သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ေရြးေကာက္ပြဲနဲ႔ ၂၀၂၀ အမ်ိဳးသမီးခ်ီတက္ပြဲ 


ဝါရွင္တန္ၿမိဳ႕ေတာ္က ၂၀၂၀ အမ်ိဳးသမီးခ်ီတက္ပြဲ (ေအာက္တိုဘာလ ၁၇ ရက္၊ ၂၀၂၀) ဓာတ္ပုံ - ႐ိုက္တာ။

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ သမၼတ ေရြးေကာက္ပြဲ မၾကာခင္ က်င္းပဖို႔ ရွိေနခ်ိန္မွာပဲ အမ်ိဳးသမီးေရး တက္ၾကြလႈပ္ရွားသူေတြရဲ႕ ဆႏၵျပပြဲေတြလည္း ျပန္ေပၚလာပါတယ္။ အထူးသျဖင့္ ကြယ္လြန္သြားတဲ့ တရား႐ံုးခ်ဳပ္ တရားသူၾကီး Ruth Bader Ginsburg ရဲ႕ ေနရာမွာ ကြန္ဆာေဗးတစ္ တရားသူၾကီးတေယာက္ကို ေရြးေကာက္ပြဲမတိုင္ခင္ အစားထိုး ခန္႔အပ္ႏိုင္ဖို႔ သမၼတ Donald Trump နဲ႔ ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္အမတ္ေတြက အပူတျပင္း ၾကိဳးစားေနခ်ိန္မွာ ဒီအေပၚ ကန္႔ကြက္သူနဲ႔ ေထာက္ခံသူ အမ်ိဳးမ်ိဳးရွိလာခဲ့ျပီး ဒီအထဲမွာ အမ်ိဳးသမီး မဲဆႏၵရွင္ေတြကလည္း သူတို႔ရဲ႕အျမင္ေတြကို ထုတ္ေဖာ္လာၾကတာပါ။ ျပီးခဲ့တဲ့ စေနေန႔တုန္းကေတာ့ ၀ါရွင္တန္ဒီစီ ျမိဳ႕ေတာ္ အပါအ၀င္ ႏုိင္ငံတ၀ွမ္းက ျမိဳ႕ၾကီး အေတာ္မ်ားမ်ားမွာ အမ်ိဳးသမီးေရး တက္ၾကြလႈပ္ရွားသူေတြ ေသာင္းနဲ႔ခ်ီ စုေ၀း ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ကို႐ိုနာဗိုင္းရပ္ ကူးစက္မႈေတြ ရွိေနဆဲမို႔ လူစုလူေ၀း ေရွာင္ရွားဖို႔ သတိေပးခ်က္ေတြ ရွိေနတဲ့ၾကားမွာပဲ အမ်ိဳးသမီးေတြ ခုလို လမ္းေပၚထြက္ စုေ၀း ဆႏၵျပလာတာ ဘာေၾကာင့္ပါလဲ။ သူတို႔မွာ ဘယ္လို စိုးရိမ္ခ်က္ေတြ ရွိေနပါလဲ။ သူတို႔ဘာေတြ ေတာင္းဆိုေနၾကသလဲ ဆုိတာေတြကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္းတင္ျပထားပါတယ္။


ဒါကေတာ့ ျပီးခဲ့တဲ့ စေနေန႔က ျမိဳ႕ေတာ္ ၀ါရွင္တန္ဒီစီမွာ အမ်ိဳးသမီးေရး တက္ၾကြလႈပ္ရွားသူေတြ ဆႏၵျပေနၾကတဲ့ အသံေတြပါ။ အေမရိကန္ျပည္ေထာင္စုမွာ သမၼတ Donald Trump သမၼတအျဖစ္ တရား၀င္ စတင္တာ၀န္ထမ္းေဆာင္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကစလို႔ #metoo အမ်ိဳးသမီးေရး လႈပ္ရွားမႈ အပါအ၀င္ အမ်ိဳးသမီး ခ်ီတက္ပြဲေတြနဲ႔ အခြင့္အေရး လႈပ္ရွားမႈေတြ ႏွစ္စဥ္ အရွိန္အဟုန္နဲ႔ ရွိလာခဲ့ပါတယ္။ ဒီႏွစ္ ၂၀၂၀ ျပည့္ႏွစ္အတြင္းမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ အရင္ႏွစ္ေတြကလို အမ်ိဳးသမီးေတြ သိန္းနဲ႔ခ်ီ စုေ၀းတာေတြ မရွိခဲ့ေပမဲ့လို႔ ျပီးခဲ့တဲ့ စေနေန႔တုန္းကေတာ့ ျမိဳ႕ေတာ္ ၀ါရွင္တန္အပါအ၀င္ ႏုိင္ငံတ၀ွမ္းက ျမိဳ႕ၾကီးေတြမွာ အမ်ိဳးသမီးေတြ ေသာင္းနဲ႔ခ်ီ ပါ၀င္တဲ့ ခ်ီတက္ပြဲေတြ တျပိဳင္တည္း က်င္းပခဲ့ၾကတာပါ။ ေရြးေကာက္ပြဲ က်င္းပဖို႔ နီးကပ္လာခ်ိန္၊ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြကလည္း ဆက္ျပီး မ်ားေနေသးတဲ့အခ်ိန္မွာ အမ်ိဳးသမီးေတြ ဘာေၾကာင့္ ခုလို ဆႏၵျပေနၾကတာပါလဲ။


၀ါရွင္တန္ျမိဳ႕ေတာ္ အမ်ိဳးသမီးခ်ီတက္ပြဲက အမ်ိဳးသမီး တခ်ိဳ႕ရဲ႕ အသံေတြကို နားေထာင္ၾကည့္ရေအာင္ပါ။

“က်မ စိုးရိမ္ပါတယ္။ က်မရဲ႕ အနာဂတ္ ေျမး၊ တူ တူမေတြ အတြက္ စိတ္ပူပါတယ္။ ဒီအတြက္ က်မ သိတာကေတာ့ က်မတို႔ရဲ႕အသံေတြကို အမ်ားသိေအာင္ လုပ္ရမယ္ ဆိုတာပါ။"

"ခုလို အမ်ိဳးသားေရးလႈပ္ရွားမႈၾကီးမွာ က်မတို႔လည္း ပါ၀င္ခ်င္ပါတယ္။ ဒါက အမ်ိဳးသမီးေတြအတြက္တင္ မဟုတ္ပါဘူး။ လူသားေတြရဲ႕သမုိင္းမွာ အေရးၾကီးတဲ့ ခုလို ေရြးေကာက္ပြဲအခ်ိန္မ်ိဳးမွာ အေျပာင္းအလဲ အတြက္ ကိုယ့္ရဲ႕ ဆႏၵေတြကို ေဖာ္ထုတ္ရပါမယ္။ က်မတို႔ရဲ႕ အသံေတြကို ၾကားေအာင္ လုပ္ရပါမယ္။”

"ႏုိင္ငံေရးမွာ အေျပာင္းအလဲ ျဖစ္ေအာင္ က်မ မ လုပ္ႏိုင္တာေတြ အမ်ားၾကီးပါ။ ဒါေပမဲ့ အခု သူတို႔ လုပ္ေနတာကေတာ့ က်မရဲ႕ဆႏၵ မဟုတ္ပါဘူး။ ဒါကို သိေစဖို႔နဲ႔ တရား႐ံုးခ်ဳပ္ တရားသူၾကီးေနရာ အဆိုျပဳထားသူဟာ က်မရဲ႕ သားသမီးေတြနဲ႔ သူတို႔ရဲ႕ အနာဂတ္အေပၚ သက္ေရာက္မႈေတြ ျဖစ္လာႏိုင္တာမို႔၊ အေျပာင္းအလဲ အတြက္ အထိေရာက္ဆံုးက ခုလို ဆႏၵျပတာလို႔ ယံုၾကည္ျပီး ေရာက္လာခဲ့တာပါ။”

“ကိုယ့္ႏိုင္ငံတြင္းမွာ ဘာေတြျဖစ္ေနလဲ ဆိုတာကို လူေတြ အခုထက္ ပိုျပီး နားေထာင္လာဖို႔ က်မ ေမ ွ်ာ္လင့္ပါတယ္။ မဲသြား မေပးခင္မွာ အေျခအေနေတြကို နားလည္ေအာင္ လုပ္ျပီး ႏို၀င္ဘာ ေရြးေကာက္ပြဲအတြက္ မဲေပးၾကပါ။ မျဖစ္မေန မဲေပးၾကပါ။ မဲေပးပါ မဲေပးပါ မဲေပးပါလို႔ ေျပာခ်င္ပါတယ္။”

ဒါကေတာ့ ျပီးခဲ့တဲ့ စေနေန႔က ၀ါရွင္တန္ျမိဳ႕ေတာ္မွာ က်င္းပခဲ့တဲ့ အမ်ိဳးသမီးခ်ီတက္ပြဲမွာ ပါ၀င္ဆႏၵျပသူတခ်ိဳ႕ ေျပာသြားတဲ့ အသံေတြပါ။ ဒီ့မတိုင္ခင္ ရက္ပိုင္းေတြကတည္းကလည္း ကြယ္လြန္သူ တရား႐ံုးခ်ဳပ္ တရားသူၾကီး Ruth Bader Ginsburg ေနရာမွာ ကြန္ဆားေဗးတစ္ တရားသူၾကီး Amy Coney Barrett ကို သမၼတ Donald Trump နဲ႔ ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္ အမတ္ေတြ အပူတျပင္း ခန္႔အပ္ဖို႔ ၾကိဳးစားေနတဲ့အေပၚ အမိ်ဳးသမီး အခြင့္အေရး လႈပ္ရွားသူေတြ ကန္႔ကြက္ ဆႏၵျပေနၾကတာပါ။ အဆိုျပဳခံထားရတဲ့ တရားသူၾကီး Barrett နဲ႔ ပတ္သက္လို႔ အမ်ိဳးသမီးေတြၾကားမွာ ဘယ္လို စိုးရိမ္မႈေတြ ရွိေနတာပါလဲ။ ဟာဝိုင္အီအေျခစိုက္ Asia-Pacific Center for Security Studies (APCSS) လုံၿခဳံေရးဘာသာရပ္ဆိုင္ရာ အာရွ-ပစိဖိတ္စင္တာက ပါေမာကၡ ေဒၚမီမီ၀င္းဘတ္က ခုလိုရွင္းျပပါတယ္။

“Ginsburg ရဲ႕ ေနရာမွာ ေနာက္တေယာက္ခန္႔ဖို႔ သူတို႔ ေရြးခ်ယ္တဲ့အခါမွာ ေနာက္ထပ္ အသစ္ Amy Coney Barrett ဆိုတဲ့ တရားသူၾကီးကို အခု အမ်ိဳးသမီးေတြက ေတာ္႐ံုတန္႐ံု မၾကိဳက္ၾကဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ထင္တာက ဒီတရားသူၾကီးကေပါ့ေနာ္။ ေရွး႐ိုးစြဲတယ္။ ေရွးဆန္တယ္။ ေနာက္ျပီးေတာ့ သူ႔ရဲ႕ legal philosophy ေပါ့ေနာ္။ တရားဥပေဒဆိုင္ရာ သေဘာတရား ခံယူခ်က္၊ အယူအဆ၊ အေတြးအျမင္ေတြဟာ အရမ္း ေရွး႐ိုးစြဲတယ္တဲ့။ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ႕ အရင္တုန္းက ေရးထားတဲ့ legal opinion ေတြေပါ့ေနာ္။ (တရားေရးဆိုင္ရာ အျမင္) ေဆာင္းပါးေတြ၊ ေနာက္ျပီးေတာ့ ဆံုးျဖတ္ခ်က္ ခ်တဲ့အခါမွာ ေရးထားတဲ့ စာေပေတြကို ၾကည့္လိုက္လို႔ရွိရင္ သူက ဖြဲ႔စည္းပံု အေျခခံဥပေဒကို ၁၇၈၇ ခုႏွစ္ အခ်ိန္ကလို ဒီဥစၥာကို ျပန္ျပီးေတာ့ အဓိပၸါယ္ ေကာက္ယူတာေပါ့ေနာ္။ ေခတ္ေနာက္ျပန္ဆြဲတယ္။ ဆိုေတာ့ အဲ့ဒီအခ်ိန္မွာဆိုရင္ အမ်ိဳးသမီးေတြမွာက ဘာမွ အခြင့္အေရး တန္းတူ မရွိဘူး။ အဲ့ဒီအခ်ိန္မွာဆိုရင္ အေမရိကန္အမ်ိဳးသမီးေတြက ေရြးေကာက္ပြဲမွာ မဲေပးခြင့္ မရွိဘူး။ ေနာက္ျပီးေတာ့ သူတို႔မွာ အိမ္ယာေတြ လယ္ေတြ ပိုင္ဆိုင္ခြင့္ေတြ လံုး၀ မရွိဘူး။ ဆိုေတာ့ ဒီလိုမ်ိဳး ေရွး႐ိုးစြဲေနတဲ့ တရားသူၾကီး ၀င္လာလို႔ရွိရင္ အမ်ိဳးသမီးေတြက စိတ္ပူတာက သူတို႔ရဲ႕ အခြင့္အေရးေတြ၊ တန္းတူ အခြင့္အေရးေတြ ေလ်ာ့က် သြားမယ္လို႔ ထင္လို႔ သူတို႔ ဆႏၵေတြ ျပေနတာပါ။”

ျပီးခဲ့တဲ့စက္တင္ဘာလ ၁၈ ရက္ေန႔က ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားတဲ့ တရား႐ံုးခ်ဳပ္ တရားသူၾကီး Ginsburg ကေတာ့ က်ား မ တန္းတူညီမ ွ်ေရးအတြက္ အေျပာင္းအလဲေတြ ျဖစ္လာေအာင္ ၾကိဳးပမ္းခဲ့တဲ့ အထင္ကရ အမ်ိဳးသမီးတေယာက္ျဖစ္ပါတယ္။ တႏုိင္ငံလံုးက ေလးစားအသိအမွတ္ျပဳ ရတဲ့ တရား႐ံုးခ်ဳပ္ တရားသူၾကီးတေယာက္ပါ။ သူ ကြယ္လြန္သြြားတဲ့အတြက္ သူ႔ေနရာမွာ တရားသူၾကီးသစ္ အစားထိုးဖို႔ကိစၥက လက္ရွိ ေရြးေကာက္ပြဲကာလ အေမရိကန္ႏုိင္ငံေရးမွာေတာ့ အေရးၾကီး ကိစၥတခုျဖစ္လာပါတယ္။ တရားသူၾကီး ၉ ဦးရွိတဲ့ ႏုိင္ငံရဲ႕အျမင့္ဆံုး တရား႐ံုးခ်ဳပ္မွာ တရားသူၾကီး Barrett ကို အထက္လႊတ္ေတာ္ကသာ အတည္ျပဳလိုက္မယ္ဆိုရင္ တရား႐ံုးခ်ဳပ္မွာ သမာ႐ိုးက် ကြန္ဆာေဗးတစ္ တရားသူႀကီး ၆ ေယာက္အထိ တိုးလာမွာျဖစ္ၿပီး တိုးတက္တဲ့အျမင္ရွိတဲ့ လစ္ဘရယ္ တရားသူႀကီးကေတာ့ ၃ ဦးပဲ က်န္ေတာ့မွာပါ။

ဒီလိုသာျဖစ္လာရင္ တရား႐ုံးခ်ဳပ္မွာ အျငင္းပြားမႈေတြ ရွိေနတဲ့ သေႏၶသား ဖ်က္ခ်ခြင့္၊ ေသနတ္လက္နက္ ပိုင္ဆိုင္ခြင့္နဲ႔ အမ်ိဳးသား က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္လို ဥပေဒေဆိုင္ရာ ဆံုးျဖတ္ရမယ့္ကိစၥရပ္ေတြမွာ ကြန္ဆာေဗးတစ္ေတြက အသာစီးရျပီး ဆယ္စုႏွစ္ေတြနဲ႔ခ်ီ ျပည္သူေတြအေပၚ သက္ေရာက္မႈေတြ ရွိလာႏိုင္တယ္လို႔ စိုးရိမ္သူေတြက ေျပာေနၾကတာပါ။ ဒါေၾကာင့္လဲ တရားသူၾကီး Barrett ကို တရား႐ံုးခ်ဳပ္ တရားသူၾကီးအျဖစ္ အတည္ျပဳသင့္မသင့္ ေမးျမန္းၾကားနာခဲ့ၾကတဲ့ အထက္လႊတ္ေတာ္ တရားေရး ေကာ္မတီ ၾကားနာပြဲမွာလည္း လႊတ္ေတာ္အမတ္ေတြက ဒီလိုကိစၥေတြနဲ႔ပတ္သက္ျပီး တရားသူၾကီး Barrett ရဲ႕ အယူအဆကို ၀ိုင္း၀န္းေမးျမန္းခဲ့ၾကပါတယ္။ ဒါေပမဲ့ Barrett ကေတာ့ ဒီလို ေမးခြန္း အေတာ္မ်ားမ်ားကို တိုက္႐ိုက္ ေျဖၾကားတာမိ်ဳး မလုပ္ခဲ့ဘဲ သူ႔အေနနဲ႔ အမႈအခင္းေတြကို ဆံုးျဖတ္တဲ့ေနရာမွာ ပုဂၢိဳလ္ေရးနဲ႔ ဘာသာေရး အယူအဆ လႊမ္းမိုးမႈမပါဘဲ ဆံုးျဖတ္သြားမွာျဖစ္တယ္၊ ဥပေဒေၾကာင္းအရသာ လိုက္နာ ဆံုးျဖတ္သြားမွာျဖစ္တယ္လို႔သာ ေျဖၾကားခဲ့ပါတယ္။

“တရား႐ံုးခ်ဳပ္ တရားသူၾကီးအျဖစ္ အဆုိျပဳတာကို က်မ လက္ခံဖို႔ ဆံုးျဖတ္ခဲ့တယ္ဆိုတာ တရားဥပေဒစိုးမိုးေရးကို အခိုင္အမာ ယံုၾကည္လို႔၊ က်မတို႔ ႏုိင္ငံေတာ္ တရား႐ံုးခ်ဳပ္ရဲ႕ အခန္းက႑ကို ယံုၾကည္လို႔ပါပဲ။ ေနာက္ခံဘ၀ အေျခအေန ပံုစံဘယ္လိုပဲရွိပါေစ က်မတို႔ အေမရိကန္ျပည္သူအားလံုးဟာ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုနဲ႔ ဥပေဒေတြမွာ ျပဌာန္းထားတဲ့ အဓိပၸါယ္ဖြင့္ဆိုခ်က္အတိုင္း သီးျခားလြတ္လပ္တဲ့ တရား႐ံုးခ်ဳပ္တရပ္ ရွိသင့္တယ္လို႔ က်မ ယံုၾကည္ပါတယ္။''

အယူခံတရား႐ံုး တရားသူၾကီးတဦးျဖစ္တဲ့ Barrett ကို အထက္လႊတ္ေတာ္ တရားေရးေကာ္မတီမွာ ၾကာသပေတးေန႔တုန္းကပဲ မဲခြဲအတည္ျပဳလိုက္ျပီမို႔၊ ေနာက္တဆင့္ အထက္လႊတ္ေတာ္ တခုလံုးမွာ ေရွ႕သီတင္းပတ္ထဲ မဲခြဲဆံုးျဖတ္ျပီးရင္ေတာ့ ေရြးေကာက္ပြဲ မတုိင္ခင္ ရက္ပိုင္းအတြင္းမွာပဲ တရား႐ံုးခ်ဳပ္ တရားသူၾကီးသစ္ ျဖစ္လာႏုိင္ဖြယ္ ရွိပါတယ္။ ပါေမာကၡ ေဒၚမီမီ၀င္းဘတ္ ကေတာ့ ခိုင္မာတဲ့ ဒီမိုကေရစီစနစ္တရပ္ရွိထားတဲ့ တိုင္းျပည္တခုမွာ တရား႐ံုးခ်ဳပ္ဟာ ျပည္သူေတြရဲ႕ ဆႏၵနဲ႔ အမ်ားၾကီး ကင္းကြာေနလို႔ မရဘူးလို႔လည္း ေဒၚမီမီ၀င္းဘတ္က ေျပာပါတယ္။

“ဥပေဒဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ေတြက ေျပာတာကေတာ့ Supreme Court ရဲ႕ opinion (တရား႐ံုးခ်ဳပ္ရဲ႕ အယူအဆ) က Society ရဲ႕ opinion (လူမႈအသိုင္းအ၀ိုင္းရဲ႕ အျမင္၊ အယူအဆ) နဲ႔ သိပ္ျပီး အမ်ားၾကီး ေျပာင္းျပန္ျဖစ္ေနလို႔ မရဘူးတဲ့။ အဲ့ဒီဥစၥာကလည္း သူတို႔ စဥ္းစားလိမ့္မယ္။ တကယ္ ဆံုးျဖတ္လုပ္ေဆာင္ၾကတဲ့အခါမွာေပါ့။ အကယ္၍ ဆိုပါေတာ့ ျပည္သူလူထု အမ်ားစုက ေခတ္ဆန္တယ္။ ေခတ္မီတယ္။ ေခတ္ေရွ႕ကို ေရာက္ေနျပီ။ ဥပေဒဆိုင္ရာ အဖြဲ႔အစည္းေတြက ေနာက္ကိုေရာက္ေနတယ္ဆိုရင္ အဲ့ဒီဥစၥာကလည္း သူတို႔ ျပန္ျပီးေတာ့ စဥ္းစားရေသးတာေပါ့။ ျပန္ျပီးေတာ့ ညွိႏိႈင္းရတယ္လို႔ ေျပာတယ္။ ဆိုေတာ့ အားလံုး ျခံဳျပီးေတာ့ ေျပာလိုက္လို႔ရွိရင္ေတာ့ ဒါကို ျပန္ျပီးေတာ့ ေနာက္ဆုတ္ဖို႔၊ ေရွးေရွးတုန္းကလို ျပန္သြားဖုိ႔အတြက္က ေတာ္႐ုံတန္႐ံုေတာ့ လြယ္တဲ့ဥစၥာ မဟုတ္ပါဘူး။”

ဘယ္လိုပဲျဖစ္ျဖစ္ ဆႏၵျပ အမ်ိဳးသမီးေတြကေတာ့ ဒီမိုကေရစီ အခြင့္အေရးနဲ႔အညီ သူတို႔လိုလားတဲ့ အေျပာင္းအလဲအတြက္ သူတို႔ရဲ႕ အသံေတြကို ျငိမ္းျငိမ္းခ်မ္းခ်မ္း ေဖာ္ထုတ္ ဆႏၵျပေနၾကတာျဖစ္ပါတယ္။ ခုလို ေရြးေကာက္ပြဲ နီးလာေနခ်ိန္မွာ မဲဆႏၵရွင္ျပည္သူေတြ အေနနဲ႔ ကိုယ္လိုလားတဲ့ အေျပာင္းအလဲအတြက္ ကိုယ္ၾကိဳက္ႏွစ္သက္တဲ့ ေခါင္းေဆာင္ကို တင္ေျမွာက္ႏုိင္ဖို႔၊ ကိုယ့္ရဲ႕ဆႏၵမဲက အေရးၾကီးတယ္ဆိုတာကို ဒီအမ်ိဳးသမီးခ်ီတက္ပြဲေတြက တဘက္တလမ္းကေန ေဆာ္ၾသရာ ေရာက္တယ္ဆုိတာ တင္ျပရင္းနဲ႔ပဲ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကုိ ဒီမွာပဲရပ္နားခြင့္ ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင္။

တိုက္႐ိုက္ လင့္ခ္

==================================

[Unicode Version]

အမေရိကန်ရွေးကောက်ပွဲနဲ့ ၂၀၂၀ အမျိုးသမီးချီတက်ပွဲ (အမျိုးသမီးကဏ္ဍ)

အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲ မကြာခင် ကျင်းပဖို့ ရှိနေချိန်မှာပဲ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ဆန္ဒပြပွဲတွေလည်း ပြန်ပေါ်လာပါတယ်။ အထူးသဖြင့် ကွယ်လွန်သွားတဲ့ တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg ရဲ့ နေရာမှာ ကွန်ဆာဗေးတစ် တရားသူကြီးတယောက်ကို ရွေးကောက်ပွဲမတိုင်ခင် အစားထိုး ခန့်အပ်နိုင်ဖို့ သမ္မတ Donald Trump နဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်တွေက အပူတပြင်း ကြိုးစားနေချိန်မှာ ဒီအပေါ် ကန့်ကွက်သူနဲ့ ထောက်ခံသူ အမျိုးမျိုးရှိလာခဲ့ပြီး ဒီအထဲမှာ အမျိုးသမီး မဲဆန္ဒရှင်တွေကလည်း သူတို့ရဲ့အမြင်တွေကို ထုတ်ဖော်လာကြတာပါ။ ပြီးခဲ့တဲ့ စနေနေ့တုန်းကတော့ ဝါရှင်တန်ဒီစီ မြို့တော် အပါအဝင် နိုင်ငံတဝှမ်းက မြို့ကြီး အတော်များများမှာ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေ သောင်းနဲ့ချီ စုဝေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ် ကူးစက်မှုတွေ ရှိနေဆဲမို့ လူစုလူဝေး ရှောင်ရှားဖို့ သတိပေးချက်တွေ ရှိနေတဲ့ကြားမှာပဲ အမျိုးသမီးတွေ ခုလို လမ်းပေါ်ထွက် စုဝေး ဆန္ဒပြလာတာ ဘာကြောင့်ပါလဲ။ သူတို့မှာ ဘယ်လို စိုးရိမ်ချက်တွေ ရှိနေပါလဲ။ သူတို့ဘာတွေ တောင်းဆိုနေကြသလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။


ဒါကတော့ ပြီးခဲ့တဲ့ စနေနေ့က မြို့တော် ဝါရှင်တန်ဒီစီမှာ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြနေကြတဲ့ အသံတွေပါ။ အမေရိကန်ပြည်ထောင်စုမှာ သမ္မတ Donald Trump သမ္မတအဖြစ် တရားဝင် စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစလို့ #metoo အမျိုးသမီးရေး လှုပ်ရှားမှု အပါအဝင် အမျိုးသမီး ချီတက်ပွဲတွေနဲ့ အခွင့်အရေး လှုပ်ရှားမှုတွေ နှစ်စဉ် အရှိန်အဟုန်နဲ့ ရှိလာခဲ့ပါတယ်။ ဒီနှစ် ၂၀၂၀ ပြည့်နှစ်အတွင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အရင်နှစ်တွေကလို အမျိုးသမီးတွေ သိန်းနဲ့ချီ စုဝေးတာတွေ မရှိခဲ့ပေမဲ့လို့ ပြီးခဲ့တဲ့ စနေနေ့တုန်းကတော့ မြို့တော် ဝါရှင်တန်အပါအဝင် နိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ အမျိုးသမီးတွေ သောင်းနဲ့ချီ ပါဝင်တဲ့ ချီတက်ပွဲတွေ တပြိုင်တည်း ကျင်းပခဲ့ကြတာပါ။ ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန်၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကလည်း ဆက်ပြီး များနေသေးတဲ့အချိန်မှာ အမျိုးသမီးတွေ ဘာကြောင့် ခုလို ဆန္ဒပြနေကြတာပါလဲ။


ဝါရှင်တန်မြို့တော် အမျိုးသမီးချီတက်ပွဲက အမျိုးသမီး တချို့ရဲ့ အသံတွေကို နားထောင်ကြည့်ရအောင်ပါ။

“ကျမ စိုးရိမ်ပါတယ်။ ကျမရဲ့ အနာဂတ် မြေး၊ တူ တူမတွေ အတွက် စိတ်ပူပါတယ်။ ဒီအတွက် ကျမ သိတာကတော့ ကျမတို့ရဲ့အသံတွေကို အများသိအောင် လုပ်ရမယ် ဆိုတာပါ။"

"ခုလို အမျိုးသားရေးလှုပ်ရှားမှုကြီးမှာ ကျမတို့လည်း ပါဝင်ချင်ပါတယ်။ ဒါက အမျိုးသမီးတွေအတွက်တင် မဟုတ်ပါဘူး။ လူသားတွေရဲ့သမိုင်းမှာ အရေးကြီးတဲ့ ခုလို ရွေးကောက်ပွဲအချိန်မျိုးမှာ အပြောင်းအလဲ အတွက် ကိုယ့်ရဲ့ ဆန္ဒတွေကို ဖော်ထုတ်ရပါမယ်။ ကျမတို့ရဲ့ အသံတွေကို ကြားအောင် လုပ်ရပါမယ်။”

"နိုင်ငံရေးမှာ အပြောင်းအလဲ ဖြစ်အောင် ကျမ မ လုပ်နိုင်တာတွေ အများကြီးပါ။ ဒါပေမဲ့ အခု သူတို့ လုပ်နေတာကတော့ ကျမရဲ့ဆန္ဒ မဟုတ်ပါဘူး။ ဒါကို သိစေဖို့နဲ့ တရားရုံးချုပ် တရားသူကြီးနေရာ အဆိုပြုထားသူဟာ ကျမရဲ့ သားသမီးတွေနဲ့ သူတို့ရဲ့ အနာဂတ်အပေါ် သက်ရောက်မှုတွေ ဖြစ်လာနိုင်တာမို့၊ အပြောင်းအလဲ အတွက် အထိရောက်ဆုံးက ခုလို ဆန္ဒပြတာလို့ ယုံကြည်ပြီး ရောက်လာခဲ့တာပါ။”

“ကိုယ့်နိုင်ငံတွင်းမှာ ဘာတွေဖြစ်နေလဲ ဆိုတာကို လူတွေ အခုထက် ပိုပြီး နားထောင်လာဖို့ ကျမ မေ ျှာ်လင့်ပါတယ်။ မဲသွား မပေးခင်မှာ အခြေအနေတွေကို နားလည်အောင် လုပ်ပြီး နိုဝင်ဘာ ရွေးကောက်ပွဲအတွက် မဲပေးကြပါ။ မဖြစ်မနေ မဲပေးကြပါ။ မဲပေးပါ မဲပေးပါ မဲပေးပါလို့ ပြောချင်ပါတယ်။”

ဒါကတော့ ပြီးခဲ့တဲ့ စနေနေ့က ဝါရှင်တန်မြို့တော်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီးချီတက်ပွဲမှာ ပါဝင်ဆန္ဒပြသူတချို့ ပြောသွားတဲ့ အသံတွေပါ။ ဒီ့မတိုင်ခင် ရက်ပိုင်းတွေကတည်းကလည်း ကွယ်လွန်သူ တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg နေရာမှာ ကွန်ဆားဗေးတစ် တရားသူကြီး Amy Coney Barrett ကို သမ္မတ Donald Trump နဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်တွေ အပူတပြင်း ခန့်အပ်ဖို့ ကြိုးစားနေတဲ့အပေါ် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေ ကန့်ကွက် ဆန္ဒပြနေကြတာပါ။ အဆိုပြုခံထားရတဲ့ တရားသူကြီး Barrett နဲ့ ပတ်သက်လို့ အမျိုးသမီးတွေကြားမှာ ဘယ်လို စိုးရိမ်မှုတွေ ရှိနေတာပါလဲ။ ဟာဝိုင်အီအခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ်စင်တာက ပါမောက္ခ ဒေါ်မီမီဝင်းဘတ်က ခုလိုရှင်းပြပါတယ်။

“Ginsburg ရဲ့ နေရာမှာ နောက်တယောက်ခန့်ဖို့ သူတို့ ရွေးချယ်တဲ့အခါမှာ နောက်ထပ် အသစ် Amy Coney Barrett ဆိုတဲ့ တရားသူကြီးကို အခု အမျိုးသမီးတွေက တော်ရုံတန်ရုံ မကြိုက်ကြဘူး။ ဘာလို့လဲဆိုတော့ သူတို့ထင်တာက ဒီတရားသူကြီးကပေါ့နော်။ ရှေးရိုးစွဲတယ်။ ရှေးဆန်တယ်။ နောက်ပြီးတော့ သူ့ရဲ့ legal philosophy ပေါ့နော်။ တရားဥပဒေဆိုင်ရာ သဘောတရား ခံယူချက်၊ အယူအဆ၊ အတွေးအမြင်တွေဟာ အရမ်း ရှေးရိုးစွဲတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အရင်တုန်းက ရေးထားတဲ့ legal opinion တွေပေါ့နော်။ (တရားရေးဆိုင်ရာ အမြင်) ဆောင်းပါးတွေ၊ နောက်ပြီးတော့ ဆုံးဖြတ်ချက် ချတဲ့အခါမှာ ရေးထားတဲ့ စာပေတွေကို ကြည့်လိုက်လို့ရှိရင် သူက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၇၈၇ ခုနှစ် အချိန်ကလို ဒီဥစ္စာကို ပြန်ပြီးတော့ အဓိပ္ပါယ် ကောက်ယူတာပေါ့နော်။ ခေတ်နောက်ပြန်ဆွဲတယ်။ ဆိုတော့ အဲ့ဒီအချိန်မှာဆိုရင် အမျိုးသမီးတွေမှာက ဘာမှ အခွင့်အရေး တန်းတူ မရှိဘူး။ အဲ့ဒီအချိန်မှာဆိုရင် အမေရိကန်အမျိုးသမီးတွေက ရွေးကောက်ပွဲမှာ မဲပေးခွင့် မရှိဘူး။ နောက်ပြီးတော့ သူတို့မှာ အိမ်ယာတွေ လယ်တွေ ပိုင်ဆိုင်ခွင့်တွေ လုံး၀ မရှိဘူး။ ဆိုတော့ ဒီလိုမျိုး ရှေးရိုးစွဲနေတဲ့ တရားသူကြီး ဝင်လာလို့ရှိရင် အမျိုးသမီးတွေက စိတ်ပူတာက သူတို့ရဲ့ အခွင့်အရေးတွေ၊ တန်းတူ အခွင့်အရေးတွေ လျော့ကျ သွားမယ်လို့ ထင်လို့ သူတို့ ဆန္ဒတွေ ပြနေတာပါ။”

ပြီးခဲ့တဲ့စက်တင်ဘာလ ၁၈ ရက်နေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ တရားရုံးချုပ် တရားသူကြီး Ginsburg ကတော့ ကျား မ တန်းတူညီမ ျှရေးအတွက် အပြောင်းအလဲတွေ ဖြစ်လာအောင် ကြိုးပမ်းခဲ့တဲ့ အထင်ကရ အမျိုးသမီးတယောက်ဖြစ်ပါတယ်။ တနိုင်ငံလုံးက လေးစားအသိအမှတ်ပြု ရတဲ့ တရားရုံးချုပ် တရားသူကြီးတယောက်ပါ။ သူ ကွယ်လွန်သွားတဲ့အတွက် သူ့နေရာမှာ တရားသူကြီးသစ် အစားထိုးဖို့ကိစ္စက လက်ရှိ ရွေးကောက်ပွဲကာလ အမေရိကန်နိုင်ငံရေးမှာတော့ အရေးကြီး ကိစ္စတခုဖြစ်လာပါတယ်။ တရားသူကြီး ၉ ဦးရှိတဲ့ နိုင်ငံရဲ့အမြင့်ဆုံး တရားရုံးချုပ်မှာ တရားသူကြီး Barrett ကို အထက်လွှတ်တော်ကသာ အတည်ပြုလိုက်မယ်ဆိုရင် တရားရုံးချုပ်မှာ သမာရိုးကျ ကွန်ဆာဗေးတစ် တရားသူကြီး ၆ ယောက်အထိ တိုးလာမှာဖြစ်ပြီး တိုးတက်တဲ့အမြင်ရှိတဲ့ လစ်ဘရယ် တရားသူကြီးကတော့ ၃ ဦးပဲ ကျန်တော့မှာပါ။

ဒီလိုသာဖြစ်လာရင် တရားရုံးချုပ်မှာ အငြင်းပွားမှုတွေ ရှိနေတဲ့ သန္ဓေသား ဖျက်ချခွင့်၊ သေနတ်လက်နက် ပိုင်ဆိုင်ခွင့်နဲ့ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှုစနစ်လို ဥပဒေဆေိုင်ရာ ဆုံးဖြတ်ရမယ့်ကိစ္စရပ်တွေမှာ ကွန်ဆာဗေးတစ်တွေက အသာစီးရပြီး ဆယ်စုနှစ်တွေနဲ့ချီ ပြည်သူတွေအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ စိုးရိမ်သူတွေက ပြောနေကြတာပါ။ ဒါကြောင့်လဲ တရားသူကြီး Barrett ကို တရားရုံးချုပ် တရားသူကြီးအဖြစ် အတည်ပြုသင့်မသင့် မေးမြန်းကြားနာခဲ့ကြတဲ့ အထက်လွှတ်တော် တရားရေး ကော်မတီ ကြားနာပွဲမှာလည်း လွှတ်တော်အမတ်တွေက ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး တရားသူကြီး Barrett ရဲ့ အယူအဆကို ဝိုင်းဝန်းမေးမြန်းခဲ့ကြပါတယ်။ ဒါပေမဲ့ Barrett ကတော့ ဒီလို မေးခွန်း အတော်များများကို တိုက်ရိုက် ဖြေကြားတာမျိုး မလုပ်ခဲ့ဘဲ သူ့အနေနဲ့ အမှုအခင်းတွေကို ဆုံးဖြတ်တဲ့နေရာမှာ ပုဂ္ဂိုလ်ရေးနဲ့ ဘာသာရေး အယူအဆ လွှမ်းမိုးမှုမပါဘဲ ဆုံးဖြတ်သွားမှာဖြစ်တယ်၊ ဥပဒေကြောင်းအရသာ လိုက်နာ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့သာ ဖြေကြားခဲ့ပါတယ်။

“တရားရုံးချုပ် တရားသူကြီးအဖြစ် အဆိုပြုတာကို ကျမ လက်ခံဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ တရားဥပဒေစိုးမိုးရေးကို အခိုင်အမာ ယုံကြည်လို့၊ ကျမတို့ နိုင်ငံတော် တရားရုံးချုပ်ရဲ့ အခန်းကဏ္ဍကို ယုံကြည်လို့ပါပဲ။ နောက်ခံဘ၀ အခြေအနေ ပုံစံဘယ်လိုပဲရှိပါစေ ကျမတို့ အမေရိကန်ပြည်သူအားလုံးဟာ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ဥပဒေတွေမှာ ပြဌာန်းထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း သီးခြားလွတ်လပ်တဲ့ တရားရုံးချုပ်တရပ် ရှိသင့်တယ်လို့ ကျမ ယုံကြည်ပါတယ်။''

အယူခံတရားရုံး တရားသူကြီးတဦးဖြစ်တဲ့ Barrett ကို အထက်လွှတ်တော် တရားရေးကော်မတီမှာ ကြာသပတေးနေ့တုန်းကပဲ မဲခွဲအတည်ပြုလိုက်ပြီမို့၊ နောက်တဆင့် အထက်လွှတ်တော် တခုလုံးမှာ ရှေ့သီတင်းပတ်ထဲ မဲခွဲဆုံးဖြတ်ပြီးရင်တော့ ရွေးကောက်ပွဲ မတိုင်ခင် ရက်ပိုင်းအတွင်းမှာပဲ တရားရုံးချုပ် တရားသူကြီးသစ် ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ ပါမောက္ခ ဒေါ်မီမီဝင်းဘတ် ကတော့ ခိုင်မာတဲ့ ဒီမိုကရေစီစနစ်တရပ်ရှိထားတဲ့ တိုင်းပြည်တခုမှာ တရားရုံးချုပ်ဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ အများကြီး ကင်းကွာနေလို့ မရဘူးလို့လည်း ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။

“ဥပဒေဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ပြောတာကတော့ Supreme Court ရဲ့ opinion (တရားရုံးချုပ်ရဲ့ အယူအဆ) က Society ရဲ့ opinion (လူမှုအသိုင်းအဝိုင်းရဲ့ အမြင်၊ အယူအဆ) နဲ့ သိပ်ပြီး အများကြီး ပြောင်းပြန်ဖြစ်နေလို့ မရဘူးတဲ့။ အဲ့ဒီဥစ္စာကလည်း သူတို့ စဉ်းစားလိမ့်မယ်။ တကယ် ဆုံးဖြတ်လုပ်ဆောင်ကြတဲ့အခါမှာပေါ့။ အကယ်၍ ဆိုပါတော့ ပြည်သူလူထု အများစုက ခေတ်ဆန်တယ်။ ခေတ်မီတယ်။ ခေတ်ရှေ့ကို ရောက်နေပြီ။ ဥပဒေဆိုင်ရာ အဖွဲ့အစည်းတွေက နောက်ကိုရောက်နေတယ်ဆိုရင် အဲ့ဒီဥစ္စာကလည်း သူတို့ ပြန်ပြီးတော့ စဉ်းစားရသေးတာပေါ့။ ပြန်ပြီးတော့ ညှိနှိုင်းရတယ်လို့ ပြောတယ်။ ဆိုတော့ အားလုံး ခြုံပြီးတော့ ပြောလိုက်လို့ရှိရင်တော့ ဒါကို ပြန်ပြီးတော့ နောက်ဆုတ်ဖို့၊ ရှေးရှေးတုန်းကလို ပြန်သွားဖို့အတွက်က တော်ရုံတန်ရုံတော့ လွယ်တဲ့ဥစ္စာ မဟုတ်ပါဘူး။”

ဘယ်လိုပဲဖြစ်ဖြစ် ဆန္ဒပြ အမျိုးသမီးတွေကတော့ ဒီမိုကရေစီ အခွင့်အရေးနဲ့အညီ သူတို့လိုလားတဲ့ အပြောင်းအလဲအတွက် သူတို့ရဲ့ အသံတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖော်ထုတ် ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ခုလို ရွေးကောက်ပွဲ နီးလာနေချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ ကိုယ်လိုလားတဲ့ အပြောင်းအလဲအတွက် ကိုယ်ကြိုက်နှစ်သက်တဲ့ ခေါင်းဆောင်ကို တင်မြှောက်နိုင်ဖို့၊ ကိုယ့်ရဲ့ဆန္ဒမဲက အရေးကြီးတယ်ဆိုတာကို ဒီအမျိုးသမီးချီတက်ပွဲတွေက တဘက်တလမ်းကနေ ဆော်သြရာ ရောက်တယ်ဆိုတာ တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့် ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG