သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ေျပးဒုကၡသည္ေတြ ေနရပ္ျပန္ေရးေမွ်ာ္လင့္မႈတိုးလာ


ရခိုင္စစ္ေျပးဒုကၡသည္စခန္းျမင္ကြင္း

{{Zawgyi/Unicode}}

ကပ္ေဘးနဲ႔ စစ္ေဘးဒဏ္ခံေနရတဲ့ ရခုိင္ျပည္နယ္မွာ ေရြးေကာက္ပဲြေနာက္ပုိင္း ၿငိမ္းခ်မ္းေရးနဲ႔ ႏုိင္ငံေရးအေျပာင္းအလဲေတြ ေပၚေပါက္လာဖုိ႔ စစ္ေရွာင္ဒုကၡသည္ေတြ ေမွ်ာ္လင့္ေနတဲ့အေၾကာင္း ဗြီအိုေအသတင္းေထာက္ ကိုသက္ႏုိင္ သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကုိင္ အဖဲြ႔ၾကား ၂ ႏွစ္နီးပါးၾကာ စစ္ေရးပဋိပကၡေတြေၾကာင့္ တိမ္းေရွာင္ေနရသူ ၁ သိန္းေက်ာ္ ရွိေနၿပီး၊ ေနရပ္ျပန္ေရး မေရမရာ အေျခအေနနဲ႔ ရင္ဆုိင္ေနရတာပါ။

ဒါေပမဲ့လည္း မၾကာေသးခင္က ေရြးေကာက္ပဲြမွာ အမ်ားစု အႏုိင္ရခဲ့တဲ့ NLD အမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္က တုိင္းရင္းသား ႏုိင္ငံေရး အင္အားစုေတြနဲ႔ လက္တဲြဖုိ႔ ကမ္းလွမ္းလုိက္သလုိ၊ စစ္ေရးတင္းမာေနတဲ့ တပ္မေတာ္နဲ႔ AA အဖဲြ႔ၾကား ရခုိင္ျပည္နယ္ တည္ၿငိမ္ေရး ကမ္းလွမ္းခဲ့တာေတြေၾကာင့္ စစ္ေရွာင္ေဒသခံေတြ ေနရပ္ျပန္ႏုိင္ေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ေမွ်ာ္လင့္ခ်က္ေတြလည္း ထြက္ေပၚလာပါတယ္။

တုိက္ပဲြေတြေၾကာင့္ စစ္ေတြၿမိဳ႕နယ္ မင္းဂံရပ္ကြက္စစ္ေရွာင္စခန္းမွာ ခုိလႈံေနရတဲ့ မေမဦးခင္ကေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေနရပ္ျပန္ႏုိင္မယ့္ရက္ကုိ ေမွ်ာ္လင့္ေနတယ္လုိ႔ ေျပာပါတယ္။

ၿငိမ္းခ်မ္းေရးေတြ ရေစခ်င္ပါတယ္။ အကုန္လံုးေအးေအးေဆးေဆးနဲ႔ ကိုယ့္ရပ္ကိုယ့္ျပည္မွာ ေနထိုင္ေစခ်င္ပါတယ္။ အကုန္လံုးလည္း ကိုယ့္ရပ္ကိုယ့္ရြာကို ျပန္ခ်င္ေနၾကတယ္။ ေနာက္ၿပီးေတာ့ ပညာေရးကုိလည္း ျမင့္တင္ေပးေစခ်င္ပါတယ္။ က်မတို႔က အကုန္လံုး ထြက္ေျပးေနရတာဆိုေတာ့ ပညာေရးေတြ အကုန္လံုးကို ထိခိုက္ပါတယ္။

မေမဦးခင္တို႔မိသားစုဟာ ရေသ့ေတာင္ၿမိဳ႕နယ္ သာစည္ေက်းရြာကေန ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ကတည္း ထြက္ေျပးလာၾကတာျဖစ္ၿပီး လက္ရွိမွာေတာ့ စစ္ေတြၿမိဳ႕ မင္းဂံရပ္ကြက္ ဘုန္း ေတာ္ႀကီး စစ္ေရွာင္စခန္းမွာေနထိုင္ေနၾကတာလည္း ျဖစ္ပါတယ္။

စစ္ေတြၿမိဳ႕အနီးတစ္ဝိုက္မွာ ပလက္ဝၿမိဳ႕နယ္ကေန ထြက္ေျပးလာတဲ့ စစ္ေဘးဒုကၡ သည္ေတြလည္း ရွိေနပါတယ္။ ပလက္ဝၿမိဳ႕နယ္ စိမ္းေညွာင့္ဝ ေက်းရြာကထြက္ေျပးလာတဲ့ ကိုျပည့္ၿဖိဳးေဇာ္ကလည္း ေရြးေကာက္ပဲြေနာက္ပုိင္း ထြက္ေပၚလာမယ့္ အစုိးသစ္လက္ထက္မွာ ေနရပ္ျပန္ႏုိင္ဖို႔ ေမွ်ာ္လင့္တယ္လုိ႔ ေျပာပါတယ္။

က်ေနာ္တို႔ ပလက္ဝဖက္မွာ စစ္ျဖစ္တဲ့ အခ်ိန္ကစၿပီးေတာ့ က်ေနာ္တို႔က ဒီစစ္ေတြၿမိဳ႕ကို လာေရာက္ၿပီးေတာ့ ခိုလံုေနတာပါခင္မ်ာ။ လာမည့္ အစိုးသစ္လက္ထက္မွာ က်ေနာ္ေျပာ ခ်င္တာ တစ္ခုက ဘာလဲဆိုေတာ့ ေနရာေဒသအကုန္လံုးကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖစ္ေအာင္ လုပ္ေပးေစခ်င္ပါတယ္။ ၿပီးေတာ့ ကိုယ့္ရပ္ကိုယ့္ရြာ ကိုယ့္ဇာတိကို ျပန္ၿပီးေတာ့ မိမိရိုးရာ အလုပ္အကိုင္ေတြကို လုပ္ကိုင္စားေသာက္ၿပီးေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနခ်င္ပါတယ္။ အဲတာေလးကိုပဲ လုပ္ေပးေစခ်င္ပါတယ္ခင္မ်ာ။”

လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က ရခုိင္ျပည္နယ္မွာ စစ္ေရးပဋိပကၡေတြ မေပၚေပါက္ခင္ကတည္းက ဒုကၡသည္အျဖစ္ ေနထုိင္ေနၾကရတဲ့ သူေတြဟာလည္း အစုိးရသစ္လက္ထက္မွာ အေျခအေနေတြ တုိးတက္လာဖုိ႔ ေမွ်ာ္လင့္ေနပါတယ္။

၂၀၁၂ ခုႏွစ္တုန္းက လူမ်ဳိးေရး၊ ဘာသာေရး ကဲြျပားမႈေတြကုိ အေျခခံၿပီးျဖစ္ပြားခဲ့တဲ့ ပဋိပကၡေတြေၾကာင့္ ေနရပ္စြန္႔ခြာၿပီး စစ္ေတြၿမိဳ႕မွာ ခုိလႈံေနၾကတဲ့ ေထာင္နဲ႔ခ်ီတဲ့ မြတ္ဆလင္ ဒုကၡသည္ေတြၾကားမွာလည္း ေနရပ္ျပန္ဖုိ႔ ေမွ်ာ္လင့္ေနၾကတယ္လုိ႔ သက္ကယ္ျပင္ ဒုကၡသည္စခန္း တာဝန္ရွိသူ ဦးေမာင္ေလးက ေျပာပါတယ္။

၂၀၂၁မွာ က်ေနာ္တို႔ တကယ့္ကို ေမ်ွာ္လင့္ခ်က္ရွိပါတယ္ အခုလက္ရွိ တက္လာမည့္ အစိုးရသစ္မွာ က်ေနာ္တို႔ ေမွ်ာ္လင့္ခ်က္က ေကာင္းမယ္လို႔ ယူဆပါတယ္။ ထင္လည္း ထင္ပါတယ္။ က်ေနာ္တို႔ ေမွ်ာ္လင့္ထားတာက ပထမ က်ေနာ္တို႔ မူလေနရာကို ျပန္ခ်င္ပါတယ္။ ဒုတိယတစ္ခ်က္က တန္းတူအခြင့္အေရး ေနာက္ၿပီးေတာ့ သြားလာေရး လုပ္ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ မြတ္ဆလင္လူမ်ိုးေတြရဲ႕ ႏိုင္ငံသားျဖစ္ေရး အဓိက တင္ထားတာလည္းရွိတယ္။ ေလ်ာက္ထားတာလည္းရွိတယ္။ ေလ်ာက္ထားတာလည္း ၈လေက်ာ္ၿပီ က်လာတာက တစ္ရာမွာ ႏွစ္ဆယ္ေလာက္ပဲ က်လာတယ္။ က်ေနာ္တို႔ အကုန္လံုးနီးပါး မဲေပးပိုင္ခြင့္လည္းမရၾကဘူး။ အဓိကေတာ့ က်ေနာ္တို႔ ႏိုင္ငံသားျဖစ္ေရးကလည္း အေရးႀကီးပါတယ္။

ႏုိ၀င္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပဲြမွာ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ လုံၿခံဳေရး စိတ္မခ်ရတဲ့အတြက္ ရခုိင္ျပည္နယ္က မဲဆႏၵနယ္ ေတာ္ေတာ္မ်ားမ်ားကုိ ပယ္ဖ်က္ခဲ့တာပါ။ ဒီလုိပယ္ဖ်က္လုိက္ရတဲ့အတြက္ မဲဆႏၵရွင္ေတြနဲ႔ ကုိယ္စားလွယ္ေလာင္းေတြ အခြင့္အေရး ဆုံး႐ႈံးခဲ့ရတာေၾကာင့္ မက်င္းပျဖစ္တဲ့ ေနရာေတြမွာ ေရြးေကာက္ပဲြေတြ က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးဖုိ႔ AA ရခုိင္လက္နက္ကုိင္ အဖဲြ႔က ကမ္းလွမ္းခဲ့တာကုိ တပ္မေတာ္ကလည္း လက္ခံထားပါတယ္။

တခ်ိန္တည္းမွာပဲ ေရြးေကာက္ပဲြမွာ အမ်ားစု အႏုိင္ရထားတဲ့ NLD ပါတီကလည္း အနာဂတ္ ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးမွာ ပူးေပါင္းဖုိ႔ တုိင္းရင္းသား ႏုိင္ငံေရးပါတီ ၃၉ ခုကုိ ကမ္းလွမ္းထားပါတယ္ခင္ဗ်ာ။

.................................

{{Unicode}}

ကပ်ဘေးနဲ့ စစ်ဘေးဒဏ်ခံနေရတဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲနောက်ပိုင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့ စစ်ရှောင်ဒုက္ခသည်တွေ မျှော်လင့်နေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် ကိုသက်နိုင် သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကြား ၂ နှစ်နီးပါးကြာ စစ်ရေးပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရသူ ၁ သိန်းကျော် ရှိနေပြီး၊ နေရပ်ပြန်ရေး မရေမရာ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါပေမဲ့လည်း မကြာသေးခင်က ရွေးကောက်ပွဲမှာ အများစု အနိုင်ရခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေနဲ့ လက်တွဲဖို့ ကမ်းလှမ်းလိုက်သလို၊ စစ်ရေးတင်းမာနေတဲ့ တပ်မတော်နဲ့ AA အဖွဲ့ကြား ရခိုင်ပြည်နယ် တည်ငြိမ်ရေး ကမ်းလှမ်းခဲ့တာတွေကြောင့် စစ်ရှောင်ဒေသခံတွေ နေရပ်ပြန်နိုင်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေလည်း ထွက်ပေါ်လာပါတယ်။ တိုက်ပွဲတွေကြောင့် စစ်တွေမြို့နယ် မင်းဂံရပ်ကွက်စစ်ရှောင်စခန်းမှာ ခိုလှုံနေရတဲ့ မမေဦးခင်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေရပ်ပြန်နိုင်မယ့်ရက်ကို မျှော်လင့်နေတယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းရေးတွေ ရစေချင်ပါတယ်။ အကုန်လုံးအေးအေးဆေးဆေးနဲ့ ကိုယ့်ရပ်ကိုယ့်ပြည်မှာ နေထိုင်စေချင်ပါတယ်။ အကုန်လုံးလည်း ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ချင်နေကြတယ်။ နောက်ပြီးတော့ ပညာရေးကိုလည်း မြင့်တင်ပေးစေချင်ပါတယ်။ ကျမတို့က အကုန်လုံး ထွက်ပြေးနေရတာဆိုတော့ ပညာရေးတွေ အကုန်လုံးကို ထိခိုက်ပါတယ်။”

မမေဦးခင်တို့မိသားစုဟာ ရသေ့တောင်မြို့နယ် သာစည်ကျေးရွာကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ကတည်း ထွက်ပြေးလာကြတာဖြစ်ပြီး လက်ရှိမှာတော့ စစ်တွေမြို့ မင်းဂံရပ်ကွက် ဘုန်း တော်ကြီး စစ်ရှောင်စခန်းမှာနေထိုင်နေကြတာလည်း ဖြစ်ပါတယ်။

စစ်တွေမြို့အနီးတစ်ဝိုက်မှာ ပလက်ဝမြို့နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခ သည်တွေလည်း ရှိနေပါတယ်။ ပလက်ဝမြို့နယ် စိမ်းညှောင့်ဝ ကျေးရွာကထွက်ပြေးလာတဲ့ ကိုပြည့်ဖြိုးဇော်ကလည်း ရွေးကောက်ပွဲနောက်ပိုင်း ထွက်ပေါ်လာမယ့် အစိုးသစ်လက်ထက်မှာ နေရပ်ပြန်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ကျနော်တို့ ပလက်ဝဖက်မှာ စစ်ဖြစ်တဲ့ အချိန်ကစပြီးတော့ ကျနော်တို့က ဒီစစ်တွေမြို့ကို လာရောက်ပြီးတော့ ခိုလုံနေတာပါခင်မျာ။ လာမည့် အစိုးသစ်လက်ထက်မှာ ကျနော်ပြော ချင်တာ တစ်ခုက ဘာလဲဆိုတော့ နေရာဒေသအကုန်လုံးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် လုပ်ပေးစေချင်ပါတယ်။ ပြီးတော့ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဇာတိကို ပြန်ပြီးတော့ မိမိရိုးရာ အလုပ်အကိုင်တွေကို လုပ်ကိုင်စားသောက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ပါတယ်။ အဲတာလေးကိုပဲ လုပ်ပေးစေချင်ပါတယ်ခင်မျာ။”

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေ မပေါ်ပေါက်ခင်ကတည်းက ဒုက္ခသည်အဖြစ် နေထိုင်နေကြရတဲ့ သူတွေဟာလည်း အစိုးရသစ်လက်ထက်မှာ အခြေအနေတွေ တိုးတက်လာဖို့ မျှော်လင့်နေပါတယ်။

၂၀၁၂ ခုနှစ်တုန်းက လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေကို အခြေခံပြီးဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာပြီး စစ်တွေမြို့မှာ ခိုလှုံနေကြတဲ့ ထောင်နဲ့ချီတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကြားမှာလည်း နေရပ်ပြန်ဖို့ မျှော်လင့်နေကြတယ်လို့ သက်ကယ်ပြင် ဒုက္ခသည်စခန်း တာဝန်ရှိသူ ဦးမောင်လေးက ပြောပါတယ်။

၂၀၂၁မှာ ကျနော်တို့ တကယ့်ကို မျှော်လင့်ချက်ရှိပါတယ် အခုလက်ရှိ တက်လာမည့် အစိုးရသစ်မှာ ကျနော်တို့ မျှော်လင့်ချက်က ကောင်းမယ်လို့ ယူဆပါတယ်။ ထင်လည်း ထင်ပါတယ်။ ကျနော်တို့ မျှော်လင့်ထားတာက ပထမ ကျနော်တို့ မူလနေရာကို ပြန်ချင်ပါတယ်။ ဒုတိယတစ်ချက်က တန်းတူအခွင့်အရေး နောက်ပြီးတော့ သွားလာရေး လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ မွတ်ဆလင်လူမျိုးတွေရဲ့ နိုင်ငံသားဖြစ်ရေး အဓိက တင်ထားတာလည်းရှိတယ်။ လျောက်ထားတာလည်းရှိတယ်။ လျောက်ထားတာလည်း ၈လကျော်ပြီ ကျလာတာက တစ်ရာမှာ နှစ်ဆယ်လောက်ပဲ ကျလာတယ်။ ကျနော်တို့ အကုန်လုံးနီးပါး မဲပေးပိုင်ခွင့်လည်းမရကြဘူး။ အဓိကတော့ ကျနော်တို့ နိုင်ငံသားဖြစ်ရေးကလည်း အရေးကြီးပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လုံခြုံရေး စိတ်မချရတဲ့အတွက် ရခိုင်ပြည်နယ်က မဲဆန္ဒနယ် တော်တော်များများကို ပယ်ဖျက်ခဲ့တာပါ။ ဒီလိုပယ်ဖျက်လိုက်ရတဲ့အတွက် မဲဆန္ဒရှင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေ အခွင့်အရေး ဆုံးရှုံးခဲ့ရတာကြောင့် မကျင်းပဖြစ်တဲ့ နေရာတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင် အဖွဲ့က ကမ်းလှမ်းခဲ့တာကို တပ်မတော်ကလည်း လက်ခံထားပါတယ်။

တချိန်တည်းမှာပဲ ရွေးကောက်ပွဲမှာ အများစု အနိုင်ရထားတဲ့ NLD ပါတီကလည်း အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ပူးပေါင်းဖို့ တိုင်းရင်းသား နိုင်ငံရေးပါတီ ၃၉ ခုကို ကမ်းလှမ်းထားပါတယ်ခင်ဗျာ။

ရခိုင္စစ္ေျပးဒုကၡသည္စခန္းျမင္ကြင္း
please wait

No media source currently available

0:00 0:04:16 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG