သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုိဟင္ဂ်ာဒုကၡသည္ေတြ ေဆာင္းတြင္းအတြက္ အခက္ႀကံဳ


(Zawgyi/Unicode)

ဒုကၡသည္သိန္းခ်ီ ခိုလႈံေနထိုင္တဲ့ ဘဂၤလားေဒ့ရွ္က ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲမွာ ျပင္းထန္တဲ့ရာသီဥတု ေဆာင္းအေအးဒဏ္ခံႏိုင္ေရး ဒုကၡသည္ေတြ ျပင္ဆင္ေနၾကသလို-စုၿပဳံ ေနထိုင္ေနၾကရတဲ့မိသားစုေတြၾကား အႏၲရာယ္ရွိတဲ့ အေျခအေနေတြအေၾကာင္း မဆုမြန္ စုစည္းတင္ျပေပးခ်င္ပါတယ္။

ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ကေန ထြက္ေျပးတိမ္းေရွာင္လာတဲ့ သိန္းခ်ီတဲ့႐ိုဟင္ဂ်ာဒုကၡသည္ေတြ ခိုလႈံေနထိုင္ေနတဲ့ ဘဂၤလားေဒ့ရွ္ ေကာ့ဇ္ဘဇားက ႐ိုဟင္ဂ်ာစခန္း ၃၀ေက်ာ္မွာ ဒုကၡသည္ေတြ ေန႔စဥ္စားနပ္ရိကၡာ၊ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ ေနထိုင္ေရး၊ လံုျခံဳေရးအတြက္ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြဘက္က တာဝန္ယူေဆာင္႐ြက္ေပးေနတာျဖစ္ပါတယ္။ ဒါေပမဲ့ လူဦးေရ ထူထပ္မ်ားျပားလြန္းလွတဲ့အတြက္ ရိုဟင္ဂ်ာစခန္းေတြထဲမွာ အထူးသျဖင့္ေသာက္သံုးေရ အမႈိက္သန္႔ရွင္းေရး၊ မိလႅာစနစ္နဲ႔ ရာသီဥတုအလိုက္ လံုျခံဳစိတ္ခ်စြာေနထိုင္ႏုိင္ေရးမွာေတာ့ ႔ ရိုဟင္ဂ်ာဒုကၡသည္ေတြဟာ အခက္အခဲမ်ားစြာနဲ႔ ရင္ဆိုင္ေနၾကရတာပါ။

မိသားစုမ်ားျပားတဲ့ အိမ္ေထာင္စုေတြ ျပြတ္သိပ္-စုျပံဳေနရတဲ့အတြက္ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ေနထိုင္မႈစနစ္ မဟုတ္လို႔ အခက္အခဲမ်ားစြာ ၾကံဳေနၾကရတာလို႔ ကုတုပေလာင္ဒုကၡသည္စခန္း အမွတ္(၇)မွာေနထိုင္တဲ့ ေစတနာ့ဝန္ထမ္း ရိုဟင္ဂ်ာ ဒုကၡသည္တဦးျဖစ္တဲ့ ဦးေအာင္ၿမိဳင္ကေျပာျပပါတယ္။

" ဒီမွာ စခန္းစုစုေပါင္းက (၃၄) ခုရွိတယ္။ အဲ့ဒီ့စခန္း ၃၄ခုမွာ စခန္းတာဝန္ခံဆိုၿပီး အစိုးရကေန လူ၁ေယာက္စီ ခ်ေပးထားတာရွိတယ္။ သူက စခန္းကို စီမံခန္႔ခြဲတဲ့ အုပ္ခ်ဳပ္ေရးမွဴးေပါ့ေနာ္။သန္႔ရွင္းပိုင္းက အရမ္းကို အားနည္းခ်က္ရွိပါတယ္။ သူတို႔ NGO၊ INGO ေတြဘက္ကေတာ့ လုပ္ေနပါတယ္။ ဒါေပမဲ့ လုပ္ေနတာက လံုေလာက္မႈ မရွိတာေပါ့ေနာ္။ ဒီမွာလူဦးေရက အရမ္းမ်ားတယ္ဆိုေတာ့ သူတို႔ဘက္ကလည္း လံုလံုေလာက္ေလာက္ မလုပ္ေပးႏုိင္ပါဘူး။ ေလာေလာဆယ္ ေရအခက္အခဲျဖစ္ေနတာလည္းရွိတယ္။ ေနာက္ အမိႈက္ပစ္တဲ့စနစ္ကိုလည္း ေသေသခ်ာခ်ာ လုပ္တာမေတြ႔ပါဘူး။ ေနာက္ ကိုဗစ္စည္းမ်ဥ္းစည္းကမ္းအတြက္ဆိုၿပီး ဆပ္ျပာတို႔ဘာတို႔ေဝတာလည္း လူစုလူေဝးနဲ႔ေဝေနတာေတြကို က်ေနာ္တို႔ေတြ႔ေနရတယ္။ ၿပီးေတာ့ Shelter အတြက္ ဝါးတို႔ဘာတို႔ ထုတ္ေပးတဲ့ အခ်ိန္မွာလည္း လူစုလူေဝးနဲ႔ေပးတယ္။ ဒီမွာက ကိုဗစ္စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ လုပ္ေနတာဆိုလို႔ WFP Distribution Point တခုပဲရွိပါတယ္။"

အခုေဆာင္းရာသီဝင္လာခ်ိန္ မိုးရာသီတုန္းက မုန္တုိင္းဒဏ္ခံခဲ့ရတဲ့ ဒုကၡသည္စခန္းထဲက တဲအိမ္ေလးေတြကို ရာသီဥတုေအးတဲ့ဒဏ္ခံႏုိင္ေအာင္ Shelter ေတြ ေဆာက္ဖို႔ စတင္ျပင္ဆင္ေနၾကၿပီလို႔လည္း ဦးေအာင္ၿမိဳင္ကေျပာျပပါတယ္။

"Shelter ျပႆနာက အမ်ားၾကီးပါ ဒီ Shelter ျပႆနာကို ဒုကၡသည္ေတြ ေအာ္ေနတာ ၾကာလွၿပီ။ က်ေနာ္တို႔စခန္း အတုိင္းအတာနဲ႔ေျပာမယ္ဆိုရင္ ဒုကၡသည္ေပါင္း ၄ေသာင္းရွိတယ္။ Shelterက ၁ေသာင္းေလာက္ပဲရွိတယ္။တျခားလူေတြအတြက္ လံုလံုေလာက္ေလာက္ ေဆာက္ေပးတာမရွိဘူး။ အခုေတာ့ ဝါးတို႔ဘာတို႔ ေဆာက္ဖို႔ထုတ္ေပးတယ္ အခုထုတ္ေပးေနတာပါ။စခန္းအလိုက္ ဝါးလံုးအၾကီးေတြ ဝါးလံုးေသးေသးေလးေတြထုတ္ေပးေနတယ္ ဒါေပမဲ့ အဆင္မေျပပါဘူး နည္းနည္းပဲ အဆင္ေျပတာပါ။ အမ်ားၾကီးအဆင္မေျပဘူး အမိုးအကာလည္းမေပးဘူး။တဲေတြေဆာက္ေပးမယ္ အလုပ္သမားလည္း လုပ္ေပးမယ္ဆိုရင္ အဆင္ေျပမွာပါ ဒုကၡသည္ေတြမွာက ပိုက္ဆံလည္း မရွိဘူးေလ။ ေဆာင္းရာသီအတြက္ အဆင္သင့္လုပ္ထားရမွာပါ။”

ႏွစ္ခ်ီေနထိုင္လာၾကရတဲ့ ရိုဟင္ဂ်ာဒုကၡသည္စခန္းတြင္းက ယာယီတဲအိမ္ေလးေတြ အေဆာက္အဦးေတြဟာ ခိုင္ခန္႔မႈ အားနည္းလာတဲ့အတြက္ ကေလးငယ္ေတြ သက္ၾကီးရြယ္အိုေတြနဲ႔ ကိုယ္ဝန္ေဆာင္မိခင္ေတြ အပါအဝင္ ဒုကၡသည္ေတြ လံုျခံဳစြာေနထိုင္ႏုိင္ေရး ဒုကၡသည္ေတြဘက္က စိုးရိမ္ေနၾကတယ္လို႔ ဘာလုခါလီဒုကၡသည္စခန္း အမွတ္ ၉ မွာေနတဲ့ ရိုဟင္ဂ်ာဒုကၡသည္ ဦးအီစလံေခၚ ဦးေက်ာ္ျမင့္ကေျပာျပပါတယ္။

"ေကာ့ဇ္ဘဇားဧရိယာမွာ ေနထုိင္တဲ့ ရိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ အရင္က ေဆာက္လုပ္ေပးထားတဲ့ Shelter ေတြ တဲအိမ္ေတြကို ျပန္ၿပီးျပဳျပင္ေဆာက္လုပ္ေပးတာ မရွိေသးပါဘူးခင္ဗ်။အခု ေဆာင္းရာသီလည္းေရာက္လာၿပီဆိုေတာ့ ေဆာင္းအေအးဒဏ္ကိုလည္း ခံေနၾကရပါတယ္။ ဒုကၡသည္ေတြ လံုျခံဳမႈရွိေအာင္ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ကုလသမဂၢ ဒုကၡသည္မ်ားဆုိင္ရာ မဟာမင္းၾကီးရံုး UNHCR ေနာက္ IOM ရွိတယ္ ကုလသမဂၢလက္ေအာက္ခံ အဖြဲ႔အစည္းေတြ အမ်ားၾကီးရွိပါတယ္ခင္ဗ်။ သူတို႔အေနနဲ႔ က်ေနာ္တို႔ေတြ ေဆာင္းဒဏ္ကေန လြတ္ေျမာက္ႏိုင္ေအာင္ ေရာဂါေတြကိုလည္း ကာကြယ္ႏိုင္ေအာင္ ဒီပ်က္စီးေနတဲ့ တဲအိမ္ေလးေတြကို ျပန္ေဆာက္လုပ္ေပးဖို႔ က်ေနာ္တို႔က ေတာင္းဆိုခ်င္ပါတယ္။"

ႏိုဝင္ဘာလ ၃၀ရက္ေန႔က ေနအိမ္အတြက္ လိုအပ္တဲ့ တာတမံဖို႔ဖို႔ ေျမၾကီးသြားတူးရင္း ေျမၾကိဳက်လို႔ ဒုကၡသည္ ၂ဦးေသဆံုးၿပီး တဦးဒဏ္ရာအျပင္းထန္ရခဲ့တဲ့အေပၚ အခုလိုစခန္းတြင္း ရာသီဥတုေဘး မုန္တုိင္းေဘး ေျမၿပိဳက်မႈနဲ႔ မေတာ္တဆထိခိုက္မႈေတြျဖစ္ပြားေနတဲ့အေပၚ ဒုကၡသည္ေတြလံုျခံဳေရး ပိုကာကြယ္ေပးေစခ်င္ပါတယ္လို႔ ဦးေအာင္ၿမိဳင္ကေျပာပါတယ္။

"စခန္းအမွတ္ ၂ အေရွ႕မွာပါ။အမ်ိဳးသမီးေတြေပါ့ေနာ္ သူတို႔က ေျမသြားယူၾကတာ။ အဲ့ဒီ့အခ်ိန္မွာ ေျမၿပိဳၿပီးေတာ့ သူတို႔ေအာက္ကိုက်သြားတယ္။ ၂ေယာက္ဆံုးတယ္ ၃၀ႏွစ္တေယာက္ ၇ႏွစ္တေယာက္ ခ်က္ျခင္းေသသြားတယ္ ေျမၾကီးက သူတို႔အိမ္အတြက္ လိုတာပါေလ။ဒီမွာ Protection အမ်ားၾကီးလိုတယ္ အမ်ိဳးသမီးနဲ႔ကေလးငယ္ေတြအတြက္ အရမ္းလိုတယ္ ဒီမွာ ေရနစ္ၿပီးလည္းေသၾကတယ္။ကုတုပေလာင္နဲ႔ ဘာလုခါေလ ၾကား ေခ်ာင္းရွိတ

ယ္ေလ အဲ့မွာလည္း ကေလးေတြ ေသၾကတာ အမ်ားၾကီးပဲ ေနာက္ ေျမၿပိဳၿပီးေသဆံုးၾကတာလည္း မၾကာခဏျဖစ္တယ္။"

ကုိအီစလံကလည္း သဘာဝေဘးအႏၱရာယ္ေတြေၾကာင့္ မၾကာခဏ ကေလးသူငယ္ေတြ အသက္ဆံုးပါးရတဲ့အေျခအေနအေပၚ သူ႔စိုးရိမ္ခ်က္ေျပာျပပါတယ္။

" ဒီကုတုပေလာင္ဒုကၡသည္စခန္း အမွတ္(၂)မွာ ေျမၿပိဳက်ၿပီးေတာ့ ၂ဦးေသဆံုးတယ္ ေနာက္တဦးကေတာ့ အသက္ရွင္ကယ္တင္ႏုိင္ခဲ့ပါတယ္။ ဒုကၡသည္စခန္းမွာကေလးသူငယ္ေတြဒီလိုသဘာဝေဘးအႏၱရာယ္ေၾကာင့္ ေသဆံုးတာတို႔ အမ်ားအျပားေတြ႔ရွိရပါတယ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔က အင္မတန္မွ စိုးရိမ္ၾကပါတယ္ ကေလးသူငယ္ေတြေသဆံုးေနရတာကို။"

ရိုဟင္ဂ်ာေတြ ဘဂၤလားေဒရွ္႕ဘက္ ခုိလံႈေနရတာ သံုးႏွစ္ေက်ာ္လာၿပီ ျဖစ္ေပမယ့္ သူတို႔ ဌာေနျပန္ႏုိင္မယ့္ အေျခအေနမ်ိဳး ျမန္မာဘက္က ဖန္တီးမေပးတာေၾကာင့္ တဦးတေယာက္မွ ျပန္မပို႔ႏုိင္ေသးဘူးလို႔ ဘဂၤလားေဒရွ္႕ ႏုိင္ငံျခားေရး၀န္ႀကီး က ဘဂၤလားေဒရွ္႕ဆုိင္ရာ ဆြိဒင္နဲ႔ေနာ္ေဝ သံအမတ္သစ္ေတြနဲ႔ေတြ႔ဆုံခ်ိန္ႏိုဝင္ဘာလ ေနာက္ဆံုးပတ္ကပဲေျပာဆိုထားတာပါ။ ရိုဟင္ဂ်ာဆိုတဲ့အသံုးကိုလက္ခံမထားတဲ့ျမန္မာအစိုးရဘက္ကေတာ့ ဒုကၡသည္ေတြ ျပန္လည္လက္ခံေရး သေဘာတူညီမႈေတြအတိုင္း ေဆာင္ရြက္သြားမယ္လို႔ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

............

ရိုဟင်ဂျာဒုက္ခသည်တွေ ဆောင်းတွင်းအတွက် အခက်ကြုံ
(Unicode)

ဒုက္ခသည်သိန်းချီ ခိုလှုံနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ ပြင်းထန်တဲ့ရာသီဥတု ဆောင်းအအေးဒဏ်ခံနိုင်ရေး ဒုက္ခသည်တွေ ပြင်ဆင်နေကြသလို-စုပြုံ နေထိုင်နေကြရတဲ့မိသားစုတွေကြား အန္တရာယ်ရှိတဲ့ အခြေအနေတွေအကြောင်း မဆုမွန် စုစည်းတင်ပြပေးချင်ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ သိန်းချီတဲ့ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားက ရိုဟင်ဂျာစခန်း ၃၀ကျော်မှာ ဒုက္ခသည်တွေ နေ့စဉ်စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နေထိုင်ရေး၊ လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဘက်က တာဝန်ယူဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ လူဦးရေ ထူထပ်များပြားလွန်းလှတဲ့အတွက် ရိုဟင်ဂျာစခန်းတွေထဲမှာ အထူးသဖြင့်သောက်သုံးရေ အမှိုက်သန့်ရှင်းရေး၊ မိလ္လာစနစ်နဲ့ ရာသီဥတုအလိုက် လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးမှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရတာပါ။

မိသားစုများပြားတဲ့ အိမ်ထောင်စုတွေ ပြွတ်သိပ်-စုပြုံနေရတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေထိုင်မှုစနစ် မဟုတ်လို့ အခက်အခဲများစွာ ကြုံနေကြရတာလို့ ကုတုပလောင်ဒုက္ခသည်စခန်း အမှတ်(၇)မှာနေထိုင်တဲ့ စေတနာ့ဝန်ထမ်း ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးအောင်မြိုင်ကပြောပြပါတယ်။

" ဒီမှာ စခန်းစုစုပေါင်းက (၃၄) ခုရှိတယ်။ အဲ့ဒီ့စခန်း ၃၄ခုမှာ စခန်းတာဝန်ခံဆိုပြီး အစိုးရကနေ လူ၁ယောက်စီ ချပေးထားတာရှိတယ်။ သူက စခန်းကို စီမံခန့်ခွဲတဲ့ အုပ်ချုပ်ရေးမှူးပေါ့နော်။သန့်ရှင်းပိုင်းက အရမ်းကို အားနည်းချက်ရှိပါတယ်။ သူတို့ NGO၊ INGO တွေဘက်ကတော့ လုပ်နေပါတယ်။ ဒါပေမဲ့ လုပ်နေတာက လုံလောက်မှု မရှိတာပေါ့နော်။ ဒီမှာလူဦးရေက အရမ်းများတယ်ဆိုတော့ သူတို့ဘက်ကလည်း လုံလုံလောက်လောက် မလုပ်ပေးနိုင်ပါဘူး။ လောလောဆယ် ရေအခက်အခဲဖြစ်နေတာလည်းရှိတယ်။ နောက် အမှိုက်ပစ်တဲ့စနစ်ကိုလည်း သေသေချာချာ လုပ်တာမတွေ့ပါဘူး။ နောက် ကိုဗစ်စည်းမျဉ်းစည်းကမ်းအတွက်ဆိုပြီး ဆပ်ပြာတို့ဘာတို့ဝေတာလည်း လူစုလူဝေးနဲ့ဝေနေတာတွေကို ကျနော်တို့တွေ့နေရတယ်။ ပြီးတော့ Shelter အတွက် ဝါးတို့ဘာတို့ ထုတ်ပေးတဲ့ အချိန်မှာလည်း လူစုလူဝေးနဲ့ပေးတယ်။ ဒီမှာက ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်နေတာဆိုလို့ WFP Distribution Point တခုပဲရှိပါတယ်။"

အခုဆောင်းရာသီဝင်လာချိန် မိုးရာသီတုန်းက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်စခန်းထဲက တဲအိမ်လေးတွေကို ရာသီဥတုအေးတဲ့ဒဏ်ခံနိုင်အောင် Shelter တွေ ဆောက်ဖို့ စတင်ပြင်ဆင်နေကြပြီလို့လည်း ဦးအောင်မြိုင်ကပြောပြပါတယ်။

"Shelter ပြဿနာက အများကြီးပါ ဒီ Shelter ပြဿနာကို ဒုက္ခသည်တွေ အော်နေတာ ကြာလှပြီ။ ကျနော်တို့စခန်း အတိုင်းအတာနဲ့ပြောမယ်ဆိုရင် ဒုက္ခသည်ပေါင်း ၄သောင်းရှိတယ်။ Shelterက ၁သောင်းလောက်ပဲရှိတယ်။တခြားလူတွေအတွက် လုံလုံလောက်လောက် ဆောက်ပေးတာမရှိဘူး။ အခုတော့ ဝါးတို့ဘာတို့ ဆောက်ဖို့ထုတ်ပေးတယ် အခုထုတ်ပေးနေတာပါ။စခန်းအလိုက် ဝါးလုံးအကြီးတွေ ဝါးလုံးသေးသေးလေးတွေထုတ်ပေးနေတယ် ဒါပေမဲ့ အဆင်မပြေပါဘူး နည်းနည်းပဲ အဆင်ပြေတာပါ။ အများကြီးအဆင်မပြေဘူး အမိုးအကာလည်းမပေးဘူး။တဲတွေဆောက်ပေးမယ် အလုပ်သမားလည်း လုပ်ပေးမယ်ဆိုရင် အဆင်ပြေမှာပါ ဒုက္ခသည်တွေမှာက ပိုက်ဆံလည်း မရှိဘူးလေ။ ဆောင်းရာသီအတွက် အဆင်သင့်လုပ်ထားရမှာပါ။”

နှစ်ချီနေထိုင်လာကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်းက ယာယီတဲအိမ်လေးတွေ အဆောက်အဦးတွေဟာ ခိုင်ခန့်မှု အားနည်းလာတဲ့အတွက် ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် ဒုက္ခသည်တွေ လုံခြုံစွာနေထိုင်နိုင်ရေး ဒုက္ခသည်တွေဘက်က စိုးရိမ်နေကြတယ်လို့ ဘာလုခါလီဒုက္ခသည်စခန်း အမှတ် ၉ မှာနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံခေါ် ဦးကျော်မြင့်ကပြောပြပါတယ်။

"ကော့ဇ်ဘဇားဧရိယာမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အရင်က ဆောက်လုပ်ပေးထားတဲ့ Shelter တွေ တဲအိမ်တွေကို ပြန်ပြီးပြုပြင်ဆောက်လုပ်ပေးတာ မရှိသေးပါဘူးခင်ဗျ။အခု ဆောင်းရာသီလည်းရောက်လာပြီဆိုတော့ ဆောင်းအအေးဒဏ်ကိုလည်း ခံနေကြရပါတယ်။ ဒုက္ခသည်တွေ လုံခြုံမှုရှိအောင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နောက် IOM ရှိတယ် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်ခင်ဗျ။ သူတို့အနေနဲ့ ကျနော်တို့တွေ ဆောင်းဒဏ်ကနေ လွတ်မြောက်နိုင်အောင် ရောဂါတွေကိုလည်း ကာကွယ်နိုင်အောင် ဒီပျက်စီးနေတဲ့ တဲအိမ်လေးတွေကို ပြန်ဆောက်လုပ်ပေးဖို့ ကျနော်တို့က တောင်းဆိုချင်ပါတယ်။"

နိုဝင်ဘာလ ၃၀ရက်နေ့က နေအိမ်အတွက် လိုအပ်တဲ့ တာတမံဖို့ဖို့ မြေကြီးသွားတူးရင်း မြေကြိုကျလို့ ဒုက္ခသည် ၂ဦးသေဆုံးပြီး တဦးဒဏ်ရာအပြင်းထန်ရခဲ့တဲ့အပေါ် အခုလိုစခန်းတွင်း ရာသီဥတုဘေး မုန်တိုင်းဘေး မြေပြိုကျမှုနဲ့ မတော်တဆထိခိုက်မှုတွေဖြစ်ပွားနေတဲ့အပေါ် ဒုက္ခသည်တွေလုံခြုံရေး ပိုကာကွယ်ပေးစေချင်ပါတယ်လို့ ဦးအောင်မြိုင်ကပြောပါတယ်။

"စခန်းအမှတ် ၂ အရှေ့မှာပါ။အမျိုးသမီးတွေပေါ့နော် သူတို့က မြေသွားယူကြတာ။ အဲ့ဒီ့အချိန်မှာ မြေပြိုပြီးတော့ သူတို့အောက်ကိုကျသွားတယ်။ ၂ယောက်ဆုံးတယ် ၃၀နှစ်တယောက် ၇နှစ်တယောက် ချက်ခြင်းသေသွားတယ် မြေကြီးက သူတို့အိမ်အတွက် လိုတာပါလေ။ဒီမှာ Protection အများကြီးလိုတယ် အမျိုးသမီးနဲ့ကလေးငယ်တွေအတွက် အရမ်းလိုတယ် ဒီမှာ ရေနစ်ပြီးလည်းသေကြတယ်။ကုတုပလောင်နဲ့ ဘာလုခါလေ ကြား ချောင်းရှိတ

ယ်လေ အဲ့မှာလည်း ကလေးတွေ သေကြတာ အများကြီးပဲ နောက် မြေပြိုပြီးသေဆုံးကြတာလည်း မကြာခဏဖြစ်တယ်။"

ကိုအီစလံကလည်း သဘာဝဘေးအန္တရာယ်တွေကြောင့် မကြာခဏ ကလေးသူငယ်တွေ အသက်ဆုံးပါးရတဲ့အခြေအနေအပေါ် သူ့စိုးရိမ်ချက်ပြောပြပါတယ်။

" ဒီကုတုပလောင်ဒုက္ခသည်စခန်း အမှတ်(၂)မှာ မြေပြိုကျပြီးတော့ ၂ဦးသေဆုံးတယ် နောက်တဦးကတော့ အသက်ရှင်ကယ်တင်နိုင်ခဲ့ပါတယ်။ ဒုက္ခသည်စခန်းမှာကလေးသူငယ်တွေဒီလိုသဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးတာတို့ အများအပြားတွေ့ရှိရပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က အင်မတန်မှ စိုးရိမ်ကြပါတယ် ကလေးသူငယ်တွေသေဆုံးနေရတာကို။"

ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့်ဘက် ခိုလှုံနေရတာ သုံးနှစ်ကျော်လာပြီ ဖြစ်ပေမယ့် သူတို့ ဌာနေပြန်နိုင်မယ့် အခြေအနေမျိုး မြန်မာဘက်က ဖန်တီးမပေးတာကြောင့် တဦးတယောက်မှ ပြန်မပို့နိုင်သေးဘူးလို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီး က ဘင်္ဂလားဒေရှ့်ဆိုင်ရာ ဆွိဒင်နဲ့နော်ဝေ သံအမတ်သစ်တွေနဲ့တွေ့ဆုံချိန်နိုဝင်ဘာလ နောက်ဆုံးပတ်ကပဲပြောဆိုထားတာပါ။ ရိုဟင်ဂျာဆိုတဲ့အသုံးကိုလက်ခံမထားတဲ့မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး သဘောတူညီမှုတွေအတိုင်း ဆောင်ရွက်သွားမယ်လို့ပြောဆိုထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG