွာ ယံုၾကည္မႈဆိုတာ သိပ္အေရးႀကီးတယ္။

ေမး ။ ။ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဘက္ကေရာ ဘာလုပ္ေပးဖို႔ လိုသလဲ။ အရင္ထက္ပိုၿပီးေတာ့ မဲေတြ အေျမာက္အျမား ႏုိင္လာတဲ့ အဖြဲ႔အစည္း ျဖစ္တယ္။ အစိုးရလည္း ဖြဲ႔စည္းႏုိင္မယ္ဆိုေတာ့ ေအာင္ျမင္တဲ့ အဖြဲ႔အစည္းတစ္ခုအေနနဲ႔ ဒီေနရာမွာ အေလွ်ာ့ေပး ဆက္ဆံတာ၊ ေျပလည္မႈရေအာင္ လုပ္ဖို႔က သူတုိ႔မွာလဲ တာဝန္အမ်ားႀကီး ရိွမယ္လို႔ ထင္ပါတယ္။ အဲဒီေတာ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ဒီအတြက္ အခ်က္ျပလာတာ၊ လုပ္မယ့္အလားအလာ ဘယ္လိုျမင္ရသလဲ။

ေျဖ ။ ။ ေဘးကေန သံုးသပ္တဲ့လူတစ္ေယာက္အေနနဲ႔ ေျပာရရင္ေတာ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွာ ညိွႏိႈင္းေဆြးေႏြးေရး မူဝါဒက အရင္ကလဲရိွတယ္။ အခုလဲ ရိွလိမ့္မယ္လို႔ က်ေနာ္ ထင္ပါတယ္။ တိုင္းရင္းသားေတြနဲ႔ အစိုးရနဲ႔ တပ္မေတာ္နဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကို ပိုၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ လုပ္ႏုိင္လို႔ရိွရင္ ဒါက အားလံုးအတြက္ အင္မတန္ေကာင္းတဲ့ ထြက္ေပါက္ပါပဲ။

ေမး ။ ။ ျဖစ္လာႏုိင္မယ့္ အလားအလာေကာ ျမင္ပါသလား။

ေျဖ ။ ။ ျဖစ္လာႏိုင္မယ့္ အလားအလာ ရိွပါတယ္။ Union Accord ျပည္ေထာင္စု သေဘာတူညီခ်က္ အပိုင္း (၃) မွာလည္း ၂၀၂၀ အလြန္မွာ ေဆာင္ရြက္ဖြယ္ရာ ကိစၥရပ္မ်ားဆိုၿပီး ေဖာ္ထုတ္ထားတာေတြလည္း ရိွပါတယ္။


==Unicode==


ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တာနဲ့ ပတ်သက်ပြီး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြတဲ့လူတွေ အများကြီးရှိသလို၊ တချို့ကလဲ စောင့်ကြည့်ရအုံးမယ်လို့ ယူဆနေကြပြီး၊ ကျန်တချို့ကဆိုရင် စိုးရမ်စရာ အခြေအနေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဒီအထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ NLD ရဲ့ အောင်ပွဲနောက်ပိုင်း ဖြစ်လာနိုင်တဲ့ အလားအလာနဲ့ ပတ်သက်ပြီး ဒေါက်တာတင်မောင်သန်းက သူဘာကြောင့် စိုးရိမ်တယ်ဆိုတာကို အခုလိုစတင်ဖြေပါတယ်။

ဖြေ ။ ။ စိုးရိမ်တာကတော့ ရွေးကောက်ပွဲရလဒ်ကို လက်ခံတယ်လို့ တပ်မတော်ခေါင်းဆောင်က ပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၉၀ ရွေးကောက်ပွဲကို ပြန်ကြည့်ရင်လဲ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘူးလို့ တပ်မတော်က မပြောခဲ့ပါဘူး။ အခြားသောအရွေ့တွေကို ကျနော် ကြည့်တဲ့အခါမှာ ၂၀၁၀ ဦးသိန်းစိန် တက်လာပြီးတဲ့အခါမှာ ယေဘုယျအားဖြင့် ပျော့ပျောင်းတဲ့ လမ်းစဉ်ကို သွားခဲ့တယ်။ အကူးအပြောင်းကို မပြောပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီ အယူအဆ အမျိုးမျိုးရှိတဲ့အထဲမှာ ကျနော့်အနေနဲ့ လက်ခံတာကတော့ အကူးအပြောင်းဟာ အထူးသဖြင့် နိုင်ငံရေးသဘောတူညီမှုတစ်ခု အတိုက်အခံနဲ့ ရယူရတယ်။ ဖွဲ့စည်းပုံတစ်ခုကို အသစ်ဦးတည်ပြီးတော့ သွားရတယ်။ ဒီလိုအချက်တွေရှိမှ အကူးအပြောင်းလို့ ပြောပါတယ်။ ၂၀၁၁ ဦးသိန်းစိန်တက်လာတာက အဖွင့်ကာလကို ဦးတည်တာ ဖြစ်ပါတယ်။ အကူးအပြောင်းလို့ အဲဒီလို ကျနော်က မမြင်ပါဘူး။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာပဲ တပ်မတော်က လုပ်ကိုင်လာပုံတစ်ချို့က သံသယ ဖြစ်စရာတွေ စပြီးရှိလာပါတယ်။

ပထမဦးဆုံး ဦးရွှေမန်းကို ဖြုတ်ချလိုက်တယ်။ ဒါက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတစ်ခုအတွင်းက ပဋိပက္ခလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တပ်မတော်ပါဝင်ဖို့ မလိုပါဘူး။ တပ်မတော်ပါဝင်ခဲ့တယ်လို့ ကြားသိရတယ်။ ဒါက မကောင်းပါဘူး။ တပ်မတော်က နိုင်ငံရေးထဲမှာ မိမိ နိုင်ငံရေးယူဆချက်တွေနဲ့ မတူလို့ရှိရင် ကိုယ်ထူထောင်ထားတဲ့ပါတီ၊ ကိုယ်နဲ့ အင်မတန်မဟာမိတ်အကျဆုံး ပါတီကိုတောင် သည်းမခံဘူးဆိုတာကို ပြပါတယ်။ အဲဒါက နည်းနည်းစိုးရိမ်စရာကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီကတည်းက စပြီးတော့ စိုးရိမ်ပါတယ်။ နောက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးကို ကြည့်လို့ရှိရင် လက်ယျာစွန်း နိုင်ငံရေးကို သွားနေတာကို တွေ့ရပါတယ်။ ဒါက နိုင်ငံတကာမှာလည်း လက်ယျာစွန်း နိုင်ငံရေးဘက်ကို ညွှတ်လာတာကို တွေ့ရတယ်။ ဥပမာ အမေရိကန်ထရမ့်လိုမျိုးပေါ့။ လက်ယျာစွန်းနိုင်ငံရေးဆိုတာ ဘာကိုပြောလာသလဲဆိုတော့ မိမိအုပ်စုကို ပိုပြီးအလေးပေးလာတယ်။ လူမျိုးရေးသဘောအရ၊ ဘာသာရေးသဘောအရ ကြည့်တယ်။ နောက်ပြီးတော့ မိမိတဲ့ မတူတဲ့၊ လူမျိုးဘာသာမတူတဲ့ လူတွေကို ကြောက်လန့်လာတယ်။ အဲဒီအတွက် စိုးရိမ်လာတယ်။ အဲဒါကို လုံခြုံရေးခြိမ်းခြောက်မှု တစ်ခုအနေနဲ့ မြင်လာတယ်။ ဒါတွေက လက်ယျာစွန်းဝါဒရဲ့ သရုပ်လက္ခဏာတွေ ဖြစ်ပါတယ်။

အဲဒီဘက်ကို တပ်မတော်က ရွေ့လျားလာတယ်လို့ မြင်ရတယ်။ လက်ယျာစွန်းနိုင်ငံရေးနဲ့ စစ်တပ်နဲ့ပေါင်းပြီးဆိုရင် အန္တရာယ်ရှိတယ်လို့ ကျနော် ဒီလိုပဲ နားလည်ပါတယ်။

မေး ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်ယျာစွန်းနိုင်ငံရေးကို ရွေ့လာတယ်ဆိုတာက ဆရာပြောတာ လူနည်းစုတော့ ဟုတ်တာပေါ့ - အမျိုးသားရေး ဘာညာပြောတယ်။ တပ်မတော်လည်း အဲဒီဘက်ကို ပါတယ်လို့ ဦးတင်မောင်သန်းက ယူဆတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမှာ ပြည်သူတွေ အမြောက်အမြားက သောင်ပြိုကမ်းပြို မဲပေးပြီးတော့ အနိုင်ရခဲ့တဲ့ပါတီမှာ ဒီလိုသဘောထားမျိုး ရှိတယ်လို့ ဘယ်လိုခန့်မှန်းနိုင်သလဲ။ NLD မှာဆိုရင် အခုဆိုရင် အရင်တုန်းက မပါဝင်ခဲ့တဲ့ မူစလင်အမတ်တချို့တောင်မှ ပါဝင်လာတာကို တွေ့ရတယ်။ သူတို့သဘောထားပျော့ပျောင်းမှုကို ပြနေတာလို့ ကျနော် ထင်ပါတယ်။ ပြည်သူတွေကလည်း သူတို့ကို သဘောကျလို့ပဲ ထောက်ခံခဲ့တာဆိုတော့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ အမျိုးသားရေး လက်ယျာစွန်းဝါဒဘက်ကို ရွေ့နေတယ်လို့ ပြောလို့မှန်ပါ့မလား။

ဖြေ ။ ။ ဆရာနဲ့ကျနော် သဘောတူပါတယ်။ ပြည်သူက မရွေ့ပါဘူး။ တပ်မတော်က ရွေ့တာပါ။ တပ်နဲ့ပါတီက ရွေ့တာပါ။ အဲဒါက ပဋိပက္ခရဲ့ အရေးကြီးတဲ့ ဘက်တစ်ဖက် ဖြစ်နေပါတယ်။ ပဋိပက္ခရဲ့ အခြားသော ဘက်တစ်ဖက်မှာ အခုနေ ဆရာပြောခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုတဲ့၊ ပိုပြီးပျော့ပျောင်းလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူတွေ ရှိပါတယ်။ ဒါက အဲဒီပဋိပက္ခ တစ်ခုလုံးကိုကြည့်လိုက်ရင် စိုးရိမ်စရာ ကောင်းပါတယ်။ စိုးရိမ်တယ်ဆိုတာက အဲဒါကို ပြောတာပါ။

မေး ။ ။ ဒါပေမဲ့ တစ်ဘက်မှာလဲ တပ်မတော်က အမျိုးသားရေးလို့သာ ပြောပေမယ့်လဲ တိုင်းရင်းသားတွေအရေးမှာတော့ သဘောထားပျော့ပျောင်းလာတယ်လို့ ကျနော်တို့ မယူဆနိုင်ဘူးလား။ အထူးသဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ဖို့ AA က ပြောတယ်။ တပ်မတော်က ထောက်ခံတယ်။ အခု အပြင်းအထန်ဆုံး တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ငြိမ်းအေးသွားတယ်။ ဆိုတော့ ဒီဟာကို အကောင်းမြင်ပြီးတော့ အဲဒီသဘောထားမျိုး ဟုတ်ပါ့မလားဆိုပြီး သံသယ ရှိစရာ ဖြစ်မနေဘူးလား။

ဖြေ ။ ။ တိုက်ဆိုင်တာကလဲ ရွေးကောက်ပွဲပြီးပြီချင်း နောက်တစ်ရက်မှာ AA နဲ့ ပတ်သက်တဲ့ ကြေညာချက်တစ်ရပ် တပ်မတော်က ထုတ်ပြန်တယ်။ နောက်ပြီးတော့ ဝကိုသွားပြီးတော့ ကာကွယ်ရေးဦးစီးချုပ်က သွားတွေ့တယ်။ ဒါတွေအားလုံးမှာ အစိုးရအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောတူညီပြီးတော့ ဝိုင်းဝန်းဆောင်ရွက်ကြတယ်ဆိုရင် အတိုင်းထက်အလွန် အင်မတန်ကောင်းတဲ့ ကိစ္စပါ။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘူးဆိုရင် ဘာကြောင့် ရွေးကောက်ပွဲပြီးပြီချင်း ကတိုက်ကရိုက်ကြီး လုပ်ရတာလဲဆိုတဲ့ အဲဒီလိုမေးခွန်းမျိုး ထုတ်ခဲ့ရင်ကော ကျနော်တို့ မေးခွန်းထုတ်ထိုက်တဲ့ အနေအထား ဖြစ်သလား။ မဖြစ်ဘူးလား။ ဒါကိုလဲ ချိန်းရပါတယ်။ သုံးသပ်တဲ့ လူတစ်ယောက်အနေနဲ့။ ဆိုတော့ ဒါလေးတွေက ဘာကြောင့်သွားလဲ။ ဘယ်လိုသွားသလဲ။ ဘယ်လိုရည်ရွယ်ချက်လဲ။ ကျနော်တို့ မရှင်းလင်းပါဘူး။ ပွင့်လင်းမြင်သာစွာ ပြောတာတွေလည်း မကြားရသေးပါဘူး။

မေး ။ ။ ဒါပေမဲ့ တပ်မတော်အကြီးအကဲတစ်ယောက်အနေနဲ့ အဲဒီလို ခရီးသွားမယ့်ကိစ္စတွေမှာ အစိုးရရဲ့ သဘောတူညီချက် ရှိဖို့လိုတယ်။ ညှိနှိုင်းဖို့လိုတယ်ဆိုတဲ့ ပြဌာန်းချက်သောလည်းကောင်း၊ အစဉ်အလာသောလည်းကောင်း ရှိခဲ့ပါသလား။ ရှိနေသလား။ လိုအပ်ပါသလား။

ဖြေ ။ ။ နှစ်ဖွဲ့ထဲ မတွေ့ရဘူးလို့ မဆိုလိုပါဘူး။ တွေ့လို့ရပါတယ်။ ဒါပေမဲ့ အချိန်ကာလအခြေအနေ ပဋိပက္ခထဲမှာ အင်မတန် တင်းမာနေတဲ့ အခြေအနေကနေမှ ဖြစ်ပေါ်လာနေတာတွေ ဒါတွေက ကျနော်တို့ မစဉ်းစားထိုက်ဘူးလို့ ဆရာ ထင်ပါသလား။

မေး ။ ။ တချို့က သုံးသပ်ကြတယ် တပ်မတော်နဲ့ NLD အစိုးရတို့ ဆက်ဆံရေးက ပြီးခဲ့တဲ့ (၅) နှစ်ကာလမှာ အတော်လေး အဖုအထစ်တွေ ရှိခဲ့တယ်။ အဆင်မပြေတာတွေ ရှိခဲ့ပေမယ့်လဲ အခုနောက်ပိုင်းနှစ်တွေမှာ နည်းနည်းလေး ပြေလည်မှု ရရှိချင်တဲ့သဘော ရှိလာတယ်လို့ သုံးသပ်ကြတယ်။ အဲဒါကို ဆရာ ဘာပြောလိုပါလဲ။

ဖြေ ။ ။ ကျနော်တို့ နောက်ဆုံးတွေ့ရတာကတော့ ပင်လုံညီလာခံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောသွားတဲ့မိန့်ခွန်း၊ မျက်နှာအနေအထား၊ မိန့်ခွန်းပြောပုံဆိုပုံ၊ ပြောပေါက်ဆိုပေါက်တွေကို ကြည့်တဲ့အခါမှာ အားတက်စရာ မတွေ့ရပါဘူး။

မေး ။ ။ ဒါပေမဲ့ တပ်မတော်က ငြိမ်းချမ်းရေးလုပ်ဆောင်ဖို့အတွက် အခု အထူးငြိမ်းချမ်းရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့တယ်။ ဗိုလ်ချုပ်ကြီးတွေ ပါဝင်တဲ့အဖွဲ့ ဖြစ်တယ်။ ဆိုတော့ အဲဒီကိစ္စကိုရော ကြိုဆိုစရာ မကောင်းဘူးလား။ တကယ်တော့ ငြိမ်းချမ်းရေးညီလာခံမှာတော့ သူတို့ ညှိရမှာပေါ့။ သို့တည်းမဟုတ် ငြိမ်းချမ်းရေးကို သူ ဦးအောင်လုပ်မယ်၊ ငါ ဦးအောင်လုပ်မယ်ဆိုပြီး လက်ဦးမှုယူပြီး အပြိုင်လုပ်နေကြတာလား။ ဆရာ ဘယ်လိုမြင်ပါသလဲ အဲဒီကိစ္စကို။

ဖြေ ။ ။ ကျနော်လည်း အဲဒီလို တွေးချင်ပါတယ်။ အဲဒီလို မြင်ချင်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးလုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို အဲဒီလို ကြေညာချက်ထုတ်တာကို ဘယ်လို နားလည်ရမလဲလို့ မေးကြည့်တဲ့အခါမှာ ကျနော်တို့ ဘာမှတုံ့ပြန်ချက် မရပါဘူး။ ဆိုတဲ့အခါကြတော့ အခုန ဆရာပြောသလိုသာ အင်မတန် အပြုသဘောဆောင်တဲ့ ကောင်းတယ်လို့ လုပ်ဆောင်နေကြတဲ့ လူတွေက မြင်ကြတယ်ဆိုရင် ကျနော် အင်မတန် ဝမ်းသာမှာပါ။ ကြိုဆိုမှာပါ။ ဒါပေမဲ့ အဲဒီလို မဟုတ်ဘဲနဲ့ လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်က ဒွိဟ ဘာလဲဘယ်လိုလဲ ဖြစ်နေလို့ရှိရင် အဲဒီလို ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့က သင့်တော်တဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်မှုလို့ မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲဒီတော့ တစ်ခုရှိတယ် ကျနော်တို့က ဒါထက်ပိုပြီးတော့လဲ ချိန်ကြည့်ဖို့ လိုလိမ့်မယ်လို့ ထင်တယ်။ တပ်မတော်က ဒီဘက်ပိုင်းမှာ (၂၆၁) အရင်တုန်းက သဘောမတူဘူး။ အခု (၂၆၁) ကို လုပ်ဖို့တိုက်တွန်းလာတယ်။ နောက်ပြီးတော့ အချိုးကျ ကိုယ်စားပြုမှုစနစ်ကို လုပ်ဖို့ ပြောလာတယ်။ ဒါတွေအားလုံးဟာ အာဏာကို အသွင်ယူပြုပြီး ပြောလာတာ ဖြစ်တယ်လို့ ကောက်ချက်ချလို့ ရပါတယ်။ အဲဒီလို အာဏာပြုရေး ယူဖို့အတွက် အာဏာတူယူပြုဖို့အတွက် ငြိမ်းချမ်းရေးဟာ သူ့ရဲ့ Legitimacy အချက်လို့ သူ့မှာ ဒါပဲရှိပါတယ်။ တခြားဘာမှ မရှိပါဘူး။

မေး ။ ။ ဒါပေမဲ့ ကျနော်မေးချင်တာက ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ သူ့ Legitimacy အတွက်ပဲလုပ်လုပ်၊ ဘယ်သူ့အတွက်ပဲလုပ်လုပ် ငြိမ်းချမ်းရေး လုပ်တယ်ဆိုရင်တော့ တကယ့်အရွေ့ကို တကယ့်ထိရောက်မှုကို ကြည့်ပြီးတော့ လက်ခံသင့်တယ် မဟုတ်ဘူးလား။

ဖြေ ။ ။ ငြိမ်းချမ်းရေးကို လိုချင်လို့ တကယ်လုပ်တာနဲ့ အာဏာအတွက် ငြိမ်းချမ်းရေးကို ဘန်းပြတာက မတူပါဘူး။ ဒီလိုပြောတဲ့အတွက်ကြောင့်မို့ ဒီခြေလှမ်းတွေ အကုန်လုံးက အဲဒီကို လှမ်းနေတယ်လို့ ကျနော် စွပ်စွဲတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလို ရှင်းရှင်းလင်းလင်း မြင်ရဖို့လဲ ကျနော်တို့မှာ အချက်အလက်တွေ မရှိသေးပါဘူး။

မေး ။ ။ ဒါပေမဲ့ ဒီဟာက သူ့နိုင်ငံရေးအတွက် သက်သက်မဲ့ ငြိမ်းချမ်းရေးကို ဘန်းပြခြင်းသာ ဖြစ်တယ်။ ငြိမ်းချမ်းရေးကို တကယ်လုပ်မှာ မဟုတ်ဘူးလို့ ယတိပြတ် ပယ်ချလို့တော့ မရသေးဘူးပေါ့။

ဖြေ ။ ။ ကျနော်တို့ ဘာမှတော့ ပြောလို့မရသေးပါဘူး။ ငြိမ်းချမ်းရေးအတွက်လဲ ဖြစ်ချင်ဖြစ်မယ်။ ငြိမ်းချမ်းရေးကို တဘက်တည်းက ဒါက ဒေါ်အောင်ဆန်းစုကြည် လုပ်တာမဟုတ်ဘူး။ ကျနော်လုပ်တာ ဖြစ်တယ်ဆိုတယ်ဆိုတာလေးကို ဒီလိုပြချင်တဲ့အတွက်ကြောင့် လုပ်သွားတယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးရရင် ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်ပုံကိုင်ပုံက ယုံကြည်မှုတစ်ခုလုံးကို ထူထောင်ဖို့အတွက်တော့ မဟုတ်ဘူး။ အရေးကြီးတဲ့ အချက်တစ်ချက် ရှိတယ်။ ညီညွှတ်ရေး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ ယုံကြည်မှုဆိုတာ သိပ်အရေးကြီးတယ်။

မေး ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကရော ဘာလုပ်ပေးဖို့ လိုသလဲ။ အရင်ထက်ပိုပြီးတော့ မဲတွေ အမြောက်အမြား နိုင်လာတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အစိုးရလည်း ဖွဲ့စည်းနိုင်မယ်ဆိုတော့ အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဒီနေရာမှာ အလျှော့ပေး ဆက်ဆံတာ၊ ပြေလည်မှုရအောင် လုပ်ဖို့က သူတို့မှာလဲ တာဝန်အများကြီး ရှိမယ်လို့ ထင်ပါတယ်။ အဲဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီအတွက် အချက်ပြလာတာ၊ လုပ်မယ့်အလားအလာ ဘယ်လိုမြင်ရသလဲ။

ဖြေ ။ ။ ဘေးကနေ သုံးသပ်တဲ့လူတစ်ယောက်အနေနဲ့ ပြောရရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ညှိနှိုင်းဆွေးနွေးရေး မူဝါဒက အရင်ကလဲရှိတယ်။ အခုလဲ ရှိလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ အစိုးရနဲ့ တပ်မတော်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် လုပ်နိုင်လို့ရှိရင် ဒါက အားလုံးအတွက် အင်မတန်ကောင်းတဲ့ ထွက်ပေါက်ပါပဲ။

မေး ။ ။ ဖြစ်လာနိုင်မယ့် အလားအလာကော မြင်ပါသလား။

ဖြေ ။ ။ ဖြစ်လာနိုင်မယ့် အလားအလာ ရှိပါတယ်။ Union Accord ပြည်ထောင်စု သဘောတူညီချက် အပိုင်း (၃) မှာလည်း ၂၀၂၀ အလွန်မှာ ဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်များဆိုပြီး ဖော်ထုတ်ထားတာတွေလည်း ရှိပါတယ်။

XS
SM
MD
LG