သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္အေရး ICOE အစီရင္ခံစာေပၚ ေဝဖန္ခ်က္မ်ားထြက္


ရခိုင္ျပည္နယ္ကေန ထြက္ေျပးတိမ္းေရွာင္လာတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္မ်ားကို ဘဂၤလားေဒ့ရွ္ႏိုင္ငံ Teknaf ၿမိဳ႕နားမွာ ေတြ႔ရ။ (စက္တင္ဘာ ၀၅၊ ၂၀၁၇) from Myanmar's

[Zawgyi/Unicode]

ရခိုင္ျပည္နယ္မွာ ႐ိုဟင္ဂ်ာေတြအေပၚ က်ဳးလြန္တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ စုံစမ္းစစ္ေဆးေနတဲ့ ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္အေပၚ လူ႔အခြင့္အေရး လႈပ္ရွားသူေတြနဲ႔ အကဲခတ္ေတြရဲ႕ အျမင္ေတြကို စုစည္းတင္ျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္က လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ ICOE ရဲ႕ အၿပီးသတ္ အစီရင္ခံစာအျဖစ္ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္႐ုံးက ထုတ္ျပန္ရာမွာ အမႈေပါင္း ၁၀၀ ေက်ာ္ကို ေတြ႕ရွိခဲ့ေၾကာင္း ေဖာ္ျပခဲ့တာပါ။ စုံစမ္းေရးအဖြဲ႕ရဲ႕ ေတြ႕ရွိခ်က္နဲ႔ ဆက္စပ္ၿပီး ရာဇဝတ္ေၾကာင္းနဲ႔ စုံစမ္းစစ္ေဆးဖို႔ အေထာက္အထား ခိုင္လုံတယ္ဆိုရင္ တရားစြဲဖို႔ အပါအဝင္ ေနာက္ဆက္တြဲ ေဆာင္႐ြက္ဖို႔လည္း မေန႔တုန္းကပဲ ေရွ႕ေနခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ခဲ့တာပါ။ စုံစမ္းေရးအဖြဲ႕က ေတြ႕ရွိခဲ့တဲ့ အမႈေတြထဲမွာေတာ့ အမ်ားစုဟာ ARSA ႐ိုဟင္ဂ်ာအဖြဲ႕ရဲ႕ လက္ခ်က္ျဖစ္ေၾကာင္းနဲ႔ က်န္အမႈေတြကိုေတာ့ နယ္ျခားေစာင့္တပ္ဖြဲ႕ေတြနဲ႔ ေဒသခံေတြက က်ဳးလြန္ခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါေပမဲ့လည္း ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝန္းက စြပ္စြဲထားသလို တပ္မေတာ္က က်ဳးလြန္တဲ့ လုပ္ရပ္ေတြ ပါဝင္တာေတာ့ မေတြ႕ရပါဘူး

လူ႔အခြင့္အေရးလႈပ္ရွားမႈအဖဲျ့တခုျဖစ္တဲ့ ညီမွ်ျခင္းျမန္မာ အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းကေတာ့ စုံစမ္းေရးအဖြဲ႕ရဲ႕ ေတြ႕ရွိခ်က္ေတြဟာ ႏိုင္ငံတကာ အသိုင္းအဝန္းအတြက္ ေက်နပ္ေလာက္စရာ မျဖစ္ႏိုင္ဘူးလို႔ ေျပာပါတယ္။

"က်ေနာ္တို႔ရဲ႕ ေတြ႕ရွိခ်က္ဆိုလို႔ရွိရင္ တပ္မေတာ္ပိုင္းကလည္း က်ဴးလြန္တယ္ဆိုတဲ့ အခ်က္ေတြရွိေနတယ္။ ဒါကိုမေတြ႕တာလား၊ ဒါမွ မဟုတ္လို႔ရွိရင္ မကိုင္တြယ္တာလား၊ ဒါမွမဟုတ္ရင္ မေဖာ္ ျပတာလား၊ ဒီဟာကို က်ေနာ္တို႔ ေမးစရာ ျဖစ္လာပါတယ္။ စုံစမ္းစစ္ေဆးမႈလုပ္မယ္ဆိုရင္ က်ဳးလြန္တဲ့ အမႈေတြအားလံုးကို က်ေနာ္တို႔က စံုစမ္းစစ္ေဆးၿပီးေတာ့ ဒါနဲ႔ပတ္သတ္ၿပီးေတာ့ ျပည့္ျပည့္စုံစုံလုံလုံေလာက္ေလာက္ေဖာ္ျပထားမႈ အခ်က္က ပထမဦးဆံုး ေတြ႔ရွိရတဲ့အခ်က္ အဲဒီမွာ အားနည္းတယ္လို႔ေျပာလို႔ရပါတယ္ ခင္ဗ်။ တကယ္လို႔ ဒီမွာ က်ဴးလြန္တဲ့ သူေတြက နာမည္လည္း ေဖာ္ျပခံမထိဘူး၊ တခ်ိန္တည္းမွာတင္ အျပစ္ေပးအေရးယူမႈအတြက္ တာဝန္ယူၿပီးေတာ့ ေသေသခ်ာခ်ာ အျပစ္ေပးခံရမယ္၊ တရားဥပေဒေဘာင္အတြင္း ေရာက္ရွိမယ္ဆိုတဲ့ အခ်က္မ်ိဳး အာမ မခံႏိုင္ခ်င္းေတာ့ ဒီကိစၥတခုက ဘယ္ေလာက္မွထိေရာက္ေသာ ကာကြယ္မႈ ျဖစ္မွာမဟုတ္ဘူးခင္ဗ်။"

ေရွ႕ေနခ်ဳပ္႐ုံး ထုတ္ျပန္ခ်က္ထဲမွာ ရာဇဝတ္မႈဆိုင္ရာစုံစမ္းစစ္ေဆးတာနဲ႔ တရားစြဲဆိုျခင္းမ်ားေဆာင္႐ြက္ေရးအဖြဲ႕ကို ဖြဲ႕စည္းတာဝန္ေပးအပ္ခဲ့ၿပီး ေကာ္မရွင္၏ အစီရင္ခံစာအရ ျဖစ္စဥ္ ၁၃ ခုမွာ ARSA နဲ႔အလိုတူ ပူးေပါင္းပါဝင္သူမ်ား က်ဴးလြန္မႈ ၈၇ မႈ၊ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္မ်ား က်ဴးလြန္မႈ ၂၃ မႈနဲ႔ ေဒသခံတိုင္းရင္းသားမ်ား က်ဴးလြန္မႈ ၂၉ မႈေပါင္း အေရးယူေဆာင္႐ြက္ရမည့္အမႈ စုစုေပါင္း ၁၃၉ မႈရွိခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့လည္း ရခိုင္ျပည္နယ္မွာ ျဖစ္ခဲ့တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္ၿပီး အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) မွာ ျမန္မာႏိုင္ငံ အမႈရင္ဆိုင္ေနရတဲ့အထိ ႏိုင္ငံတကာရဲ႕ ဖိအားေတြ ႀကဳံေနရခ်ိန္မွာ ဒီထက္မက လက္ေတြ႕လုပ္ျပဖို႔ လိုတယ္လို႔လည္း ျမန္မာ့အေရး ေလ့လာသူ ေဒါက္တာခင္ေဇာ္ဝင္းက ျမင္ပါတယ္။

"ႏိုင္ငံတကာ ႐ုံးက ဆြဲထားတဲ့ အမႈေတြကို ေပါ့ေလ်ာ့ဖို႔ေတာ့ သိပ္ေတာ့မေမွ်ာ္လင့္နဲ႔ဦး။အမႈျဖစ္စဥ္ေတြ၊ ဓာတ္ပုံေတြ လြတ္လပ္တဲ့ သက္ေသခံသူေတြ မရွိဘဲနဲ႔ ဒါေတြကို အေရးယူတယ္ဆိုတာက သိပ္လက္ခံႏိုင္စရာ အေၾကာင္းေတာ့ မရွိဘူး။ ႏိုင္ငံတကာက လက္ခံႏိုင္မယ္မထင္ဘူး။ ဒီထက္မကေတာ့ လုပ္ျပရလိမ့္မယ္။"

စုံစမ္းေရးေကာ္မရွင္ရဲ႕ ေတြ႕ရွိခ်က္မွာ ေဖာ္ထုတ္မရတဲ့ အမႈေတြရွိေနတယ္လို႔ ေဖာ္ျပထားေပမယ့္ အေသးစိတ္ကိုေတာ့ ေဖာ္ျပမထားပါဘူး။ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္လို႔ ရွင္းရွင္းလင္းလင္း သိႏိုင္ဖို႔ ေရွ႕ေနခ်ဳပ္႐ုံးနဲ႔ ICOE အဖြဲ႕ဝင္ တခ်ိဳ႕ကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေပမဲ့ ေျဖၾကားမယ့္သူ မရွိပါဘူး။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ေဟာင္း ကိုဖီအာနန္ ဦးေဆာင္တဲ့ ရခိုင္ျပည္နယ္အႀကံေပးေကာ္မရွင္ အဖြဲ႕ဝင္တဦးျဖစ္တဲ့ ဟာဂ်ီ ဦးေအးလြင္ကေတာ့ ရခိုင္ျပည္နယ္က လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ ေျဖရွင္းရာမွာ ျပႆနာရဲ႕ ဇစ္ျမစ္ကို ေဖာ္ထုတ္ႏိုင္ဖို႔ လိုတယ္လို႔ သုံးသပ္ပါတယ္။

"ARSA ဟာ အၾကမ္းဖက္ လက္နက္ကိုင္ေတာ္လွန္ေရး လုပ္ေလာက္ေအာင္ ဘာက သူ႔ကို အေၾကာင္းခံၿပီး တိုက္တြန္းလဲဆိုတဲ့ အခ်က္ကို က်ေနာ္တို႔ သေဘာေပါက္မွသာလွ်င္ က်ေနာ္တို႔ ေနာက္ေနာင္ ဒီလိုပဋိပကၡမ်ိဳးေတြက ခ်ဳပ္ၿငိမ္းသြားမယ္။ ေသခ်ာဆန္းစစ္ရမယ္။ အဲဒါက ပိုအဓိက က်တယ္လို႔ ထင္ပါတယ္။ လူ႔အခြင့္အေရးသမားေတြ ဒါ ေခါင္းထဲကိုေရာက္ဖို႔ လိုပါတယ္။"

ရခိုင္ျပည္နယ္မွာ ၂၀၁၇ ခုႏွစ္တုန္းက လုံၿခဳံေရးကင္းစခန္းေတြကို စီးနင္းတိုက္ခိုက္ခဲ့တဲ့ ARSA ႐ိုဟင္ဂ်ာ အစြန္းေရာက္အုပ္စုကို လိုက္လံရွင္းလင္းရာမွာ ျမန္မာလုံၿခဳံေရး တပ္ဖြဲ႕ေတြက ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ က်ဳးလြန္ခဲ့ေၾကာင္း ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိုင္းအဝန္းက စြပ္စြဲထားပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို တရားဝင္ အသိအမွတ္မျပဳတဲ့ ျမန္မာအစိုးရနဲ႔ တပ္မေတာ္ဘက္ကေတာ့ ႏိုင္ငံတကာနဲ႔ လူ႔အခြင့္အေရး အဖြဲ႕ေတြက စြပ္စြဲေနသေလာက္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ က်ဳးလြန္ခဲ့တာ မရွိေၾကာင္းနဲ႔ က်ဳးလြန္သူေတြကို စုံစမ္းေဖာ္ထုတ္ အေရးယူတာေတြ ရွိခဲ့ေၾကာင္းလည္း ေျပာဆိုထားပါတယ္။

တခ်ိန္တည္းမွာပဲ ၿဗိတိန္အေျခစိုက္ ႐ိုဟင္ဂ်ာအေရး လႈပ္ရွားမႈအဖြဲ႕ BROUK ကေတာ့ ႐ိုဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို အကာအကြယ္ေပးဖို႔ အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ) က ၾကားျဖတ္အမိန႔္ ထုတ္ျပန္ထားေပမဲ့ လိုက္နာဖို႔ ပ်က္ကြက္ေနတယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ကမာၻ႔တရား႐ုံးရဲ႕ အမိန႔္ကို ျမန္မာႏိုင္ငံက လိုက္နာေအာင္ ႏိုင္ငံတကာက ဖိအားေပးဖို႔လည္း မေန႔တုန္းကပဲ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်အရေး ICOE အစီရင်ခံစာပေါ် ဝေဖန်ချက်များထွက်

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အကဲခတ်တွေရဲ့ အမြင်တွေကို စုစည်းတင်ပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ရဲ့ အပြီးသတ် အစီရင်ခံစာအဖြစ် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ထုတ်ပြန်ရာမှာ အမှုပေါင်း ၁၀၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့တာပါ။ စုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်နဲ့ ဆက်စပ်ပြီး ရာဇဝတ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးဖို့ အထောက်အထား ခိုင်လုံတယ်ဆိုရင် တရားစွဲဖို့ အပါအဝင် နောက်ဆက်တွဲ ဆောင်ရွက်ဖို့လည်း မနေ့တုန်းကပဲ ရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။ စုံစမ်းရေးအဖွဲ့က တွေ့ရှိခဲ့တဲ့ အမှုတွေထဲမှာတော့ အများစုဟာ ARSA ရိုဟင်ဂျာအဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်းနဲ့ ကျန်အမှုတွေကိုတော့ နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ကျုးလွန်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက စွပ်စွဲထားသလို တပ်မတော်က ကျုးလွန်တဲ့ လုပ်ရပ်တွေ ပါဝင်တာတော့ မတွေ့ရပါဘူး

လူ့အခွင့်အရေးလှုပ်ရှားမှုအဖဲြ့တခုဖြစ်တဲ့ ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ စုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေဟာ နိုင်ငံတကာ အသိုင်းအဝန်းအတွက် ကျေနပ်လောက်စရာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

"ကျနော်တို့ရဲ့ တွေ့ရှိချက်ဆိုလို့ရှိရင် တပ်မတော်ပိုင်းကလည်း ကျူးလွန်တယ်ဆိုတဲ့ အချက်တွေရှိနေတယ်။ ဒါကိုမတွေ့တာလား၊ ဒါမှ မဟုတ်လို့ရှိရင် မကိုင်တွယ်တာလား၊ ဒါမှမဟုတ်ရင် မဖော် ပြတာလား၊ ဒီဟာကို ကျနော်တို့ မေးစရာ ဖြစ်လာပါတယ်။ စုံစမ်းစစ်ဆေးမှုလုပ်မယ်ဆိုရင် ကျုးလွန်တဲ့ အမှုတွေအားလုံးကို ကျနော်တို့က စုံစမ်းစစ်ဆေးပြီးတော့ ဒါနဲ့ပတ်သတ်ပြီးတော့ ပြည့်ပြည့်စုံစုံလုံလုံလောက်လောက်ဖော်ပြထားမှု အချက်က ပထမဦးဆုံး တွေ့ရှိရတဲ့အချက် အဲဒီမှာ အားနည်းတယ်လို့ပြောလို့ရပါတယ် ခင်ဗျ။ တကယ်လို့ ဒီမှာ ကျူးလွန်တဲ့ သူတွေက နာမည်လည်း ဖော်ပြခံမထိဘူး၊ တချိန်တည်းမှာတင် အပြစ်ပေးအရေးယူမှုအတွက် တာဝန်ယူပြီးတော့ သေသေချာချာ အပြစ်ပေးခံရမယ်၊ တရားဥပဒေဘောင်အတွင်း ရောက်ရှိမယ်ဆိုတဲ့ အချက်မျိုး အာမ မခံနိုင်ချင်းတော့ ဒီကိစ္စတခုက ဘယ်လောက်မှထိရောက်သော ကာကွယ်မှု ဖြစ်မှာမဟုတ်ဘူးခင်ဗျ။"

ရှေ့နေချုပ်ရုံး ထုတ်ပြန်ချက်ထဲမှာ ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးတာနဲ့ တရားစွဲဆိုခြင်းများဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ကော်မရှင်၏ အစီရင်ခံစာအရ ဖြစ်စဉ် ၁၃ ခုမှာ ARSA နဲ့အလိုတူ ပူးပေါင်းပါဝင်သူများ ကျူးလွန်မှု ၈၇ မှု၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ကျူးလွန်မှု ၂၃ မှုနဲ့ ဒေသခံတိုင်းရင်းသားများ ကျူးလွန်မှု ၂၉ မှုပေါင်း အရေးယူဆောင်ရွက်ရမည့်အမှု စုစုပေါင်း ၁၃၉ မှုရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့လည်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံ အမှုရင်ဆိုင်နေရတဲ့အထိ နိုင်ငံတကာရဲ့ ဖိအားတွေ ကြုံနေရချိန်မှာ ဒီထက်မက လက်တွေ့လုပ်ပြဖို့ လိုတယ်လို့လည်း မြန်မာ့အရေး လေ့လာသူ ဒေါက်တာခင်ဇော်ဝင်းက မြင်ပါတယ်။

"နိုင်ငံတကာ ရုံးက ဆွဲထားတဲ့ အမှုတွေကို ပေါ့လျော့ဖို့တော့ သိပ်တော့မမျှော်လင့်နဲ့ဦး။အမှုဖြစ်စဉ်တွေ၊ ဓာတ်ပုံတွေ လွတ်လပ်တဲ့ သက်သေခံသူတွေ မရှိဘဲနဲ့ ဒါတွေကို အရေးယူတယ်ဆိုတာက သိပ်လက်ခံနိုင်စရာ အကြောင်းတော့ မရှိဘူး။ နိုင်ငံတကာက လက်ခံနိုင်မယ်မထင်ဘူး။ ဒီထက်မကတော့ လုပ်ပြရလိမ့်မယ်။"

စုံစမ်းရေးကော်မရှင်ရဲ့ တွေ့ရှိချက်မှာ ဖော်ထုတ်မရတဲ့ အမှုတွေရှိနေတယ်လို့ ဖော်ပြထားပေမယ့် အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ရှေ့နေချုပ်ရုံးနဲ့ ICOE အဖွဲ့ဝင် တချို့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ ဖြေကြားမယ့်သူ မရှိပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဟာဂျီ ဦးအေးလွင်ကတော့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဖြေရှင်းရာမှာ ပြဿနာရဲ့ ဇစ်မြစ်ကို ဖော်ထုတ်နိုင်ဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။

"ARSA ဟာ အကြမ်းဖက် လက်နက်ကိုင်တော်လှန်ရေး လုပ်လောက်အောင် ဘာက သူ့ကို အကြောင်းခံပြီး တိုက်တွန်းလဲဆိုတဲ့ အချက်ကို ကျနော်တို့ သဘောပေါက်မှသာလျှင် ကျနော်တို့ နောက်နောင် ဒီလိုပဋိပက္ခမျိုးတွေက ချုပ်ငြိမ်းသွားမယ်။ သေချာဆန်းစစ်ရမယ်။ အဲဒါက ပိုအဓိက ကျတယ်လို့ ထင်ပါတယ်။ လူ့အခွင့်အရေးသမားတွေ ဒါ ခေါင်းထဲကိုရောက်ဖို့ လိုပါတယ်။"

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကတော့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူတွေကို စုံစမ်းဖော်ထုတ် အရေးယူတာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။

တချိန်တည်းမှာပဲ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားမှုအဖွဲ့ BROUK ကတော့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ကြားဖြတ်အမိန့် ထုတ်ပြန်ထားပေမဲ့ လိုက်နာဖို့ ပျက်ကွက်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့တရားရုံးရဲ့ အမိန့်ကို မြန်မာနိုင်ငံက လိုက်နာအောင် နိုင်ငံတကာက ဖိအားပေးဖို့လည်း မနေ့တုန်းကပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG