သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းရင္းသား အမ်ိဳးသမီး ကိုယ္စားလွယ္ေလာင္းေတြရဲ႕ အေတြ႔အၾကံဳ


ANP ပါတီ ေတာင္ကုတ္ျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေဒၚလွသက္စိုး (လယ္)။

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ေရြးေကာက္ပြဲ က်င္းပဖို႔ရက္ပိုင္းသာ လိုေတာ့သလို၊ ပါတီအသီးသီးက ၀င္ေရာက္ယွဥ္ျပိဳင္ၾကသူေတြ၊ တသီးပုဂၢလ ကိုယ္စားလွယ္ေလာင္းေတြ အက်ိတ္အနယ္ ယွဥ္ျပိဳင္ မဲဆြယ္ေနၾကပါတယ္။ ဒီလို ေရြးေကာက္ပြဲ မဲဆြယ္ေနၾကတဲ့ ကိုယ္စားလွယ္ေလာင္း ၆,၉ ၀၀ ေက်ာ္ထဲမွာ အမ်ိဳးသမီးလႊတ္ေတာ္အမတ္ေလာင္း ၁,၀၀၀ ေက်ာ္ ပါ၀င္ျပီး တိုင္းရင္းသား ေဒသတခ်ိဳ႕ကေန ၀င္ျပိဳင္ၾကမယ့္ အမ်ိဳးသမီး ကိုယ္စားလွယ္ေလာင္းေတြလည္း အမ်ားအျပား ပါ ပါတယ္။ သူတို႔ရဲ႕ အေတြ႔အၾကံဳ၊ ရင္ဆိုင္ရတဲ့ အခက္အခဲ စိန္ေခၚမႈ၊ ဒါေတြကို ဘယ္လိုေက်ာ္လႊားေနၾကလဲ။ လႊတ္ေတာ္အမတ္ေနရာကုိေရာ ဘာေၾကာင့္ သူတို႔ ၀င္ျပိဳင္ျဖစ္တာလဲ ဆိုတာေတြကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္းတင္ဆက္ထားပါတယ္။

ဒီႏွစ္ ၂၀၂၀ ေရြးေကာက္ပြဲကေတာ့ ႏုိင္ငံအတြင္း ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ရွိေနခ်ိန္မွာ က်င္းပတာမို႔ အကန္႔အသတ္ေတြၾကား ထူးထူးျခားျခား က်င္းပရတဲ့ ေရြးေကာက္ပြဲ ျဖစ္ပါတယ္။ ကိုဗစ္ေၾကာင့္ခ်မွတ္ထားတဲ့ စည္းမ်ဥ္းကန္႔သတ္ခ်က္ေတြအျပင္ ဖြံ႔ျဖိဳးမႈနည္းျပီး နယ္ေျမအရလည္း တည္ျငိမ္မႈအားနည္းတဲ့ တိုင္းရင္းသားေဒသေတြမွာေတာ့ မဲဆြယ္စည္း႐ံုးမႈေတြကို ပိုျပီးေတာ့ ခက္ခက္ခဲခဲ လုပ္ၾကရတယ္လို႔ ကိုယ္စားလွယ္ေလာင္း တခ်ိဳ႕က ေျပာပါတယ္။

“လက္ရွိကေတာ့ နည္းနည္းေတာ့ တိတ္ဆိတ္ျငိမ္သက္တယ္။ ျပီးခဲ့တဲ့လကေတာ့ တိုက္ပြဲေတြျဖစ္တဲ့ အတြက္ေၾကာင့္ ရြာဘက္ေတြကို ဆင္းလို႔မရတဲ့အပိုင္း ရွိတယ္ေပါ့ေနာ္။ ျပန္ျပီးေတာ့မွ အေျခအေန ျငိမ္တဲ့အခ်ိန္အထိ ျပီးေအာင္ေစာင့္ျပီးမွပဲ ျပန္သြားရတယ္။ ျပီးရင္ မိုးရာသီျဖစ္တဲ့အခ်ိန္မွာလည္း ကိုယ္က မိန္းခေလး ဆိုေတာ့ က်မတို႔က ဆင္းဖို႔အဆင္ေျပ ေပမဲ့လည္း က်မတို႔နဲ႔လိုက္မယ့္ လူၾကီးေတြက က်မတို႔ကို ျပန္ငဲ့ေနတဲ့အပိုင္းေတြ ရွိတယ္ေပါ့ေနာ္။ အဲ့ဒါဆိုရင္ က်မတို႔က ခ်က္ခ်င္းဆင္းလို႔ မရတဲ့အပိုင္းေတြလည္း ရွိတယ္ရွင့္။ နည္းနည္းေတာ့ အခ်ိန္ ၾကန္႔ၾကာတာေပါ့။ နည္းနည္း ေနာက္ဆုတ္ရတဲ့အပိုင္းရွိတယ္။”

ဒါကေတာ့ တအာင္း(ပေလာင္)အမ်ိဳးသားပါတီ (TNP) ကေန ေက်ာက္မဲျမိဳ႕နယ္ အမွတ္ (၁) ျပည္နယ္အမတ္ေလာင္းေနရာ ၀င္ျပိဳင္မယ့္ ေလြးလြင္လြင္ဦး ေျပာသြားတာပါ။ နယ္ေျမတည္ျငိမ္မႈအားနည္းတဲ့အတြက္ ခုလို အေျခအေနေတြ ၾကံဳရတဲ့အျပင္ COVID 19 ေရာဂါ ကူးစက္မႈေတြေၾကာင့္ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြၾကားမွာ မဲဆြယ္စည္း႐ံုးမႈေတြကေတာ့ အကန္႔အသတ္ ပိုမ်ားတယ္လို႔ ေလြးလြင္လြင္ဦးက ေျပာပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ သူကေတာ့ ေဒသခံျပည္သူေတြရဲ႕ အသက္ေမြး၀မ္းေၾကာင္းလုပ္ငန္းေတြ ပိုမို ေကာင္းမြန္လာေအာင္၊ ေဒသတြင္း ပဋိပကၡေတြေၾကာင့္ အုိးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရတဲ့ ျပည္သူေတြကို ကိုယ္စားျပဳျပီး လိုအပ္တဲ့ ကူညီကာကြယ္မႈေတြ ေပးနိုင္ဖို႔အတြက္ လႊတ္ေတာ္အမတ္ေနရာ ၀င္ျပိဳင္ျဖစ္တာလို႔ ေျပာပါတယ္။

“ဒီဘက္မွာက စစ္ေဘးေရွာင္ကိစၥဆိုရင္ အရမ္းကိုမွ ခနခန ျဖစ္တယ္။ ဒါေပမဲ့ ေထာက္ပံ့မႈ မရွိဘူး။ တခ်ိဳ႕ ဒီေတာင္ေပၚေဒသကေနဆိုရင္ စစ္ေဘးေရွာင္ေတြ ျပန္လာတယ္။ ေျပးလာတာေပါ့ေနာ္။ ေျပးလာရင္းနဲ႔ သူတို႔က မျပန္ဘဲ ဒီျမိဳ႕ေပၚမွာပဲ ေနတဲ့အခ်ိန္က်ေတာ့ အိမ္ငွားေနတယ္။ တေန႔လုပ္ တေန႔စားေပါ့ေနာ္။ ဒါေပမဲ့ သူတို႔အတြက္ ၀င္ေငြက မမ ွ်တဲ့အပိုင္းေတြ ရွိတယ္ေပါ့ေနာ္။ အလုပ္နဲ႔ပတ္သက္ျပီးေတာ့မွ သူတို႔အတြက္ အခက္အခဲ ျဖစ္တာေတြလည္း ေတြ႔တယ္။ ဒီလို ျပည္သူေတြအတြက္ အလုပ္ လုပ္ေပးခ်င္တယ္။”

ျမစ္ၾကီးနားျမိဳ႕ က ဆိုင္းႏူးပန္ ကေတာ့ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ ကေန ျပည္သူ႔လႊတ္ေတာ္ေနရာအတြက္ ၀င္ျပိဳင္ဖို႔ ရွိေနသူပါ။ သူ ေျပာျပတဲ့ ျမစ္ၾကီးနားဘက္က အေျခအေန အေတြ႔အၾကံဳတခ်ိဳ႕ကိုလည္း နားေထာင္ၾကည့္ရေအာင္ပါ။

“အခက္အခဲကေတာ့ အမ်ားၾကီးေပါ့ေနာ္။ ေရြးေကာက္ပြဲက ကိုဗစ္နဲ႔ သြားတိုက္ေနေတာ့ က်မတို႔ ဘယ္လိုေျပာမလဲ ဒီကိုဗစ္ စည္းမ်ဥ္း စည္းကမ္းအရလည္း သြားရတာဆိုေတာ့ လူ ၅၀ ထက္ ပိုလို႔ရမဘူးေပါ့ေနာ္။ ဆိုေတာ့ လူဦးေရ ေထာင္နဲ႔ခ်ီျပီးမွ စုျပီးေျပာလို႔ရတဲ့ အေနအထား မဟုတ္ေတာ့ က်မတို႔အတြက္က ေတာ္ေတာ္ေလး အခက္အခဲ ျဖစ္တယ္ေပါ့ေနာ္။ တခ်ိဳ႕ ျမိဳ႕ျပမွာ ဆိုရင္ ျပည္သူလူထု အမ်ားစုက ကိုဗစ္နဲ႔ နည္းနည္းေၾကာက္ၾကေတာ့ တခ်ိဳ႕ဆို မလာၾကဘူး။ အဲ့ဒီေတာ့ အဲ့ဒီလို အခက္အခဲေတြ ရွိတယ္။”

ဒီလို အခက္အခဲ အကန္႔အသတ္ေတြၾကား လုပ္ေနရခ်ိန္မွာပဲ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ UEC က တိုင္းရင္းသားပါတီေတြ၊ ပါတီငယ္ ေတြအေပၚ မမ ွ်မတ ဆက္ဆံ ရွိေနတာ ေတြ႔ရျပီး သူတို႔လို ႏိုင္ငံေရးပါတီသစ္ေတြအတြက္ေတာ့ အခက္ ပိုၾကံဳေစတယ္လို႔လည္း ဆိုင္းႏူးပန္ က ေျပာပါတယ္။

“UEC ဘက္ကေန အခု ၂၀၂၀ ေရြးေကာက္ပြဲမွာေတာ့ ေဘးက်ပ္နံက်ပ္ ျဖစ္ေနတယ္လို႔ က်မတို႔ ျမင္တယ္။ ျပီးေတာ့ free and fair လို႔ ေျပာသာေျပာေနတယ္။ ဒါေပမဲ့ UEC ဘက္က free and fair မျဖစ္ဘူး ျဖစ္ေနတယ္။ က်မတို႔ ပါတီေတြ၊ ျပည္နယ္အေျခစိုက္ ပါတီေတြ အတြက္က်ေတာ့ နည္းနည္း အခက္အခဲ ျဖစ္တယ္ေပါ့။ က်မတုိ႔ျပည္နယ္က စည္း႐ံုးမႈေတြ လုပ္တဲ့အခါမွာ ေမးျမန္းမႈေတြ လုပ္တယ္။ ဘယ္သူေတြ ဦးေဆာင္တာလဲ။ ဘာအတြက္ေၾကာင့္ လုပ္တာလဲဆိုတဲ့ဟာမ်ိဳးေတြ ရွိတယ္။ ဒါေပမဲ့ NLD လုပ္တဲ့အခါဆိုရင္ ဘာမွစံုစမ္းစစ္ေဆးတာေတြ ဘာမွမလုပ္ဘူး။ က်မတို႔ ေတြ႔ရသေလာက္ေပါ့ေနာ္။ ဆိုေတာ့ သတိထားျပီး လုပ္ေနရတာေပါ့ေနာ္။ သူတို႔ ဘယ္လိုမ်ိဳး ျဖစ္လာမလဲ။ ေရြးေကာက္ပြဲျပီးရင္ေရာ ဘယ္လိုမ်ိဳး လုပ္လာမလဲ ဆိုတာေတြ အေပၚမွာပါအစ စိုးရိမ္စရာရွိေနတယ္ေပါ့ေနာ္။ အခုဆိုရင္ ကခ်င္ျပည္နယ္မွာဆိုရင္ က်မတို႔ ရြာ ၉၂ ရြာက ေက်းရြာကလူေတြက မဲေပးခြင့္ မရတဲ့အခါမွာ ႏုိင္ငံသားတေယာက္ရဲ႕ အခြင့္အေရးကလည္း ဆံုး႐ံႈးနစ္နာမႈေတြ အမ်ားၾကီး ျဖစ္ေနရတယ္။ အခု ကခ်င္ျပည္နယ္မွာဆိုရင္ ceasefire တဘက္သတ္ အပစ္အခတ္ ရပ္စဲေရး အေနအထားမွာဆိုေတာ့ စစ္တပ္နဲ႔ UEC နဲ႔ ညွိႏိႈင္းျပီးမွ ကခ်င္ျပည္နယ္မွာ ရွိတဲ့ ျပည္သူလူထုေတြလည္း မဲေပးႏုိင္ေအာင္ လုပ္ေဆာင္ေပးသင့္တယ္လို႔ က်မတို႔ထင္တယ္။ ဒါက အခု အေျခအေနမွာဆိုရင္ ရခိုင္လိုမ်ိဳး အေျခအေနမဟုတ္ဘူး။ စစ္ပြဲျဖစ္ေနတဲ့ အေနအထား မဟုတ္ဘူး။ ဒါ UEC ဘက္ကေနေတာ့ လုပ္ကိုင္တဲ့ေနရာမွာ ေတာ္ေတာ္ေလး လစ္ဟင္းတယ္လို႔ က်မ ျမင္တယ္။ အဓိက အေနနဲ႔ကေတာ့ လုပ္ပိုင္ခြင့္ ဘာမွမရွိဘူးလို႔ ျမင္တယ္။ သံုးသပ္တယ္ေပါ့ေနာ္။”

ဒါကေတာ့ ျမစ္ၾကီးနားျမိဳ႕ကေန ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းေနရာ ၀င္ျပိဳင္မယ့္ ဆိုင္းႏူးပန္ ေျပာသြားတာပါ။ တဆက္တည္းပဲ ရခိုင္ျပည္နယ္က အမ်ိဳးသမီး လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းတခ်ိဳ႕ ၾကံဳရတဲ့ အေတြ႔အၾကံဳကိုလည္း နားေထာင္ၾကည့္ရေအာင္ပါ။

“အခက္အခဲေတြ ရွိတယ္ရွင့္။ ဘယ္အရာမွာ မေခ်ာေမြ႔ဘူး။ က်မတို႔ ပထမပိုင္း ေရြးေကာက္ပြဲ စျပီးေတာ့ ေၾကာ္ျငာတယ္ဆုိကတည္းကိုက အဲ့ဒီအခ်ိန္ကတည္းက ဘာလဲဆိုေတာ့ က်မတို႔ မဲဆြယ္စည္း႐ံုးမႈ မလုပ္ရဘူးရွင့္။ ကိုဗစ္ ဥပေဒေတြနဲ႔ ကန္႔သတ္ထားေတာ့ေလ။ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ကေန ျပီးေတာ့ က်မတို႔ မဲဆြယ္စည္း႐ံုးခြင့္ ရျပီလို႔ ေျပာလုိက္ေပမဲ့ တဘက္ကလည္း ကိုဗစ္ ဥပေဒေတြ ရွိေတာ့ က်မတို႔ လူ ၃၀ ထက္ မေက်ာ္ေစရ၊ ၅၀ ထက္ မေက်ာ္ေစရ ဆုိေတာ့။ ေနာက္ျပီး ေရွ႕ေနာက္ ၀ဲယာ ၆ ေပအကြာ ဆုိတဲ့အခါက်ေတာ့။ က်မတို႔က မိုးရာသီက်ရင္လည္း က်မတို႔ လယ္ကြင္းျပင္ေတြမွာ ထြက္ျပီးေတာ့ က်မတို႔ ေဟာေျပာလို႔မရဘူး။ ဒီဘက္မွာက်ေတာ့ နယ္ေတြ ရြာေတြ၊ ေက်းရြာေတြ ဆိုေတာ့ လမ္းပန္းဆက္သြယ္ေရးလည္း ခက္တယ္ရွင့္။ တေနရာနဲ႔ တေနရာကို ေျခလ်င္လည္း သြားရတယ္။ ေလွစီးျပီးေတာလည္း သြားရတယ္။ အဲ့ဒီလို အခ်ိန္မ်ိဳးမွာက်ေတာ့ မိန္းခေလး တေယာက္ အေနနဲ႔ ေယာက္်ားေတြ ၾကားထဲမွာက်ေတာ့ အမ်ိဳးသမီးတေယာက္ ေနာက္ထပ္ အေဖာ္တေယာက္ ေခၚရတာေပါ့ေလ။”

ဒါကေတာ့ ရခုိင္အမ်ိဳးသားပါတီ (ANP) ကေန ေတာင္ကုတ္ျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ေနရာအတြက္ ၀င္ေရာက္ယွဥ္ျပိဳင္မယ့္ မလွသက္စုိး ေျပာသြားတာပါ။ ရခိုင္ျပည္နည္တြင္း လက္နက္ကိုင္ ပဋိပကၡေတြ ရွိေနတယ္ဆိုေပမဲ့လည္း၊ သူ႔ရဲ႕ မဲဆႏၵနယ္ေျမျဖစ္တဲ့ ေတာင္ကုတ္ ကေတာ့ တည္တည္ျငိမ္ျငိမ္ရွိေနျပီး COVID 19 ေရာဂါ ကူးစက္မႈလည္း သိပ္ မရွိတဲ့ ေဒသတခု ျဖစ္တာမို႔ UEC ရဲ႕ လက္ရွိကန္႔သတ္ခ်က္ေတြဟာ လိုအပ္တာထက္ ပိုျပီး တင္းက်ပ္ေနတယ္လို႔ မလွသက္စိုးက ေ၀ဖန္ပါတယ္။ ဒါ့အျပင္ နယ္ေျမတည္ျငိမ္ေနပါလ်က္ မဲဆႏၵနယ္ အေတာ္မ်ားမ်ား ဖ်က္သိမ္းတဲ့ကိစၥကလည္း ေဒသခံျပည္သူေတြရဲ႕ မဲေပးခြင့္ အခြင့္အေရးနဲ႔ ေရြးေကာက္ပြဲမွာ ပါ၀င္ခြင့္ေတြကို ကန္႔သတ္လိုက္တာျဖစ္တယ္လို႔ သူက ေျပာပါတယ္။

“ေရြးေကာက္ပြဲ မတိုင္ခင္ကာလေတြမွာ နယ္ေျမ တည္ျငိမ္တယ္ရွင့္။ က်မတို႔ဘက္မွာ ဘာမွမျဖစ္ဘူး။ တည္တည္ျငိမ္ျငိမ္ပဲ ရွိေနတယ္။ ျပီးလို႔ရွိရင္ ဘူးသီးေတာင္တုိ႔၊ ရေသ့ေတာင္တို႔၊ အခုလက္ရွိ ျဖစ္ပ်က္ေနတဲ့ စစ္ပြဲ အေျခအေနေတြေပါ့။ ရေသ့ေတာင္တို႔ ပုဏၰားကြၽန္းတို႔ဘက္မွာ ျဖစ္ပ်က္ေနတဲ့အရာမ်ိဳး က်မတို႔ဘက္မွာ မရွိဘူး။ ကိုဗစ္ကလည္း ျပည္မနဲ႔စာလို႔ရွိရင္ က်မတို႔ ေတာင္ကုတ္မွာ ရွားရွားပါးပါးပဲ။ က်မတို႔ ဒီမွာ လူဦးေရ အဲ့ေလာက္ထိ ကိုဗစ္ေတြ တအား ကူးစက္ေနတဲ့အရာမ်ိဳး မရွိဘူးရွင့္။ ျပီးလို႔ရွိရင္ လူဦးေရလည္း ေရတြက္လို႔ရတယ္။ အဲ့ဒီကာလတုန္းကဆိုရင္ ဆယ္ ဂဏန္းေတာင္မရွိဘူး။ တေယာက္ ႏွစ္ေယာက္ေလာက္ပဲ ရွိတာ။ အခု လက္ရွိျဖစ္ပ်က္ေနတဲ့ အေျခအေန အားလံုးကို ျခံဳငံုသံုးသပ္ရလို႔ရွိရင္ေတာ့ က်မတို႔ တအားၾကီးတင္းက်ပ္တယ္လို႔ပဲ က်မတို႔ ျမင္တယ္ရွင့္။ တင္းက်ပ္တယ္။ က်မတို႔ ဘာမွ လုပ္လို႔မရဘူး။ ေရွ႕ပိုင္းကာလေတြမွာ က်မတို႔က ဘာမွလည္း ေဟာေျပာလို႔လည္း မရဘူး။ မဲဆြယ္ စည္း႐ံုးလို႔လည္း မရဘူး။ ပါတီ ရပ္ေက်း စည္း ဖြဲ႔မယ္။ ဆိုင္းဘုတ္ကေလး ေထာင္မယ္။ ျပီးရင္ ျပန္လာခဲ့မယ္။ က်မတို႔ အဲ့ဒီလိုပဲ တလေက်ာ္ေက်ာ္ေလာက္ အဲ့အတိုင္းပဲ သြားခဲ့ရတယ္ရွင့္။ မဲဆြယ္စည္း႐ံုးလို႔ ရတယ္ဆိုတဲ့ အေျခအေနမ်ိဳးမွာ က်ေတာ့လည္း ေရြးေကာက္ပြဲ မက်င္းပႏုိ္င္တဲ့နယ္ေျမေတြ၊ ဆရာမတို႔လည္း ၾကားမွာပါ။ အဲ့ဒီလိုေတြနဲ႔ ၾကံဳရတယ္။ က်မတို႔ဘက္မွာဆိုရင္လည္း နယ္ေျမ ေအးခ်မ္းေနပါလ်က္နဲ႔ က်မတို႔ ေတာင္ကုတ္ျမိဳ႕မွာလည္း ျမိဳ႕ေပၚ ၄ ရပ္ကြက္ပဲ က်န္ခဲ့တာဟာမ်ိဳးေတြ ရွိတယ္ေလ။ အဲ့အခါက်ေတာ့ က်မတို႔အေနနဲ႔လည္း ဒါကို ဘယ္လိုေတြးျပီးေတာ့ ဘယ္လိုစဥ္းစားယူရမွန္းေတာင္ မသိဘူး ျဖစ္သြားတာေပါ့။”

ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ UEC ကေတာ့ ရခိုင္၊ ကခ်င္၊ ရွမ္း အပါအ၀င္ ျပည္နယ္နဲ႔တိုင္းေဒသ တခ်ိဳ႕က မဲဆႏၵနယ္ေျမေတြမွာ လံုျခံဳေရး စိတ္မခ်ရတာ အပါအ၀င္ လြတ္လပ္ျပီး တရားမ ွ်တတဲ့ ေရြးေကာက္ပြဲ က်င္းပႏုိင္မယ့္ အေျခအေန မရွိတာေၾကာင့္လို႔ ဆိုျပီး ေရြးေကာက္ပြဲက်င္းပမယ့္ အစီအစဥ္ကို ပယ္ဖ်က္ထားတာပါ။ ဒါေပမဲ့ ဒီအထဲမွာ နယ္ေျမတခ်ိဳ႕ဟာ တည္ျငိမ္မႈရွိျပီး ေရြးေကာက္ပြဲ က်င္းပႏုိင္တဲ့ အေျခအေနလည္း ရွိေနတယ္ဆိုျပီး တုိင္းရင္းသားပါတီေတြနဲ႔ လႊတ္ေတာ္ ကို္ယ္စားလွယ္ေလာင္းတခ်ိဳ႕က ေထာက္ျပ ေနၾကတာ ျဖစ္ပါတယ္။ TNP ပါတီ ကိုယ္စားျပဳ လားရိႈးျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ ၀င္ေရာက္ယွဥ္ျပိဳင္မယ့္ ေလြးသင္းသင္းေအာင္က ခုလို ေျပာပါတယ္။

“က်မတို႔ရဲ႕ လား႐ိႈးအေနနဲ႔ၾကည့္မယ္ဆိုရင္ေတာ့ အခု သတ္မွတ္လိုက္တဲ့ ၆ အုပ္စု စလံုးက ျငိမ္းျငိမ္းခ်မ္းခ်မ္းလည္း ရွိေနတဲ့အခါက်ေတာ့ ျပည္သူ တေယာက္ အေနနဲ႔ က်ေတာ့၊ အဲ့ဒီေနရာမွာရွိေနတဲ့ ျပည္သူ တေယာက္အေနနဲ႔က်ေတာ့ ႏုိင္ငံသားတေယာက္ရဲ႕ ရသင့္ရထိုက္တဲ့ မဲေပးခြင့္ဆိုတာ ဆံုးရံႈးသြားတာေပါ့ေနာ္။ တခ်ိဳ႕ ေက်းရြာေတြမွာက်ေတာ့ တကယ္ ျငိမ္းခ်မ္းျပီးေတာ့မွ ပါတီေပါင္းစံုလည္း ၀င္ထြက္လို႔ရတဲ့ ေက်းရြာမ်ိဳးေတြ ပါသြားတာက်ေတာ့ က်မတို႔က ေတာ္ေတာ္ကို စိတ္မေကာင္းဘူးေပါ့။”

ဘယ္လိုပဲျဖစ္ျဖစ္ လက္ရွိမွာ ကိုဗစ္ေၾကာင့္ ခ်မွတ္ထားတဲ့ ညႊန္ၾကားခ်က္ေတြ၊ အကန္႔အသတ္ေတြၾကားမွာပဲ မဲဆြယ္စည္း႐ံုးမႈေတြ ရေအာင္ လုပ္ေဆာင္ေနၾကရျပီး ျပည္သူေတြရဲ႕ လိုအပ္ခ်က္၊ အခက္အခဲ ျပႆနာေတြကို ကိုယ္စားျပဳ ေျဖရွင္းေပးႏုိင္ဖို႔ ၾကိဳးစားေနပါတယ္လို႔ က်မ ဆက္သြယ္ ေမးျမန္းခဲ့တဲ့ အမ်ိဳးသမီး လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း အားလံုးက ေျပာဆိုၾကပါတယ္။ ဒါ့အျပင္ လႊတ္ေတာ္တြင္းမွာ အမ်ိဳးသမီးေတြနဲ႔လူငယ္ေတြ ပိုမို ကိုယ္စားျပဳ ပါ၀င္လာဖို႔ လိုလားတယ္လို႔ ေလြးသင္းသင္းေအာင္ က ေျပာပါတယ္။

“အဓိက သြားခ်င္တာကေတာ့ က်မတို႔ အမ်ိဳးသမီးေတြ အေနနဲ႔ေရာ လူငယ္ေတြ အေနနဲ႔ေရာ လႊတ္ေတာ္ထဲမွာ ပါ၀င္မႈ ရာခိုင္ႏႈန္းက အရမ္း နည္းေသးတယ္ေပါ့ေနာ္။ အဲ့ဒါေၾကာင့္ အဓိက က်မ သြားခ်င္တာ ကေတာ့ လူငယ္ေတြအတြက္ လိုအပ္ေနတဲ့အရာမ်ိဳးေတြ လႊတ္ေတာ္မွာ တင္ျပခ်င္တယ္။ ျပီးေတာ့ အမ်ိဳးသမီးေတြ အတြက္ေရာ လိုအပ္ေနေသးတဲ့ ဥပေဒေတြ ရွိေသးတယ္။ အဲ့ဒါမ်ိဳးေတြြကိုလည္း က်မ လႊတ္ေတာ္မွာ အတည္ျပဳေပးခ်င္တယ္ေပါ့။ အဲ့ဒါေၾကာင့္မိုလို႔ ခုလို ၀င္ျပိဳင္ျဖစ္တာပါ။”

ဒါကေတာ့ တိုင္းရင္းသားေဒသေတြမွာ ၀င္ေရာက္ ယွဥ္ျပိဳင္ၾကမယ့္ လူငယ္ အမ်ိဳးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ေျပာျပတဲ့ သူတို႔ရဲ႕ အေတြ႔အၾကံဳေတြနဲ႔ ေရြးေကာက္ပြဲ ၀င္ေရာက္ယွဥ္ျပိဳင္ျဖစ္တဲ့ အေၾကာင္းေတြကို စုစည္းတင္ျပေပးခဲ့တာပါ။ ျမန္မာ့ အေထြေထြ ေရြးေကာက္ပြဲေတြကေတာ့ ဒီတနဂၤေႏြဆိုရင္ က်င္းပပါျပီ။ ကိုယ္လိုခ်င္တဲ့ အေျပာင္းအလဲကို ကိုယ္စားျပဳ ေဖာ္ေဆာင္ေပးႏုိင္မယ့္ ကုိယ္စားလွယ္ေလာင္းကို ၅ ႏွစ္မွာမွ တၾကိမ္ မဲေပး ေရြးခ်ယ္ခြင့္ ရတဲ့ အခြင့္အလမ္း အခ်ိန္အခါပဲ ျဖစ္ပါတယ္။

ေခါင္းေဆာင္ေကာင္းရင္ တိုင္းျပည္ တိုးတက္ေျပာင္းလဲေအာင္ လုပ္ႏုိင္တယ္ဆိုတာ သမုိင္း အေထာက္အထားေတြ ရွိပါတယ္။ ဒါေၾကာင့္ ဒီအခ်ိန္မွာ ကိုယ့္ရဲ႕ ႏုိင္ငံသား အခြင့္အေရးကို အသံုးခ်ျပီး ကိုယ့္အတြက္ အေကာင္းဆံုး ကိုယ္စားျပဳႏုိင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြကို မွန္မွန္ကန္ကန္ ေရြးခ်ယ္ႏုိင္ၾကပါေစလို႔ ဆုေတာင္းရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင္။

တိုက္႐ိုက္ လင့္ခ္

=======================================

[Unicode Version]

တိုင်းရင်းသား အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေရဲ့ အတွေ့အကြုံ (အမျိုးသမီးကဏ္ဍ)

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ရက်ပိုင်းသာ လိုတော့သလို၊ ပါတီအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်ကြသူတွေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ အကျိတ်အနယ် ယှဉ်ပြိုင် မဲဆွယ်နေကြပါတယ်။ ဒီလို ရွေးကောက်ပွဲ မဲဆွယ်နေကြတဲ့ ကိုယ်စားလှယ်လောင်း ၆,၉ ၀၀ ကျော်ထဲမှာ အမျိုးသမီးလွှတ်တော်အမတ်လောင်း ၁,၀၀၀ ကျော် ပါဝင်ပြီး တိုင်းရင်းသား ဒေသတချို့ကနေ ဝင်ပြိုင်ကြမယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေလည်း အများအပြား ပါ ပါတယ်။ သူတို့ရဲ့ အတွေ့အကြုံ၊ ရင်ဆိုင်ရတဲ့ အခက်အခဲ စိန်ခေါ်မှု၊ ဒါတွေကို ဘယ်လိုကျော်လွှားနေကြလဲ။ လွှတ်တော်အမတ်နေရာကိုရော ဘာကြောင့် သူတို့ ဝင်ပြိုင်ဖြစ်တာလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ဆက်ထားပါတယ်။

ဒီနှစ် ၂၀၂၀ ရွေးကောက်ပွဲကတော့ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိနေချိန်မှာ ကျင်းပတာမို့ အကန့်အသတ်တွေကြား ထူးထူးခြားခြား ကျင်းပရတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့်ချမှတ်ထားတဲ့ စည်းမျဉ်းကန့်သတ်ချက်တွေအပြင် ဖွံ့ဖြိုးမှုနည်းပြီး နယ်မြေအရလည်း တည်ငြိမ်မှုအားနည်းတဲ့ တိုင်းရင်းသားဒေသတွေမှာတော့ မဲဆွယ်စည်းရုံးမှုတွေကို ပိုပြီးတော့ ခက်ခက်ခဲခဲ လုပ်ကြရတယ်လို့ ကိုယ်စားလှယ်လောင်း တချို့က ပြောပါတယ်။

“လက်ရှိကတော့ နည်းနည်းတော့ တိတ်ဆိတ်ငြိမ်သက်တယ်။ ပြီးခဲ့တဲ့လကတော့ တိုက်ပွဲတွေဖြစ်တဲ့ အတွက်ကြောင့် ရွာဘက်တွေကို ဆင်းလို့မရတဲ့အပိုင်း ရှိတယ်ပေါ့နော်။ ပြန်ပြီးတော့မှ အခြေအနေ ငြိမ်တဲ့အချိန်အထိ ပြီးအောင်စောင့်ပြီးမှပဲ ပြန်သွားရတယ်။ ပြီးရင် မိုးရာသီဖြစ်တဲ့အချိန်မှာလည်း ကိုယ်က မိန်းခလေး ဆိုတော့ ကျမတို့က ဆင်းဖို့အဆင်ပြေ ပေမဲ့လည်း ကျမတို့နဲ့လိုက်မယ့် လူကြီးတွေက ကျမတို့ကို ပြန်ငဲ့နေတဲ့အပိုင်းတွေ ရှိတယ်ပေါ့နော်။ အဲ့ဒါဆိုရင် ကျမတို့က ချက်ချင်းဆင်းလို့ မရတဲ့အပိုင်းတွေလည်း ရှိတယ်ရှင့်။ နည်းနည်းတော့ အချိန် ကြန့်ကြာတာပေါ့။ နည်းနည်း နောက်ဆုတ်ရတဲ့အပိုင်းရှိတယ်။”

ဒါကတော့ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) ကနေ ကျောက်မဲမြို့နယ် အမှတ် (၁) ပြည်နယ်အမတ်လောင်းနေရာ ဝင်ပြိုင်မယ့် လွေးလွင်လွင်ဦး ပြောသွားတာပါ။ နယ်မြေတည်ငြိမ်မှုအားနည်းတဲ့အတွက် ခုလို အခြေအနေတွေ ကြုံရတဲ့အပြင် COVID 19 ရောဂါ ကူးစက်မှုတွေကြောင့် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကြားမှာ မဲဆွယ်စည်းရုံးမှုတွေကတော့ အကန့်အသတ် ပိုများတယ်လို့ လွေးလွင်လွင်ဦးက ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ဒေသခံပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ပိုမို ကောင်းမွန်လာအောင်၊ ဒေသတွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ပြည်သူတွေကို ကိုယ်စားပြုပြီး လိုအပ်တဲ့ ကူညီကာကွယ်မှုတွေ ပေးနိုင်ဖို့အတွက် လွှတ်တော်အမတ်နေရာ ဝင်ပြိုင်ဖြစ်တာလို့ ပြောပါတယ်။

“ဒီဘက်မှာက စစ်ဘေးရှောင်ကိစ္စဆိုရင် အရမ်းကိုမှ ခနခန ဖြစ်တယ်။ ဒါပေမဲ့ ထောက်ပံ့မှု မရှိဘူး။ တချို့ ဒီတောင်ပေါ်ဒေသကနေဆိုရင် စစ်ဘေးရှောင်တွေ ပြန်လာတယ်။ ပြေးလာတာပေါ့နော်။ ပြေးလာရင်းနဲ့ သူတို့က မပြန်ဘဲ ဒီမြို့ပေါ်မှာပဲ နေတဲ့အချိန်ကျတော့ အိမ်ငှားနေတယ်။ တနေ့လုပ် တနေ့စားပေါ့နော်။ ဒါပေမဲ့ သူတို့အတွက် ဝင်ငွေက မမ ျှတဲ့အပိုင်းတွေ ရှိတယ်ပေါ့နော်။ အလုပ်နဲ့ပတ်သက်ပြီးတော့မှ သူတို့အတွက် အခက်အခဲ ဖြစ်တာတွေလည်း တွေ့တယ်။ ဒီလို ပြည်သူတွေအတွက် အလုပ် လုပ်ပေးချင်တယ်။”

မြစ်ကြီးနားမြို့ က ဆိုင်းနူးပန် ကတော့ ကချင်ပြည်နယ် ပြည်သူ့ပါတီ ကနေ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်ဖို့ ရှိနေသူပါ။ သူ ပြောပြတဲ့ မြစ်ကြီးနားဘက်က အခြေအနေ အတွေ့အကြုံတချို့ကိုလည်း နားထောင်ကြည့်ရအောင်ပါ။

“အခက်အခဲကတော့ အများကြီးပေါ့နော်။ ရွေးကောက်ပွဲက ကိုဗစ်နဲ့ သွားတိုက်နေတော့ ကျမတို့ ဘယ်လိုပြောမလဲ ဒီကိုဗစ် စည်းမျဉ်း စည်းကမ်းအရလည်း သွားရတာဆိုတော့ လူ ၅၀ ထက် ပိုလို့ရမဘူးပေါ့နော်။ ဆိုတော့ လူဦးရေ ထောင်နဲ့ချီပြီးမှ စုပြီးပြောလို့ရတဲ့ အနေအထား မဟုတ်တော့ ကျမတို့အတွက်က တော်တော်လေး အခက်အခဲ ဖြစ်တယ်ပေါ့နော်။ တချို့ မြို့ပြမှာ ဆိုရင် ပြည်သူလူထု အများစုက ကိုဗစ်နဲ့ နည်းနည်းကြောက်ကြတော့ တချို့ဆို မလာကြဘူး။ အဲ့ဒီတော့ အဲ့ဒီလို အခက်အခဲတွေ ရှိတယ်။”

ဒီလို အခက်အခဲ အကန့်အသတ်တွေကြား လုပ်နေရချိန်မှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က တိုင်းရင်းသားပါတီတွေ၊ ပါတီငယ် တွေအပေါ် မမ ျှမတ ဆက်ဆံ ရှိနေတာ တွေ့ရပြီး သူတို့လို နိုင်ငံရေးပါတီသစ်တွေအတွက်တော့ အခက် ပိုကြုံစေတယ်လို့လည်း ဆိုင်းနူးပန် က ပြောပါတယ်။

“UEC ဘက်ကနေ အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဘေးကျပ်နံကျပ် ဖြစ်နေတယ်လို့ ကျမတို့ မြင်တယ်။ ပြီးတော့ free and fair လို့ ပြောသာပြောနေတယ်။ ဒါပေမဲ့ UEC ဘက်က free and fair မဖြစ်ဘူး ဖြစ်နေတယ်။ ကျမတို့ ပါတီတွေ၊ ပြည်နယ်အခြေစိုက် ပါတီတွေ အတွက်ကျတော့ နည်းနည်း အခက်အခဲ ဖြစ်တယ်ပေါ့။ ကျမတို့ပြည်နယ်က စည်းရုံးမှုတွေ လုပ်တဲ့အခါမှာ မေးမြန်းမှုတွေ လုပ်တယ်။ ဘယ်သူတွေ ဦးဆောင်တာလဲ။ ဘာအတွက်ကြောင့် လုပ်တာလဲဆိုတဲ့ဟာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ NLD လုပ်တဲ့အခါဆိုရင် ဘာမှစုံစမ်းစစ်ဆေးတာတွေ ဘာမှမလုပ်ဘူး။ ကျမတို့ တွေ့ရသလောက်ပေါ့နော်။ ဆိုတော့ သတိထားပြီး လုပ်နေရတာပေါ့နော်။ သူတို့ ဘယ်လိုမျိုး ဖြစ်လာမလဲ။ ရွေးကောက်ပွဲပြီးရင်ရော ဘယ်လိုမျိုး လုပ်လာမလဲ ဆိုတာတွေ အပေါ်မှာပါအစ စိုးရိမ်စရာရှိနေတယ်ပေါ့နော်။ အခုဆိုရင် ကချင်ပြည်နယ်မှာဆိုရင် ကျမတို့ ရွာ ၉၂ ရွာက ကျေးရွာကလူတွေက မဲပေးခွင့် မရတဲ့အခါမှာ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကလည်း ဆုံးရှုံးနစ်နာမှုတွေ အများကြီး ဖြစ်နေရတယ်။ အခု ကချင်ပြည်နယ်မှာဆိုရင် ceasefire တဘက်သတ် အပစ်အခတ် ရပ်စဲရေး အနေအထားမှာဆိုတော့ စစ်တပ်နဲ့ UEC နဲ့ ညှိနှိုင်းပြီးမှ ကချင်ပြည်နယ်မှာ ရှိတဲ့ ပြည်သူလူထုတွေလည်း မဲပေးနိုင်အောင် လုပ်ဆောင်ပေးသင့်တယ်လို့ ကျမတို့ထင်တယ်။ ဒါက အခု အခြေအနေမှာဆိုရင် ရခိုင်လိုမျိုး အခြေအနေမဟုတ်ဘူး။ စစ်ပွဲဖြစ်နေတဲ့ အနေအထား မဟုတ်ဘူး။ ဒါ UEC ဘက်ကနေတော့ လုပ်ကိုင်တဲ့နေရာမှာ တော်တော်လေး လစ်ဟင်းတယ်လို့ ကျမ မြင်တယ်။ အဓိက အနေနဲ့ကတော့ လုပ်ပိုင်ခွင့် ဘာမှမရှိဘူးလို့ မြင်တယ်။ သုံးသပ်တယ်ပေါ့နော်။”

ဒါကတော့ မြစ်ကြီးနားမြို့ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာ ဝင်ပြိုင်မယ့် ဆိုင်းနူးပန် ပြောသွားတာပါ။ တဆက်တည်းပဲ ရခိုင်ပြည်နယ်က အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းတချို့ ကြုံရတဲ့ အတွေ့အကြုံကိုလည်း နားထောင်ကြည့်ရအောင်ပါ။

“အခက်အခဲတွေ ရှိတယ်ရှင့်။ ဘယ်အရာမှာ မချောမွေ့ဘူး။ ကျမတို့ ပထမပိုင်း ရွေးကောက်ပွဲ စပြီးတော့ ကြော်ငြာတယ်ဆိုကတည်းကိုက အဲ့ဒီအချိန်ကတည်းက ဘာလဲဆိုတော့ ကျမတို့ မဲဆွယ်စည်းရုံးမှု မလုပ်ရဘူးရှင့်။ ကိုဗစ် ဥပဒေတွေနဲ့ ကန့်သတ်ထားတော့လေ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ ပြီးတော့ ကျမတို့ မဲဆွယ်စည်းရုံးခွင့် ရပြီလို့ ပြောလိုက်ပေမဲ့ တဘက်ကလည်း ကိုဗစ် ဥပဒေတွေ ရှိတော့ ကျမတို့ လူ ၃၀ ထက် မကျော်စေရ၊ ၅၀ ထက် မကျော်စေရ ဆိုတော့။ နောက်ပြီး ရှေ့နောက် ဝဲယာ ၆ ပေအကွာ ဆိုတဲ့အခါကျတော့။ ကျမတို့က မိုးရာသီကျရင်လည်း ကျမတို့ လယ်ကွင်းပြင်တွေမှာ ထွက်ပြီးတော့ ကျမတို့ ဟောပြောလို့မရဘူး။ ဒီဘက်မှာကျတော့ နယ်တွေ ရွာတွေ၊ ကျေးရွာတွေ ဆိုတော့ လမ်းပန်းဆက်သွယ်ရေးလည်း ခက်တယ်ရှင့်။ တနေရာနဲ့ တနေရာကို ခြေလျင်လည်း သွားရတယ်။ လှေစီးပြီးတောလည်း သွားရတယ်။ အဲ့ဒီလို အချိန်မျိုးမှာကျတော့ မိန်းခလေး တယောက် အနေနဲ့ ယောက်ျားတွေ ကြားထဲမှာကျတော့ အမျိုးသမီးတယောက် နောက်ထပ် အဖော်တယောက် ခေါ်ရတာပေါ့လေ။”

ဒါကတော့ ရခိုင်အမျိုးသားပါတီ (ANP) ကနေ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် မလှသက်စိုး ပြောသွားတာပါ။ ရခိုင်ပြည်နည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတယ်ဆိုပေမဲ့လည်း၊ သူ့ရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ တောင်ကုတ် ကတော့ တည်တည်ငြိမ်ငြိမ်ရှိနေပြီး COVID 19 ရောဂါ ကူးစက်မှုလည်း သိပ် မရှိတဲ့ ဒေသတခု ဖြစ်တာမို့ UEC ရဲ့ လက်ရှိကန့်သတ်ချက်တွေဟာ လိုအပ်တာထက် ပိုပြီး တင်းကျပ်နေတယ်လို့ မလှသက်စိုးက ဝေဖန်ပါတယ်။ ဒါ့အပြင် နယ်မြေတည်ငြိမ်နေပါလျက် မဲဆန္ဒနယ် အတော်များများ ဖျက်သိမ်းတဲ့ကိစ္စကလည်း ဒေသခံပြည်သူတွေရဲ့ မဲပေးခွင့် အခွင့်အရေးနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်တွေကို ကန့်သတ်လိုက်တာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ရွေးကောက်ပွဲ မတိုင်ခင်ကာလတွေမှာ နယ်မြေ တည်ငြိမ်တယ်ရှင့်။ ကျမတို့ဘက်မှာ ဘာမှမဖြစ်ဘူး။ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေတယ်။ ပြီးလို့ရှိရင် ဘူးသီးတောင်တို့၊ ရသေ့တောင်တို့၊ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ စစ်ပွဲ အခြေအနေတွေပေါ့။ ရသေ့တောင်တို့ ပုဏ္ဏားကျွန်းတို့ဘက်မှာ ဖြစ်ပျက်နေတဲ့အရာမျိုး ကျမတို့ဘက်မှာ မရှိဘူး။ ကိုဗစ်ကလည်း ပြည်မနဲ့စာလို့ရှိရင် ကျမတို့ တောင်ကုတ်မှာ ရှားရှားပါးပါးပဲ။ ကျမတို့ ဒီမှာ လူဦးရေ အဲ့လောက်ထိ ကိုဗစ်တွေ တအား ကူးစက်နေတဲ့အရာမျိုး မရှိဘူးရှင့်။ ပြီးလို့ရှိရင် လူဦးရေလည်း ရေတွက်လို့ရတယ်။ အဲ့ဒီကာလတုန်းကဆိုရင် ဆယ် ဂဏန်းတောင်မရှိဘူး။ တယောက် နှစ်ယောက်လောက်ပဲ ရှိတာ။ အခု လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ အားလုံးကို ခြုံငုံသုံးသပ်ရလို့ရှိရင်တော့ ကျမတို့ တအားကြီးတင်းကျပ်တယ်လို့ပဲ ကျမတို့ မြင်တယ်ရှင့်။ တင်းကျပ်တယ်။ ကျမတို့ ဘာမှ လုပ်လို့မရဘူး။ ရှေ့ပိုင်းကာလတွေမှာ ကျမတို့က ဘာမှလည်း ဟောပြောလို့လည်း မရဘူး။ မဲဆွယ် စည်းရုံးလို့လည်း မရဘူး။ ပါတီ ရပ်ကျေး စည်း ဖွဲ့မယ်။ ဆိုင်းဘုတ်ကလေး ထောင်မယ်။ ပြီးရင် ပြန်လာခဲ့မယ်။ ကျမတို့ အဲ့ဒီလိုပဲ တလကျော်ကျော်လောက် အဲ့အတိုင်းပဲ သွားခဲ့ရတယ်ရှင့်။ မဲဆွယ်စည်းရုံးလို့ ရတယ်ဆိုတဲ့ အခြေအနေမျိုးမှာ ကျတော့လည်း ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နယ်မြေတွေ၊ ဆရာမတို့လည်း ကြားမှာပါ။ အဲ့ဒီလိုတွေနဲ့ ကြုံရတယ်။ ကျမတို့ဘက်မှာဆိုရင်လည်း နယ်မြေ အေးချမ်းနေပါလျက်နဲ့ ကျမတို့ တောင်ကုတ်မြို့မှာလည်း မြို့ပေါ် ၄ ရပ်ကွက်ပဲ ကျန်ခဲ့တာဟာမျိုးတွေ ရှိတယ်လေ။ အဲ့အခါကျတော့ ကျမတို့အနေနဲ့လည်း ဒါကို ဘယ်လိုတွေးပြီးတော့ ဘယ်လိုစဉ်းစားယူရမှန်းတောင် မသိဘူး ဖြစ်သွားတာပေါ့။”

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ကတော့ ရခိုင်၊ ကချင်၊ ရှမ်း အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသ တချို့က မဲဆန္ဒနယ်မြေတွေမှာ လုံခြုံရေး စိတ်မချရတာ အပါအဝင် လွတ်လပ်ပြီး တရားမ ျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေ မရှိတာကြောင့်လို့ ဆိုပြီး ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို ပယ်ဖျက်ထားတာပါ။ ဒါပေမဲ့ ဒီအထဲမှာ နယ်မြေတချို့ဟာ တည်ငြိမ်မှုရှိပြီး ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေလည်း ရှိနေတယ်ဆိုပြီး တိုင်းရင်းသားပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတချို့က ထောက်ပြ နေကြတာ ဖြစ်ပါတယ်။ TNP ပါတီ ကိုယ်စားပြု လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွေးသင်းသင်းအောင်က ခုလို ပြောပါတယ်။

“ကျမတို့ရဲ့ လားရှိုးအနေနဲ့ကြည့်မယ်ဆိုရင်တော့ အခု သတ်မှတ်လိုက်တဲ့ ၆ အုပ်စု စလုံးက ငြိမ်းငြိမ်းချမ်းချမ်းလည်း ရှိနေတဲ့အခါကျတော့ ပြည်သူ တယောက် အနေနဲ့ ကျတော့၊ အဲ့ဒီနေရာမှာရှိနေတဲ့ ပြည်သူ တယောက်အနေနဲ့ကျတော့ နိုင်ငံသားတယောက်ရဲ့ ရသင့်ရထိုက်တဲ့ မဲပေးခွင့်ဆိုတာ ဆုံးရှုံးသွားတာပေါ့နော်။ တချို့ ကျေးရွာတွေမှာကျတော့ တကယ် ငြိမ်းချမ်းပြီးတော့မှ ပါတီပေါင်းစုံလည်း ဝင်ထွက်လို့ရတဲ့ ကျေးရွာမျိုးတွေ ပါသွားတာကျတော့ ကျမတို့က တော်တော်ကို စိတ်မကောင်းဘူးပေါ့။”

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိမှာ ကိုဗစ်ကြောင့် ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေ၊ အကန့်အသတ်တွေကြားမှာပဲ မဲဆွယ်စည်းရုံးမှုတွေ ရအောင် လုပ်ဆောင်နေကြရပြီး ပြည်သူတွေရဲ့ လိုအပ်ချက်၊ အခက်အခဲ ပြဿနာတွေကို ကိုယ်စားပြု ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားနေပါတယ်လို့ ကျမ ဆက်သွယ် မေးမြန်းခဲ့တဲ့ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်း အားလုံးက ပြောဆိုကြပါတယ်။ ဒါ့အပြင် လွှတ်တော်တွင်းမှာ အမျိုးသမီးတွေနဲ့လူငယ်တွေ ပိုမို ကိုယ်စားပြု ပါဝင်လာဖို့ လိုလားတယ်လို့ လွေးသင်းသင်းအောင် က ပြောပါတယ်။

“အဓိက သွားချင်တာကတော့ ကျမတို့ အမျိုးသမီးတွေ အနေနဲ့ရော လူငယ်တွေ အနေနဲ့ရော လွှတ်တော်ထဲမှာ ပါဝင်မှု ရာခိုင်နှုန်းက အရမ်း နည်းသေးတယ်ပေါ့နော်။ အဲ့ဒါကြောင့် အဓိက ကျမ သွားချင်တာ ကတော့ လူငယ်တွေအတွက် လိုအပ်နေတဲ့အရာမျိုးတွေ လွှတ်တော်မှာ တင်ပြချင်တယ်။ ပြီးတော့ အမျိုးသမီးတွေ အတွက်ရော လိုအပ်နေသေးတဲ့ ဥပဒေတွေ ရှိသေးတယ်။ အဲ့ဒါမျိုးတွေကိုလည်း ကျမ လွှတ်တော်မှာ အတည်ပြုပေးချင်တယ်ပေါ့။ အဲ့ဒါကြောင့်မိုလို့ ခုလို ဝင်ပြိုင်ဖြစ်တာပါ။”

ဒါကတော့ တိုင်းရင်းသားဒေသတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် လူငယ် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပြောပြတဲ့ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တဲ့ အကြောင်းတွေကို စုစည်းတင်ပြပေးခဲ့တာပါ။ မြန်မာ့ အထွေထွေ ရွေးကောက်ပွဲတွေကတော့ ဒီတနင်္ဂနွေဆိုရင် ကျင်းပပါပြီ။ ကိုယ်လိုချင်တဲ့ အပြောင်းအလဲကို ကိုယ်စားပြု ဖော်ဆောင်ပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းကို ၅ နှစ်မှာမှ တကြိမ် မဲပေး ရွေးချယ်ခွင့် ရတဲ့ အခွင့်အလမ်း အချိန်အခါပဲ ဖြစ်ပါတယ်။

ခေါင်းဆောင်ကောင်းရင် တိုင်းပြည် တိုးတက်ပြောင်းလဲအောင် လုပ်နိုင်တယ်ဆိုတာ သမိုင်း အထောက်အထားတွေ ရှိပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ကိုယ့်ရဲ့ နိုင်ငံသား အခွင့်အရေးကို အသုံးချပြီး ကိုယ့်အတွက် အကောင်းဆုံး ကိုယ်စားပြုနိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG