သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္မွာ တပ္မေတာ္က ေသြးခြဲဝါဒျဖန္႔ေၾကာင္း ႐ုိဟင္ဂ်ာအဖြဲ႔အစည္းေတြ စြပ္စြဲ


ရခုိင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္မွာ လုံၿခဳံေရးယူေနတဲ့ ျမန္မာ့တပ္မေတာ္သားအခ်ဳိ႕။ (ေအာက္တုိဘာ ၂၁၊ ၂၀၁၆)

(Zawgyi / Unicode)

ရခုိင္ျပည္နယ္တြင္းနဲ႔ အြန္လိုင္းမွာပါ ျမန္မာ့တပ္မေတာ္က ဝါဒျဖန္႔စစ္ပြဲ လုပ္လာတဲ့အေပၚ စိုးရိမ္မႈ ပုိတိုးလာရေၾကာင္း ႐ုိဟင္ဂ်ာအဖြဲ႔အစည္း ၂၉ ဖြဲ႔က ေအာက္တုိဘာ ၃၁ ရက္ေန႔မွာ စုေပါင္းထုတ္ျပန္လိုက္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ရခုိင္တုိင္းရင္းသားေတြနဲ႔ ႐ုိဟင္ဂ်ာ အသိုင္းအဝုိင္းၾကား ၿငိမ္းခ်မ္းစြာ အတူယွဥ္တဲြေနထိုင္ေရးကို ျမန္မာ့တပ္မေတာ္က ဖ်က္ဆီးေနၿပီး ပဋိပကၡေတြ ပိုျဖစ္လာေအာင္ ေသြးထိုးလႈံ႔ေဆာ္ဖုိ႔ ႀကဳိးပမ္းေနေၾကာင္းလည္း ေၾကညာခ်က္ထဲမွာ စြပ္စြဲထားတာပါ။

ျမန္မာစစ္တပ္ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ႐ုိဟင္ဂ်ာနဲ႔ ရခုိင္လူမ်ဳိးေတြၾကား စိတ္ဝမ္းကဲြေစမယ့္ ေသြးထိုးလႈံ႔ေဆာ္မႈေတြ လုပ္ခဲ့ေၾကာင္း၊ ဥပမာ ၿဗိတိန္အေျခစိုက္ BROUK ႐ိုဟင္ဂ်ာအဖြဲ႔ ဥကၠ႒ ဦးထြန္းခင္ရဲ႕ ဓာတ္ပုံနဲ႔ Facebook အေကာင့္တုေတြ ၿပီးခဲ့တဲ့ရက္ပုိင္းထဲ ထြက္ေပၚလာခဲ့ၿပီး ရခိုင့္တပ္မေတာ္ AA ရဲ႕ စစ္ဦးစီးခ်ဳပ္ဟာ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြနဲ႔ အစိုးရေတြဆီက ေငြေၾကးေထာက္ပံ့မႈယူၿပီး လႈပ္ရွားေနတယ္လို႔ ႐ိုဟင္ဂ်ာအဖြဲ႔ ဥကၠ႒ Facebook အေကာင့္တု စာမ်က္ႏွာကေန စြပ္စြဲ ေရးသားထားေၾကာင္း၊ အဲဒီ post ကို ေထာင္ေသာင္းခ်ီတဲ့ ပရိသတ္က ဖတ္ခဲ့ၾကသလို ျမန္မာစစ္တပ္ရဲ႕ Opera Mini ႐ုပ္သံခ်န္နယ္ကလည္း ျပန္ေဝမွ်ထားတယ္လို႔ ေထာက္ျပပါတယ္။

ဒီစြပ္စဲြခ်က္ေတြဟာ ခုိင္လုံတဲ့ သတင္းရင္းျမစ္ အမ်ားအျပားေပၚ အေျခခံ ေျပာဆိုေနျခင္းသာ ျဖစ္တယ္လို႔လည္း ေၾကညာခ်က္က ဆိုပါတယ္။ ျမန္မာစစ္တပ္ရဲ႕ ဒီလုပ္ရပ္ဟာ ရခုိင္ျပည္တြင္း ဆက္ရွိေနဆဲျဖစ္တဲ့ ႐ိုဟင္ဂ်ာ ၆ သိန္းကို အႏၱရာယ္တြင္းထဲ တြန္းပို႔သလို ျဖစ္ေနတယ္လို႔ ျပစ္တင္ ေရးသားထားပါတယ္။

ျမန္မာစစ္တပ္ကေရာ အစိုးရကပါ ႏိုင္ငံတကာမွာ ေျပာေနတဲ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံ ပယ္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ရခိုင်မှာ တပ်မတော်က သွေးခွဲဝါဒဖြန့်ကြောင်း ရိုဟင်ဂျာအဖွဲ့အစည်းတွေ စွပ်စွဲ

ရခိုင်ပြည်နယ်တွင်းနဲ့ အွန်လိုင်းမှာပါ မြန်မာ့တပ်မတော်က ဝါဒဖြန့်စစ်ပွဲ လုပ်လာတဲ့အပေါ် စိုးရိမ်မှု ပိုတိုးလာရကြောင်း ရိုဟင်ဂျာအဖွဲ့အစည်း ၂၉ ဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့မှာ စုပေါင်းထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို မြန်မာ့တပ်မတော်က ဖျက်ဆီးနေပြီး ပဋိပက္ခတွေ ပိုဖြစ်လာအောင် သွေးထိုးလှုံ့ဆော်ဖို့ ကြိုးပမ်းနေကြောင်းလည်း ကြေညာချက်ထဲမှာ စွပ်စွဲထားတာပါ။

မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ရိုဟင်ဂျာနဲ့ ရခိုင်လူမျိုးတွေကြား စိတ်ဝမ်းကွဲစေမယ့် သွေးထိုးလှုံ့ဆော်မှုတွေ လုပ်ခဲ့ကြောင်း၊ ဥပမာ ဗြိတိန်အခြေစိုက် BROUK ရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ရဲ့ ဓာတ်ပုံနဲ့ Facebook အကောင့်တုတွေ ပြီးခဲ့တဲ့ရက်ပိုင်းထဲ ထွက်ပေါ်လာခဲ့ပြီး ရခိုင့်တပ်မတော် AA ရဲ့ စစ်ဦးစီးချုပ်ဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေဆီက ငွေကြေးထောက်ပံ့မှုယူပြီး လှုပ်ရှားနေတယ်လို့ ရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌ Facebook အကောင့်တု စာမျက်နှာကနေ စွပ်စွဲ ရေးသားထားကြောင်း၊ အဲဒီ post ကို ထောင်သောင်းချီတဲ့ ပရိသတ်က ဖတ်ခဲ့ကြသလို မြန်မာစစ်တပ်ရဲ့ Opera Mini ရုပ်သံချန်နယ်ကလည်း ပြန်ဝေမျှထားတယ်လို့ ထောက်ပြပါတယ်။

ဒီစွပ်စွဲချက်တွေဟာ ခိုင်လုံတဲ့ သတင်းရင်းမြစ် အများအပြားပေါ် အခြေခံ ပြောဆိုနေခြင်းသာ ဖြစ်တယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။ မြန်မာစစ်တပ်ရဲ့ ဒီလုပ်ရပ်ဟာ ရခိုင်ပြည်တွင်း ဆက်ရှိနေဆဲဖြစ်တဲ့ ရိုဟင်ဂျာ ၆ သိန်းကို အန္တရာယ်တွင်းထဲ တွန်းပို့သလို ဖြစ်နေတယ်လို့ ပြစ်တင် ရေးသားထားပါတယ်။

မြန်မာစစ်တပ်ကရော အစိုးရကပါ နိုင်ငံတကာမှာ ပြောနေတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပါတယ်။

XS
SM
MD
LG