သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေမာင္ေတာမွာမုိင္းေထာင္ထားတာ (ARSA) အဖြဲ႕လို႕တပ္မေတာ္ ထုတ္ျပန္


ျမန္မာအစိုးရတပ္ ဖြဲ႔ဝင္မ်ား

{{ Zawgyi/Unicode}}

ရခိုင္ျပည္နယ္ ေမာင္ေတာျမိဳ႕နယ္မွာ အရပ္သား ၃ ဦးေသဆံုးျပီး ၆ ဦး ဒဏ္ရာရရွိခဲ့တဲ့ မုိင္းေပါက္ကဲြမႈဟာ ARSA ႐ုိဟင္ဂ်ာ စစ္ေသြးၾကြအဖဲြ႔ရဲ႕ လက္ခ်က္အျဖစ္ တပ္မေတာ္က ေျပာဆုိလုိက္တဲ့အေၾကာင္း နိုင္ကြန္းအိန္ ကသတင္းေပးပို႔ထားပါတယ္။

မၾကာေသးခင္ရက္ေတြကစလုိ႔ စစ္ေရးပဋိပကၡေတြ ေလ်ာ့ပါးလာေနတဲ့ ရခုိင္ျပည္နယ္မွာ အဂၤါေန႔တုန္းက မုိင္းေပါက္ကဲြမႈ ျဖစ္ပြားရာက ကားတစင္း ထိခုိက္ပ်က္စီးသြားၿပီး၊ ကားေပၚပါလာတဲ့ မိသားစု၀င္ (၃)ဦးေသဆုံးျပီး ေနာက္ထပ္ (၆) ဦး ဒဏ္ရာရရွိခဲ့တာပါ။ ထိခုိက္ဒဏ္ရာရခဲ့တဲ့ မုိင္းေပါက္ကဲြမႈဟာ ARSA အဖြဲ႔ရဲ႕ လက္ခ်က္ျဖစ္ေၾကာင္းလည္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႔က ဒီကေန႔ပဲ သတင္းထုတ္ျပန္ထားပါတယ္။

ေမာင္ေတာခရိုင္အုပ္ခ်ဳပ္ေရးမွဴးဦးစိုးေအာင္ကလဲ ေဒသတြင္းမွာ လႈပ္ရွားေနတဲ့ ARSA အဖြဲ႔ရဲ႕လက္ခ်က္အျဖစ္ ယူဆႏုိင္ေၾကာင္း အခုလုိ ေျပာပါတယ္။

"အဲဒီဖက္အျခမ္းမွာလွဳပ္ရွားတာARSAဘဲလွဳပ္ရွားတာေနာ။ ဗုံးခြဲတာARSAဘဲခြဲတယ္အဲဒီဖက္အျခမ္း။ AAလွဳပ္ရွား မွဳ မရွိဘူး။ ARSAခနခန ရဲေတြ လမ္းေၾကာင္းေတြ ရဲကားေတြဘာေတြခနခနမိုင္းေထာင္တာ အဲဒီနားမွာဘဲျဖစ္စဥ္ ေတြခနခနျဖစ္တယ္။ ေနာက္ေခ်ာင္းပစ္တာေတြျဖစ္တယ္။ အဲဒီေတာ့ကြ်န္ေတာ္သုံးသပ္ သေလာက္ေတာ့ARSA ဘဲျဖစ္မယ္။"

ေပါက္ကြဲမွဳေၾကာင့္ဒဏ္ရာရသူ(၆)ဦးအနက္(၄)ဦးကို ေမာင္ေတာေဆးရံုကတဆင့္ စစ္ေတြေဆးရံုကို ပို႕ေဆာင္ ခဲ့တယ္လို႕ မိသားစု၀င္ ခေရၿမိဳင္ ေက်းရြာသား ဦးစံျမသိန္းကေျပာပါတယ္။

"အခုကစစ္ေတြေဆးရံုမွာခင္ဗ်။ မိသားစု(၄)ေယာက္ခင္ဗ်။ ကေလးႏွစ္ေယာက္ရယ္ အေဖအေမရယ္ေခၚလာ တယ္ ခင္ဗ်။"

မေန႕က မိုင္းေပါက္ကြဲမွဳျဖစ္စဥ္ကိုေတာ့ ဦးစံျမသိန္းကဆက္ေျပာပါတယ္။

"ျဖစ္စဥ္က သူတို႕ကရွင္ျပဳကထိန္ဗ်။ အဲဒီကိုလာတာ။ ျပီးေတာ့အျပန္ခ်ိန္မွာ ျဖစ္တာဗ်။ ေတာင္ျပိဳလက္၀ဲျမိဳ႕နယ္ ခြဲ လိပ္ရနဲ႕ကြ်န္းေပါက္ အဲဒီၾကားျဖစ္ခဲ့တယ္ခင္ဗ်။ ကားေတြကအကုန္လုံးစုတ္ျပတ္သြားတာေပါ့။ ဆုံးသြားတဲ့ သူ က ကြ်န္ေတာ္ဦးေလးရဲ႕သမီးခင္ဗ်။ ျပီးေတာ့သူေယာက်္ားတေယာက္ ျပီးေတာ့သူ႕သားေလးတေယာက္။သူ႕သားေလးက၂ ႏွစ္သားအရြယ္ဗ်။"

တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ေမာင္ေတာၿမိဳ႕နယ္၊ သာယာကုန္း ေက်းရြာကေမာင္းႏွင္လာတဲ့ ေမာ္ေတာ္ယာဥ္ ၁ စီးဟာ မြန္းလြဲပိုင္းမွာ လိပ္ရလမ္းဆုံ အနီးအေရာက္ARSA အဖြဲ႕က ေထာင္ထားတဲ့ ကားမိုင္းတစ္လုံးကုိ နင္းမိရာက ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ ARSA အဖြဲ႕ကေထာင္ထားတဲ့ ေျမျမွဳပ္မိုင္းအျဖစ္ တပ္မေတာ္ရဲ႕ ေျပာဆုိခ်က္နဲ႔ ပတ္သက္လို႔ ပုိမုိသိရွိႏုိင္ဖုိ႔ တပ္မေတာ္ေျပာခြင့္ရပုဂၢိဳလ္ကုိ ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

ရခိုင္ျပည္နယ္မွာ စစ္ေရးတင္းမာေနတဲ့ AA ရခုိင္လက္နက္ကုိင္အဖဲြ႔နဲ႔ တပ္မေတာ္ၾကား တုိက္ပဲြေတြ ဒီရက္ပုိင္းအတြင္း ရပ္ဆုိင္းေနခ်ိန္မွာပဲ ေပါက္ကဲြမႈနဲ႔ ႀကံဳခဲ့ရတာပါ။ ရခုိင္ျပည္နယ္မွာ ေရြးေကာက္ပဲြ မက်င္းပႏုိင္ခဲ့တဲ့ နယ္ေျမေတြမွာ ျပန္လည္က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးဖုိ႔ AA အဖဲြ႔ရဲ႕ ကမ္းလွမ္းခ်က္ကုိ တပ္မေတာ္က လက္ခံႀကိဳဆုိေၾကာင္း ေျပာဆုိခဲ့ၿပီး ေနာက္မွာပဲ တုိက္ပဲြေတြ ရပ္ဆုိင္းေနတာလည္း ျဖစ္ပါတယ္။ ဒီလုိအေျခအေနကေန ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးမႈေတြ ေပၚေပါက္လာဖုိ႔ ေမွ်ာ္လင့္ေၾကာင္းလည္း AAေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။

"တဖက္နဲ႕တဖက္ ဒီအပစ္အခတ္ေတြရပ္ထားျပီးေတာ့ ယုံၾကည္မွဳတည္ေဆာက္နိုင္ဖို႕က ပိုျပီးေတာ့အေရးၾကီး တာ ေပါ့ဗ်ာ။ ဒီပစ္ခတ္မွဳေတြမရွိေတာ့ဘူးဆိုလို႕ရွိရင္ေတာ့ အနာဂါတ္မွာနိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြး အေျဖ ရွာနိုင္တဲ့ အခင္းအက်င္းေတြကို ေရွ႕ဆက္သြားဖို႕အတြက္ကလဲ လမ္းေၾကာင္းတခုလဲျဖစ္လာနိုင္တာေပါ့။"

တပ္မေတာ္ကေတာ့ ျမန္မာအစိုးရနဲ႔ NCA တႏုိင္ငံလုံးအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကုိ လက္မွတ္ေရးထိုးၿပီးသား လက္နက္ကိုင္အဖဲြ႔ေတြနဲ႔ေရာ မထိုးရေသးတဲ့ အဖြဲ႔ေတြနဲ႔ပါ ၿငိမ္းခ်မ္းေရးရေအာင္ ႀကိဳးပမ္းသြားဖုိ႔ အၿမဲတမ္းေကာ္မတီတခုကုိ ဖဲြ႔စည္းခဲ့ျပီးလို႕ ဒီလမွာထုတ္ျပန္ခဲ့ပါတယ္။

လုံျခံဳေရးအရ ေရြးေကာက္ပြဲမက်င္းပနိုင္တဲ့ ရခုိင္ျပည္နယ္ျမိဳ႕နယ္ေဒသတခ်ိဳ႕မွာ ဒီဇင္ဘာလကုန္ ေနာက္ဆုံး ထားၿပီး ၾကားျဖတ္ေရြးေကာက္ပဲြေတြက်င္းပဖုိ႔ AA ရခုိင္လက္နက္ကုိင္ အဖဲြ႔က ႏုိ၀င္ဘာလ ၁၂ ရက္ေန႔ မွာ ေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းတဲ့အေပၚ တပ္မေတာ္ဘက္က AAထုတ္ျပန္ခ်က္ကုိ ႀကိဳဆုိ ေၾကာင္း ထပ္မံထုတ္ျပန္ခဲ့တာပါ။

တခ်ိန္တည္းမွာပဲ ေရြးေကာက္ပဲြမွာ အမ်ားစုနဲ႔ အႏုိင္ရထားတဲ့ NLD အမ်ဳိးသား ဒီမုိကေရစီ အဖဲြ႔ခ်ဳပ္ ကလည္း ဒီမုိကေရစီဖက္ဒရယ္ ျပည္ေထာင္စုေပၚေပါက္ေရး ေရြးေကာက္ပဲြမွာ ပါ၀င္ခဲ့ၾကတဲ့ တုိင္းရင္း သား ႏုိင္ငံေရးပါတီေတြနဲ႔ လက္တဲြဖုိ႔ ဆႏၵရွိေၾကာင္း ကမ္းလွမ္းလုိက္ပါတယ္။

အစုိးရ၊ တပ္မေတာ္နဲ႔ လက္နက္ကုိင္အဖဲြ႔ေတြရဲ႕ ဒီသီတင္းပါတ္အတြင္းထုတ္ျပန္ခ်က္ေတြအေပၚမွာေတာ့ ၿငိမ္းခ်မ္းေရးအတြက္ အလားအလာေကာင္းအျဖစ္ရွဳျမင္ေၾကာင္း ႏိုင္ငံေရးအကဲခတ္တခ်ဳိ႕ကလည္း သုံးသပ္ေနၾကပါတယ္။ ကြ်န္ေတာ္နိုင္ကြန္းအိန္ ဗီြအိုေအျမန္မာပိုင္းအတြက္သတင္းေပးပို႕ထားပါတယ္။

.........................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တဲ့ မိုင်းပေါက်ကွဲမှုဟာ ARSA ရိုဟင်ဂျာ စစ်သွေးကြွအဖွဲ့ရဲ့ လက်ချက်အဖြစ် တပ်မတော်က ပြောဆိုလိုက်တဲ့အကြောင်း နိုင်ကွန်းအိန် ကသတင်းပေးပို့ထားပါတယ်။

မကြာသေးခင်ရက်တွေကစလို့ စစ်ရေးပဋိပက္ခတွေ လျော့ပါးလာနေတဲ့ ရခိုင်ပြည်နယ်မှာ အင်္ဂါနေ့တုန်းက မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာက ကားတစင်း ထိခိုက်ပျက်စီးသွားပြီး၊ ကားပေါ်ပါလာတဲ့ မိသားစုဝင် (၃)ဦးသေဆုံးပြီး နောက်ထပ် (၆) ဦး ဒဏ်ရာရရှိခဲ့တာပါ။ ထိခိုက်ဒဏ်ရာရခဲ့တဲ့ မိုင်းပေါက်ကွဲမှုဟာ ARSA အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်းလည်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးအောင်ကလဲ ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ ARSA အဖွဲ့ရဲ့လက်ချက်အဖြစ် ယူဆနိုင်ကြောင်း အခုလို ပြောပါတယ်။


"အဲဒီဖက်အခြမ်းမှာလှုပ်ရှားတာARSAဘဲလှုပ်ရှားတာနော။ ဗုံးခွဲတာARSAဘဲခွဲတယ်အဲဒီဖက်အခြမ်း။ AAလှုပ်ရှား မှု မရှိဘူး။ ARSAခနခန ရဲတွေ လမ်းကြောင်းတွေ ရဲကားတွေဘာတွေခနခနမိုင်းထောင်တာ အဲဒီနားမှာဘဲဖြစ်စဉ် တွေခနခနဖြစ်တယ်။ နောက်ချောင်းပစ်တာတွေဖြစ်တယ်။ အဲဒီတော့ကျွန်တော်သုံးသပ် သလောက်တော့ARSA ဘဲဖြစ်မယ်။"

ပေါက်ကွဲမှုကြောင့်ဒဏ်ရာရသူ(၆)ဦးအနက်(၄)ဦးကို မောင်တောဆေးရုံကတဆင့် စစ်တွေဆေးရုံကို ပို့ဆောင် ခဲ့တယ်လို့ မိသားစုဝင် ခရေမြိုင် ကျေးရွာသား ဦးစံမြသိန်းကပြောပါတယ်။

"အခုကစစ်တွေဆေးရုံမှာခင်ဗျ။ မိသားစု(၄)ယောက်ခင်ဗျ။ ကလေးနှစ်ယောက်ရယ် အဖေအမေရယ်ခေါ်လာ တယ် ခင်ဗျ။"

မနေ့က မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကိုတော့ ဦးစံမြသိန်းကဆက်ပြောပါတယ်။

"ဖြစ်စဉ်က သူတို့ကရှင်ပြုကထိန်ဗျ။ အဲဒီကိုလာတာ။ ပြီးတော့အပြန်ချိန်မှာ ဖြစ်တာဗျ။ တောင်ပြိုလက်ဝဲမြို့နယ် ခွဲ လိပ်ရနဲ့ကျွန်းပေါက် အဲဒီကြားဖြစ်ခဲ့တယ်ခင်ဗျ။ ကားတွေကအကုန်လုံးစုတ်ပြတ်သွားတာပေါ့။ ဆုံးသွားတဲ့ သူ က ကျွန်တော်ဦးလေးရဲ့သမီးခင်ဗျ။ ပြီးတော့သူယောကျ်ားတယောက် ပြီးတော့သူ့သားလေးတယောက်။ သူ့သားလေးက ၂ နှစ်သားအရွယ်ဗျ။"

တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ မောင်တောမြို့နယ်၊ သာယာကုန်း ကျေးရွာကမောင်းနှင်လာတဲ့ မော်တော်ယာဉ် ၁ စီးဟာ မွန်းလွဲပိုင်းမှာ လိပ်ရလမ်းဆုံ အနီးအရောက်ARSA အဖွဲ့က ထောင်ထားတဲ့ ကားမိုင်းတစ်လုံးကို နင်းမိရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါတယ်။ ARSA အဖွဲ့ကထောင်ထားတဲ့ မြေမြှုပ်မိုင်းအဖြစ် တပ်မတော်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ပိုမိုသိရှိနိုင်ဖို့ တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာနေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဒီရက်ပိုင်းအတွင်း ရပ်ဆိုင်းနေချိန်မှာပဲ ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နယ်မြေတွေမှာ ပြန်လည်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံကြိုဆိုကြောင်း ပြောဆိုခဲ့ပြီး နောက်မှာပဲ တိုက်ပွဲတွေ ရပ်ဆိုင်းနေတာလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေကနေ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်ကြောင်းလည်း AAပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

"တဖက်နဲ့တဖက် ဒီအပစ်အခတ်တွေရပ်ထားပြီးတော့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့က ပိုပြီးတော့အရေးကြီး တာ ပေါ့ဗျာ။ ဒီပစ်ခတ်မှုတွေမရှိတော့ဘူးဆိုလို့ရှိရင်တော့ အနာဂါတ်မှာနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေ ရှာနိုင်တဲ့ အခင်းအကျင်းတွေကို ရှေ့ဆက်သွားဖို့အတွက်ကလဲ လမ်းကြောင်းတခုလဲဖြစ်လာနိုင်တာပေါ့။"

တပ်မတော်ကတော့ မြန်မာအစိုးရနဲ့ NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးသား လက်နက်ကိုင်အဖွဲ့တွေနဲ့ရော မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းသွားဖို့ အမြဲတမ်းကော်မတီတခုကို ဖွဲ့စည်းခဲ့ပြီးလို့ ဒီလမှာထုတ်ပြန်ခဲ့ပါတယ်။

လုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ရခိုင်ပြည်နယ်မြို့နယ်ဒေသတချို့မှာ ဒီဇင်ဘာလကုန် နောက်ဆုံး ထားပြီး ကြားဖြတ်ရွေးကောက်ပွဲတွေကျင်းပဖို့ AA ရခိုင်လက်နက်ကိုင် အဖွဲ့က နိုဝင်ဘာလ ၁၂ ရက်နေ့ မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းတဲ့အပေါ် တပ်မတော်ဘက်က AAထုတ်ပြန်ချက်ကို ကြိုဆို ကြောင်း ထပ်မံထုတ်ပြန်ခဲ့တာပါ။

တချိန်တည်းမှာပဲ ရွေးကောက်ပွဲမှာ အများစုနဲ့ အနိုင်ရထားတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေး ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်း သား နိုင်ငံရေးပါတီတွေနဲ့ လက်တွဲဖို့ ဆန္ဒရှိကြောင်း ကမ်းလှမ်းလိုက်ပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဒီသီတင်းပါတ်အတွင်းထုတ်ပြန်ချက်တွေအပေါ်မှာတော့ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းအဖြစ်ရှုမြင်ကြောင်း နိုင်ငံရေးအကဲခတ်တချို့ကလည်း သုံးသပ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG