သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ႏိုင္ငံေရးသမိုင္း ႏွင့္ ရာျပည့္ရန္ကုန္တကၠသိုလ္


Yangon (Rangoon) University 100 years (photo Phyo Min Thein)
တိုက္႐ိုက္ လင့္ခ္

ႏွစ္ (၁၀၀) ျပည့္ေျမာက္ခဲ့ၿပီျဖစ္တဲ့ ရန္ကုန္တကၠသိုလ္ဟာ ျမန္မာႏုိင္ငံသမိုင္းမွာ ႏုိင္ငံေရးအရ ဘယ္လိုအေရးပါခဲ့သလဲဆိုတဲ့ကိစၥကို ရန္ကုန္တကၠသိုလ္ ျပတိုက္ေဖာ္ေဆာင္ေရး ဦးေဆာင္အဖြဲ႔ဝင္ ဟသၤတတကၠသိုလ္ တာဝန္ခံ၊ ပါေမာကၡခ်ဳပ္ (အၿငိမ္းစား) ဦးခင္ေမာင္ခ်ဳိနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသံုးသပ္ထားပါတယ္။

ေမး ။ ။ ေရွ ႔ဦးစြာ ရန္ကုန္တကၠသိုလ္ျပတိုက္ အဖြဲ႔ဝင္တစ္ဦးအေနနဲ႔ တကၠသိုလ္သမိုင္းကို အပိုင္း (၅) ပိုင္းခြဲၿပီးေတာ့ မွတ္တမ္းတင္ဖို႔ စီစဥ္ေနတဲ့အေၾကာင္း ပါေမာကၡဦးခင္ေမာင္ခ်ဳိက စတင္ရွင္းျပပါတယ္။

ေျဖ ။ ။ က်ေနာ္တုိ႔ ျပတိုက္ကို တကၠသိုလ္ မထူေထာင္မီကာလ ၁၉၂၀ မတုိင္မီ ၁၈၇၈ မွာ ရန္ကုန္ေကာလိပ္စၿပီးေတာ့ သေႏၶတည္တဲ့ကာလ။ အဲဒီကေန ၁၉၂၀ အထိကို ေခတ္ကာလတစ္ခုအေနနဲ႔ ပိုင္းပါမယ္။ တကၠသိုလ္စၿပီးေတာ့ ထူေထာင္တဲ့ကာလ အခ်က္အလက္ေတြ၊ ျဖစ္ရပ္ေတြ အမိန္႔ေၾကာ္ျငာစာေတြ အစရိွသျဖင့္၊ ျပည္သူလူထုရဲ ႔ တကၠသိုလ္ဖြင့္ေပးဖို႔ ေတာင္းဆိုခ်က္ေတြ၊ အဖြဲ႔အစည္းေတြရဲ ႔ ေတာင္းဆိုခ်က္ေတြ အဲဒီအခ်က္အလက္ေတြ အေထာက္အထားေတြ ပါပါမယ္။ ၿပီးေတာ့ ၁၉၂၀ ကေန ၁၉၄၅ အထိ ကာလတစ္ခုပါ။ ေနာက္ ၁၉၄၅ ကေန ၁၉၇၀ အထိကာလ၊ ၁၉၇၀ ကေန ၁၉၉၅ အထိ စိန္ရတုကာလက တစ္ပိုင္းျဖစ္ပါတယ္။ ၁၉၉၅ ကေန ႏွစ္ (၁၀၀) အထိ ဒီေန႔ ျပည့္အခ်ိန္အထိက အပိုင္းတစ္ပိုင္းဆိုေတာ့ အပိုင္းအားျဖင့္ ေခတ္ကာလ (၅) ပိုင္း ပိုင္းၿပီးေတာ့ က်ေနာ္တို႔ ျပတိုက္ကို စီစဥ္ေဆာင္ရြက္ဖို႔ ဆံုးျဖတ္ထားပါတယ္။

ေမး ။ ။ အဲဒါက ေခတ္ကာလအလိုက္ ပိုင္းျခားထားတာ ျဖစ္ပါတယ္။ အေၾကာင္းအရာအားျဖင့္က က်ေနာ္ အခုေဆြးေႏြးခ်င္တဲ့ ႏုိင္ငံေရးပိုင္း၊ ရန္ကုန္တကၠသိုလ္ရဲ ႔ ျမန္မာ့သမိုင္းမွာ အေရးပါတဲ့ ႏုိင္ငံေရးအခန္းက႑ကို ဘယ္ေလာက္အထိ highlight လုပ္ထားပါသလဲ။ သီးျခားေဖာ္ျပဖုိ႔ စီစဥ္ထားတာ ရိွပါသလား။

ေျဖ ။ ။ က်ေနာ္တို႔က ရန္ကုန္တကၠသိုလ္ႀကီး စၿပီးမထူေထာင္ခင္ကတည္းက ကာလာကတၱားတကၠသိုလ္ရဲ ႔ လက္ေအာက္ခံအေနနဲ႔ ရန္ကုန္တကၠသိုလ္က စၿပီးေတာ့ ရိွခဲ့တယ္။ အဲဒီအေနအထားေလးကိုလည္း က်ေနာ္တို႔တုိင္းျပည္မွာ တကၠသိုလ္တစ္ခုျဖစ္ေအာင္ ဆိုၿပီးေတာ့ ႀကိဳးစားတဲ့ကာလမွာ တနည္းအားျဖင့္ေတာ့ ဗမာလူထုရဲ ႔ သေဘာထားဆႏၵေတြ၊ ေတာင္းဆိုခ်က္ေတြ၊ အဖြဲ႔အစည္းေတြရဲ ႔ ေတာင္းဆိုခ်က္ေတြ၊ အဲဒီအခ်က္အလက္ အေထာက္အထားေတြနဲ႔ က်ေနာ္တို႔က တင္ျပမယ့္ကာလ ျဖစ္ပါတယ္။ တခါ တကၠသိုလ္ႀကီး စထူေထာင္တဲ့ ၁၉၂၀ ဒီဇင္ဘာလ (၁) ရက္ေန႔ စၿပီးေတာ့ ဥပေဒျပဌာန္းၿပီးေတာ့ ထူေထာင္လိုက္တဲ့အခ်ိန္မွာ ၁၉၂၀ ဒီဇင္ဘာလ (၅) ရက္ေန႔မွာ ရန္ကုန္တကၠသိုလ္ရဲ ႔ အက္ဥပေဒကို မေက်နပ္လို႔ ပထမဦးဆံုး ေက်ာင္းသားသပိတ္ စတင္ဆင္ႏႊဲခဲ့တယ္။ ဒီလို ၁၉၂၀ ေက်ာင္းဖြင့္ဖြင့္ခ်င္း အမ်ဳိးသားေန႔ႀကီး ေပၚေပါက္လာေစတဲ့ ေက်ာင္းသားသပိတ္ႀကီး ဆင္ႏႊဲၿပီးတဲ့အခါမွာ တစ္ျပည္လံုးမွာ ေက်ာင္းသားသပိတ္ေတြ ေပၚေပါက္လာတယ္။ ေပၚေပါက္လာတဲ့ အတိုင္းအတာေတြကလည္း သူ႔ကာလနဲ႔သူ ျဖစ္လာမယ္။ လြတ္လပ္ေရးသမိုင္းကို မ်ားစြာအေထာက္အကူျပဳခဲ့တဲ့ ေက်ာင္းသားမ်ားရဲ ႔ ႀကိဳးစားေခါင္းေဆာင္ခဲ့တဲ့အပိုင္းလည္း ပါမွာျဖစ္ပါတယ္။ တခါ ၁၉၃၀ နဲ႔ ၁၉၃၁ ေလာက္မွာ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားသမဂၢ စတင္ဖြဲ႔စည္းတဲ့က႑ေတြလည္းပါမွာ ျဖစ္ပါတယ္။

ေမး ။ ။ ဒီေနရာမွာ လြတ္လပ္ေရးရၿပီးေနာက္ပိုင္းမွာ အထူးသျဖင့္ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားသမဂၢထဲကို ျပင္ပႏုိင္ငံေရးဂယက္ေတြ ရိုက္ခတ္လာတယ္။ ျပင္ပႏုိင္ငံေရးပေယာဂေတြ ဝင္ေႏွာက္လာတယ္။ တခ်ဳိ ႔က လက္ဝဲ၊ လက္ယာ စသည္ျဖင့္ တခ်ဳိ ႔က အာဏာရ၊ တခ်ဳိ ႔က အတိုက္အခံ အဲဒီလိုမ်ဳိးေတြ ျဖစ္လာတယ္ဆိုၿပီးေတာ့ သံုးသပ္ေျပာဆိုမႈေတြ ရိွပါတယ္။ ဒီအပိုင္းကို ဆရာတို႔ ဘယ္လိုကိုင္တြယ္္ေဖာ္ျပထားပါသလဲ။

ေျဖ ။ ။ က်ေနာ္တို႔ကေတာ့ က႑စံု ပါဝင္မွာ ျဖစ္တဲ့အတြက္ ေက်ာင္းသားသမဂၢက႑ကလည္း ၁၉၄၅ ကေန ၁၉၇၀ အတြင္းမွာ ပါဝင္မွာ ျဖစ္ပါတယ္။ အဲဒီေတာ့ ၁၉၄၅ စစ္ၿပီးကာလျဖစ္တဲ့အတြက္ တကၠသိုလ္က ျပန္ၿပီးမထူေထာင္ႏိုင္ေသးပါဘူး။ ၾကားျဖတ္တကၠသိုလ္အေနနဲ႔ပဲ ထူေထာင္ခဲ့တယ္။ ၁၉၄၇ ေလာက္မွ အသားျပန္က်ၿပီးေတာ့ ျပန္ထူေထာင္လာတယ္။ အဲဒီေနာက္ပိုင္းမွာ က်ေနာ္တို႔ ေက်ာင္းသားသမဂၢ ေရြးခ်ယ္တင္ေျမွာက္ပြဲေတြ ျပန္ၿပီးေတာ့ စလာတယ္။ ၁၉၆၂ အထိ ေက်ာင္းသားသမဂၢ အဖြဲ႔အစည္းတစ္ခုအေနနဲ႔ ရန္ကုန္တကၠသိုလ္ အဝန္းအဝိုင္းမွာ ရပ္တည္ခဲ့တာကို ေတြ႔ရမွာ ျဖစ္ပါတယ္။ ေက်ာင္းသားေတြရဲ ႔ အသင္းအဖြဲ႔ေတြ။ အခုနလို ေက်ာင္းသားညီညႊတ္ေရးတပ္ဦး၊ ၾကားေနတပ္ဦး၊ သန္႔ရွင္းေက်ာင္းသားအင္အားစု၊ ဒီမိုကရက္တစ္ေက်ာင္းသားမ်ားအဖြဲ႔ခ်ဳပ္။ အရင္တုန္းကေတာ့ DSO ေခၚတာေပါ့။ ေက်ာင္းသားရဲေခါင္အဖြဲ႔တို႔ စတဲ့ ေက်ာင္းသားအဖြဲ႔မ်ားဟာ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားသမဂၢမွာ ဝင္ေရာက္ေရြးခံၿပီးမွ ေက်ာင္းသားအေရးေတြ ေဆာင္ရြက္တယ္လို႔ က်ေနာ္တို႔ နားလည္ပါတယ္။ အဲဒီက႑လည္း ပါဝင္မွာ ျဖစ္ပါတယ္။

ေမး ။ ။ က်ေနာ္ ေမးခ်င္တာက ၁၉၆၂ မွာ စစ္တပ္က အာဏာသိမ္းတာကို ေက်ာင္းသားေတြက အျပင္းအထန္ ကန္႔ကြက္ၾကတယ္။ အဲဒီအတြက္ေၾကာင့္ အာဏာသိမ္းထားတဲ့ ေတာ္လွန္ေရးေကာင္စီ စစ္အုပ္စုက တကၠသိုလ္ဝန္းထဲမွာ ေက်ာင္းသားေတြကို ေသြးေျမက်ေအာင္ ပစ္သတ္ခဲ့တယ္။ သမိုင္းဝင္ တကသ အေဆာက္အဦးႀကီးကိုလည္း ဗုံခြဲဖ်က္ဆီးခဲ့ပါတယ္။ အဲဒီလုပ္ရပ္ေတြကို လုပ္ခဲ့တဲ့ အာဏာပို္င္ေတြဘက္ကေတာ့ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားသမဂၢဟာ ကြန္ျမဴနစ္ေတြရဲ ႔ ေျခကုပ္စခန္း ျဖစ္တယ္အတြက္ေၾကာင့္ ဒီလိုႏိွမ္နင္းေခ်မႈန္းခဲ့တယ္ဆိုၿပီးေတာ့ ေျပာတာကို ၾကားဖူးပါတယ္။ ဒီကိစၥကို ဆရာတို႔ျပတိုက္အေနနဲ႔ ဘယ္လိုကိုင္တြယ္္တင္ျပမယ္လို႔ စီစဥ္ထားပါသလဲ။ ဒီအေထာက္အထားနဲ႔ ပတ္သက္လို႔ ဆရာတို႔ ဘာေတြေတြ႔ရပါသလဲ။

ေျဖ ။ ။ က်ေနာ္တို႔က အခုက ပစၥည္းပစၥယ စုေဆာင္းဆဲကာလဆိုေတာ့ ဒီအေထာက္အထားေတြနဲ႔ ပတ္သက္လို႔ က်ေနာ္တို႔က အိုေဝးမဂၢဇင္းေတြ၊ ေက်ာင္းသားႏွစ္လည္ မဂၢဇင္းေတြထဲကေန ျပန္လည္ရွာေဖြၿပီးေတာ့ ေသခ်ာမွတ္တမ္းေတြနဲ႔ ျပဳစုၿပီးေတာ့မွ ဒါကိုတင္ျပဖို႔ လိုပါတယ္။ ေနာက္ သက္ရိွထင္ရွား က်န္ေနေသးတဲ့ အဲဒီေခတ္ကာလကို မီွလိုက္တဲ့ ေက်ာင္းသားေခါင္းေဆာင္ေတြကိုလည္း ေမးျမန္းၿပီးေတာ့မွ မွတ္တမ္းတင္ရမွာ ျဖစ္ပါတယ္။ အခုထက္ထိေတာ့ လက္ရိွျပတိုက္အေနအထားကလည္း ကိုဗစ္ကာလ ဘာညာအတားအဆီးေတြနဲ႔ လုပ္စရာေတြလည္း ေရွ ႔ပိုင္းမွာ ပစၥည္းစုေဆာင္းဆဲကာလ ျဖစ္တဲ့အတြက္ အတိအက် က်ေနာ္တို႔က ေဖာ္ျပႏုိင္ျခင္း မရိွေသးပါဘူး။

ေမး ။ ။ ဒီ ၁၉၆၂ ေနာက္ပိုင္း က်ေနာ္တို႔ေတြ တကၠသိုလ္ ေရာက္လာတဲ့ေခတ္ ျဖစ္လာၿပီဆိုေတာ့ အဲဒီေခတ္ေရာက္ေတာ့ ေက်ာင္းသားသမဂၢဆိုတာ ေပၚေပၚထင္ထင္ မရိွေတာ့ပါဘူး။ ဖြဲ႔စည္းခြင့္လည္း မရေတာ့ပါဘူး။ ဒါေပမဲ့ ဒီမွာ ဘြားကနဲ ေပၚေပါက္လာတာကေတာ့ ၈၈ အေရးအခင္းကာလ အႀကိဳမွာ ျဖစ္ပါတယ္။ ဆိုေတာ့ အဲဒီကာလလႈပ္ရွားမႈကို ဆရာတို႔ မွတ္တမ္းတင္ဖို႔ အစီအစဥ္ ရိွပါသလား။

ေျဖ ။ ။ က်ေနာ္တို႔ တကၠသိုလ္ႀကီး ျဖတ္သန္းခဲ့တဲ့ ကာလတစ္ခုလံုးမွာေတာ့ သူ႔က႑နဲ႔သူကေတာ့ ၈၈ မွာ ေက်ာင္းသားေတြ ပါဝင္ခဲ့တဲ့ကာလ ရိွပါတယ္။ ဒါက အားလံုးသိတဲ့အတိုင္း အဲဒီမွာ အေထာက္အထားေတြ ဓါတ္ပံုေတြကအစ က်ေနာ္တို႔ သူ႔က႑နဲ႔သူ က႑စံုေအာင္ေတာင္ က်ေနာ္တို႔ စုေဆာင္းမွာ ျဖစ္ပါတယ္။ အဲဒီအေထာက္အထားေတြ၊ အခ်က္အလက္ေတြကေတာ့ ျပတိုက္ကို လာေရာက္လွဳဒါန္းမွသာ က်ေနာ္တိုိ႔ ရရိွမွာ ျဖစ္သလို၊ က်ေနာ္တို႔ကိုယ္တုိင္လည္း ျပတိုက္အဖြဲ႔ဝင္ေတြလည္း လိုက္လံစုေဆာင္း ရွာေဖြၾကရမွာ ျဖစ္ပါတယ္။ ၁၉၈၈ အခ်ိန္မွာလည္း စိန္ရတုကာလ၊ ေရႊရတုနဲ႔ စိန္ရတုၾကားကာလ ျဖစ္ခဲ့တဲ့ ျဖစ္စဥ္ႀကီးတစ္ခု။ ႏုိင္ငံေတာ္ရဲ ႔ သမိုင္းမွာလည္း ထူးျခားတဲ့ ျဖစ္စဥ္ႀကီးတစ္ခုျဖစ္တဲ့အတြက္ သူလည္း က႑တစ္ခုအေနနဲ႔ ပါဝင္မွာ ျဖစ္ပါတယ္။

ေမး ။ ။ ေနာက္တစ္ခု က်ေနာ္ေမးခ်င္တာက အခုလက္ရိွ ၈၈ လြန္လာၿပီးေနာက္ အထူးသျဖင့္ အခုျပည္သူလူထု ေရြးေကာက္တင္ေျမွာက္ခဲ့တဲ့ အစိုးရ တက္လာတဲ့ေခတ္မွာ ေက်ာင္းသားသမဂၢေတြလည္း ရိွပါတယ္။ အစိုးရကလည္း အသိအမွတ္ ျပဳမယ္လို႔ ထင္ပါတယ္။ ဒီ ေက်ာင္းသားသမဂၢေတြရဲ ႔ အခန္းက႑ ဘယ္လိုရိွတယ္လို႔ ဆရာ သံုးသပ္မိပါသလဲ။ ဘယ္လိုျဖစ္သင့္သလဲ။

ေျဖ ။ ။ ပါတီစံု ေရြးေကာက္ပြဲ လုပ္လိုက္ၿပီးေတာ့ ေရြးေကာက္ပြဲနဲ႔ ႏုိင္ငံေတာ္အစိုးရကို စတင္ဖြဲ႔စည္းလာၿပီ။ ဖြဲ႔စည္းလာတဲ့အခါမွာ ၂၀၁၀ ကေန ၂၀၁၅ (၅) နွစ္တာကာလ အခ်ိန္ေလာက္ကစၿပီး ေက်ာင္းသားသမဂၢေတြ ျပန္လည္ၿပီးေတာ့ ဖြဲ႔စည္းခြင့္ျပဳလာတာကို ေတြ႔ရပါတယ္။ က်န္တဲ့ တကၠသိုလ္က႑ေတြအေလ်ာက္လည္း ၁၉၉၅ ကေန တစ္ရာအတြင္းမွာ ေဆာင္ရြက္ခဲ့တဲ့ အခန္းက႑ေတြကလည္း ေပါင္းစံုရိွေတာ့ ဒီက႑ေတြနဲ႔အတူ ဒီၾကားထဲမွာ ဖြဲ႔စည္းၿပီးတဲ့ အခ်ိန္ေနာက္ပိုင္းမွာ ေက်ာင္းသားသမဂၢေတြရဲ ႔ ဖြဲ႔စည္းလႈပ္ရွားပံု အတိုင္းအတာေတြကို ဆရာတို႔ ျမင္ေတြ႔ရတဲ့အတုိင္းပဲ သမိုင္းအခ်က္အလက္ေတြအရ တခ်ဳိ ႔အခ်က္အလက္ေတြမွာလဲ ထူးျခားမႈေတြ ေတြ႔ရတယ္။ ေနာက္ ပညာေရးနဲ႔ ပတ္သက္ၿပီးေတာ့ တိုးတက္ဖြံ႔ၿဖိဳးေအာင္ လုပ္ခ်င္တဲ့ စိတ္ဆႏၵေတြ ျပင္းျပတာေတြ ေတြ႔ရတယ္။ ေက်ာင္းသားသမဂၢေတြက အဓိကအားျဖင့္ေတာ့ တကၠသိုလ္ရဲ ႔ ပညာေရးကို အဆင့္ျမင့္ျမင့္နဲ႔ သင္ၾကားသင္ယူလိုခ်င္ၾကတဲ့ဆိုတဲ့ စိတ္ဆႏၵကို ေတြ႔ရတယ္။ ဒါေၾကာင့္ အခုေရြးခ်ယ္တင္ေျမွာက္ခံထားရတဲ့ အစိုးရကိုယ္တိုင္ကလည္း ပညာေရးဝန္ႀကီးကိုယ္တိုင္ မိန္႔ၾကားသလို ရန္ကုန္တကၠသိုလ္ႀကီးကို ဒီအေတာအတြင္းေလးမွာ အဆင့္ တစ္ေသာင္းသံုးေထာင္ေက်ာ္ကေန အဆင့္ ခုႏွစ္ေထာင္ေက်ာ္အထိ အဆင့္ ငါးရာေလာက္ကို ေက်ာ္ျဖတ္ၿပီး တုိးျမွင့္လာခဲ့တယ္။ ဒါကိုလဲ ေက်ာင္းသားသမဂၢအဖြဲ႔အစည္းေတြကလည္း သူတုိ႔လိုခ်င္တဲ့ ဆႏၵနဲ႔ က်ေနာ္တို႔ ႏုိင္ငံေတာ္အစိုးရ လုပ္ေနတဲ့ သေဘာထားေတြနဲ႔ ကိုက္ညီတယ္လို႔ က်ေနာ့္အေနနဲ႔ ရႈျမင္သံုးသပ္ပါတယ္။

ေမး ။ ။ ဟိုေခတ္တုန္းက တကၠသိုလ္ဆိုတာ ကိုယ္ပိုင္စီမံအုပ္ခ်ဳပ္ ဖန္တီးခြင့္ ရိွခဲ့တယ္။ ပညာသင္ၾကားမႈ လြတ္လပ္ခြင့္ေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ပိုၿပီးေတာ့ ရိွခဲ့တယ္။ ဆိုေတာ့ အခုအခါမွာေကာ အဲဒီလိုအဆင့္မ်ဳိး ျပန္ေရာက္ႏုိင္မယ္ ထင္ပါသလား။

ေျဖ ။ ။ အခုပဲ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ဳိးသိမ္းႀကီးရဲ ႔ မိန္႔ခြန္းကို နားေထာင္လိုက္ရပါတယ္။ နားေထာင္လိုက္တဲ့အခါမွာ ဒီအခ်က္ကို autonomy ေပးဖို႔ ရန္ကုန္တကၠသိုလ္ကို နမူနာထားၿပီးေတာ့ က်န္တဲ့တကၠသိုလ္ေတြအတြက္ပါ သူတို႔ေတြ ၾသဂုတ္လက ဝန္ႀကီးအဖြဲ႔အစည္းအေဝးမွာ ဆံုးျဖတ္ခ်က္ခ်ၿပီးၿပီလို႔ က်ေနာ္တို႔ ေတြ႔ရပါတယ္။ ေမွ်ာ္လင့္ထားၿပီး ျဖစ္ပါတယ္။ ေက်ာင္းသားေက်ာင္းသူမ်ားနဲ႔ ျပည္သူလူထု ေက်ာင္းသားမိဘမ်ားအားလံုးကလည္း ေမွ်ာ္လင့္ေနပါတယ္။

ေမး ။ ။ ဆိုေတာ့ အခု ဆရာတို႔ျပတိုက္ထူေထာင္လိုက္တဲ့အတြက္ တခ်ိန္က အာရွမွာ အင္မတန္ ဂုဏ္သတင္းေမႊးပ်ံခဲ့တဲ့ ရန္ကုန္တကၠသိုလ္ႀကီး က်ဆင္းခဲ့ရတဲ့ သင္ခန္းစာကို ေနာင္လာေနာင္သားေတြ သင္ယူႏုိ္င္ေအာင္ဆိုၿပီးေတာ့ အဲဒီျပတိုက္က စြမ္းေဆာင္ႏိုင္လိမ့္မယ္ ထင္ပါသလား။

ေျဖ ။ ။ က်ေနာ့္အျမင္ကေတာ့ ရန္ကုန္တကၠသိုလ္က ႏွစ္ (၁၀၀) ျပည့္တဲ့အခ်ိန္မွာ ျပတိုက္ႀကီးတစ္ခု ေပၚထြက္လာခဲ့ၿပီေပါ့။ အထဲမွာ ထည့္ရတဲ့ စုေဆာင္းထားတဲ့ ပစၥည္းေတြ မစံုလင္ေသးေပမယ့္လဲ အခုန ဆရာေျပာျပသလိုပဲ ေနာင္လာေနာင္သားေတြ အားလံုးသင္ခန္းစာယူႏိုင္ဖို႔၊ ဒီေပၚမွာ မူတည္ၿပီးေတာ့မွ အားထုတ္ႀကိဳးပမ္းႏိုင္ဖို႔အတြက္ ဒီျပတိုက္ႀကီးက အေကာင္းဆံုးအက်ဳိးျပဳလိမ့္မယ္လို႔ ယံုၾကည္ပါတယ္။ ရန္ကုန္တကၠသိုလ္ႀကီးကလည္း အခု ႏွစ္ (၁၀၀) ကေန ေနာင္ႏွစ္ေပါင္းမ်ားစြာ ဆက္လက္တည္တန္႔ၿပီး ကမာၻ႔အဆင့္ကို အဆင့္ ခုႏွစ္ေထာင္ေက်ာ္ကေန ဒီထက္တုိးျမွင့္ၿပီးေတာ့ အဆင့္ေတြ ျမင့္တက္လာလိမ့္မယ္လို႔ ယံုၾကည္ပါတယ္။ ဒီအတြက္ကို က်ေနာ္တို႔ ျပတိုက္က မ်ားစြာအေထာက္အကူ ျပဳမယ္လို႔လည္း က်ေနာ္ ေလးေလးနက္နက္ ယံုၾကည္ပါတယ္။ ျပတိုက္ေကာ္မတီတစ္ခုလံုးကလည္း ယံုၾကည္ေမွ်ာ္လင့္ၿပီး ဒီလုပ္ငန္းကို ႀကိဳးစားေဆာင္ရြက္ေနၾကပါတယ္။


==Unicode==

နှစ် (၁၀၀) ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံသမိုင်းမှာ နိုင်ငံရေးအရ ဘယ်လိုအရေးပါခဲ့သလဲဆိုတဲ့ကိစ္စကို ရန်ကုန်တက္ကသိုလ် ပြတိုက်ဖော်ဆောင်ရေး ဦးဆောင်အဖွဲ့ဝင် ဟင်္သတတက္ကသိုလ် တာဝန်ခံ၊ ပါမောက္ခချုပ် (အငြိမ်းစား) ဦးခင်မောင်ချိုနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ရှေ့ဦးစွာ ရန်ကုန်တက္ကသိုလ်ပြတိုက် အဖွဲ့ဝင်တစ်ဦးအနေနဲ့ တက္ကသိုလ်သမိုင်းကို အပိုင်း (၅) ပိုင်းခွဲပြီးတော့ မှတ်တမ်းတင်ဖို့ စီစဉ်နေတဲ့အကြောင်း ပါမောက္ခဦးခင်မောင်ချိုက စတင်ရှင်းပြပါတယ်။

ဖြေ ။ ။ ကျနော်တို့ ပြတိုက်ကို တက္ကသိုလ် မထူထောင်မီကာလ ၁၉၂၀ မတိုင်မီ ၁၈၇၈ မှာ ရန်ကုန်ကောလိပ်စပြီးတော့ သန္ဓေတည်တဲ့ကာလ။ အဲဒီကနေ ၁၉၂၀ အထိကို ခေတ်ကာလတစ်ခုအနေနဲ့ ပိုင်းပါမယ်။ တက္ကသိုလ်စပြီးတော့ ထူထောင်တဲ့ကာလ အချက်အလက်တွေ၊ ဖြစ်ရပ်တွေ အမိန့်ကြော်ငြာစာတွေ အစရှိသဖြင့်၊ ပြည်သူလူထုရဲ့ တက္ကသိုလ်ဖွင့်ပေးဖို့ တောင်းဆိုချက်တွေ၊ အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေ အဲဒီအချက်အလက်တွေ အထောက်အထားတွေ ပါပါမယ်။ ပြီးတော့ ၁၉၂၀ ကနေ ၁၉၄၅ အထိ ကာလတစ်ခုပါ။ နောက် ၁၉၄၅ ကနေ ၁၉၇၀ အထိကာလ၊ ၁၉၇၀ ကနေ ၁၉၉၅ အထိ စိန်ရတုကာလက တစ်ပိုင်းဖြစ်ပါတယ်။ ၁၉၉၅ ကနေ နှစ် (၁၀၀) အထိ ဒီနေ့ ပြည့်အချိန်အထိက အပိုင်းတစ်ပိုင်းဆိုတော့ အပိုင်းအားဖြင့် ခေတ်ကာလ (၅) ပိုင်း ပိုင်းပြီးတော့ ကျနော်တို့ ပြတိုက်ကို စီစဉ်ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။

မေး ။ ။ အဲဒါက ခေတ်ကာလအလိုက် ပိုင်းခြားထားတာ ဖြစ်ပါတယ်။ အကြောင်းအရာအားဖြင့်က ကျနော် အခုဆွေးနွေးချင်တဲ့ နိုင်ငံရေးပိုင်း၊ ရန်ကုန်တက္ကသိုလ်ရဲ့ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ဘယ်လောက်အထိ highlight လုပ်ထားပါသလဲ။ သီးခြားဖော်ပြဖို့ စီစဉ်ထားတာ ရှိပါသလား။

ဖြေ ။ ။ ကျနော်တို့က ရန်ကုန်တက္ကသိုလ်ကြီး စပြီးမထူထောင်ခင်ကတည်းက ကာလာကတ္တားတက္ကသိုလ်ရဲ့ လက်အောက်ခံအနေနဲ့ ရန်ကုန်တက္ကသိုလ်က စပြီးတော့ ရှိခဲ့တယ်။ အဲဒီအနေအထားလေးကိုလည်း ကျနော်တို့တိုင်းပြည်မှာ တက္ကသိုလ်တစ်ခုဖြစ်အောင် ဆိုပြီးတော့ ကြိုးစားတဲ့ကာလမှာ တနည်းအားဖြင့်တော့ ဗမာလူထုရဲ့ သဘောထားဆန္ဒတွေ၊ တောင်းဆိုချက်တွေ၊ အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေ၊ အဲဒီအချက်အလက် အထောက်အထားတွေနဲ့ ကျနော်တို့က တင်ပြမယ့်ကာလ ဖြစ်ပါတယ်။ တခါ တက္ကသိုလ်ကြီး စထူထောင်တဲ့ ၁၉၂၀ ဒီဇင်ဘာလ (၁) ရက်နေ့ စပြီးတော့ ဥပဒေပြဌာန်းပြီးတော့ ထူထောင်လိုက်တဲ့အချိန်မှာ ၁၉၂၀ ဒီဇင်ဘာလ (၅) ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ရဲ့ အက်ဥပဒေကို မကျေနပ်လို့ ပထမဦးဆုံး ကျောင်းသားသပိတ် စတင်ဆင်နွှဲခဲ့တယ်။ ဒီလို ၁၉၂၀ ကျောင်းဖွင့်ဖွင့်ချင်း အမျိုးသားနေ့ကြီး ပေါ်ပေါက်လာစေတဲ့ ကျောင်းသားသပိတ်ကြီး ဆင်နွှဲပြီးတဲ့အခါမှာ တစ်ပြည်လုံးမှာ ကျောင်းသားသပိတ်တွေ ပေါ်ပေါက်လာတယ်။ ပေါ်ပေါက်လာတဲ့ အတိုင်းအတာတွေကလည်း သူ့ကာလနဲ့သူ ဖြစ်လာမယ်။ လွတ်လပ်ရေးသမိုင်းကို များစွာအထောက်အကူပြုခဲ့တဲ့ ကျောင်းသားများရဲ့ ကြိုးစားခေါင်းဆောင်ခဲ့တဲ့အပိုင်းလည်း ပါမှာဖြစ်ပါတယ်။ တခါ ၁၉၃၀ နဲ့ ၁၉၃၁ လောက်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ စတင်ဖွဲ့စည်းတဲ့ကဏ္ဍတွေလည်းပါမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒီနေရာမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ အထူးသဖြင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂထဲကို ပြင်ပနိုင်ငံရေးဂယက်တွေ ရိုက်ခတ်လာတယ်။ ပြင်ပနိုင်ငံရေးပယောဂတွေ ဝင်နှောက်လာတယ်။ တချို့က လက်ဝဲ၊ လက်ယာ စသည်ဖြင့် တချို့က အာဏာရ၊ တချို့က အတိုက်အခံ အဲဒီလိုမျိုးတွေ ဖြစ်လာတယ်ဆိုပြီးတော့ သုံးသပ်ပြောဆိုမှုတွေ ရှိပါတယ်။ ဒီအပိုင်းကို ဆရာတို့ ဘယ်လိုကိုင်တွယ်ဖော်ပြထားပါသလဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ ကဏ္ဍစုံ ပါဝင်မှာ ဖြစ်တဲ့အတွက် ကျောင်းသားသမဂ္ဂကဏ္ဍကလည်း ၁၉၄၅ ကနေ ၁၉၇၀ အတွင်းမှာ ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ၁၉၄၅ စစ်ပြီးကာလဖြစ်တဲ့အတွက် တက္ကသိုလ်က ပြန်ပြီးမထူထောင်နိုင်သေးပါဘူး။ ကြားဖြတ်တက္ကသိုလ်အနေနဲ့ပဲ ထူထောင်ခဲ့တယ်။ ၁၉၄၇ လောက်မှ အသားပြန်ကျပြီးတော့ ပြန်ထူထောင်လာတယ်။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့ ကျောင်းသားသမဂ္ဂ ရွေးချယ်တင်မြှောက်ပွဲတွေ ပြန်ပြီးတော့ စလာတယ်။ ၁၉၆၂ အထိ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတစ်ခုအနေနဲ့ ရန်ကုန်တက္ကသိုလ် အဝန်းအဝိုင်းမှာ ရပ်တည်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ အသင်းအဖွဲ့တွေ။ အခုနလို ကျောင်းသားညီညွှတ်ရေးတပ်ဦး၊ ကြားနေတပ်ဦး၊ သန့်ရှင်းကျောင်းသားအင်အားစု၊ ဒီမိုကရက်တစ်ကျောင်းသားများအဖွဲ့ချုပ်။ အရင်တုန်းကတော့ DSO ခေါ်တာပေါ့။ ကျောင်းသားရဲခေါင်အဖွဲ့တို့ စတဲ့ ကျောင်းသားအဖွဲ့များဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ ဝင်ရောက်ရွေးခံပြီးမှ ကျောင်းသားအရေးတွေ ဆောင်ရွက်တယ်လို့ ကျနော်တို့ နားလည်ပါတယ်။ အဲဒီကဏ္ဍလည်း ပါဝင်မှာ ဖြစ်ပါတယ်။

မေး ။ ။ ကျနော် မေးချင်တာက ၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းတာကို ကျောင်းသားတွေက အပြင်းအထန် ကန့်ကွက်ကြတယ်။ အဲဒီအတွက်ကြောင့် အာဏာသိမ်းထားတဲ့ တော်လှန်ရေးကောင်စီ စစ်အုပ်စုက တက္ကသိုလ်ဝန်းထဲမှာ ကျောင်းသားတွေကို သွေးမြေကျအောင် ပစ်သတ်ခဲ့တယ်။ သမိုင်းဝင် တကသ အဆောက်အဦးကြီးကိုလည်း ဗုံခွဲဖျက်ဆီးခဲ့ပါတယ်။ အဲဒီလုပ်ရပ်တွေကို လုပ်ခဲ့တဲ့ အာဏာပိုင်တွေဘက်ကတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂဟာ ကွန်မြူနစ်တွေရဲ့ ခြေကုပ်စခန်း ဖြစ်တယ်အတွက်ကြောင့် ဒီလိုနှိမ်နင်းချေမှုန်းခဲ့တယ်ဆိုပြီးတော့ ပြောတာကို ကြားဖူးပါတယ်။ ဒီကိစ္စကို ဆရာတို့ပြတိုက်အနေနဲ့ ဘယ်လိုကိုင်တွယ်တင်ပြမယ်လို့ စီစဉ်ထားပါသလဲ။ ဒီအထောက်အထားနဲ့ ပတ်သက်လို့ ဆရာတို့ ဘာတွေတွေ့ရပါသလဲ။

ဖြေ ။ ။ ကျနော်တို့က အခုက ပစ္စည်းပစ္စယ စုဆောင်းဆဲကာလဆိုတော့ ဒီအထောက်အထားတွေနဲ့ ပတ်သက်လို့ ကျနော်တို့က အိုဝေးမဂ္ဂဇင်းတွေ၊ ကျောင်းသားနှစ်လည် မဂ္ဂဇင်းတွေထဲကနေ ပြန်လည်ရှာဖွေပြီးတော့ သေချာမှတ်တမ်းတွေနဲ့ ပြုစုပြီးတော့မှ ဒါကိုတင်ပြဖို့ လိုပါတယ်။ နောက် သက်ရှိထင်ရှား ကျန်နေသေးတဲ့ အဲဒီခေတ်ကာလကို မှီလိုက်တဲ့ ကျောင်းသားခေါင်းဆောင်တွေကိုလည်း မေးမြန်းပြီးတော့မှ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ အခုထက်ထိတော့ လက်ရှိပြတိုက်အနေအထားကလည်း ကိုဗစ်ကာလ ဘာညာအတားအဆီးတွေနဲ့ လုပ်စရာတွေလည်း ရှေ့ပိုင်းမှာ ပစ္စည်းစုဆောင်းဆဲကာလ ဖြစ်တဲ့အတွက် အတိအကျ ကျနော်တို့က ဖော်ပြနိုင်ခြင်း မရှိသေးပါဘူး။

မေး ။ ။ ဒီ ၁၉၆၂ နောက်ပိုင်း ကျနော်တို့တွေ တက္ကသိုလ် ရောက်လာတဲ့ခေတ် ဖြစ်လာပြီဆိုတော့ အဲဒီခေတ်ရောက်တော့ ကျောင်းသားသမဂ္ဂဆိုတာ ပေါ်ပေါ်ထင်ထင် မရှိတော့ပါဘူး။ ဖွဲ့စည်းခွင့်လည်း မရတော့ပါဘူး။ ဒါပေမဲ့ ဒီမှာ ဘွားကနဲ ပေါ်ပေါက်လာတာကတော့ ၈၈ အရေးအခင်းကာလ အကြိုမှာ ဖြစ်ပါတယ်။ ဆိုတော့ အဲဒီကာလလှုပ်ရှားမှုကို ဆရာတို့ မှတ်တမ်းတင်ဖို့ အစီအစဉ် ရှိပါသလား။

ဖြေ ။ ။ ကျနော်တို့ တက္ကသိုလ်ကြီး ဖြတ်သန်းခဲ့တဲ့ ကာလတစ်ခုလုံးမှာတော့ သူ့ကဏ္ဍနဲ့သူကတော့ ၈၈ မှာ ကျောင်းသားတွေ ပါဝင်ခဲ့တဲ့ကာလ ရှိပါတယ်။ ဒါက အားလုံးသိတဲ့အတိုင်း အဲဒီမှာ အထောက်အထားတွေ ဓါတ်ပုံတွေကအစ ကျနော်တို့ သူ့ကဏ္ဍနဲ့သူ ကဏ္ဍစုံအောင်တောင် ကျနော်တို့ စုဆောင်းမှာ ဖြစ်ပါတယ်။ အဲဒီအထောက်အထားတွေ၊ အချက်အလက်တွေကတော့ ပြတိုက်ကို လာရောက်လှုဒါန်းမှသာ ကျနော်တို့ ရရှိမှာ ဖြစ်သလို၊ ကျနော်တို့ကိုယ်တိုင်လည်း ပြတိုက်အဖွဲ့ဝင်တွေလည်း လိုက်လံစုဆောင်း ရှာဖွေကြရမှာ ဖြစ်ပါတယ်။ ၁၉၈၈ အချိန်မှာလည်း စိန်ရတုကာလ၊ ရွှေရတုနဲ့ စိန်ရတုကြားကာလ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကြီးတစ်ခု။ နိုင်ငံတော်ရဲ့ သမိုင်းမှာလည်း ထူးခြားတဲ့ ဖြစ်စဉ်ကြီးတစ်ခုဖြစ်တဲ့အတွက် သူလည်း ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်မှာ ဖြစ်ပါတယ်။

မေး ။ ။ နောက်တစ်ခု ကျနော်မေးချင်တာက အခုလက်ရှိ ၈၈ လွန်လာပြီးနောက် အထူးသဖြင့် အခုပြည်သူလူထု ရွေးကောက်တင်မြှောက်ခဲ့တဲ့ အစိုးရ တက်လာတဲ့ခေတ်မှာ ကျောင်းသားသမဂ္ဂတွေလည်း ရှိပါတယ်။ အစိုးရကလည်း အသိအမှတ် ပြုမယ်လို့ ထင်ပါတယ်။ ဒီ ကျောင်းသားသမဂ္ဂတွေရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိတယ်လို့ ဆရာ သုံးသပ်မိပါသလဲ။ ဘယ်လိုဖြစ်သင့်သလဲ။

ဖြေ ။ ။ ပါတီစုံ ရွေးကောက်ပွဲ လုပ်လိုက်ပြီးတော့ ရွေးကောက်ပွဲနဲ့ နိုင်ငံတော်အစိုးရကို စတင်ဖွဲ့စည်းလာပြီ။ ဖွဲ့စည်းလာတဲ့အခါမှာ ၂၀၁၀ ကနေ ၂၀၁၅ (၅) နှစ်တာကာလ အချိန်လောက်ကစပြီး ကျောင်းသားသမဂ္ဂတွေ ပြန်လည်ပြီးတော့ ဖွဲ့စည်းခွင့်ပြုလာတာကို တွေ့ရပါတယ်။ ကျန်တဲ့ တက္ကသိုလ်ကဏ္ဍတွေအလျောက်လည်း ၁၉၉၅ ကနေ တစ်ရာအတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ အခန်းကဏ္ဍတွေကလည်း ပေါင်းစုံရှိတော့ ဒီကဏ္ဍတွေနဲ့အတူ ဒီကြားထဲမှာ ဖွဲ့စည်းပြီးတဲ့ အချိန်နောက်ပိုင်းမှာ ကျောင်းသားသမဂ္ဂတွေရဲ့ ဖွဲ့စည်းလှုပ်ရှားပုံ အတိုင်းအတာတွေကို ဆရာတို့ မြင်တွေ့ရတဲ့အတိုင်းပဲ သမိုင်းအချက်အလက်တွေအရ တချို့အချက်အလက်တွေမှာလဲ ထူးခြားမှုတွေ တွေ့ရတယ်။ နောက် ပညာရေးနဲ့ ပတ်သက်ပြီးတော့ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ချင်တဲ့ စိတ်ဆန္ဒတွေ ပြင်းပြတာတွေ တွေ့ရတယ်။ ကျောင်းသားသမဂ္ဂတွေက အဓိကအားဖြင့်တော့ တက္ကသိုလ်ရဲ့ ပညာရေးကို အဆင့်မြင့်မြင့်နဲ့ သင်ကြားသင်ယူလိုချင်ကြတဲ့ဆိုတဲ့ စိတ်ဆန္ဒကို တွေ့ရတယ်။ ဒါကြောင့် အခုရွေးချယ်တင်မြှောက်ခံထားရတဲ့ အစိုးရကိုယ်တိုင်ကလည်း ပညာရေးဝန်ကြီးကိုယ်တိုင် မိန့်ကြားသလို ရန်ကုန်တက္ကသိုလ်ကြီးကို ဒီအတောအတွင်းလေးမှာ အဆင့် တစ်သောင်းသုံးထောင်ကျော်ကနေ အဆင့် ခုနှစ်ထောင်ကျော်အထိ အဆင့် ငါးရာလောက်ကို ကျော်ဖြတ်ပြီး တိုးမြှင့်လာခဲ့တယ်။ ဒါကိုလဲ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေကလည်း သူတို့လိုချင်တဲ့ ဆန္ဒနဲ့ ကျနော်တို့ နိုင်ငံတော်အစိုးရ လုပ်နေတဲ့ သဘောထားတွေနဲ့ ကိုက်ညီတယ်လို့ ကျနော့်အနေနဲ့ ရှုမြင်သုံးသပ်ပါတယ်။

မေး ။ ။ ဟိုခေတ်တုန်းက တက္ကသိုလ်ဆိုတာ ကိုယ်ပိုင်စီမံအုပ်ချုပ် ဖန်တီးခွင့် ရှိခဲ့တယ်။ ပညာသင်ကြားမှု လွတ်လပ်ခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ပိုပြီးတော့ ရှိခဲ့တယ်။ ဆိုတော့ အခုအခါမှာကော အဲဒီလိုအဆင့်မျိုး ပြန်ရောက်နိုင်မယ် ထင်ပါသလား။

ဖြေ ။ ။ အခုပဲ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့ မိန့်ခွန်းကို နားထောင်လိုက်ရပါတယ်။ နားထောင်လိုက်တဲ့အခါမှာ ဒီအချက်ကို autonomy ပေးဖို့ ရန်ကုန်တက္ကသိုလ်ကို နမူနာထားပြီးတော့ ကျန်တဲ့တက္ကသိုလ်တွေအတွက်ပါ သူတို့တွေ သြဂုတ်လက ဝန်ကြီးအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချပြီးပြီလို့ ကျနော်တို့ တွေ့ရပါတယ်။ မျှော်လင့်ထားပြီး ဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူများနဲ့ ပြည်သူလူထု ကျောင်းသားမိဘများအားလုံးကလည်း မျှော်လင့်နေပါတယ်။

မေး ။ ။ ဆိုတော့ အခု ဆရာတို့ပြတိုက်ထူထောင်လိုက်တဲ့အတွက် တချိန်က အာရှမှာ အင်မတန် ဂုဏ်သတင်းမွှေးပျံခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီး ကျဆင်းခဲ့ရတဲ့ သင်ခန်းစာကို နောင်လာနောင်သားတွေ သင်ယူနိုင်အောင်ဆိုပြီးတော့ အဲဒီပြတိုက်က စွမ်းဆောင်နိုင်လိမ့်မယ် ထင်ပါသလား။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ ရန်ကုန်တက္ကသိုလ်က နှစ် (၁၀၀) ပြည့်တဲ့အချိန်မှာ ပြတိုက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီပေါ့။ အထဲမှာ ထည့်ရတဲ့ စုဆောင်းထားတဲ့ ပစ္စည်းတွေ မစုံလင်သေးပေမယ့်လဲ အခုန ဆရာပြောပြသလိုပဲ နောင်လာနောင်သားတွေ အားလုံးသင်ခန်းစာယူနိုင်ဖို့၊ ဒီပေါ်မှာ မူတည်ပြီးတော့မှ အားထုတ်ကြိုးပမ်းနိုင်ဖို့အတွက် ဒီပြတိုက်ကြီးက အကောင်းဆုံးအကျိုးပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးကလည်း အခု နှစ် (၁၀၀) ကနေ နောင်နှစ်ပေါင်းများစွာ ဆက်လက်တည်တန့်ပြီး ကမ္ဘာ့အဆင့်ကို အဆင့် ခုနှစ်ထောင်ကျော်ကနေ ဒီထက်တိုးမြှင့်ပြီးတော့ အဆင့်တွေ မြင့်တက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီအတွက်ကို ကျနော်တို့ ပြတိုက်က များစွာအထောက်အကူ ပြုမယ်လို့လည်း ကျနော် လေးလေးနက်နက် ယုံကြည်ပါတယ်။ ပြတိုက်ကော်မတီတစ်ခုလုံးကလည်း ယုံကြည်မျှော်လင့်ပြီး ဒီလုပ်ငန်းကို ကြိုးစားဆောင်ရွက်နေကြပါတယ်။

XS
SM
MD
LG