သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအေပၚ ဂ်ီႏိုဆိုက္ စဲြခ်က္ ICJ မွာ ဂမ္ဘီယာ အခ်က္အလက္အျပည့္အစံုတင္သြင္းေတာ့မည္


ICJ မွာ ဂမ္ဘီယာက ျမန္မာႏုိင္ငံအေပၚ တရားစြဲဆုိထားမႈအေပၚ ၾကားနာေနမႈျမင္ကြင္း။ (ဒီဇင္ဘာ ၁၀ ၊ ၂၀၁၉)

(Zawgyi/Unicode)

ဂ်ီႏိုဆိုက္ လူမ်ိဳးတုန္းသတ္ျဖတ္မႈ ကာကြယ္ေရးသေဘာတူစာခ်ဳပ္ကို ျမန္မာက ခ်ိဳးေဖာက္တယ္လို႔ စြပ္စြဲထားတဲ့ ဂမ္ဘီယာႏိုင္ငံက ေသာၾကာေန႔ ေအာက္တိုဘာလ ၂၃ ရက္မွာ Memorial လို႔ ေခၚတဲ့ စာမ်က္ႏွာ ၅၀၀ ရွိတဲ့ အခ်က္အလက္အျပည့္အစုံတင္ျပခ်က္ကို ICJ ကုလသမဂၢအျမင့္ဆံုးတရားရံုး ကို တင္သြင္းေတာ့မွာျဖစ္ပါတယ္။ ဂမ္ဘီယာတင္သြင္းခ်က္ထဲ မွာဘာေတြပါမလဲ။ ICJ တရားသူႀကီးေတြ ဆံုးျဖတ္ဖို႔အေရးကိစၥမွာ ဒီတင္သြင္းခ်က္ ဘယ္ေလာက္ထိ အေရးပါသလဲ။

အျပည့္အစုံကို မအင္ၾကင္းႏိုင္ေျပာျပမွာပါ။

ဂမ္ဘီယာက အခု တင္သြင္းမယ့္ Memorial လို႔ ေခၚတဲ့ အခ်က္အလက္အျပည့္အစုံတင္ျပခ်က္ဟာ ျမန္မာကို သူတို႔ စြဲဆိုထားတဲ့ ဂ်ီႏိုဆိုက္ လူမ်ိဳးတုန္းသတ္ျဖတ္မႈနဲ႔ ပတ္သက္လို႔ ဘယ္ေလာက္ထိ ခိုင္မာမႈရွိလဲဆိုတာကို သက္ေသအေထာက္အထားေတြနဲ႔ ICJႏိုင္ငံတကာတရား႐ုံးကိုေလွ်ာက္လွဲခ်က္တင္သြင္းရတာ ျဖစ္တယ္လို႔ ဂမ္ဘီယာဘက္က လိုက္ပါေဆာင္႐ြက္ေနတဲ့ Arakan Rohingya Union ဥကၠဌ ေဒါက္တာ Wakar Uddin ကဗြီအိုေအကို ေျပာပါတယ္။

“အဲဒီ Memorial က စာမ်က္ႏွာ ၅၀၀ ေက်ာ္ပါတယ္။ အဲဒီမွာ အေထာက္အထားေတြလည္း ၁၀၀-၂၀၀ ေက်ာ္ပါတယ္။ အဲဒီမွာ ျမန္မာစစ္တပ္ေတြက ဘာလုပ္ထားတယ္ဆိုတာ ၊ ဘာလုပ္ခဲ့တယ္ဆိုတာ Crime Against Humanity နဲ႔ War Crimes ေတြ ရခိုင္ျပည္မွာ လုပ္တာ အားလုံးေတြ ပါပါတယ္။ အေထာက္အထားနဲ႔ Witness တို႔ ၊ UN ကတို႔ ၊ တျခား စိတ္ခ်ရတဲ့ မွန္ကန္တဲ့ Sources ေတြကေန ယူထားတာပါ။ ျမန္မာအစိုးရလည္း ကိုယ္တိုင္ေျပာခဲ့ပါတယ္။ ရခိုင္ျပည္မွာ သူတို႔ Crime လုပ္ခဲ့တယ္တို႔လို႔။ ျမန္မာအစိုးရလည္း ေျပာခဲ့တယ္ ဒါေပမယ့္ ဘယ္လို Crime လုပ္တယ္ ဘယ္ေလာက္လုပ္တယ္ဆိုတာ မေျပာပါဘူး။ အေသးစိတ္ က်ေန္ာတို႔ အဲဒီမွာ ေရးထားပါတယ္။”

ေသာၾကာေန႔မွာ ICJ ကိုတင္သြင္းမယ့္ ဂမ္ဘီယာရဲ႕ Memorial အခ်က္အလက္အျပည့္အစုံတင္ျပခ်က္ဟာ တရားသူႀကီးေတြဘက္က ျမန္မာအေနနဲ႔ ဂ်ီနိုဆိုက္ က်ဴးလြန္မႈရွိမရွိ အဆံုးအျဖတ္ေပးတဲ့ေနရာမွာ ထည့္သြင္းစဥ္းစားမွာျဖစ္တဲ့အတြက္ အလြန္အေရးႀကီးၿပီး ျမန္မာဘက္က ျပန္လည္ခုခံေခ်ပရမွာျဖစ္တယ္လို႔လည္း ေဒါက္တာ Wakar Uddin ကဆိုပါတယ္။

“သိပ္အေရးႀကီးပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၅၀၀ ေက်ာ္ရွိတာ။ ဘယ္ေလာက္အေရးႀကီးသလဲဆိုေတာ့ စာမ်က္ႏွာ ၅၀၀ ေက်ာ္မွာ က်ေနာ္တို႔ ေရးထားတဲ့ တခုၿပီးတခု Genocide crime ၊ Crime of Genocide ေတြ အေသးစိတ္ေရးထားေတာ့ ျမန္မာအစိုးရက အဲဒါကို Reject လုပ္လို႔မရေအာင္ က်ေနာ္တို႔ ဒီဘက္က သက္ေသနဲ႔ ေရးထားတယ္။ ျမန္မာအစိုးရကလည္း ဘယ္လိုေရးမလဲဆိုတာ က်ေန္ာတို႔သိပါတယ္ေလ။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ကိုယ္တိုင္လည္း ေျပာခဲ့ပါတယ္။ ၿပီးေတာ့သူတို႔က နည္းနည္းပါးပါးပဲ လုပ္တာကို ေရးမွာပါ။ သူတို႔ဘက္ကေတာ့ ေခ်ပမွာေပါ့ေလ ။ အဲဒါၿပီးရင္ ေနာက္တခါ ICJ က က်ေနာ္တို႔ဘက္ကို ၃ လ၊ျမန္မာဘက္ကို ၃ လ ေခ်ပဖို႔ ျပန္အခ်ိန္ေပးပါမယ္။”

ICJ ႏိုင္ငံတကာ တရား႐ုံးက ဒီႏွစ္ ဇန္နဝါရီလ ၂၃ ရက္မွာ ျမန္မာနဲ႔ ဂမ္ဘီယာ အေပၚ ခ်မွတ္ခဲ့တဲ့ အမိန႔္စီရင္ခ်က္ေတြအရ ဂမ္ဘီယာဘက္က ေလွ်ာက္လွဲခ်က္ကို ဇူလိုင္လ ၂၃ ရက္မွာ တင္သြင္းရမွာျဖစ္ေပမယ့္ ကိုဗစ္-၁၉ကပ္ေရာဂါအေျခအေနေၾကာင့္ ေအာက္တိုဘာလ ၂၃ ရက္ေန႔ထိ ေ႐ႊ႕ဆိုင္းခဲ့တာျဖစ္ပါတယ္။ ျမန္မာဘက္ကလည္း ဂ်ီႏိုဆိုက္မက်ဴးလြန္ပါဘူးဆိုတဲ့ ျပန္လည္ခုခံေခ်ပခ်က္ကို ၂၀၂၁ခုႏွစ္ ဇန္နဝါရီလ ၂၅ ရက္မွာ ICJ ကိုတင္သြင္းရမွာျဖစ္ပါတယ္။

ဒီအေတာအတြင္းမွာပဲ ICJ က ျမန္မာအေပၚခ်မွတ္ထားတဲ့ ၾကားျဖတ္အေရးေပၚစီမံေဆာင္႐ြက္ခ်က္ေတြနဲ႔ ပတ္သက္လို႔ ျမန္မာအစိုးရက လိုက္နာအေကာင္အထည္ေဖၚျခင္းမရွိဘူးလို႔ ဘဂၤလားေဒ့ရွ္အစိုးရဘက္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။

ေအာက္တိုဘာလ ၂၀ရက္ အဂၤါေန႔က ၿဗိတိန္ႏိုင္ငံ လန္ဒန္မွာရွိတဲ့ ဘဂၤလားေဒ့ရွ္နဲ႔ ကေနဒါသံ႐ုံးတို႔က ပူးေပါင္းျပဳလုပ္တဲ့ ဗြီဒီယိုကြန္ဖရင့္အစည္းအေဝးမွာ ျမန္မာအစိုးရဟာ ICJ တရား႐ုံးဆုံးျဖတ္ခ်က္ကို မလိုက္နာပဲ ရခိုင္ျပည္နယ္မွာ ဖိႏွိပ္ညႇင္းပမ္းမႈေတြကို ဆက္လက္ျပဳလုပ္ေနဆဲျဖစ္တယ္လို႔ ေဆြးေႏြးခဲ့ၾကေၾကာင္း ဗြီအိုေအ ဘဂၤလားေဒ့ရွ္ွဌာနက သတင္းထုတ္ျပန္ထားပါတယ္။ ဒီဗြီဒီယို ကြန္ဖရင့္အစည္းအေဝးမွာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးDr. A K Abdul Momen လည္း ပါဝင္ခဲ့တယ္လို႔ ဆိုပါတယ္။ICJ တရား႐ုံးမွာ ျမန္မာကို ဂမ္ဘီယာက စြဲထားတဲ့အမႈမွာ ကေနဒါနဲ႔ နယ္သာလန္ႏိုင္ငံေတြက အျပည့္အ၀ ပူးေပါင္းေဆာင္႐ြက္မယ့္အေပၚမွာ ဘဂၤလားေဒ့ရွ္က ႀကိဳဆိုေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးDr. A K Abdul Momen ကေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာအပေါ် ဂျီနိုဆိုက် စွဲချက် ICJ မှာ ဂမ်ဘီယာ အချက်အလက်အပြည့်အစုံတင်သွင်းတော့မည်

(Unicode)

ဂျီနိုဆိုက် လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေးသဘောတူစာချုပ်ကို မြန်မာက ချိုးဖောက်တယ်လို့ စွပ်စွဲထားတဲ့ ဂမ်ဘီယာနိုင်ငံက သောကြာနေ့ အောက်တိုဘာလ ၂၃ ရက်မှာ Memorial လို့ ခေါ်တဲ့ စာမျက်နှာ ၅၀၀ ရှိတဲ့ အချက်အလက်အပြည့်အစုံတင်ပြချက်ကို ICJ ကုလသမဂ္ဂအမြင့်ဆုံးတရားရုံး ကို တင်သွင်းတော့မှာဖြစ်ပါတယ်။ ဂမ်ဘီယာတင်သွင်းချက်ထဲ မှာဘာတွေပါမလဲ။ ICJ တရားသူကြီးတွေ ဆုံးဖြတ်ဖို့အရေးကိစ္စမှာ ဒီတင်သွင်းချက် ဘယ်လောက်ထိ အရေးပါသလဲ။

အပြည့်အစုံကို မအင်ကြင်းနိုင်ပြောပြမှာပါ။

ဂမ်ဘီယာက အခု တင်သွင်းမယ့် Memorial လို့ ခေါ်တဲ့ အချက်အလက်အပြည့်အစုံတင်ပြချက်ဟာ မြန်မာကို သူတို့ စွဲဆိုထားတဲ့ ဂျီနိုဆိုက် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ ခိုင်မာမှုရှိလဲဆိုတာကို သက်သေအထောက်အထားတွေနဲ့ ICJနိုင်ငံတကာတရားရုံးကိုလျှောက်လှဲချက်တင်သွင်းရတာ ဖြစ်တယ်လို့ ဂမ်ဘီယာဘက်က လိုက်ပါဆောင်ရွက်နေတဲ့ Arakan Rohingya Union ဥက္ကဌ ဒေါက်တာ Wakar Uddin ကဗွီအိုအေကို ပြောပါတယ်။

“အဲဒီ Memorial က စာမျက်နှာ ၅၀၀ ကျော်ပါတယ်။ အဲဒီမှာ အထောက်အထားတွေလည်း ၁၀၀-၂၀၀ ကျော်ပါတယ်။ အဲဒီမှာ မြန်မာစစ်တပ်တွေက ဘာလုပ်ထားတယ်ဆိုတာ ၊ ဘာလုပ်ခဲ့တယ်ဆိုတာ Crime Against Humanity နဲ့ War Crimes တွေ ရခိုင်ပြည်မှာ လုပ်တာ အားလုံးတွေ ပါပါတယ်။ အထောက်အထားနဲ့ Witness တို့ ၊ UN ကတို့ ၊ တခြား စိတ်ချရတဲ့ မှန်ကန်တဲ့ Sources တွေကနေ ယူထားတာပါ။ မြန်မာအစိုးရလည်း ကိုယ်တိုင်ပြောခဲ့ပါတယ်။ ရခိုင်ပြည်မှာ သူတို့ Crime လုပ်ခဲ့တယ်တို့လို့။ မြန်မာအစိုးရလည်း ပြောခဲ့တယ် ဒါပေမယ့် ဘယ်လို Crime လုပ်တယ် ဘယ်လောက်လုပ်တယ်ဆိုတာ မပြောပါဘူး။ အသေးစိတ် ကျနေ်ာတို့ အဲဒီမှာ ရေးထားပါတယ်။”

သောကြာနေ့မှာ ICJ ကိုတင်သွင်းမယ့် ဂမ်ဘီယာရဲ့ Memorial အချက်အလက်အပြည့်အစုံတင်ပြချက်ဟာ တရားသူကြီးတွေဘက်က မြန်မာအနေနဲ့ ဂျီနိုဆိုက် ကျူးလွန်မှုရှိမရှိ အဆုံးအဖြတ်ပေးတဲ့နေရာမှာ ထည့်သွင်းစဉ်းစားမှာဖြစ်တဲ့အတွက် အလွန်အရေးကြီးပြီး မြန်မာဘက်က ပြန်လည်ခုခံချေပရမှာဖြစ်တယ်လို့လည်း ဒေါက်တာ Wakar Uddin ကဆိုပါတယ်။

“သိပ်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၅၀၀ ကျော်ရှိတာ။ ဘယ်လောက်အရေးကြီးသလဲဆိုတော့ စာမျက်နှာ ၅၀၀ ကျော်မှာ ကျနော်တို့ ရေးထားတဲ့ တခုပြီးတခု Genocide crime ၊ Crime of Genocide တွေ အသေးစိတ်ရေးထားတော့ မြန်မာအစိုးရက အဲဒါကို Reject လုပ်လို့မရအောင် ကျနော်တို့ ဒီဘက်က သက်သေနဲ့ ရေးထားတယ်။ မြန်မာအစိုးရကလည်း ဘယ်လိုရေးမလဲဆိုတာ ကျနေ်ာတို့သိပါတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင်လည်း ပြောခဲ့ပါတယ်။ ပြီးတော့သူတို့က နည်းနည်းပါးပါးပဲ လုပ်တာကို ရေးမှာပါ။ သူတို့ဘက်ကတော့ ချေပမှာပေါ့လေ ။ အဲဒါပြီးရင် နောက်တခါ ICJ က ကျနော်တို့ဘက်ကို ၃ လ၊မြန်မာဘက်ကို ၃ လ ချေပဖို့ ပြန်အချိန်ပေးပါမယ်။”

ICJ နိုင်ငံတကာ တရားရုံးက ဒီနှစ် ဇန်နဝါရီလ ၂၃ ရက်မှာ မြန်မာနဲ့ ဂမ်ဘီယာ အပေါ် ချမှတ်ခဲ့တဲ့ အမိန့်စီရင်ချက်တွေအရ ဂမ်ဘီယာဘက်က လျှောက်လှဲချက်ကို ဇူလိုင်လ ၂၃ ရက်မှာ တင်သွင်းရမှာဖြစ်ပေမယ့် ကိုဗစ်-၁၉ကပ်ရောဂါအခြေအနေကြောင့် အောက်တိုဘာလ ၂၃ ရက်နေ့ထိ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။ မြန်မာဘက်ကလည်း ဂျီနိုဆိုက်မကျူးလွန်ပါဘူးဆိုတဲ့ ပြန်လည်ခုခံချေပချက်ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှာ ICJ ကိုတင်သွင်းရမှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ICJ က မြန်မာအပေါ်ချမှတ်ထားတဲ့ ကြားဖြတ်အရေးပေါ်စီမံဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရက လိုက်နာအကောင်အထည်ဖေါ်ခြင်းမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

အောက်တိုဘာလ ၂၀ရက် အင်္ဂါနေ့က ဗြိတိန်နိုင်ငံ လန်ဒန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကနေဒါသံရုံးတို့က ပူးပေါင်းပြုလုပ်တဲ့ ဗွီဒီယိုကွန်ဖရင့်အစည်းအဝေးမှာ မြန်မာအစိုးရဟာ ICJ တရားရုံးဆုံးဖြတ်ချက်ကို မလိုက်နာပဲ ရခိုင်ပြည်နယ်မှာ ဖိနှိပ်ညှင်းပမ်းမှုတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့ ဆွေးနွေးခဲ့ကြကြောင်း ဗွီအိုအေ ဘင်္ဂလားဒေ့ရှ်ှဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီဗွီဒီယို ကွန်ဖရင့်အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးDr. A K Abdul Momen လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ICJ တရားရုံးမှာ မြန်မာကို ဂမ်ဘီယာက စွဲထားတဲ့အမှုမှာ ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေက အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ့်အပေါ်မှာ ဘင်္ဂလားဒေ့ရှ်က ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးDr. A K Abdul Momen ကပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG