သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တကၠသိုလ္ အဆင္႔ျမွင္႔တင္ေရး အတိုင္ပင္ခံ ပုဂၢိဳလ္ေျပာၾကား


(Zawgyi/Unicode)

အရင္က အာရွအဆင့္မွာထိပ္တန္းမွာ ရပ္တည္ခဲ့ဖူးတဲ့ ရန္ကုန္တကၠသိုလ္ကို ျပန္လည္အဆင့္ျမႇင့္တင္နိုင္ဖို႔အတြက္ ကိုယ္ပိုင္စီမံခန္႔ ခြဲခြင့္ရတဲ့တကၠသိုလ္ (Autonomous University) ျဖစ္ေစဖို႔ ရည္မွန္းခ်က္ထား ေဆာင္ရြက္ေနတယ္လို႔ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

“ဒါေၾကာင့္ ရန္ကုန္တကၠသိုလ္ရာျပည့္ကာလမွာ သာမက ေရွ႕ဆက္ၿပီးေတာ့လည္း ရန္ကုန္တကၠသိုလ္အဆင့္ျမွင့္တင္ေရးကို အထူးအေလးေပးရမွာျဖစ္ပါတယ္။ ဒီလိုလုပ္ငန္းစဥ္ေတြကို ခိုင္ခိုင္မာမာေဆာင္ရြက္ႏိုင္ဖို႔အအတြက္ လုပ္ငန္းေကာ္မတီေတြ၊ လုပ္ငန္းအဖြဲ႔ေတြဖြဲ႔စည္းၿပီး မဟာစီမံကိန္း (Master Plan) တခု ေရးဆြဲအေကာင္အထည္ေဖာ္ေနၿပီျဖစ္ပါတယ္။ ရန္ကုန္တကၠသိုလ္ကို ကိုယ္ကိုင္စီမံခန္႔ခြဲခြင့္ရတဲ့ တကၠသိုလ္ (Autonomous University) ျဖစ္ေစဖို႔ ရန္မွန္းခ်က္ထား ေဆာင္ရြက္္ေနတာျဖစ္ပါတယ္။

သင္ရိးုညႊန္းတမ္းေတြကို ေျပာင္းလဲေနတဲ့ ကမာၻေျမၾကီးနဲ႔ လိုက္ေလ်ာညီေထြျဖစ္ၿပီး ႏိုင္ငံေတာ္ရဲ႕ လိုအပ္ခ်က္ေတြနဲ႔အအညီ ျပန္လည္ဆန္းစစ္ၿပီး မြမ္းမံျပင္ဆင္သြားမယ္။”

၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၁ ရက္ေန႔မွာက်ေရာက္တဲ့ ရန္ကုန္တကၠသိုလ္ ႏွစ္ ၁၀၀ ျပည့္ ရာျပည့္သဘင္ အထိမ္းအမွတ္ အခမ္းအနား အတြက္ ဗီဒီယိုကတဆင့္ ဂုဏ္ျပဳစကား ေျပာၾကားခ်ိန္မွာ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အခုလို ေျပာသြား တာ ျဖစ္ပါတယ္။

နိုင္ငံ ေခတ္မီဖို႔နဲ႔ ေဒသတြင္းနဲ႔ နိုင္ငံတကာမွာ သိကၡာရွိတဲ့ နိုင္ငံတစ္နိုင္ငံ ျဖစ္ဖို႔က သယံဇာတေတြအေပၚ မွီခိုေနလို႔မရဘဲ ပညာ၊ ဉာဏ္၊ အေတြးအေခၚ နဲ႔ ျပည့္စုံတဲ့ လူသား အရင္းအျမစ္ေတြနဲ႔ တည္ေဆာက္မွ ေရရွည္တည္တံ့တဲ့ ဖြံ့ၿဖိဳးတိုးတက္မႈ ရွိမယ္လို႔လည္း ေျပာပါ တယ္။

တိုင္းရင္းသားေတြၾကား ယုံမွား သံသယ ကင္းတဲ့ ဒီမိုကေရစီနိုင္ငံနဲ႔ ဖက္ဒရယ္ျပည္ေထာင္စု ျဖစ္ေပၚလာဖို႔နဲ႔ ပညာရည္ ျပည့္ဝၿပီး အျမင္က်ယ္ သေဘာထား ႀကီးတဲ့ လူ႔ အသိုင္းအဝိုင္း ေပၚထြက္လာရဖို႔ ပညာေရး က႑မွာ ဦးစားေပးရတာလို႔လည္း ေျပာပါတယ္။

ရန္ကုန္ တကၠသိုလ္ဟာ သမိုင္းရဲ့ ေတာင္းဆိုမႈအရ ျမန္မာ့ ပညာေရး၊ နိုင္ငံေရးနဲ႔ လြတ္လပ္ေရးတို႔အတြက္ ဆုံမွတ္တစ္ခု ျဖစ္တယ္လို႔ လည္း ေျပာပါတယ္။

ျမန္မာ့ လြတ္လပ္ေရးမွာ ပါဝင္ခဲ့တဲ့ ရန္ကုန္ တကၠသိုလ္ေက်ာင္းသားေတြရဲ့ အခန္း က႑ကို အေလးေပး ေျပာဆိုသြားခဲ့ေပမယ့္ ၁၉၈၈ ခုႏွစ္နဲ႔ တစ္ျခား ဒီမိုကေရစီ ေတာင္းဆို တိုက္ပြဲဝင္မႈေတြကိုေတာ့ ထည့္သြင္း ေျပာၾကားျခင္း မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္


.................

ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြား

(Unicode)

အရင်က အာရှအဆင့်မှာထိပ်တန်းမှာ ရပ်တည်ခဲ့ဖူးတဲ့ရန်ကုန်တက္ကသိုလ်ကို ပြန်လည်အဆင့်မြှင့်တင်နိုင်ဖို့အတွက် ကိုယ်ပိုင်စီမံခန့် ခွဲခွင့်ရတဲ့တက္ကသိုလ် (Autonomous University) ဖြစ်စေဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဒါကြောင့် ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလမှာ သာမက ရှေ့ဆက်ပြီးတော့လည်း ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေးကို အထူးအလေးပေးရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာဆောင်ရွက်နိုင်ဖို့အအတွက် လုပ်ငန်းကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေဖွဲ့စည်းပြီး မဟာစီမံကိန်း (Master Plan) တခု ရေးဆွဲအကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ကိုယ်ကိုင်စီမံခန့်ခွဲခွင့်ရတဲ့ တက္ကသိုလ် (Autonomous University) ဖြစ်စေဖို့ ရန်မှန်းချက်ထား ဆောင်ရွက်နေတာဖြစ်ပါတယ်။

သင်ရိးုညွှန်းတမ်းတွေကို ပြောင်းလဲနေတဲ့ ကမ္ဘာမြေကြီးနဲ့ လိုက်လျောညီထွေဖြစ်ပြီး နိုင်ငံတော်ရဲ့ လိုအပ်ချက်တွေနဲ့အအညီ ပြန်လည်ဆန်းစစ်ပြီး မွမ်းမံပြင်ဆင်သွားမယ်။”

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာကျရောက်တဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် အခမ်းအနား အတွက် ဗီဒီယိုကတဆင့် ဂုဏ်ပြုစကား ပြောကြားချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွား တာ ဖြစ်ပါတယ်။

နိုင်ငံ ခေတ်မီဖို့နဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ သိက္ခာရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ဖို့က သယံဇာတတွေအပေါ် မှီခိုနေလို့မရဘဲ ပညာ၊ ဉာဏ်၊ အတွေးအခေါ် နဲ့ ပြည့်စုံတဲ့ လူသား အရင်းအမြစ်တွေနဲ့ တည်ဆောက်မှ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိမယ်လို့လည်း ပြောပါ တယ်။

တိုင်းရင်းသားတွေကြား ယုံမှား သံသယ ကင်းတဲ့ ဒီမိုကရေစီနိုင်ငံနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာဖို့နဲ့ ပညာရည် ပြည့်ဝပြီး အမြင်ကျယ် သဘောထား ကြီးတဲ့ လူ့ အသိုင်းအဝိုင်း ပေါ်ထွက်လာရဖို့ ပညာရေး ကဏ္ဍမှာ ဦးစားပေးရတာလို့လည်း ပြောပါတယ်။

ရန်ကုန် တက္ကသိုလ်ဟာ သမိုင်းရဲ့ တောင်းဆိုမှုအရ မြန်မာ့ ပညာရေး၊ နိုင်ငံရေးနဲ့ လွတ်လပ်ရေးတို့အတွက် ဆုံမှတ်တစ်ခု ဖြစ်တယ်လို့ လည်း ပြောပါတယ်။

မြန်မာ့ လွတ်လပ်ရေးမှာ ပါဝင်ခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကျောင်းသားတွေရဲ့ အခန်း ကဏ္ဍကို အလေးပေး ပြောဆိုသွားခဲ့ပေမယ့် ၁၉၈၈ ခုနှစ်နဲ့ တစ်ခြား ဒီမိုကရေစီ တောင်းဆို တိုက်ပွဲဝင်မှုတွေကိုတော့ ထည့်သွင်း ပြောကြားခြင်း မရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG