သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ႏိုဝင္ဘာထဲ ကြ်န္းပို႔ဖို႔ စီစဥ္ေန


ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ Bhashan Char ကၽြန္းမွာ ေဆာက္လုပ္ထားတဲ့ အေဆာက္အဦးမ်ား။ (ဒီဇင္ဘာ ၁၉၊ ၂၀၁၉)

[Zawgyi/Unicode]

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြထဲက ဒုကၡသည္ ၁၀၀,၀၀၀ ကို ပင္လယ္ထဲက ကၽြန္း ဘာဆန္ခ်ာဆီကို ဒီလႏိုဝင္ဘာလမွာစၿပီး ပို႔ဖို႔ စခန္းတာဝန္ခံေတြက စီစဥ္ေနတဲ့အေပၚအႏၱရာယ္မ်ားလွတဲ့ကၽြန္းကို မသြားလိုၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ သေဘာထားအျမင္ေတြကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

Bhashan Char ကၽြန္း ဆိုတာကေတာ့ ဘဂၤလားေဒ့ရွ္အစိုးရကေန ဘဂၤလားေဒ့ရွ္ႏုိင္ငံေရာက္ ျမန္မာႏုိင္ငံက တိမ္းေရွာင္ ထြက္ေျပးလာၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ သိန္းနဲ႔ခ်ီ ခိုလံႈေနထိုင္တဲ့ လူဦးေရ ထူထပ္ မ်ားျပားလြန္းလွတဲ့ ဒုကၡသည္စခန္းေတြထဲက ဒုကၡသည္တခ်ိဳ႕ကို ခြဲၿပီး ေရႊ႕ေျပာင္းေနရာခ်ထားဖို႔ စီစဥ္ထားတဲ့ ပင္လယ္ထဲက ကၽြန္းတကၽြန္းျဖစ္ပါတယ္။ ဒီပင္လယ္ထဲက သက္ႏုကၽြန္း တကၽြန္းျဖစ္တဲ့ ဒီဘာဆန္ခ်ာကၽြန္းဟာ မုန္တုိင္းဒဏ္ ရာသီဥတု ဆိုးဝါးတဲ့ဒဏ္နဲ႔ ဒုကၡသည္ေတြအတြက္ ဆက္သြယ္ေရး၊ ေနထုိင္ေရး၊ လံုၿခံဳေရး အခက္အခဲ အႏၱရာယ္ေတြနဲ႔ ရင္ဆိုင္ရႏုိင္တာေၾကာင့္ ဒုကၡသည္ေတြဘက္ကလည္း လံုးဝမသြားလိုၾကပါဘူး။ ကုလသမဂၢ အပါအဝင္ ဒုကၡသည္ေတြကို ကူညီေစာင့္ေရွာက္ေပးေနတဲ့ လူ႔အခြင့္အေရးအဖြဲ႔ေတြ NGO၊ INGO ႏုိင္ငံတကာ အဖြဲ႔အစည္းေတြဘက္ကလည္း လူမေနသင့္တဲ့ ေနရာတခုအျဖစ္နဲ႔ စိုးရိမ္ေနၾကတဲ့ ေဒသတခုလည္း ျဖစ္ပါတယ္။

ဒီ Bhashan Char ကၽြန္းဆီကို ၿပီးခဲ့တဲ့ စက္တင္ဘာတုန္းက ဘဂၤလားေဒ့ရွ္အစိုးရကေန သူတို႔စီမံေဆာင္ရြက္ထားတဲ့ အေျခအေနေတြကို ႐ိုဟင္ဂ်ာဒုကၡသည္စခန္း အသီးသီးက ဘာသာေရးေခါင္းေဆာင္ေတြ၊ စခန္းတာဝန္ခံ ေခါင္းေဆာင္ေတြကို “Go and See Visit” ခရီးစဥ္ဆိုၿပီးေခၚၿပီး သြားျပသခဲ့တာပါ။

ဒီခရီးစဥ္အၿပီး အခုလို ဒုကၡသည္ ၁၀၀,၀၀၀ ေက်ာ္ကို ဘာဆန္ခ်ာကၽြန္းဆီကို ပို႔ဖို႔ စခန္းတာဝန္ခံေတြကေန စာရင္းေတြ လိုက္လံေကာက္ခံတဲ့ အစီအစဥ္ေတြ စလာတာလို႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြကေျပာပါတယ္။ ဘာဆာကၽြန္းကို ေျပာင္းေရႊ႕လိုတဲ့ ရိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕စာရင္းေတြကို စခန္းတာဝန္ခံေတြဘက္က စတင္ေကာက္ခံေနတဲ့ အေၾကာင္း ကုတုပေလာင္ ဒုကၡသည္စခန္း အမွတ္ ၇ မွာ ေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေအာင္ၿမိဳင္ကေျပာျပပါတယ္။

"သူတို႔ ႏိုဝင္ဘာလမွာ စၿပီးေတာ့ ေရႊ႕ေျပာင္းမႈေတြ စလုပ္မယ္ဆိုတာ သိရပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာ တတိယပတ္ေလာက္မွာ ဒီက ရပ္ကြက္ေခါင္းေဆာင္ေတြကို စခန္းတာဝန္ခံက ေခၚယူၿပီးေတာ့ အစည္းအေဝးလုပ္တာ ေဆြးေႏြးတာေတြ ရွိပါတယ္။ ဒီမွာ ရပ္ကြက္အလိုက္ေခါင္းေဆာင္ေတြရွိတယ္ က်ေနာ္ေနတဲ့ စခန္းအတုိင္းအတာ နဲ႔ေျပာမယ္ဆိုရင္ ဒီမွာ ရပ္ကြက္ေပါင္းစံုက ၇ ဦး၊ ၈ဦးေလာက္ရွိတယ္။ ရပ္ကြက္ခြဲေခါင္းေဆာင္ေတြက ၇၀ ေက်ာ္ေလာက္ ရွိပါတယ္။ တျခားစခန္းေတြမွာလည္း ေဆြးေႏြးပါတယ္။ ေဆြးေႏြးတာေတြကေတာ့ဘာဆာကၽြန္းကို သြားလိုတဲ့ မိသားစုေတြရဲ႕စာရင္းေပါ့ေနာ္။ တကယ့္သြားမယ့္မိသားစုစာရင္းကို စခန္းတာဝန္ခံရံုးမွာ သူတို႔ကိုညႊန္ၾကားထားတာ က်ေနာ္တို႔သိရပါတယ္။"

စခန္းတာဝန္ခံေတြဘက္က ဒီလႏိုဝင္ဘာထဲမွာ ကၽြန္းကိုေျပာင္းေရႊ႕မယ့္ အစီအစဥ္ေတြစမယ္လို႔ ေျပာဆိုေနတဲ့ အေၾကာင္းလည္း ဘာလုခါလီဒုကၡသည္စခန္းက ရိုဟင္ဂ်ာဒုကၡသည္ ဦးအီစလံေခၚဦးေက်ာ္ျမင့္ကလည္းေျပာျပပါတယ္။

"သူတို႔က ဒီလႏိုဝင္ဘာလမွာ ဘဂၤလားေဒ့ရွ္အစိုးရရဲ႕အစီအစဥ္အရ စတင္ေျပာင္းေရႊ႕သြားမယ္လို႔ေျပာသြားခဲ့ပါတယ္။ ဘယ္ေန႔၊ ဘယ္ရက္ေျပာင္းေရႊ႕ၾကရမယ္ဆိုတာကိုေတာ့ ေလာေလာဆယ္ မသိရေသးပါဘူးခင္ဗ်။ ပထမအသုတ္အေနနဲ႔ မိမိဆႏၵအေလ်ာက္သြားမယ့္သူမ်ားကို ေျပာင္းေရႊ႕သြားမယ္လို႔ေျပာၿပီးေတာ့ ဒုတိယအသုတ္ အေနနဲ႔ကေတာ့ ဒုကၡသည္စခန္းေတြထဲက ျပစ္မႈက်ဴးလြန္သူေတြရဲ႕မိသားစုေတြပါအပါ ဒုကၡသည္ ၁၀၀,၀၀၀ ကို ဘာဆန္ခ်ာကၽြန္းကို ေျပာင္းေရႊ႕မယ္ဆိုၿပီးေတာ့ ေျပာေနၾကတာလည္း ၾကားသိရပါတယ္။ ဘဂၤလားေဒ့ရွ္အစိုးရဘက္က ေကာ့ဇ္ဘဇားခရိုင္မွာ ဒုကၡသည္ေတြ ျပြတ္သိပ္ေနတယ္ဆိုၿပီးေတာ့ ဒီလူေပါင္း ၁၀၀,၀၀၀ ေက်ာ္ထဲက ၁၀၀,၀၀၀ ကို ေျပာင္းပစ္တာေပါ့။ အဲ့ဒီ့ကၽြန္းမွာကလည္း ရိုဟင္ဂ်ာ ၃၀၀ ေက်ာ္ ရွိေနတယ္။ သူတို႔လည္း စိတ္မခ်မ္းမသာနဲ႔ ေနထိုင္ေနရတယ္ဆိုၿပီးေတာ့ သူတို႔ေဆြမ်ိဳးေတြကလည္း ေျပာျပပါတယ္။"

Bhashan Char ကြ်န္း။
Bhashan Char ကြ်န္း။

ရိုဟင္ဂ်ာဒုကၡသည္ေတြဟာ သူတို႔ကို လူသူမနီးတဲ့ အႏၱရာယ္မ်ားတဲ့ ဒီ Bhashan Char ကၽြန္းဆီကို ေျပာင္းေရႊ႕ခိုင္းမွာကို အေတာ္ေလးကို စိုးရိမ္ေနၾကတာပါ။ ဇန္ေတာ္လီဒုကၡသည္စခန္းက ရိုဟင္ဂ်ာဒုကၡသည္ ကိုေမာင္ေက်ာ္ျမင့္က သူ႔သေဘာထား ေျပာျပပါတယ္။

"အဓိကကေတာ့ က်ေနာ္တို႔ မသြားခ်င္ဘူး။ ဘာျဖစ္လို႔လဲဆိုရင္ ဘာဆန္ခ်ာကၽြန္းဆိုတာဟာ ဘာအသက္အာမခံခ်က္မွ မရွိဘူးဆိုတာကို ႏုိင္ငံတကာအဖြဲ႔အစည္းကလည္း ေျပာထားတာရွိပါတယ္။ က်ေနာ္တို႔ ဘာဆန္ခ်ာကို လံုးဝမသြားခ်င္ဘူး။ ဒါေပမဲ့ ဘဂၤလားေဒ့ရွ္အစိုးရ ကေန က်ေနာ္တို႔ ကမ့္ေတြထဲက ရိုဟင္ဂ်ာအေယာက္ ၄၀ ေလာက္ကို ဘာဆန္ခ်ာကၽြန္းကို visit လႊတ္ခဲ့တာ ရွိပါတယ္။ ဒါေပမဲ့ သူတို႔ Technology ပိုင္း ဘာမွမသိပဲနဲ႔ သူတို႔က ဘယ္လိုမ်ိဳး Decision ခ်မွာလဲခင္ဗ်။ အဲ့ဒါကို ေမးခြန္းထုတ္စရာ ရွိေနပါတယ္ခင္ဗ်။ က်ေနာ္တို႔ရဲ႕အသက္အာမခံခ်က္ကေရာ ဘယ္လိုျဖစ္နိုင္မလဲဆိုတာ က်ေနာ္တို႔စိုးရိမ္ပါတယ္ခင္ဗ်။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ကလည္း က်ေနာ္တို႔ရဲ႕ျမန္မာႏုိင္ငံ ဇာတိကုိပဲသြားခ်င္ပါတယ္။"

ဒီဘာဆန္ကၽြန္းမွာ လူေနဖို႔ တိုက္တာအေဆာက္အဦးေတြ၊ ေဆးရံုေဆးခန္းေတြ၊ စာသင္ေက်ာင္းေတြ၊ စိုက္ပ်ိဳးခင္းေတြ၊ ေမြးျမဴစခန္းေတြနဲ႔ စနစ္တက် လူေနႏိုင္ေအာင္စီစဥ္ထားတယ္လို႔ ဘဂၤလားေဒ့ရွ္အစိုးရဘက္က ေျပာဆိုထားသလိုအရင္တုန္းကလည္း ဒုကၡသည္ေတြကုိ Bhasan Char ကၽြန္းမွာ ေျပာင္းေရႊ႕ဖုိ႔ ကိုလည္း ဘဂၤလားေဒ့ရွ္ အစုိးရက စီစဥ္ခဲ့ဖူးေပမယ့္ ကုလအပါအဝင္ ႏုိင္ငံတကာက ဝိုင္းဝန္းကန္႔ကြက္မႈေတြနဲ႔ ေအာင္ျမင္မႈ မရခဲ့တဲ့ေနာက္ အခုလို ဘာဆန္ခ်ာကၽြန္းဆီကို ဒုကၡသည္ ၁၀၀,၀၀၀ ပို႔ေဆာင္ဖို႔ စခန္းတာဝန္ခံေတြဘက္က အစီစဥ္ေတြ ျပန္စတင္လာတာပါ။

ဒုကၡသည္ေတြဘက္က ေနရပ္ရင္း ျမန္မာႏိုင္ငံကို ျပန္လိုၾကတယ္လို႔ ဆိုေပမဲ့ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံထားတဲ့ ျမန္မာအစိုးရနဲ႔ ဘဂၤလားေဒ့ရွ္အစိုးရတို႔ၾကား ေဆာင္ရြက္ေနတဲ့ ဒုကၡသည္ေတြ ျပန္လည္လက္ခံေရး အစီအစဥ္ေတြကေတာ့ ေနွာင့္ေႏွးေနဆဲအေျခအေနမွာ ရိွပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာဒုက္ခသည်တွေကို နိုဝင်ဘာထဲ ကျွန်းပို့ဖို့ စီစဉ်နေ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည် ၁၀၀,၀၀၀ ကို ပင်လယ်ထဲက ကျွန်း ဘာဆန်ချာဆီကို ဒီလနိုဝင်ဘာလမှာစပြီး ပို့ဖို့ စခန်းတာဝန်ခံတွေက စီစဉ်နေတဲ့အပေါ်အန္တရာယ်များလှတဲ့ကျွန်းကို မသွားလိုကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သဘောထားအမြင်တွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

Bhashan Char ကျွန်း ဆိုတာကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာနိုင်ငံက တိမ်းရှောင် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ခိုလှုံနေထိုင်တဲ့ လူဦးရေ ထူထပ် များပြားလွန်းလှတဲ့ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တချို့ကို ခွဲပြီး ရွှေ့ပြောင်းနေရာချထားဖို့ စီစဉ်ထားတဲ့ ပင်လယ်ထဲက ကျွန်းတကျွန်းဖြစ်ပါတယ်။ ဒီပင်လယ်ထဲက သက်နုကျွန်း တကျွန်းဖြစ်တဲ့ ဒီဘာဆန်ချာကျွန်းဟာ မုန်တိုင်းဒဏ် ရာသီဥတု ဆိုးဝါးတဲ့ဒဏ်နဲ့ ဒုက္ခသည်တွေအတွက် ဆက်သွယ်ရေး၊ နေထိုင်ရေး၊ လုံခြုံရေး အခက်အခဲ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် ဒုက္ခသည်တွေဘက်ကလည်း လုံးဝမသွားလိုကြပါဘူး။ ကုလသမဂ္ဂ အပါအဝင် ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ လူ့အခွင့်အရေးအဖွဲ့တွေ NGO၊ INGO နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်ကလည်း လူမနေသင့်တဲ့ နေရာတခုအဖြစ်နဲ့ စိုးရိမ်နေကြတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။

ဒီ Bhashan Char ကျွန်းဆီကို ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ဘင်္ဂလားဒေ့ရှ်အစိုးရကနေ သူတို့စီမံဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ရိုဟင်ဂျာဒုက္ခသည်စခန်း အသီးသီးက ဘာသာရေးခေါင်းဆောင်တွေ၊ စခန်းတာဝန်ခံ ခေါင်းဆောင်တွေကို “Go and See Visit” ခရီးစဉ်ဆိုပြီးခေါ်ပြီး သွားပြသခဲ့တာပါ။

ဒီခရီးစဉ်အပြီး အခုလို ဒုက္ခသည် ၁၀၀,၀၀၀ ကျော်ကို ဘာဆန်ချာကျွန်းဆီကို ပို့ဖို့ စခန်းတာဝန်ခံတွေကနေ စာရင်းတွေ လိုက်လံကောက်ခံတဲ့ အစီအစဉ်တွေ စလာတာလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောပါတယ်။ ဘာဆာကျွန်းကို ပြောင်းရွှေ့လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့စာရင်းတွေကို စခန်းတာဝန်ခံတွေဘက်က စတင်ကောက်ခံနေတဲ့ အကြောင်း ကုတုပလောင် ဒုက္ခသည်စခန်း အမှတ် ၇ မှာ နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအောင်မြိုင်ကပြောပြပါတယ်။

"သူတို့ နိုဝင်ဘာလမှာ စပြီးတော့ ရွှေ့ပြောင်းမှုတွေ စလုပ်မယ်ဆိုတာ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တတိယပတ်လောက်မှာ ဒီက ရပ်ကွက်ခေါင်းဆောင်တွေကို စခန်းတာဝန်ခံက ခေါ်ယူပြီးတော့ အစည်းအဝေးလုပ်တာ ဆွေးနွေးတာတွေ ရှိပါတယ်။ ဒီမှာ ရပ်ကွက်အလိုက်ခေါင်းဆောင်တွေရှိတယ် ကျနော်နေတဲ့ စခန်းအတိုင်းအတာ နဲ့ပြောမယ်ဆိုရင် ဒီမှာ ရပ်ကွက်ပေါင်းစုံက ၇ ဦး၊ ၈ဦးလောက်ရှိတယ်။ ရပ်ကွက်ခွဲခေါင်းဆောင်တွေက ၇၀ ကျော်လောက် ရှိပါတယ်။ တခြားစခန်းတွေမှာလည်း ဆွေးနွေးပါတယ်။ ဆွေးနွေးတာတွေကတော့ဘာဆာကျွန်းကို သွားလိုတဲ့ မိသားစုတွေရဲ့စာရင်းပေါ့နော်။ တကယ့်သွားမယ့်မိသားစုစာရင်းကို စခန်းတာဝန်ခံရုံးမှာ သူတို့ကိုညွှန်ကြားထားတာ ကျနော်တို့သိရပါတယ်။"

စခန်းတာဝန်ခံတွေဘက်က ဒီလနိုဝင်ဘာထဲမှာ ကျွန်းကိုပြောင်းရွှေ့မယ့် အစီအစဉ်တွေစမယ်လို့ ပြောဆိုနေတဲ့ အကြောင်းလည်း ဘာလုခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံခေါ်ဦးကျော်မြင့်ကလည်းပြောပြပါတယ်။

"သူတို့က ဒီလနိုဝင်ဘာလမှာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အစီအစဉ်အရ စတင်ပြောင်းရွှေ့သွားမယ်လို့ပြောသွားခဲ့ပါတယ်။ ဘယ်နေ့၊ ဘယ်ရက်ပြောင်းရွှေ့ကြရမယ်ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူးခင်ဗျ။ ပထမအသုတ်အနေနဲ့ မိမိဆန္ဒအလျောက်သွားမယ့်သူများကို ပြောင်းရွှေ့သွားမယ်လို့ပြောပြီးတော့ ဒုတိယအသုတ် အနေနဲ့ကတော့ ဒုက္ခသည်စခန်းတွေထဲက ပြစ်မှုကျူးလွန်သူတွေရဲ့မိသားစုတွေပါအပါ ဒုက္ခသည် ၁၀၀,၀၀၀ ကို ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့မယ်ဆိုပြီးတော့ ပြောနေကြတာလည်း ကြားသိရပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ကော့ဇ်ဘဇားခရိုင်မှာ ဒုက္ခသည်တွေ ပြွတ်သိပ်နေတယ်ဆိုပြီးတော့ ဒီလူပေါင်း ၁၀၀,၀၀၀ ကျော်ထဲက ၁၀၀,၀၀၀ ကို ပြောင်းပစ်တာပေါ့။ အဲ့ဒီ့ကျွန်းမှာကလည်း ရိုဟင်ဂျာ ၃၀၀ ကျော် ရှိနေတယ်။ သူတို့လည်း စိတ်မချမ်းမသာနဲ့ နေထိုင်နေရတယ်ဆိုပြီးတော့ သူတို့ဆွေမျိုးတွေကလည်း ပြောပြပါတယ်။"

ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ကို လူသူမနီးတဲ့ အန္တရာယ်များတဲ့ ဒီ Bhashan Char ကျွန်းဆီကို ပြောင်းရွှေ့ခိုင်းမှာကို အတော်လေးကို စိုးရိမ်နေကြတာပါ။ ဇန်တော်လီဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ကိုမောင်ကျော်မြင့်က သူ့သဘောထား ပြောပြပါတယ်။

"အဓိကကတော့ ကျနော်တို့ မသွားချင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဘာဆန်ချာကျွန်းဆိုတာဟာ ဘာအသက်အာမခံချက်မှ မရှိဘူးဆိုတာကို နိုင်ငံတကာအဖွဲ့အစည်းကလည်း ပြောထားတာရှိပါတယ်။ ကျနော်တို့ ဘာဆန်ချာကို လုံးဝမသွားချင်ဘူး။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ကနေ ကျနော်တို့ ကမ့်တွေထဲက ရိုဟင်ဂျာအယောက် ၄၀ လောက်ကို ဘာဆန်ချာကျွန်းကို visit လွှတ်ခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ သူတို့ Technology ပိုင်း ဘာမှမသိပဲနဲ့ သူတို့က ဘယ်လိုမျိုး Decision ချမှာလဲခင်ဗျ။ အဲ့ဒါကို မေးခွန်းထုတ်စရာ ရှိနေပါတယ်ခင်ဗျ။ ကျနော်တို့ရဲ့အသက်အာမခံချက်ကရော ဘယ်လိုဖြစ်နိုင်မလဲဆိုတာ ကျနော်တို့စိုးရိမ်ပါတယ်ခင်ဗျ။ နောက်ပြီးတော့ ကျနော်တို့ကလည်း ကျနော်တို့ရဲ့မြန်မာနိုင်ငံ ဇာတိကိုပဲသွားချင်ပါတယ်။"

ဒီဘာဆန်ကျွန်းမှာ လူနေဖို့ တိုက်တာအဆောက်အဦးတွေ၊ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ စိုက်ပျိုးခင်းတွေ၊ မွေးမြူစခန်းတွေနဲ့ စနစ်တကျ လူနေနိုင်အောင်စီစဉ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ပြောဆိုထားသလိုအရင်တုန်းကလည်း ဒုက္ခသည်တွေကို Bhasan Char ကျွန်းမှာ ပြောင်းရွှေ့ဖို့ ကိုလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်ခဲ့ဖူးပေမယ့် ကုလအပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းကန့်ကွက်မှုတွေနဲ့ အောင်မြင်မှု မရခဲ့တဲ့နောက် အခုလို ဘာဆန်ချာကျွန်းဆီကို ဒုက္ခသည် ၁၀၀,၀၀၀ ပို့ဆောင်ဖို့ စခန်းတာဝန်ခံတွေဘက်က အစီစဉ်တွေ ပြန်စတင်လာတာပါ။

ဒုက္ခသည်တွေဘက်က နေရပ်ရင်း မြန်မာနိုင်ငံကို ပြန်လိုကြတယ်လို့ ဆိုပေမဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံထားတဲ့ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ကြား ဆောင်ရွက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီအစဉ်တွေကတော့ နှောင့်နှေးနေဆဲအခြေအနေမှာ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG