သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA တို့ အဆင့်မြင့်နည်းပညာသုံး တိုက်ခိုက်နိုင်ကြောင်း အိန္ဒိယသတိပေး


ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)
ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)

AA ရခိုင်တပ်ဖွဲ့ဟာ Bluetooth နဲ့ Wi-Fi နည်းပညာတွေကို အသုံးပြုပြီး မြန်မာစစ်တပ်ကို မြေမြှုပ်မိုင်းတွေ ဖေါက်ခွဲတိုက်ခိုက်ဖို့ လုပ်နေတယ် လို့နောက်ဆုံး ထောက်လှမ်းရေး အစီရင်ခံစာတွေအရ သိရှိရကြောင်း အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့အခြေစိုက် DNA သတင်းတပုဒ်က ဖေါ်ပြထား ပါတယ်။

AA တပ်ဖွဲ့ဟာ မီဇိုရမ်းပြည်နယ် LwangTaLa ခရိုင်မှာ စခန်းတွေ တည်ဆောက်ပြီး ကုလားတန်စီမံကိန်းကို ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။ ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းဟာ အရှေ့တောင်အာရှဒေသဆီ အိန္ဒိယနိုင်ငံရဲ့ ထွက်ပေါက်အဖြစ် လုပ်ဆောင်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။

ဒါကြောင့် AA တို့ ဒီလိုနည်းပညာတွေ အသုံးပြုတိုက်ခိုက်ဖို့ လုပ်နေတဲ့ကိစ္စကို အိန္ဒိယထောက်လှမ်းရေး တပ်ဖွဲ့က အလေးနက်ထား စုံစမ်းခဲ့တာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ မြန်မာအစိုးရစစ်တပ်ကလည်း ဒီမြေမြှုပ်မိုင်း အန္တရာယ်ကို ဟန့်တားနိုင်ဖို့အတွက် အဆင့်မြင့် နည်းပညာတွေနဲ့ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ Zee သတင်းဌာနကို ကိုးကားဖေါ်ပြထားပါတယ်။

အိန္ဒိယ စစ်တပ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ နှောင်းပိုင်းကစပြီး အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်က သူပုန်စခန်းပေါင်း (၁၂)ခုလောက်ကို ထိုးစစ်ဆင် ဖျက်ဆီးခဲ့ပြီ ဖြစ်ပေမယ့် ကုလားတန်စီမံကိန်း အပေါ် ထိန်းကျောင်းမှုတွေကတော့ ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

AA တပ်ဖွဲ့ဝင်တွေဟာ ပလက်ဝတံတား တည်ဆောက်ရေးအတွက် သံမဏိတံတားဘောင် သယ်ဆောင်လာတဲ့ သင်္ဘောတစီးကို တိုက်ခိုက်ပြီး သင်္ဘောသားတွေကို ပြန်ပေးဆွဲသွား ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG