(Zawgyi/Unicode)
အမ်ိဳးသမီးေတြ အၾကမ္းဖက္ခံရတဲ့ အေျခအေန ၊ လုံၿခဳံမႈနဲ႔ တရားမွ်တမႈ ေပးဖို႔ ဥပေဒနဲ႔ အညီ တႏိုင္ငံလံုးအႏွံ႔ ထိေရာက္ေအာင္ေဆာင္ရြက္ႏိုင္ေရး အခက္အခဲ ႀကီးႀကီးမားမားရင္ဆိုင္ေနရဆဲျဖစ္တယ္လို႔ ႏိုုင္ငံတကာအမ်ဳိးသမီး ရဲစြမ္းသတၱိဆုရွင္ မေမစံပယ္ျဖဴက ေျပာပါတယ္။
ႏိုဝင္ဘာ ၂၉ ရက္ေန႔က က်ေရာက္တဲ့ ႏိုင္ငံတကာ အမ်ိဳးသမီး လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူမ်ားေန႔ နဲ႔ ပတ္သက္လို႔ Gender Equality Network ရဲ႕ ညြန္ၾကားေရးမွဴး မေမစံပယ္ျဖဴကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။
မအင္ၾကင္းႏိုင္။ ။ အခုဒီ ႏိုဝင္ဘာ ၂၉ ရက္ေန႔က က်ေရာက္တဲ့ ႏိုင္ငံတကာ အမ်ိဳးသမီး လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူမ်ားေန႔နဲ႔ ပုံမွန္ ႏွစ္စဥ္ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ နဲ႔ ဘယ္လိုကြာျခားမႈ ရွိပါသလဲ။
မေမစံပယ္ျဖဴ။ ။ ဟုတ္ကဲ့ပါ။ မတ္လ ၈ ရက္ေန႔ကေတာ့ International Women’s day အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔အေနနဲ႔ လူသိမ်ားပါတယ္။ ဒါေပမယ့္ က်မတို႔ ဒီမေန႔ကေပါ့ေလ ႏိုဝင္ဘာ ၂၉ ရက္ေန႔ကေတာ့ International Women Human Rights Defender day ႏိုင္ငံတကာ အမ်ိဳးသမီး လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူမ်ားေန႔ ဆိုၿပီးေတာ့ သီးျခားက်မတို႔ က်င္းပပါတယ္။ အဓိက ကြာျခားခ်က္ကေတာ့ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ကေတာ့ အမ်ိဳးသမီးအခြင့္အေရး တက္ႂကြလႈပ္ရွားသူေပါ့ေနာ္ သူတို႔ေတြရဲ႕ လႈပ္ရွားမႈနဲ႔ သူတို႔ေတြရဲ႕ ႀကိဳးစား႐ုန္းကန္ခဲ့မႈေတြကို က်မတို႔က ဂုဏ္ျပဳခ်ီးေျမာက္တဲ့အေနနဲ႔ က်င္းပတာျဖစ္ပါတယ္ေပါ့ေနာ္။ ႏိုဝင္ဘာ ၂၉International Women Human Rights Defender day ကေတာ့ လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူေတြေပါ့ အမ်ိဳးသားေရာ၊ အမ်ိဳးသမီးေရာ ၊ လူ႔အခြင့္အေရး နဲ႔ ပတ္သက္ၿပီးေတာ့ တက္ႂကြလႈပ္ရွားသူေတြ၊ လူ႔အခြင့္အေရးကာကြယ္ေစာင့္ေရွာက္သူအေနနဲ႔ အလုပ္လုပ္ၾကသူေတြရွိၾကေပမယ့္ အမ်ိဳးသမီးေတြမွာေတာ့ အမ်ိဳးသားေတြနဲ႔ မတူညီတဲ့ စိန္ေခၚမႈေတြ အခက္အခဲေတြနဲ႔ ခြဲျခားဆက္ဆံခံရမႈေတြေပါ့ေနာ္ ။ ၿပီးေတာ့ ဒီလိုမ်ိဳး သူမ်ားေတြရဲ႕ အခြင့္အေရးကို ရပ္တည္ေျပာဆိုတဲ့ေနရာမွာ အမ်ိဳးသမီးျဖစ္ျခင္းေၾကာင့္ ပိုၿပီးေတာ့ သူတို႔က အႏၲရာယ္ႀကဳံရတယ္။ အျပစ္ေပးျခင္းခံရတယ္။ လူ႔အသိုင္းအဝိုင္းက ဘယ္ေလာက္ပဲ သူတို႔က သူမ်ားရဲ႕ အခြင့္အေရးအတြက္ကို ရပ္တည္ေျပာဆိုသူေတြ ျဖစ္ၾကပါေစ သူတို႔ဟာ အမ်ိဳးသမီးတေယာက္အေနနဲ႔ မိသားစုက ၊ လူ႔အဖြဲ႕အစည္းက ေပးအပ္ထားတဲ့ တာဝန္ေတြ ေမွ်ာ္လင့္ခ်က္ေတြကိုလည္း သူတို႔က ထမ္းေဆာင္ရေသးတယ္ေပါ့ေနာ္။ အဲလိုမ်ိဳး အခက္အခဲေတြ စိတ္ေခၚမႈေတြနဲ႔ သူတို႔ရဲ႕ ေပးဆပ္မႈေတြကို က်မတို႔က ဂုဏ္ျပဳခ်ီးေျမာက္ခ်င္တဲ့အတြက္ေၾကာင့္ ၂၀၀၆ ခုႏွစ္ကတည္းကေနစၿပီးေတာ့ ဒီ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီး လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူမ်ားေန႔ကိုလည္း သီးျခား UN ကေန သတ္မွတ္ၿပီးေတာ့ က်င္းပတယ္လို႔ က်မတို႔ သိရပါတယ္။
မအင္ၾကင္းႏိုင္။ ။ အဲဒီေတာ့ ျမန္မာႏိုင္ငံမွာ ညီမတို႔လို လူ႔အခြင့္အေရးေရာ ၊ အမ်ိဳးသမီးထုအခြင့္အေရး ကာကြယ္ေရးအတြက္ပါ လႈပ္ရွားသူေတြအတြက္က်ေတာ့ ဘယ္လိုအခက္အခဲေတြ ရွိေနသလဲရွင့္။
မေမစံပယ္ျဖဴ။ ။ ျမန္မာႏိုင္ငံမွာေတာ့ အမ်ိဳးသမီး လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူေတြမွ မဟုတ္ပါဘူးေပါ့။ က်မတို႔ တျခားသူေတြရဲ႕ အခြင့္အေရး တရားမွ်တမႈနဲ႔ တန္းတူညီမွ်မႈအခြင့္အေရးအတြက္ပဲျဖစ္ျဖစ္၊ ခြဲျခားဆက္ဆံမႈေတြကို ရပ္တန႔္ဖို႔ပဲ ျဖစ္ျဖစ္ေပါ့ေနာ္ က်မတို႔ တက္ႂကြလႈပ္ရွားစြာေျပာဆိုသူေတြကို ထုတ္ေဖာ္သူေတြကေတာ့ အကာအကြယ္ နည္းေနတုန္းပါပဲ ။ စိန္ေခၚမႈေတြနဲ႔ အခက္အခဲေတြကေတာ့ ရွိေနတုန္းပါပဲလို႔။
မအင္ၾကင္းႏိုင္။ ။ အခုလက္ရွိ ျမန္မာႏိုင္ငံမွာေရာ အမ်ိဳးသမီးေတြအတြက္ ကာကြယ္မႈေပးဖို႔ဆိုရင္ ဘယ္အပိုင္းကပိုၿပီးေတာ့ အေရးႀကီးေနသလဲ။
မေမစံပယ္ျဖဴ။ ။ အဓိကေတာ့ အမ်ိဳးသမီးေတြအေပၚမွာ ခြဲျခားဆက္ဆံတဲ့အျမင္ေတြဟာ လြန္ခဲ့တဲ့ ၁၀ ႏွစ္နဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ အမ်ားႀကီး ေျပာင္းလဲ တိုးတက္လာခဲ့တယ္ဆိုေပမယ့္ ဒီလိုအမ်ိဳးသမီးေတြ အၾကမ္းဖက္ခံရတဲ့ အေျခအေနေတြ ၊ ၿပီးေတာ့ အမ်ိဳးသမီးေတြကို လုံၿခဳံမႈ ေပးႏိုင္မယ့္ တရားဥပေဒအဖြဲ႕ကေပါ့ေနာ္ ၊ တရားမွ်တမႈကို လက္လွမ္းမီမႈ ၊ လက္လွမ္းမီဖို႔တို႔ဘာတို႔ကေတာ့ ေတာေရာ ၊ ၿမိဳ႕မက်န္ အခက္အခဲက ရွိေနေသးတယ္။ အၾကမ္းဖက္မႈေတြ ခံစားရတဲ့ အခါမွာ တရားစီရင္ေရးက မွ်မွ်တတ ျဖစ္ဖို႔၊ တရားဥပေဒကိုလက္လွမ္းမီဖို႔အတြက္ကေတာ့ အခက္အခဲေတြ ရွိေနစဲပါပဲ။ က်မတို႔ ထင္ရွားတဲ့ ဥပမာကေတာ့ လူသိမ်ားတဲ့ Victoria အမႈေပါ့ေနာ္။ ေနျပည္ေတာ္လိုမ်ိဳး အစိုးရ ႐ုံးစိုက္တဲ့ၿမိဳ႕မွာ ဟိုးေလးတေက်ာ္ျဖစ္ခဲ့တဲ့ အမႈမွာေတာင္မွ တရားမွ်တမႈကို မရရွိႏိုင္တဲ့အခါမွာ ပဋိပကၡျဖစ္တဲ့ စစ္ပြဲေတြၾကားမွာ အၾကမ္းဖက္ခံရတဲ့ အမ်ိဳးသမီးေတြ ကာကြယ္မႈမရတဲ့ ကိစၥေတြနဲ႔ အၾကမ္းဖက္ခံရတဲ့ကိစၥေတြကေတာ့ ဒီေန႔အထိ သိပ္ၿပီးေတာ့ ေျပာင္းလဲတိုးတက္မႈမရွိသလို ဘာမွ က်မတို႔ သိပ္ၿပီး ဥပေဒရဲ႕ အကြယ္အကာလည္း ရရွိခံစားႏိုင္ျခင္းမရွိေသးဘူးေပါ့ေနာ္။ အဲဒီေတာ့ ေျပာခ်င္တာက အမ်ိဳးသမီးေတြကို လုံၿခဳံမႈေပးႏိုင္ေသာ ၊ ကာကြယ္ေစာင့္ေရွာက္မႈေပးႏိုင္တဲ့ ဥပေဒရဲ႕ လိုအပ္ခ်က္ေတြဟာ တကယ့္ကို ႀကီးမားတဲ့ လိုအပ္ခ်က္ျဖစ္ေနတယ္ဆိုတာကို ေျပာခ်င္ပါတယ္။
..............
မြန်မာပြည်တွင်း အမျိုးသမီးတွေကို ဥပဒေအရ အကာအကွယ်ပေးရေးလိုအပ်နေဆဲ
(Unicode)
အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ အခြေအနေ ၊ လုံခြုံမှုနဲ့ တရားမျှတမှု ပေးဖို့ ဥပဒေနဲ့ အညီ တနိုင်ငံလုံးအနှံ့ ထိရောက်အောင်ဆောင်ရွက်နိုင်ရေး အခက်အခဲ ကြီးကြီးမားမားရင်ဆိုင်နေရဆဲဖြစ်တယ်လို့ နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိဆုရှင် မမေစပယ်ဖြူက ပြောပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့က ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့ နဲ့ ပတ်သက်လို့ Gender Equality Network ရဲ့ ညွန်ကြားရေးမှူး မမေစံပယ်ဖြူကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မအင်ကြင်းနိုင်။ ။ အခုဒီ နိုဝင်ဘာ ၂၉ ရက်နေ့က ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့နဲ့ ပုံမှန် နှစ်စဉ် နိုင်ငံတကာ အမျိုးသမီးများနေ့ နဲ့ ဘယ်လိုကွာခြားမှု ရှိပါသလဲ။
မမေစံပယ်ဖြူ။ ။ ဟုတ်ကဲ့ပါ။ မတ်လ ၈ ရက်နေ့ကတော့ International Women’s day အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အနေနဲ့ လူသိများပါတယ်။ ဒါပေမယ့် ကျမတို့ ဒီမနေ့ကပေါ့လေ နိုဝင်ဘာ ၂၉ ရက်နေ့ကတော့ International Women Human Rights Defender day နိုင်ငံတကာ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့ ဆိုပြီးတော့ သီးခြားကျမတို့ ကျင်းပပါတယ်။ အဓိက ကွာခြားချက်ကတော့ နိုင်ငံတကာ အမျိုးသမီးများနေ့ကတော့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူပေါ့နော် သူတို့တွေရဲ့ လှုပ်ရှားမှုနဲ့ သူတို့တွေရဲ့ ကြိုးစားရုန်းကန်ခဲ့မှုတွေကို ကျမတို့က ဂုဏ်ပြုချီးမြောက်တဲ့အနေနဲ့ ကျင်းပတာဖြစ်ပါတယ်ပေါ့နော်။ နိုဝင်ဘာ ၂၉International Women Human Rights Defender day ကတော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေပေါ့ အမျိုးသားရော၊ အမျိုးသမီးရော ၊ လူ့အခွင့်အရေး နဲ့ ပတ်သက်ပြီးတော့ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူအနေနဲ့ အလုပ်လုပ်ကြသူတွေရှိကြပေမယ့် အမျိုးသမီးတွေမှာတော့ အမျိုးသားတွေနဲ့ မတူညီတဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေပေါ့နော် ။ ပြီးတော့ ဒီလိုမျိုး သူများတွေရဲ့ အခွင့်အရေးကို ရပ်တည်ပြောဆိုတဲ့နေရာမှာ အမျိုးသမီးဖြစ်ခြင်းကြောင့် ပိုပြီးတော့ သူတို့က အန္တရာယ်ကြုံရတယ်။ အပြစ်ပေးခြင်းခံရတယ်။ လူ့အသိုင်းအဝိုင်းက ဘယ်လောက်ပဲ သူတို့က သူများရဲ့ အခွင့်အရေးအတွက်ကို ရပ်တည်ပြောဆိုသူတွေ ဖြစ်ကြပါစေ သူတို့ဟာ အမျိုးသမီးတယောက်အနေနဲ့ မိသားစုက ၊ လူ့အဖွဲ့အစည်းက ပေးအပ်ထားတဲ့ တာဝန်တွေ မျှော်လင့်ချက်တွေကိုလည်း သူတို့က ထမ်းဆောင်ရသေးတယ်ပေါ့နော်။ အဲလိုမျိုး အခက်အခဲတွေ စိတ်ခေါ်မှုတွေနဲ့ သူတို့ရဲ့ ပေးဆပ်မှုတွေကို ကျမတို့က ဂုဏ်ပြုချီးမြောက်ချင်တဲ့အတွက်ကြောင့် ၂၀၀၆ ခုနှစ်ကတည်းကနေစပြီးတော့ ဒီ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့ကိုလည်း သီးခြား UN ကနေ သတ်မှတ်ပြီးတော့ ကျင်းပတယ်လို့ ကျမတို့ သိရပါတယ်။
မအင်ကြင်းနိုင်။ ။ အဲဒီတော့ မြန်မာနိုင်ငံမှာ ညီမတို့လို လူ့အခွင့်အရေးရော ၊ အမျိုးသမီးထုအခွင့်အရေး ကာကွယ်ရေးအတွက်ပါ လှုပ်ရှားသူတွေအတွက်ကျတော့ ဘယ်လိုအခက်အခဲတွေ ရှိနေသလဲရှင့်။
မမေစံပယ်ဖြူ။ ။ မြန်မာနိုင်ငံမှာတော့ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေမှ မဟုတ်ပါဘူးပေါ့။ ကျမတို့ တခြားသူတွေရဲ့ အခွင့်အရေး တရားမျှတမှုနဲ့ တန်းတူညီမျှမှုအခွင့်အရေးအတွက်ပဲဖြစ်ဖြစ်၊ ခွဲခြားဆက်ဆံမှုတွေကို ရပ်တန့်ဖို့ပဲ ဖြစ်ဖြစ်ပေါ့နော် ကျမတို့ တက်ကြွလှုပ်ရှားစွာပြောဆိုသူတွေကို ထုတ်ဖော်သူတွေကတော့ အကာအကွယ် နည်းနေတုန်းပါပဲ ။ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကတော့ ရှိနေတုန်းပါပဲလို့။
မအင်ကြင်းနိုင်။ ။ အခုလက်ရှိ မြန်မာနိုင်ငံမှာရော အမျိုးသမီးတွေအတွက် ကာကွယ်မှုပေးဖို့ဆိုရင် ဘယ်အပိုင်းကပိုပြီးတော့ အရေးကြီးနေသလဲ။
မမေစံပယ်ဖြူ။ ။ အဓိကတော့ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံတဲ့အမြင်တွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် အများကြီး ပြောင်းလဲ တိုးတက်လာခဲ့တယ်ဆိုပေမယ့် ဒီလိုအမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ အခြေအနေတွေ ၊ ပြီးတော့ အမျိုးသမီးတွေကို လုံခြုံမှု ပေးနိုင်မယ့် တရားဥပဒေအဖွဲ့ကပေါ့နော် ၊ တရားမျှတမှုကို လက်လှမ်းမီမှု ၊ လက်လှမ်းမီဖို့တို့ဘာတို့ကတော့ တောရော ၊ မြို့မကျန် အခက်အခဲက ရှိနေသေးတယ်။ အကြမ်းဖက်မှုတွေ ခံစားရတဲ့ အခါမှာ တရားစီရင်ရေးက မျှမျှတတ ဖြစ်ဖို့၊ တရားဥပဒေကိုလက်လှမ်းမီဖို့အတွက်ကတော့ အခက်အခဲတွေ ရှိနေစဲပါပဲ။ ကျမတို့ ထင်ရှားတဲ့ ဥပမာကတော့ လူသိများတဲ့ Victoria အမှုပေါ့နော်။ နေပြည်တော်လိုမျိုး အစိုးရ ရုံးစိုက်တဲ့မြို့မှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အမှုမှာတောင်မှ တရားမျှတမှုကို မရရှိနိုင်တဲ့အခါမှာ ပဋိပက္ခဖြစ်တဲ့ စစ်ပွဲတွေကြားမှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ ကာကွယ်မှုမရတဲ့ ကိစ္စတွေနဲ့ အကြမ်းဖက်ခံရတဲ့ကိစ္စတွေကတော့ ဒီနေ့အထိ သိပ်ပြီးတော့ ပြောင်းလဲတိုးတက်မှုမရှိသလို ဘာမှ ကျမတို့ သိပ်ပြီး ဥပဒေရဲ့ အကွယ်အကာလည်း ရရှိခံစားနိုင်ခြင်းမရှိသေးဘူးပေါ့နော်။ အဲဒီတော့ ပြောချင်တာက အမျိုးသမီးတွေကို လုံခြုံမှုပေးနိုင်သော ၊ ကာကွယ်စောင့်ရှောက်မှုပေးနိုင်တဲ့ ဥပဒေရဲ့ လိုအပ်ချက်တွေဟာ တကယ့်ကို ကြီးမားတဲ့ လိုအပ်ချက်ဖြစ်နေတယ်ဆိုတာကို ပြောချင်ပါတယ်။