သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရိုဟင္ဂ်ာေတြ အျမန္ဆံုးေနရပ္ျပန္ေရး ဂ်ပန္ အကူအညီေပးဖို႔ရွိ


ကုတုပေလာင္စခန္းမွ ရိုဟင္ဂ်ာ အမ်ိဳးသမီးမ်ား

(Zawgyi/Unicode)

ဘဂၤလားေဒရွ္႕ႏုိင္ငံမွာ ခိုလံႈေနရတဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ေစာလ်င္စြာ ဌာေနျပန္ႏုိင္ေရး အတြက္ ဂ်ပန္ အစိုးရက ျမန္မာ အစိုးရနဲ႔ ဆက္သြယ္ ေဆာင္ရြက္သြားမယ္လို႔ ဘဂၤလားေဒရွ္႕ ဆိုင္ရာ ဂ်ပန္ သံအမတ္ႀကီး Ito Naoki က ေျပာဆိုလိုက္ပါတယ္။

ၿမိဳ႕ေတာ္ ဒါကာက Mirpur တပ္နယ္ စစ္တပ္ အရာရွိေတြ ေလ႔က်င့္ေပးေနတဲ႔ ကာကြယ္ေရး ဆိုင္ရာ ေကာလိပ္မွာ ဂ်ပန္နဲ႔ ဘဂၤလားေဒရွ္႕ ႏွစ္ေပါင္း ၅၀ ခ်စ္ၾကည္ရင္းႏွီးမႈ ေခါင္းစဥ္နဲ႔ ဂ်ပန္ သံအမတ္ႀကီးက အြန္လိုင္းကေန ေဟာေျပာ ပို႔ခ်မႈ အတြင္း အေမးအေျဖက႑မွာ အခုလို ေျပာဆိုသြားတာ ျဖစ္ေၾကာင္း ဘဂၤလားေဒရွ္႕ လက္နက္ကိုင္ တပ္ဖြဲ႔မ်ားရဲ႕ သတင္းဌာန ISPR က ႏို၀င္ဘာလ ၁၂ ရက္ေန႔ ေန႔စြဲနဲ႔ သတင္းထုတ္ျပန္ထားပါတယ္။

ရိုဟင္ဂ်ာ ျပသနာ ေျဖရွင္းေရး ဂ်ပန္ဘက္က အကူအညီနဲ႔ ပတ္သက္ၿပီး ေဟာေျပာပြဲမွာ ေမးျမန္းခဲ႔ၾကတာပါ။ ဂ်ပန္က ျမန္မာ အစိုးရနဲ႔ ဆက္သြယ္ၿပီး ရိုဟင္ဂ်ာေတြ ေစာလ်င္စြာ ဌာေနျပန္ႏုိင္ေရး အတြက္ ေဆာင္ရြက္သြားမယ္လို႔ သံအမတ္ႀကီး Naoki က ေျဖခဲ႔တာပါ။

ဒါ႔အျပင္ အေမရိကန္ ျပည္ေထာင္စု၊ ဥေရာပ ႏုိင္ငံေတြ၊ ေနာက္ အေရွ႕ေတာင္ အာရွႏုိင္ငံမ်ား အသင္း၀င္ ႏုိင္ငံေတြလို ႏုိင္ငံတကာ အသိုင္းအ၀ိုင္းနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔၊ ေနာက္ တဆင့္ အေနနဲ႔ ယံုၾကည္မႈ တည္ေဆာက္ေရး လုပ္ငန္းစဥ္ စတင္ဖို႔ အေရးႀကီးတယ္လို႔လည္း သံအမတ္ႀကီးက ရည္ညႊန္း ေျပာဆိုခဲ႔ပါတယ္။

ဘဂၤလားေဒရွ္႕ဘက္ ခိုလံႈေနရတဲ႔ သိန္းနဲဲ႔ခ်ီတဲ႔ ဒုကၡသည္ေတြကို စိစစ္လက္ခံဖိ႔ု ျမန္မာနဲ႔ ဘဂၤလားေဒရွ္႕ၾကား သေဘာတူ ေဆာင္ရြက္ေနေပမယ့္လည္း အစီအစဥ္က အထမေျမာက္ေသးပါဘူး။ ျမန္မာဘက္က ရိုဟင္ဂ်ာဆိုတဲ႔ အသံုးအႏႈန္းကိုလည္း လက္မခံပါဘူး။

တိုက္႐ိုက္ လင့္ခ္


...............

ရိုဟင်ဂျာတွေ အမြန်ဆုံးနေရပ်ပြန်ရေး ဂျပန် အကူအညီပေးဖို့ရှိ
(Unicode)

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ စောလျင်စွာ ဌာနေပြန်နိုင်ရေး အတွက် ဂျပန် အစိုးရက မြန်မာ အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်သွားမယ်လို့ ဘင်္ဂလားဒေရှ့် ဆိုင်ရာ ဂျပန် သံအမတ်ကြီး Ito Naoki က ပြောဆိုလိုက်ပါတယ်။

မြို့တော် ဒါကာက Mirpur တပ်နယ် စစ်တပ် အရာရှိတွေ လေ့ကျင့်ပေးနေတဲ့ ကာကွယ်ရေး ဆိုင်ရာ ကောလိပ်မှာ ဂျပန်နဲ့ ဘင်္ဂလားဒေရှ့် နှစ်ပေါင်း ၅၀ ချစ်ကြည်ရင်းနှီးမှု ခေါင်းစဉ်နဲ့ ဂျပန် သံအမတ်ကြီးက အွန်လိုင်းကနေ ဟောပြော ပို့ချမှု အတွင်း အမေးအဖြေကဏ္ဍမှာ အခုလို ပြောဆိုသွားတာ ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့် လက်နက်ကိုင် တပ်ဖွဲ့များရဲ့ သတင်းဌာန ISPR က နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာ ပြသနာ ဖြေရှင်းရေး ဂျပန်ဘက်က အကူအညီနဲ့ ပတ်သက်ပြီး ဟောပြောပွဲမှာ မေးမြန်းခဲ့ကြတာပါ။ ဂျပန်က မြန်မာ အစိုးရနဲ့ ဆက်သွယ်ပြီး ရိုဟင်ဂျာတွေ စောလျင်စွာ ဌာနေပြန်နိုင်ရေး အတွက် ဆောင်ရွက်သွားမယ်လို့ သံအမတ်ကြီး Naoki က ဖြေခဲ့တာပါ။

ဒါ့အပြင် အမေရိကန် ပြည်ထောင်စု၊ ဥရောပ နိုင်ငံတွေ၊ နောက် အရှေ့တောင် အာရှနိုင်ငံများ အသင်းဝင် နိုင်ငံတွေလို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ နောက် တဆင့် အနေနဲ့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ် စတင်ဖို့ အရေးကြီးတယ်လို့လည်း သံအမတ်ကြီးက ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့်ဘက် ခိုလှုံနေရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံဖိ့ု မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြား သဘောတူ ဆောင်ရွက်နေပေမယ့်လည်း အစီအစဉ်က အထမမြောက်သေးပါဘူး။ မြန်မာဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်မခံပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG