သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရုိဟင္ဂ်ာေတြေနရပ္ျပန္မယ့္ရက္ သတ္မွတ္ေပးဖုိ႔ ျမန္မာကုိ ဘဂၤလားေဒ့ရွ္ေတာင္းဆုိမည္


(Zawgyi/Unicode)

ရုိဟင္ဂ်ာေတြ ေနရပ္ျပန္ႏုိင္မယ့္ရက္ကုိ သတ္မွတ္ေပးေရး ျမန္မာအစုိးရကုိ ဖိအားေပး ေတာင္းဆုိသြားမယ္လုိ႔ ဘဂၤလားေဒ့ရွ္ ႏုိင္ငံျခားေရး၀န္ႀကီး ေဒါက္တာ AK Abdul Momen က အဂၤါေန႔မွာ ေျပာၾကားလုိက္ၿပီး ျမန္မာအစုိးရကုိ ဖိအားေပးဖုိ႔အတြက္ မိတ္ေဆြႏုိင္ငံေတြကုိလည္း ေတာင္းဆုိသြားမယ္လုိ႔ ေျပာပါတယ္။

“ရုိဟင္ဂ်ာေတြ ဘယ္ေန႔စျပန္ႏုိင္မယ္ဆုိတဲ့ရက္ကုိ ျမန္မာအစုိးရ (အသစ္) အေနနဲ႔ သတ္မွတ္ေပးဖုိ႔ ေတာင္းဆုိမွာျဖစ္ၿပီး ဘဂၤလားေဒ့ရွ္ဘက္က ဒီလူေတြကုိ ျပန္ပုိ႔ေပးဖုိ႔ အဆင္သင့္ရွိေနတယ္” လုိ႔ ၀န္ႀကီး Momen ေျပာတာကုိ ကုိးကားၿပီး ဘဂၤလားေဒ့ရွ္ သတင္းမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏုိင္ငံမွာ ေရြးေကာက္ပြဲေတြ က်င္းပ ၿပီးစီးသြားၿပီျဖစ္တာမုိ႔ ရုိဟင္ဂ်ာေတြ ျပန္ပုိ႔ေရး ျမန္မာအစုိးရကုိ ဖိအားေပး လုပ္ေဆာင္သြားမယ္လုိ႔ ဘဂၤလားေဒ့ရွ္ရဲ႕ မိတ္ေဆြႏုိင္ငံေတြျဖစ္တဲ့ တရုတ္၊ ဂ်ပန္၊ အီးယူနဲ႔ ယူေက စတဲ့ ႏုိင္ငံေတြကေျပာေၾကာင္းလည္း ၀န္ႀကီး Momen က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံထဲမွာေရာက္ေနတဲ့ ရုိဟင္ဂ်ာေတြ ျမန္မာဘက္က ျပန္လက္ခံေရးအတြက္ ဘဂၤလားေဒ့ရွ္၊ တရုတ္၊ ျမန္မာ ၃ ပြင့္ဆုိင္ လမ္းစဥ္တခုကုိလည္း ခ်မွတ္ ေဆာင္ရြက္ေနတယ္လုိ႔ ၀န္ႀကီး Momen က ေျပာပါတယ္။

ရုိဟင္ဂ်ာဒုကၡသည္ တသိန္းေလာက္ကုိ Bhasan Char ကၽြန္းကုိ ပုိ႔မယ့္အစီအစဥ္ဟာ ဘဂၤလားေဒ့ရွ္အစုိးရရဲ႕ ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္း၊ ဒါေပမယ့္ သူတုိ႔ကုိ ဘယ္ေန႔မွာ အၿပီးသတ္ပုိ႔ျဖစ္ဆုိတာကုိ မဆုံးျဖတ္ရေသးေၾကာင္းလည္း ၀န္ႀကီး Momen ကေျပာပါတယ္။

ရုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ လက္မခံတဲ့ ျမန္မာအစုိးရကေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္နုိင္ေရး ကုလသမဂၢအပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀ုိင္းနဲ႔ ပူးေပါင္းေဆာင္ရြက္ေနသလုိ ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔လည္း နားလည္မႈစာခၽြန္လႊာ လက္မွတ္ေရးထုိးထားၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ရိုဟင်ဂျာတွေနေရပ်ပြန်မယ့်ရက် သတ်မှတ်ပေးဖို့ မြန်မာကို ဘင်္ဂလားဒေ့ရှ်တောင်းဆိုမည်

(Unicode)

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့်ရက်ကို သတ်မှတ်ပေးရေး မြန်မာအစိုးရကို ဖိအားပေး တောင်းဆိုသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ AK Abdul Momen က အင်္ဂါနေ့မှာ ပြောကြားလိုက်ပြီး မြန်မာအစိုးရကို ဖိအားပေးဖို့အတွက် မိတ်ဆွေနိုင်ငံတွေကိုလည်း တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

“ရိုဟင်ဂျာတွေ ဘယ်နေ့စပြန်နိုင်မယ်ဆိုတဲ့ရက်ကို မြန်မာအစိုးရ (အသစ်) အနေနဲ့ သတ်မှတ်ပေးဖို့ တောင်းဆိုမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ဒီလူတွေကို ပြန်ပို့ပေးဖို့ အဆင်သင့်ရှိနေတယ်” လို့ ဝန်ကြီး Momen ပြောတာကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပ ပြီးစီးသွားပြီဖြစ်တာမို့ ရိုဟင်ဂျာတွေ ပြန်ပို့ရေး မြန်မာအစိုးရကို ဖိအားပေး လုပ်ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ မိတ်ဆွေနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ အီးယူနဲ့ ယူကေ စတဲ့ နိုင်ငံတွေကပြောကြောင်းလည်း ဝန်ကြီး Momen က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရောက်နေတဲ့ ရိုဟင်ဂျာတွေ မြန်မာဘက်က ပြန်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ မြန်မာ ၃ ပွင့်ဆိုင် လမ်းစဉ်တခုကိုလည်း ချမှတ် ဆောင်ရွက်နေတယ်လို့ ဝန်ကြီး Momen က ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည် တသိန်းလောက်ကို Bhasan Char ကျွန်းကို ပို့မယ့်အစီအစဉ်ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ ဒါပေမယ့် သူတို့ကို ဘယ်နေ့မှာ အပြီးသတ်ပို့ဖြစ်ဆိုတာကို မဆုံးဖြတ်ရသေးကြောင်းလည်း ဝန်ကြီး Momen ကပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်နေသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG