[Zawgyi/Unicode]
ျမန္မာႏိုင္ငံကေန ထြက္ေျပးၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနရတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြအတြက္ ရန္ပုံေငြ အသစ္တရပ္ ေထာက္ပံ့ေပးသြားမယ္လို႔ ၿဗိတိန္က ၾကာသပေတးေန႔မွာ ေၾကညာပါတယ္။ ဒီဒုကၡသည္ေတြ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြကို ေမ့ေလ်ာ့မထားၾကဖို႔လည္း ကုလသမဂၢ ေဆြးေႏြးပြဲအတြင္း တျခားအလႈရွင္ေတြကို ၿဗိတိန္က တိုက္တြန္းႏႈိးေဆာ္ခဲ့ပါတယ္။
႐ိုဟင္ဂ်ာ ဒုကၡသည္ေတြအတြက္အျပင္ ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးနဲ႔ မၾကာခဏ သဘာဝေဘးအႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြက္ အေမရိကန္ ေဒၚလာ ၆၃ သန္း အကူအညီေပးဖို႔ လ်ာထားတယ္လို႔ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး Dominic Raab ကေျပာပါတယ္။
ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး (UNHCR)၊ ၿဗိတိန္၊ အေမရိကန္နဲ႔ ဥေရာပသမဂၢႏိုင္ငံေတြ ပူးတြဲ ကမကထျပဳၿပီး ဗီြဒီယိုဆက္သြယ္ေရးကေနတဆင့္ ဒီကေန႔က်င္းပမယ့္ ႐ိုဟင္ဂ်ာအေရး အလွဴရွင္ ႏုိင္ငံမ်ားနဲ႔အဖြဲ႔အစည္းမ်ားရဲ႕ ညီလာခံ မတိုင္ခင္မွာဘဲ ၿဗိတိန္က အကူအညီေပးမယ္ဆိုတဲ့ ေၾကညာခ်က္ ထြက္လာတာပါ။
႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ ဆင္းရဲဒုကၡေတြကို မ်က္ကြယ္ျပဳမထားၾကဖို႔ နဲ႔ သူတို႔ ေဘးအႏၲရာယ္ကင္းကင္းရွင္းရွင္းနဲ႔ ေနရပ္ရင္းျပန္ႏိုင္ဖို႔ လိုအပ္တာေတြကို ေဆာင္႐ြက္သြားဖို႔ တိုက္တြန္းပါတယ္လို႔ ဝန္ႀကီး Raab က ထုတ္ျပန္ခ်က္တရပ္မွာ ေျပာထားပါတယ္။
႐ိုဟင္ဂ်ာ ဒုကၡသည္ေတြအတြက္ လူသားခ်င္းစာနာမႈ အကူအညီအျဖစ္ အေမရိကန္ ေဒၚလာ ၁ ဘီလီယံေက်ာ္ကို UNHCR က ေတာင္းခံထားတာပါ။ ျမန္မာႏိုင္ငံကေန ထြက္ေျပးသြားခဲ့တဲ့ ဒုကၡသည္ ၈၀၀,၀၀၀ ေက်ာ္ေလာက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနရတာပါ။ ျမန္မာအစိုးရက ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေပမဲ့ ဒုကၡသည္ေတြကို ျပန္စိစစ္လက္ခံသြားမယ္လို႔ ေျပာဆိုထားပါတယ္။ အခု လႈဒါန္းတဲ့ ရန္ပုံေငြပမာဏ က ဒုကၡသည္ေတြ ကိုကယ္တင္ရာေရာက္သလို ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးလုပ္ငန္းေတြအတြက္လည္း အေထာက္အပံ့ျဖစ္လိမ့္မယ္လို႔ ဝန္ႀကီး Raab ကေျပာပါတယ္။
႐ိုဟင္ဂ်ာ ဒုကၡသည္ေတြအတြက္ ရန္ပုံေငြျမႇင့္တင္ေရး ေဆြးေႏြးပြဲမွာ ပါဝင္တဲ့ ႏိုင္ငံအစိုးရေတြ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံေတြအေနနဲ႔ ႐ိုဟင္ဂ်ာ ကေလးငယ္ေတြ ပညာသင္ခြင့္ အခြင့္အေရးေတြကို လ်စ္လ်ဴရႈမထားဖို႔အတြက္ တိုက္တြန္းၾကဖို႔လည္း လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႕ HRW က ဒီကေန႔ ေျပာပါတယ္။
[Unicode Version]
ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်အတွက် ရန်ပုံငွေ ဒေါ်လာ ၆၃ သန်း ဗြိတိန်ကူညီမယ်
မြန်မာနိုင်ငံကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ရန်ပုံငွေ အသစ်တရပ် ထောက်ပံ့ပေးသွားမယ်လို့ ဗြိတိန်က ကြာသပတေးနေ့မှာ ကြေညာပါတယ်။ ဒီဒုက္ခသည်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေ့လျော့မထားကြဖို့လည်း ကုလသမဂ္ဂ ဆွေးနွေးပွဲအတွင်း တခြားအလှုရှင်တွေကို ဗြိတိန်က တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက်အပြင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ မကြာခဏ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အမေရိကန် ဒေါ်လာ ၆၃ သန်း အကူအညီပေးဖို့ လျာထားတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကပြောပါတယ်။
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR)၊ ဗြိတိန်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေ ပူးတွဲ ကမကထပြုပြီး ဗွီဒီယိုဆက်သွယ်ရေးကနေတဆင့် ဒီကနေ့ကျင်းပမယ့် ရိုဟင်ဂျာအရေး အလှူရှင် နိုင်ငံများနဲ့အဖွဲ့အစည်းများရဲ့ ညီလာခံ မတိုင်ခင်မှာဘဲ ဗြိတိန်က အကူအညီပေးမယ်ဆိုတဲ့ ကြေညာချက် ထွက်လာတာပါ။
ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကို မျက်ကွယ်ပြုမထားကြဖို့ နဲ့ သူတို့ ဘေးအန္တရာယ်ကင်းကင်းရှင်းရှင်းနဲ့ နေရပ်ရင်းပြန်နိုင်ဖို့ လိုအပ်တာတွေကို ဆောင်ရွက်သွားဖို့ တိုက်တွန်းပါတယ်လို့ ဝန်ကြီး Raab က ထုတ်ပြန်ချက်တရပ်မှာ ပြောထားပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်ကို UNHCR က တောင်းခံထားတာပါ။ မြန်မာနိုင်ငံကနေ ထွက်ပြေးသွားခဲ့တဲ့ ဒုက္ခသည် ၈၀၀,၀၀၀ ကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတာပါ။ မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို ပြန်စိစစ်လက်ခံသွားမယ်လို့ ပြောဆိုထားပါတယ်။ အခု လှုဒါန်းတဲ့ ရန်ပုံငွေပမာဏ က ဒုက္ခသည်တွေ ကိုကယ်တင်ရာရောက်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက်လည်း အထောက်အပံ့ဖြစ်လိမ့်မယ်လို့ ဝန်ကြီး Raab ကပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ရန်ပုံငွေမြှင့်တင်ရေး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ နိုင်ငံအစိုးရတွေ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာ ကလေးငယ်တွေ ပညာသင်ခွင့် အခွင့်အရေးတွေကို လျစ်လျူရှုမထားဖို့အတွက် တိုက်တွန်းကြဖို့လည်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဒီကနေ့ ပြောပါတယ်။