သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဒုတိယအကြိမ် ၃ ပွင့်ဆိုင်ဆွေးနွေးရေး တရုတ်စီစဉ်


(Zawgyi/Unicode)

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စ တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ဆွေးနွေးပွဲ ဒုတိယအကြိမ် ကျင်းပနိုင်ဖို့အရေး တရုတ် နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာမခံ ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး United News of India - UNI သတင်းဌာနက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး Dr. AK Abdul Momen ကို ကြာသပတေးနေ့က ညနေပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောရာမှာ မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း သုံးပွင့် ဆိုင် ဆွေးနွေးကြဖို့ကို မူအားဖြင့် သဘောတူညီခဲ့ကြ ဖြစ်လို့လည်း ပြောပါတယ်။

သုံးနိုင်ငံဆွေးနွေးပွဲ ကျင်းပဖို့ မြန်မာနိုင်ငံဘက်ကလည်း သဘောတူညီထားကြောင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကို အာမခံ ပြောကြားခဲ့ကြောင်းနဲ့ ဝန်ကြီးအဆင့် အစည်းအဝေး မကျင်းပမီ သံအမတ်ကြီးတွေ အဆင့် အစည်းအဝေး ကို အရင် ကျင်းပဖို့ကို တရုတ်တို့ဘက်က အဆိုပြုခဲ့ကြောင်းလည်း UNI သတင်းဌာနကပြောပါတယ်။

အခုလို တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဆွေးနွေးပြောဆိုမှုဟာ အမေရိကန်နိုင်ငံက ကြီးမှူးပြီး ရိုဟင်ဂျာ ဒုက္ခသည့်တွေအတွက် ရန်ပုံငွေ မြှင့်တင်ရေး အလှူရှင်တွေ အစည်းအဝေးကို ကျင်းပခဲ့တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေ ပါတယ်။ အဲဒီ အစည်းအဝေးကို တရုတ်နိုင်ငံကို ဖိတ်ကြားခြင်းတော့ မရှိခဲ့ပါဘူး။

တစ်ချိန်တည်းမှာပဲ လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည်တစ်ချို့ကို လက်ခံထားတဲ့ အင်ဒိုနီးရှား နိုင်ငံ ကလည်း ဒုက္ခသည်တွေကို လက်ခံထားတဲ့ အိမ်ရှင်နိုင်ငံတွေအတွက် လက်တွေ့ အကူအညီ အထောက်အပံ့ပေးဖို့ လိုအပ်ကြောင်း အခုလို ပြောပါတယ်။

ကြားခံလက်ခံထားတဲ့ နိုင်ငံတွေအပေါ် ကတိကဝန်ပြုမှုနဲ့ အထောက်အကူပေးမှုတွေကို ဒီနေရာမှာတင် ရပ်ဆိုင်းထားလို့ မရကြောင်း၊ လက်တွေ့ကျတဲ့ မြင်သာတဲ့ အကူအညီတွေ ပေးဖို့ လိုအပ်ကြောင်း၊ ဒီဝန်ထုပ်ဝန်ပိုးကို အားလုံး မျှဝေ ခံယူသင့်ကြောင်း အင်ဒိုနီးရှား၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူ့အခွင့်အရေးဌာနက ညွှန်ကြားရေးမှူး Achsanul Habib က ပြောပါတယ်။

အင်ဒိုနီးရှားမှာ ရှိတဲ့ ဒုက္ခသည်တွေကို အကာအကွယ်ပေးရာမှာ UNHCR အဖွဲ့အနေနဲ့ တိုက်ရိုက် ပါဝင် ပတ်သက်သင့်ပြီး ဒုက္ခသည် တွေ လူမှောင်ခိုတွေရဲ့ သားကောင် မဖြစ်ရေး တားဆီးပေးဖို့ လိုတယ်လို့လည်း ညွှန်ကြားရေးမှူး Habib က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)








XS
SM
MD
LG