သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အသက္အငယ္ဆံုး အမ်ိဳးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း မအိသၪၨာေမာင္


မအိသၪၨာေမာင္ (ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း၊ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အေထြေထြေရြးေကာက္ပြဲေတြ မၾကာခင္ ရက္ပိုင္းအတြင္း က်င္းပေတာ့မွာ ျဖစ္သလို၊ ဒီေရြးေကာက္ပြဲမွာ အမ်ိဳးသမီးလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ၁, ၀၀၀ ေက်ာ္ ပါ၀င္ ယွဥ္ျပိဳင္ဖို႔ ရွိေနပါတယ္။ ဒီလို ယွဥ္ျပိဳင္ၾကမယ့္ ကိုယ္စားလွယ္ေလာင္းေတြထဲမွာ ပန္းဘဲတန္းျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ေနရာအတြက္ လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီကေန ၀င္ေရာက္ယွဥ္ျပိဳင္မယ့္ မအိသၪၨာေမာင္ကေတာ့ အသက္အငယ္ဆံုး အမ်ိဳးသမီးလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း တေယာက္ျဖစ္ပါတယ္။ လူငယ္ အမ်ိဳးသမီးတေယာက္ရဲ႕ ေရြးေကာက္ပြဲ ႏုိင္ငံေရး အေတြ႔အၾကံ၊ ၾကံဳေတြ႔ရတဲ့ စိန္ေခၚမႈ အခက္အခဲ၊ ဘယ္လို ႏုိင္ငံေရး အိပ္မက္ေတြနဲ႔ ဒါေတြကို ေက်ာ္ျဖတ္ဖို႔ ၾကိဳးစားေနသလဲ ဆိုတာေတြကို မအိသၪၨာေမာင္ကို ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ထားပါတယ္။

“အရင္က က်မက ေက်ာင္းသားသမဂၢထဲမွာ ေက်ာင္းသားလႈပ္ရွားမႈေတြနဲ႔ ရင္းႏွီးခဲ့တယ္။ ရင္းႏွီးခဲ့ျပီးေတာ့ က်မ ေနာက္ပိုင္းမွာစဥ္းစားတယ္။ ေက်ာင္းသား ႏုိင္ငံေရးကိုပဲ ဆက္သြားမလားေပါ့။ ဒါမွမဟုတ္ ပါတီထဲ၀င္ျပီးေတာ့ ႏုိင္ငံေရးသမားတစ္ေယာက္အျဖစ္ လႈပ္ရွားမလားဆိုတာ စဥ္းစားတဲ့အခါက်ေတာ့ ဒီလူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီနဲ႔က်ေတာ့ က်မတို႔ ေက်ာင္းသားလႈပ္ရွားမႈေတြထဲက ရင္းႏွီးတယ္။ ရင္းႏွီးတဲ့အခါက်ေတာ့ ဒီပါတီထဲ ၀င္ျဖစ္သြားတယ္။ ၀င္ျဖစ္သြားျပီးေတာ့မွ ႏုိင္ငံေရးကို ဆက္ျပီး လႈပ္ရွားျဖစ္တယ္ေပါ့။ အဓိက ကေတာ့ က်မတို႔ ဒီေအာက္ေျခမွာျဖစ္ေနတဲ့ အသံေတြအားလံုးကို လႊတ္ေတာ္ထဲမွာ တင္ျပခ်င္တယ္။ အခုက လႊတ္ေတာ္ထဲေရာက္ေနတဲ့ လႊတ္ေတာ္အမတ္ေတြကလည္း က်မတို႔အသံေတြကို ဘာမွေျပာေပးျခင္းမရွိဘူး။ ထုတ္ေဖာ္ေျပာၾကားျခင္းလည္း မရွိဘူး။ ဆိုတဲ့အခါက်ေတာ့ က်မက ဒီကိစၥအတြက္ ေရြးေကာက္ပြဲ ၀င္ဖို႔အတြက္ ျပင္ေနတာ ၂ ႏွစ္ေလာက္ေတာ့ ရွိျပီေပါ့။ အရင္ကေတာ့ အသက္ကလည္း မျပည့္ေသးတဲ့အခါက်ေတာ့။ ဒီတေခါက္မွာေတာ့ က်မ အသက္လည္းျပည့္သြားတဲ့အခါက်ေတာ့ ဒီတေခါက္ ေရြးေကာက္ပြဲကို ၀င္ျပိဳင္ျဖစ္တာေပါ့။”

ဒါကေတာ့ မၾကာခင္က်င္းပမယ့္ ေရြးေကာက္ပြဲမွာ ပါ၀င္ယွဥ္ျပိဳင္မယ့္ အသက္အငယ္ဆံုး အမ်ိဳးသမီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း မအိသၪၨာေမာင္ ေျပာသြားတာပါ။ မအိသၪၨာေမာင္ ဟာ ခုလို ႏုိင္ငံေရးပါတီတခုမွာ ပါ၀င္မလႈပ္ရွားခင္တုန္းကေတာ့ ျမန္မာႏုိင္ငံမွာ ပညာေရးစနစ္ ျပဳျပင္ ေျပာင္းလဲမႈေတြ ျဖစ္လာဖို႔ လႈပ္ရွားခဲ့တဲ့ အမ်ိဳးသမီးလူငယ္တေယာက္ ျဖစ္ပါတယ္။ ရတနာပံုေက်ာင္းသားသမဂၢ ရဲ႕ ပထမဆံုး အမ်ိဳးသမီးဥကၠ႒အျဖစ္ တာ၀န္ယူခဲ့ဖူးသူလည္း ျဖစ္သလို၊ ၂၀၁၅ ေက်ာင္းသားသပိတ္မွာ ဦးေဆာင္ ပါ၀င္ခဲ့တဲ့အတြက္ ၁ ႏွစ္ေက်ာ္ ဖမ္းဆီး ထိန္းသိမ္းခံခဲ့ရသူလည္း ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ လူငယ္အဖြဲ႔ကို ဦးေဆာင္ေနျပီး၊ ပါတီတခုလံုးရဲ႕ ဦးေဆာင္က႑မွာလည္း ပါ၀င္ေနသူ ျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ မအိသၪၨာေမာင္ အတြက္ ဒီႏွစ္ ၂၀၂၀ ျပည့္ေရြးေကာက္ပြဲကေတာ့ ပထမဆံုးအၾကိမ္ ၀င္ျပိဳင္ခြင့္ရတဲ့ ေရြးေကာက္ပြဲပါ။ ငယ္ရြယ္သူ တေယာက္လည္းျဖစ္၊ အမ်ိဳးသမီးတေယာက္လည္း ျဖစ္တဲ့အတြက္ တခ်ိဳ႕လူေတြရဲ႕ အျမင္မွာ ခ်န္လွပ္ထားလိုတာေတြကို ေတြ႔ရတယ္လို႔ မအိသၪၨာေမာင္က ေျပာျပပါတယ္။

“က်မ က်ေတာ့ ကိုယ့္ဟာကိုယ္ ၂၅ ႏွစ္ျပည္ျပီးျပီ။ ၀င္ျပိဳင္လို႔ရတဲ့အရြယ္မိုလို႔ ၀င္ျပိဳင္တယ္ဆိုေပမဲ့ တျခားသူေတြ မ်က္လံုးထဲမွာက်ေတာ့ က်မကို ကေလးလို႔ျမင္ၾကတယ္။ က်မ ဘာပဲေျပာေျပာ က်မရဲ႕ မူ၀ါဒေတြ ဘယ္လို ေကာင္းေအာင္ပဲ ေျပာေျပာ သူတို႔စိတ္ထဲမွာ ကေလးတေယာက္ကလာျပီး စကားေျပာေနတယ္ပဲ ထင္တာ။ ထပ္ျပီး အေတြ႔အၾကံဳ ယူပါဦးေပါ့။ ေတာ္တယ္။ ဟုတ္တယ္။ ဒါေပမဲ့ ဒီတေခါက္မွာေတာ့ တျခား လူၾကီးေတြကိုပဲ ေရြးလိုက္ဦးမယ္ေပါ့။ မင္းတို႔ လူငယ္ေတြ အတြက္ကေတာ့ ၂၀၂၅ မွ ျပိဳင္လည္း ကိစၥမရွိဘူး။ အဲ့ဒီလိုမ်ိဳးေတြ မဲဆႏၵရွင္ေတြရဲ႕ သတင္းစကားေတြ အဲ့လို တက္လာတာမ်ိဳး ရွိတယ္။ ဒါေပမဲ့ တခိ်ဳ႕က်ေတာ့လည္း ငယ္ငယ္ရြယ္ရြယ္နဲ႔ ဒီလိုေနရာမ်ိဳးကို ေရာက္လာတဲ့အတြက္ ေတာ္တယ္လို႔ေျပာတာရွိသလုိ လက္ကမ္းၾကိဳတာေတြလည္း ရွိတယ္။ အဲ့ဒီလို အေကာင္းအဆိုးက ဒြန္တြဲေနတယ္။ ဒါေပမဲ့ ငယ္တဲ့အခါက်ေတာ့ မိန္းခေလးလည္း ျဖစ္တဲ့အခါက်ေတာ့ က်မ ဘာပဲေျပာေျပာ ပတ္၀န္းက်င္က နည္းနည္း ၾသဇာမသိသလိုေတာ့ ျဖစ္တာေပါ့။”

ဒီလိုအျမင္ေတြ၊ ခြဲျခား ဆက္ဆံတာေတြ ၾကံဳရေပမဲ့လုိ႔ ဒါေတြကို သူ႔အတြက္ အခက္အခဲ၊ အတားအဆီးအျဖစ္ မအိသၪၨာေမာင္က မျမင္ပါဘူး။ ဒါဆိုရင္ ဘယ္လိုအရာေတြက အဓိက အခက္အခဲေတြ ျဖစ္ေနတာပါလဲ။

“က်မရဲ႕ လူငယ္ျဖစ္လုိ႔ အမ်ိဳးသမီးျဖစ္လို႔ ဆိုတဲ့ဟာကို အခက္အခဲလို႔ေတာ့ မျမင္ဘူး။ ဘာျဖစ္လို႔လဲဆိုရင္ က်မတုိ႔ ပတ္၀န္းက်င္၊ က်မတို႔အာရွမွာဆိုရင္လည္း ျပန္ၾကည့္လိုက္။ အခုဆိုရင္ ထိုင္း ေက်ာင္းသားလႈပ္ရွားမႈဆိုရင္ ေက်ာင္းသားေတြခ်ည္းပဲ ဦးေဆာင္ေနတာ။ ေဟာင္ေကာင္ လႈပ္ရွားမႈဆိုရင္လည္း ေက်ာင္းသားေတြ တက္လာတယ္။ ျမန္မာျပည္ရဲ႕ ႏိုင္ငံေရး ျဖစ္စဥ္ေတြမွာဆိုရင္လည္း ေက်ာင္းသားလူငယ္ေတြ အမ်ားၾကီးပါတယ္။ ဆိုေတာ့ ဒီဟာကိုေတာ့ အခက္အခဲလို႔ေတာ့ မျမင္ဘူးရွင့္။ ဒါေပမဲ့ အခက္အခဲက ဘာလဲဆိုေတာ့ လက္ရွိ ႏိုင္ငံေရးျဖစ္ေနတဲ့ အခင္းအက်င္း ကေတာ့ အခက္အခဲပဲ။ က်မတို႔က အခုခ်ိန္ ၀င္ျပိဳင္ရတာက ကိုယ္စားလွယ္အခ်င္းခ်င္း ျပိဳင္ရတာမ်ိဳး ျဖစ္မေနဘူး။ က်မတို႔က ပါတီရဲ႕ ပံုရိပ္တခုနဲ႔ ျပိဳင္ရတယ္။ ပါတီေခါင္းေဆာင္ တေယာက္ရဲ႕ ပံုရိပ္နဲ႔ျပိဳင္ရတာ ျဖစ္ေနတဲ့အခါက်ေတာ့၊ က်မတို႔က ကိုယ့္မဲဆႏၵနယ္ထဲမွာ ရွိတဲ့ ကိုယ္စားလွယ္ေလာင္းအခ်င္းခ်င္း ျပိဳင္ရတာမ်ိဳး ျဖစ္မေနတဲ့အခါက်ေတာ့ တျခားကိုယ္စားလွယ္ေလာင္းက ဘာမွမလုပ္ဘဲ ဒီအခ်ိန္မွာ ထိုင္ေနတယ္ဆိုရင္ေတာင္ က်မတို႔က ၁၀ ဆ ၾကိဳးစားရတာ။ ေနာက္တခုက က်မတို႔ဆိုရင္ ပံုဖ်က္ခံထားရတဲ့ အရာေတြ အမ်ားၾကီး ရွိတယ္။ က်မတို႔ ပါတီကိုေရာ၊ က်မတို႔လို လူငယ္မ်ိဳးဆက္သစ္ေတြ၊ ပါတီငယ္ေလးေတြက တက္လာတဲ့ ကိုယ္စားလွယ္ေလာင္းေတြဆိုရင္ သူတို႔ကို မဲေပးလိုက္လို႔ရွိရင္ မဲကြဲသြားမယ္။ လႊတ္ေတာ္ထဲမွာ ညႊန္႔ေပါင္းျဖစ္လို႔မရဘူး ဆိုေတာ့ အဲ့ဒီလိုမ်ိဳးေလ ၀ါဒျဖန္႔ခံထားရတာေတြက အမ်ားၾကီးပဲ ျဖစ္ေနတဲ့အခါက်ေတာ့ ဒီႏိုင္ငံေရး အခင္းအက်င္းၾကီးကို ေက်ာ္ရတာက အရမ္းခက္တယ္။”

ျမန္မာႏုိင္ငံရဲ႕ လက္ရွိ ႏုိင္ငံေရး အေနအထားမွာ ျပည္သူေတြၾကား ေထာက္ခံမႈ ရျပီးသား ၾသဇာအရွိန္အ၀ါၾကီးမားတဲ့ ႏုိင္ငံေရးပါတီေတြကို ေက်ာ္လြန္ အႏိုင္ရဖို႔ဆိုတာ ပါတီငယ္ေလးေတြက ကိုယ္စားလွယ္ေလာင္းေတြ အတြက္ လြယ္ကူတဲ့ကိစၥ မဟုတ္ပါဘူး။ ပါတီၾကီးေတြကေန ၀င္ျပိဳင္ရင္ လႊတ္ေတာ္အမတ္ ျဖစ္ႏုိင္ေခ် ပိုမ်ားပါလ်က္ မအိသၪၨာေမာင္အေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ အနည္းငယ္သာ ၀င္ျပိဳင္ႏုိင္တဲ့ ႏိုင္ငံေရး ပါတီငယ္တခုကေန ဘာေၾကာင့္ ပါ၀င္ ယွဥ္ျပိဳင္ျဖစ္တာပါလဲ။

“ပါတီကို ျပန္ၾကည့္လိုက္တဲ့အခါက်ေတာ့ လူငယ္ေတြအတြက္ သီးျခား လြတ္လပ္ခြင့္ ေပးထားတယ္။ ကိုယ္ကလည္း လူငယ္ဆိုတဲ့အခါကေတာ့ လြတ္လြတ္လပ္လပ္ လႈပ္ရွားရတာကို ၾကိဳက္တယ္။ ဆိုေတာ့ ပါတီက က်ေတာ့ လူငယ္ေတြအတြက္ အဲ့ဒီ အာမခံခ်က္ ရွိတယ္။ လြတ္လပ္မႈနဲ႔ပတ္သက္ျပီး အာမခံခ်က္ရွိတယ္။ ေနာက္တခုက ပါတီရဲ႕ စည္းမ်ဥ္းစည္းကမ္း ေကာင္းတယ္ ေပါ့ေနာ္။ ပါတီရဲ႕ မူ၀ါဒ ေကာင္းတယ္။ ေနာက္ အေရးၾကီးဆံုးတခုကေတာ့ ဒီပါတီကို လႈပ္ရွား အသက္၀င္ေနတဲ့ သူေတြကလည္း ေတာ္ေတာ္ေလး ႏုိင္ငံေရးအရ ဂုဏ္သိကၡာ ေကာင္းတယ္ေပါ့ေနာ္။ အဲ့ဒါေၾကာင့္မို႔ က်မ ဒီပါတီထဲ ၀င္ျဖစ္သြားတာ။ တျခား ပါတီေတြလည္း သူ႔ဟာနဲ႔သူ အားသာခ်က္ေတြကေတာ့ ရွိမွာပဲ။ ဒါေပမဲ့ ကိုယ္နဲ႔က်ေတာ့ မကိုက္ဘူးထင္တယ္။ ဥပမာ - တျခား ပါတီၾကီးေတြဆိုရင္ ထိန္းခ်ဳပ္မႈ တအား ၾကီးတယ္လို႔ ထင္တယ္။ လူငယ္ေတြအေပၚမွာ။ လူငယ္ေတြက အရည္အခ်င္း ဘယ္ေလာက္ပဲရွိရွိ အေရွ႕ကို ထြက္မလာႏုိင္ဘူးျဖစ္တာ။ ဒီပါတီက်ေတာ့ အဲ့ဒီလိုမဟုတ္ဘူး။ ေနာက္တခုက လူငယ္ေတြအတြက္ ကိုတာ ရွိတယ္ ဒီမွာ။ ဥပမာ က်မဆုိရင္ လူ႔ေဘာင္သစ္လူငယ္မွာ ဥကၠ႒တာ၀န္ ျဖစ္တဲ့အတြက္ ပါတီမွာ က်မအတြက္ ကိုတာ seat တေနရာ ရတယ္။ ဆိုေတာ့ ကိုယ္အရည္အခ်င္းရွိရင္ အရည္အခ်င္း ရွိသလို တက္လို႔ရတယ္။ ပါတီထဲက ဘယ္သူ႔ကိုမွ ေၾကာက္ေနစရာ မလိုဘူး။ စည္းမ်ဥ္းစည္းကမ္းအတုိင္း သြားရင္ ပါတီမူ၀ါဒအတိုင္း သြားရင္ေတာ့ အဆင္ေျပတယ္။ အဲ့ဒါေၾကာင့္မို႔ က်မ ဒီပါတီကို ေရြးခ်ယ္လိုက္တာ။”

လာမယ့္ ေရြးေကာက္ပြဲမွာ အႏုိင္ရဖို႔ အျပည့္အ၀ ေမ ွ်ာ္လင့္ထားတယ္လို႔လည္း မအိသၪၨာေမာင္က ေျပာပါတယ္။ တကယ္လို႔ လႊတ္ေတာ္အမတ္တေယာက္ ျဖစ္လာရင္ တုိင္းျပည္အတြက္ ဘယ္လို လုပ္ငန္းစဥ္ေတြ ခ်မွတ္လုပ္ေဆာင္ဖို႔ ျပင္ဆင္ထားပါလဲ။

“ဟုတ္ကဲ့။ က်မမွာ တင္ျပထားတဲ့ ႏုိင္ငံေရးအစီအစဥ္ေတြ ရွိတယ္။ ပထမတခ်က္က က်မတို႔ လႊတ္ေတာ္ထဲ ေရာက္သြားရင္ တင္မယ့္အဆိုေပါ့ေနာ္။ လူထုဆႏၵခံယူပြဲနဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ဖ်က္သိမ္းမယ့္အဆိုေပါ့။ ဒါ က်မတို႔က ၄၃၆ (က)၊ (ခ) ေအာက္ကေန သြားတဲ့ဟာမ်ိဳး မဟုတ္ဘူး။ လႊတ္ေတာ္ထဲမွာ သီးျခား အဆိုတခု ျပန္တင္မယ္။ ျပန္တင္ျပီးေတာ့မွ အဲ့ဒါကို ၅၀ % ေက်ာ္က ေထာက္ခံတယ္ဆိုရင္ က်မတို႔ လူထုဆႏၵခံယူပြဲနဲ႔ ျပန္ျပီးေတာ့မွ ဖြဲ႔စည္းပံု အေျခခံဥပေဒကို အသစ္ျပန္ေရးမယ္ဆိုတဲ့ဟာမ်ိဳးေပါ့။ ေနာက္ အဆိုတခုကေတာ့ အကယ္၍ အဲ့ဒီလို မလုပ္ႏုိင္ဘူးဆိုရင္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ေလ ွ်ာ့ခ်ေရး အဆိုေပါ့။ ဒီ က်မတို႔ ျပည္သူ႔လႊတ္ေတာ္မွာ တပ္မေတာ္သားက ၁၁၀ ဦးထက္မပိုေသာ တပ္မေတာ္သား ဦးေရ ဆိုတာ ေရးထားတယ္။ ဆိုေတာ့ ၁၁၀ ဦးထက္ မပိုတာဆိုေပမဲ့ ၁၁၀ ဦးထက္ ေလ်ာ့လို႔ရတယ္။ အနည္းဆံုး တေယာက္ ျဖည့္လို႔ရတယ္။ ဆိုေတာ့ ဒီတပ္မေတာ္သား ကိုယ္စားလွယ္ဦးေရ ေလ ွ်ာ့ခ်ေရးအတြက္ အဆုိေတြ က်မ တင္ဖို႔ရွိတယ္။ ေနာက္တခုကေတာ့ က်မတို႔ ႏုိင္ငံသားဥပေဒနဲ႔ပတ္သက္ျပီးေတာ့ ျပန္လည္ ျပင္ဆင္သင့္တဲ့အရာေတြ။ ဒါကေတာ့ က်မ မဲဆႏၵနယ္ေရာ တႏုိင္ငံလံုးမွာရွိတဲ့ ႏိုင္ငံသားေတြ အတြက္ေရာ က်မတို႔ ႏုိင္ငံသားဥပေဒနဲ႔ပတ္သက္ျပီး လက္ရွိ လူ႔အခြင့္အေရး စံခ်ိန္စံညႊန္းေတြနဲ႔ညီေအာင္လို႔ ျပန္လည္ ျပင္ဆင္ဖို႔အတြက္ က်မတို႔လုပ္ထားတာေတြ ရွိတယ္။”

တကယ္လို႔ လႊတ္ေတာ္ထဲမေရာက္လည္း ဒီလိုကိစၥေတြက တိုင္းျပည္အတြက္ အေျပာင္းအလဲလုပ္ဖို႔ လိုအပ္တဲ့အရာေတြ ျဖစ္တာမို႔ သူ႔အေနနဲ႔ကေတာ့ လႊတ္ေတာ္ျပင္ပကေနလည္း ဆက္ျပီး ၾကိဳးစားသြားမွာျဖစ္တယ္လို႔ မအိသၪၨာေမာင္က ေျပာပါတယ္။ တိုးတက္တဲ့အျမင္ရွိတဲ့ လူငယ္ေတြ၊ အမ်ိဳးသမီးေတြ ႏုိင္ငံေရးမွာ ခုထက္ပုိျပီး တက္တက္ၾကြၾကြ ပါ၀င္လာမယ္ဆိုရင္ တိုင္းျပည္အတြက္ ေကာင္းမြန္တဲ့ အေျပာင္းအလဲေတြ ျဖစ္လာႏုိင္တယ္လို႔ မအိသၪၨာေမာင္က ေမ ွ်ာ္လင့္ ယံုၾကည္ထားပါတယ္။

“က်မ ကေတာ့ လူငယ္ေတြ အမ်ားၾကီး ပါခိုင္းေစခ်င္တယ္။ ေနာက္ အမ်ိဳးသမီးေတြ အမ်ားၾကီး ပါေစခ်င္တယ္။ ဒါေပမဲ့ က်မတို႔ႏုိင္ငံရဲ႕ ဦးေဆာင္တဲ့လူၾကီးေတြေရာ၊ ႏုိင္ငံေရး အခန္းက႑ေတြမွာေရာ ၾကည့္လိုက္ရင္ အားလံုးက လူၾကီးေတြ။ ဆိုေတာ့ အဲ့ဒီလူၾကီးေတြနဲ႔ အခု ၁၈ ႏွစ္လူငယ္ေတြနဲ႔ဆိုရင္ အေတြးအေခၚက တအား ကြာသြားျပီ။ ကြာသြားတယ္ဆိုေတာ့ လူငယ္ေတြ ပါႏုိင္ေလာက္တဲ့ အခင္းအက်င္းမ်ိဳးကို ဖန္တီးေပးသင့္တယ္လို႔ ထင္တယ္။ ဒီအတိုင္း ပါလာပါလို႔ ေျပာတာထက္စာရင္ သူတို႔လိုက္ပါႏုိင္တဲ့ အခင္းအက်င္းမ်ိဳး ဦးေဆာင္ေပးသင့္တယ္ ထင္တယ္။ ဥပမာအားျဖင့္ က်မတို႔ ဖြဲ႔စည္းပံု အေျခခံဥပေဒမွာဆိုရင္ က်မတို႔ ၂၅ ႏွစ္ျပည့္မွ ေရြးေကာက္ပြဲ ၀င္ျပိဳင္လို႔ရတယ္။ ဒါေပမဲ့ ၁၈ ႏွစ္ေလာက္နဲ႔ ၀င္ျပိဳင္လို႔ရတယ္လို႔ ဥပေဒကို ေျပာင္းလိုက္လည္း ဘာမွမျဖစ္ဘူး။ ေရြးခ်ယ္တာက လူထုက ေရြးခ်ယ္ရမွာေလ။ အလိုအေလ်ာက္ တက္သြားတဲ့ဟာမ်ိဳး မဟုတ္တဲ့အတြက္ ပါ၀င္ခြင့္ကို အဲ့ဒီလိုမ်ိဳးေလး ေျဖေလ ွ်ာ့ေပးလိုက္ရင္ေတာ့ လူငယ္ေတြ ပိုျပီးေတာ့ ပါ၀င္လာႏိုင္တယ္လို႔ ထင္တယ္။ ေနာက္တခုက အကာအကြယ္ေပးမႈလည္း ရွိရမယ္။ ဒီအတိုင္း ပါလာခိုင္းလို႔မရဘူး။ အခုေရြးေကာက္ပြဲ နီးလာခ်ိန္မွာ တိုက္ခိုက္ခံရတာ အမ်ားဆံုးက အမ်ိဳးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ တိုက္ခိုက္ခံရတာ အမ်ားဆံုးပဲ။ အခုဆိုရင္ က်မဆိုရင္လည္း လူမႈမီဒီယာ ကြန္ရက္ေပၚမွာ အမ်ားၾကီး တိုက္ခိုက္ခံရတယ္။ ဒါေပမဲ့ က်မတို႔ကို လံုလံုေလာက္ေလာက္ ကာကြယ္ေပးတဲ့ ဥပေဒ မရွိဘူး။ ဆိုတဲ့အခါက်ေတာ့ေလ ဒီအတိုင္း လႊတ္လိုက္လို႔မရဘူး။ ကဲ ပါလာပါ ဆိုျပီး ဒီအတိုင္း ဆြဲေခၚလိုက္လို႔မရဘူး။ သူတို႔အတြက္ အကာအကြယ္လည္း ေပးရမယ္လို႔ေတာ့ က်မထင္တယ္။ သူတို႔ ပါလာႏုိင္တဲ့ အခြင့္အလမ္းေတြ လုပ္ေပးသင့္တယ္။ အကာအကြယ္ေတြ လုပ္ေပးသင့္တယ္လို႔ ထင္တယ္။ ဒါမွသာ လူငယ္ေတြ အမ်ားၾကီး အမ်ိဳးသမီးေတြ အမ်ားၾကီး ပါလာႏုိင္ပါလိမ့္မယ္။”

တကယ္ေတာ့ လူငယ္ေတြဟာ တိုင္းျပည္ရဲ႕ အနာဂတ္ တက္အားေတြပါ။ လူငယ္ေတြရဲ႕ အနာဂတ္လွပါမွ တိုင္းျပည္ရဲ႕ အနာဂတ္ဟာလည္း ေတာက္ပႏုိင္မွာျဖစ္ပါတယ္။ အရည္အခ်င္းျပည့္၀ျပီး အေတြ႔အၾကံဳရွိတဲ့ လူငယ္ မ်ိဳးဆက္သစ္ေတြ ေမြးထုတ္ေပးဖို႔က လူၾကီးေတြရဲ႕ တာ၀န္ျဖစ္သလို၊ ဒီလို ေမြးထုတ္ေပးျခင္းအားျဖင့္ တုိင္းျပည္အတြက္ အနာဂတ္ကို အေကာင္းဆံုး ပံုေဖာ္ရာ ေရာက္ႏိုင္တယ္ဆိုတာ တင္ျပရင္းနဲ႔ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲရပ္နားခြင့္ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင္။

တိုက္႐ိုက္ လင့္ခ္

===================================

[Unicode Version]

အသက်အငယ်ဆုံး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း မအိသဉ္ဇာမောင် (အမျိုးသမီးကဏ္ဍ)

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲတွေ မကြာခင် ရက်ပိုင်းအတွင်း ကျင်းပတော့မှာ ဖြစ်သလို၊ ဒီရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၁, ၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ဒီလို ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မအိသဉ္ဇာမောင်ကတော့ အသက်အငယ်ဆုံး အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်ဖြစ်ပါတယ်။ လူငယ် အမျိုးသမီးတယောက်ရဲ့ ရွေးကောက်ပွဲ နိုင်ငံရေး အတွေ့အကြံ၊ ကြုံတွေ့ရတဲ့ စိန်ခေါ်မှု အခက်အခဲ၊ ဘယ်လို နိုင်ငံရေး အိပ်မက်တွေနဲ့ ဒါတွေကို ကျော်ဖြတ်ဖို့ ကြိုးစားနေသလဲ ဆိုတာတွေကို မအိသဉ္ဇာမောင်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

“အရင်က ကျမက ကျောင်းသားသမဂ္ဂထဲမှာ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ရင်းနှီးခဲ့တယ်။ ရင်းနှီးခဲ့ပြီးတော့ ကျမ နောက်ပိုင်းမှာစဉ်းစားတယ်။ ကျောင်းသား နိုင်ငံရေးကိုပဲ ဆက်သွားမလားပေါ့။ ဒါမှမဟုတ် ပါတီထဲဝင်ပြီးတော့ နိုင်ငံရေးသမားတစ်ယောက်အဖြစ် လှုပ်ရှားမလားဆိုတာ စဉ်းစားတဲ့အခါကျတော့ ဒီလူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ကျတော့ ကျမတို့ ကျောင်းသားလှုပ်ရှားမှုတွေထဲက ရင်းနှီးတယ်။ ရင်းနှီးတဲ့အခါကျတော့ ဒီပါတီထဲ ဝင်ဖြစ်သွားတယ်။ ဝင်ဖြစ်သွားပြီးတော့မှ နိုင်ငံရေးကို ဆက်ပြီး လှုပ်ရှားဖြစ်တယ်ပေါ့။ အဓိက ကတော့ ကျမတို့ ဒီအောက်ခြေမှာဖြစ်နေတဲ့ အသံတွေအားလုံးကို လွှတ်တော်ထဲမှာ တင်ပြချင်တယ်။ အခုက လွှတ်တော်ထဲရောက်နေတဲ့ လွှတ်တော်အမတ်တွေကလည်း ကျမတို့အသံတွေကို ဘာမှပြောပေးခြင်းမရှိဘူး။ ထုတ်ဖော်ပြောကြားခြင်းလည်း မရှိဘူး။ ဆိုတဲ့အခါကျတော့ ကျမက ဒီကိစ္စအတွက် ရွေးကောက်ပွဲ ဝင်ဖို့အတွက် ပြင်နေတာ ၂ နှစ်လောက်တော့ ရှိပြီပေါ့။ အရင်ကတော့ အသက်ကလည်း မပြည့်သေးတဲ့အခါကျတော့။ ဒီတခေါက်မှာတော့ ကျမ အသက်လည်းပြည့်သွားတဲ့အခါကျတော့ ဒီတခေါက် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖြစ်တာပေါ့။”

ဒါကတော့ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အသက်အငယ်ဆုံး အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း မအိသဉ္ဇာမောင် ပြောသွားတာပါ။ မအိသဉ္ဇာမောင် ဟာ ခုလို နိုင်ငံရေးပါတီတခုမှာ ပါဝင်မလှုပ်ရှားခင်တုန်းကတော့ မြန်မာနိုင်ငံမှာ ပညာရေးစနစ် ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာဖို့ လှုပ်ရှားခဲ့တဲ့ အမျိုးသမီးလူငယ်တယောက် ဖြစ်ပါတယ်။ ရတနာပုံကျောင်းသားသမဂ္ဂ ရဲ့ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်သလို၊ ၂၀၁၅ ကျောင်းသားသပိတ်မှာ ဦးဆောင် ပါဝင်ခဲ့တဲ့အတွက် ၁ နှစ်ကျော် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူငယ်အဖွဲ့ကို ဦးဆောင်နေပြီး၊ ပါတီတခုလုံးရဲ့ ဦးဆောင်ကဏ္ဍမှာလည်း ပါဝင်နေသူ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် မအိသဉ္ဇာမောင် အတွက် ဒီနှစ် ၂၀၂၀ ပြည့်ရွေးကောက်ပွဲကတော့ ပထမဆုံးအကြိမ် ဝင်ပြိုင်ခွင့်ရတဲ့ ရွေးကောက်ပွဲပါ။ ငယ်ရွယ်သူ တယောက်လည်းဖြစ်၊ အမျိုးသမီးတယောက်လည်း ဖြစ်တဲ့အတွက် တချို့လူတွေရဲ့ အမြင်မှာ ချန်လှပ်ထားလိုတာတွေကို တွေ့ရတယ်လို့ မအိသဉ္ဇာမောင်က ပြောပြပါတယ်။

“ကျမ ကျတော့ ကိုယ့်ဟာကိုယ် ၂၅ နှစ်ပြည်ပြီးပြီ။ ဝင်ပြိုင်လို့ရတဲ့အရွယ်မိုလို့ ဝင်ပြိုင်တယ်ဆိုပေမဲ့ တခြားသူတွေ မျက်လုံးထဲမှာကျတော့ ကျမကို ကလေးလို့မြင်ကြတယ်။ ကျမ ဘာပဲပြောပြော ကျမရဲ့ မူဝါဒတွေ ဘယ်လို ကောင်းအောင်ပဲ ပြောပြော သူတို့စိတ်ထဲမှာ ကလေးတယောက်ကလာပြီး စကားပြောနေတယ်ပဲ ထင်တာ။ ထပ်ပြီး အတွေ့အကြုံ ယူပါဦးပေါ့။ တော်တယ်။ ဟုတ်တယ်။ ဒါပေမဲ့ ဒီတခေါက်မှာတော့ တခြား လူကြီးတွေကိုပဲ ရွေးလိုက်ဦးမယ်ပေါ့။ မင်းတို့ လူငယ်တွေ အတွက်ကတော့ ၂၀၂၅ မှ ပြိုင်လည်း ကိစ္စမရှိဘူး။ အဲ့ဒီလိုမျိုးတွေ မဲဆန္ဒရှင်တွေရဲ့ သတင်းစကားတွေ အဲ့လို တက်လာတာမျိုး ရှိတယ်။ ဒါပေမဲ့ တချို့ကျတော့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုနေရာမျိုးကို ရောက်လာတဲ့အတွက် တော်တယ်လို့ပြောတာရှိသလို လက်ကမ်းကြိုတာတွေလည်း ရှိတယ်။ အဲ့ဒီလို အကောင်းအဆိုးက ဒွန်တွဲနေတယ်။ ဒါပေမဲ့ ငယ်တဲ့အခါကျတော့ မိန်းခလေးလည်း ဖြစ်တဲ့အခါကျတော့ ကျမ ဘာပဲပြောပြော ပတ်ဝန်းကျင်က နည်းနည်း သြဇာမသိသလိုတော့ ဖြစ်တာပေါ့။”

ဒီလိုအမြင်တွေ၊ ခွဲခြား ဆက်ဆံတာတွေ ကြုံရပေမဲ့လို့ ဒါတွေကို သူ့အတွက် အခက်အခဲ၊ အတားအဆီးအဖြစ် မအိသဉ္ဇာမောင်က မမြင်ပါဘူး။ ဒါဆိုရင် ဘယ်လိုအရာတွေက အဓိက အခက်အခဲတွေ ဖြစ်နေတာပါလဲ။

“ကျမရဲ့ လူငယ်ဖြစ်လို့ အမျိုးသမီးဖြစ်လို့ ဆိုတဲ့ဟာကို အခက်အခဲလို့တော့ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ ပတ်ဝန်းကျင်၊ ကျမတို့အာရှမှာဆိုရင်လည်း ပြန်ကြည့်လိုက်။ အခုဆိုရင် ထိုင်း ကျောင်းသားလှုပ်ရှားမှုဆိုရင် ကျောင်းသားတွေချည်းပဲ ဦးဆောင်နေတာ။ ဟောင်ကောင် လှုပ်ရှားမှုဆိုရင်လည်း ကျောင်းသားတွေ တက်လာတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေမှာဆိုရင်လည်း ကျောင်းသားလူငယ်တွေ အများကြီးပါတယ်။ ဆိုတော့ ဒီဟာကိုတော့ အခက်အခဲလို့တော့ မမြင်ဘူးရှင့်။ ဒါပေမဲ့ အခက်အခဲက ဘာလဲဆိုတော့ လက်ရှိ နိုင်ငံရေးဖြစ်နေတဲ့ အခင်းအကျင်း ကတော့ အခက်အခဲပဲ။ ကျမတို့က အခုချိန် ဝင်ပြိုင်ရတာက ကိုယ်စားလှယ်အချင်းချင်း ပြိုင်ရတာမျိုး ဖြစ်မနေဘူး။ ကျမတို့က ပါတီရဲ့ ပုံရိပ်တခုနဲ့ ပြိုင်ရတယ်။ ပါတီခေါင်းဆောင် တယောက်ရဲ့ ပုံရိပ်နဲ့ပြိုင်ရတာ ဖြစ်နေတဲ့အခါကျတော့၊ ကျမတို့က ကိုယ့်မဲဆန္ဒနယ်ထဲမှာ ရှိတဲ့ ကိုယ်စားလှယ်လောင်းအချင်းချင်း ပြိုင်ရတာမျိုး ဖြစ်မနေတဲ့အခါကျတော့ တခြားကိုယ်စားလှယ်လောင်းက ဘာမှမလုပ်ဘဲ ဒီအချိန်မှာ ထိုင်နေတယ်ဆိုရင်တောင် ကျမတို့က ၁၀ ဆ ကြိုးစားရတာ။ နောက်တခုက ကျမတို့ဆိုရင် ပုံဖျက်ခံထားရတဲ့ အရာတွေ အများကြီး ရှိတယ်။ ကျမတို့ ပါတီကိုရော၊ ကျမတို့လို လူငယ်မျိုးဆက်သစ်တွေ၊ ပါတီငယ်လေးတွေက တက်လာတဲ့ ကိုယ်စားလှယ်လောင်းတွေဆိုရင် သူတို့ကို မဲပေးလိုက်လို့ရှိရင် မဲကွဲသွားမယ်။ လွှတ်တော်ထဲမှာ ညွှန့်ပေါင်းဖြစ်လို့မရဘူး ဆိုတော့ အဲ့ဒီလိုမျိုးလေ ဝါဒဖြန့်ခံထားရတာတွေက အများကြီးပဲ ဖြစ်နေတဲ့အခါကျတော့ ဒီနိုင်ငံရေး အခင်းအကျင်းကြီးကို ကျော်ရတာက အရမ်းခက်တယ်။”

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အနေအထားမှာ ပြည်သူတွေကြား ထောက်ခံမှု ရပြီးသား သြဇာအရှိန်အဝါကြီးမားတဲ့ နိုင်ငံရေးပါတီတွေကို ကျော်လွန် အနိုင်ရဖို့ဆိုတာ ပါတီငယ်လေးတွေက ကိုယ်စားလှယ်လောင်းတွေ အတွက် လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ပါတီကြီးတွေကနေ ဝင်ပြိုင်ရင် လွှတ်တော်အမတ် ဖြစ်နိုင်ချေ ပိုများပါလျက် မအိသဉ္ဇာမောင်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် အနည်းငယ်သာ ဝင်ပြိုင်နိုင်တဲ့ နိုင်ငံရေး ပါတီငယ်တခုကနေ ဘာကြောင့် ပါဝင် ယှဉ်ပြိုင်ဖြစ်တာပါလဲ။

“ပါတီကို ပြန်ကြည့်လိုက်တဲ့အခါကျတော့ လူငယ်တွေအတွက် သီးခြား လွတ်လပ်ခွင့် ပေးထားတယ်။ ကိုယ်ကလည်း လူငယ်ဆိုတဲ့အခါကတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားရတာကို ကြိုက်တယ်။ ဆိုတော့ ပါတီက ကျတော့ လူငယ်တွေအတွက် အဲ့ဒီ အာမခံချက် ရှိတယ်။ လွတ်လပ်မှုနဲ့ပတ်သက်ပြီး အာမခံချက်ရှိတယ်။ နောက်တခုက ပါတီရဲ့ စည်းမျဉ်းစည်းကမ်း ကောင်းတယ် ပေါ့နော်။ ပါတီရဲ့ မူဝါဒ ကောင်းတယ်။ နောက် အရေးကြီးဆုံးတခုကတော့ ဒီပါတီကို လှုပ်ရှား အသက်ဝင်နေတဲ့ သူတွေကလည်း တော်တော်လေး နိုင်ငံရေးအရ ဂုဏ်သိက္ခာ ကောင်းတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့ ကျမ ဒီပါတီထဲ ဝင်ဖြစ်သွားတာ။ တခြား ပါတီတွေလည်း သူ့ဟာနဲ့သူ အားသာချက်တွေကတော့ ရှိမှာပဲ။ ဒါပေမဲ့ ကိုယ်နဲ့ကျတော့ မကိုက်ဘူးထင်တယ်။ ဥပမာ - တခြား ပါတီကြီးတွေဆိုရင် ထိန်းချုပ်မှု တအား ကြီးတယ်လို့ ထင်တယ်။ လူငယ်တွေအပေါ်မှာ။ လူငယ်တွေက အရည်အချင်း ဘယ်လောက်ပဲရှိရှိ အရှေ့ကို ထွက်မလာနိုင်ဘူးဖြစ်တာ။ ဒီပါတီကျတော့ အဲ့ဒီလိုမဟုတ်ဘူး။ နောက်တခုက လူငယ်တွေအတွက် ကိုတာ ရှိတယ် ဒီမှာ။ ဥပမာ ကျမဆိုရင် လူ့ဘောင်သစ်လူငယ်မှာ ဥက္ကဋ္ဌတာဝန် ဖြစ်တဲ့အတွက် ပါတီမှာ ကျမအတွက် ကိုတာ seat တနေရာ ရတယ်။ ဆိုတော့ ကိုယ်အရည်အချင်းရှိရင် အရည်အချင်း ရှိသလို တက်လို့ရတယ်။ ပါတီထဲက ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုဘူး။ စည်းမျဉ်းစည်းကမ်းအတိုင်း သွားရင် ပါတီမူဝါဒအတိုင်း သွားရင်တော့ အဆင်ပြေတယ်။ အဲ့ဒါကြောင့်မို့ ကျမ ဒီပါတီကို ရွေးချယ်လိုက်တာ။”

လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အပြည့်အ၀ မေ ျှာ်လင့်ထားတယ်လို့လည်း မအိသဉ္ဇာမောင်က ပြောပါတယ်။ တကယ်လို့ လွှတ်တော်အမတ်တယောက် ဖြစ်လာရင် တိုင်းပြည်အတွက် ဘယ်လို လုပ်ငန်းစဉ်တွေ ချမှတ်လုပ်ဆောင်ဖို့ ပြင်ဆင်ထားပါလဲ။

“ဟုတ်ကဲ့။ ကျမမှာ တင်ပြထားတဲ့ နိုင်ငံရေးအစီအစဉ်တွေ ရှိတယ်။ ပထမတချက်က ကျမတို့ လွှတ်တော်ထဲ ရောက်သွားရင် တင်မယ့်အဆိုပေါ့နော်။ လူထုဆန္ဒခံယူပွဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမယ့်အဆိုပေါ့။ ဒါ ကျမတို့က ၄၃၆ (က)၊ (ခ) အောက်ကနေ သွားတဲ့ဟာမျိုး မဟုတ်ဘူး။ လွှတ်တော်ထဲမှာ သီးခြား အဆိုတခု ပြန်တင်မယ်။ ပြန်တင်ပြီးတော့မှ အဲ့ဒါကို ၅၀ % ကျော်က ထောက်ခံတယ်ဆိုရင် ကျမတို့ လူထုဆန္ဒခံယူပွဲနဲ့ ပြန်ပြီးတော့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးမယ်ဆိုတဲ့ဟာမျိုးပေါ့။ နောက် အဆိုတခုကတော့ အကယ်၍ အဲ့ဒီလို မလုပ်နိုင်ဘူးဆိုရင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် လေ ျှာ့ချရေး အဆိုပေါ့။ ဒီ ကျမတို့ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သားက ၁၁၀ ဦးထက်မပိုသော တပ်မတော်သား ဦးရေ ဆိုတာ ရေးထားတယ်။ ဆိုတော့ ၁၁၀ ဦးထက် မပိုတာဆိုပေမဲ့ ၁၁၀ ဦးထက် လျော့လို့ရတယ်။ အနည်းဆုံး တယောက် ဖြည့်လို့ရတယ်။ ဆိုတော့ ဒီတပ်မတော်သား ကိုယ်စားလှယ်ဦးရေ လေ ျှာ့ချရေးအတွက် အဆိုတွေ ကျမ တင်ဖို့ရှိတယ်။ နောက်တခုကတော့ ကျမတို့ နိုင်ငံသားဥပဒေနဲ့ပတ်သက်ပြီးတော့ ပြန်လည် ပြင်ဆင်သင့်တဲ့အရာတွေ။ ဒါကတော့ ကျမ မဲဆန္ဒနယ်ရော တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသားတွေ အတွက်ရော ကျမတို့ နိုင်ငံသားဥပဒေနဲ့ပတ်သက်ပြီး လက်ရှိ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ညီအောင်လို့ ပြန်လည် ပြင်ဆင်ဖို့အတွက် ကျမတို့လုပ်ထားတာတွေ ရှိတယ်။”

တကယ်လို့ လွှတ်တော်ထဲမရောက်လည်း ဒီလိုကိစ္စတွေက တိုင်းပြည်အတွက် အပြောင်းအလဲလုပ်ဖို့ လိုအပ်တဲ့အရာတွေ ဖြစ်တာမို့ သူ့အနေနဲ့ကတော့ လွှတ်တော်ပြင်ပကနေလည်း ဆက်ပြီး ကြိုးစားသွားမှာဖြစ်တယ်လို့ မအိသဉ္ဇာမောင်က ပြောပါတယ်။ တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်တွေ၊ အမျိုးသမီးတွေ နိုင်ငံရေးမှာ ခုထက်ပိုပြီး တက်တက်ကြွကြွ ပါဝင်လာမယ်ဆိုရင် တိုင်းပြည်အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ မအိသဉ္ဇာမောင်က မေ ျှာ်လင့် ယုံကြည်ထားပါတယ်။

“ကျမ ကတော့ လူငယ်တွေ အများကြီး ပါခိုင်းစေချင်တယ်။ နောက် အမျိုးသမီးတွေ အများကြီး ပါစေချင်တယ်။ ဒါပေမဲ့ ကျမတို့နိုင်ငံရဲ့ ဦးဆောင်တဲ့လူကြီးတွေရော၊ နိုင်ငံရေး အခန်းကဏ္ဍတွေမှာရော ကြည့်လိုက်ရင် အားလုံးက လူကြီးတွေ။ ဆိုတော့ အဲ့ဒီလူကြီးတွေနဲ့ အခု ၁၈ နှစ်လူငယ်တွေနဲ့ဆိုရင် အတွေးအခေါ်က တအား ကွာသွားပြီ။ ကွာသွားတယ်ဆိုတော့ လူငယ်တွေ ပါနိုင်လောက်တဲ့ အခင်းအကျင်းမျိုးကို ဖန်တီးပေးသင့်တယ်လို့ ထင်တယ်။ ဒီအတိုင်း ပါလာပါလို့ ပြောတာထက်စာရင် သူတို့လိုက်ပါနိုင်တဲ့ အခင်းအကျင်းမျိုး ဦးဆောင်ပေးသင့်တယ် ထင်တယ်။ ဥပမာအားဖြင့် ကျမတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာဆိုရင် ကျမတို့ ၂၅ နှစ်ပြည့်မှ ရွေးကောက်ပွဲ ဝင်ပြိုင်လို့ရတယ်။ ဒါပေမဲ့ ၁၈ နှစ်လောက်နဲ့ ဝင်ပြိုင်လို့ရတယ်လို့ ဥပဒေကို ပြောင်းလိုက်လည်း ဘာမှမဖြစ်ဘူး။ ရွေးချယ်တာက လူထုက ရွေးချယ်ရမှာလေ။ အလိုအလျောက် တက်သွားတဲ့ဟာမျိုး မဟုတ်တဲ့အတွက် ပါဝင်ခွင့်ကို အဲ့ဒီလိုမျိုးလေး ဖြေလေ ျှာ့ပေးလိုက်ရင်တော့ လူငယ်တွေ ပိုပြီးတော့ ပါဝင်လာနိုင်တယ်လို့ ထင်တယ်။ နောက်တခုက အကာအကွယ်ပေးမှုလည်း ရှိရမယ်။ ဒီအတိုင်း ပါလာခိုင်းလို့မရဘူး။ အခုရွေးကောက်ပွဲ နီးလာချိန်မှာ တိုက်ခိုက်ခံရတာ အများဆုံးက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တိုက်ခိုက်ခံရတာ အများဆုံးပဲ။ အခုဆိုရင် ကျမဆိုရင်လည်း လူမှုမီဒီယာ ကွန်ရက်ပေါ်မှာ အများကြီး တိုက်ခိုက်ခံရတယ်။ ဒါပေမဲ့ ကျမတို့ကို လုံလုံလောက်လောက် ကာကွယ်ပေးတဲ့ ဥပဒေ မရှိဘူး။ ဆိုတဲ့အခါကျတော့လေ ဒီအတိုင်း လွှတ်လိုက်လို့မရဘူး။ ကဲ ပါလာပါ ဆိုပြီး ဒီအတိုင်း ဆွဲခေါ်လိုက်လို့မရဘူး။ သူတို့အတွက် အကာအကွယ်လည်း ပေးရမယ်လို့တော့ ကျမထင်တယ်။ သူတို့ ပါလာနိုင်တဲ့ အခွင့်အလမ်းတွေ လုပ်ပေးသင့်တယ်။ အကာအကွယ်တွေ လုပ်ပေးသင့်တယ်လို့ ထင်တယ်။ ဒါမှသာ လူငယ်တွေ အများကြီး အမျိုးသမီးတွေ အများကြီး ပါလာနိုင်ပါလိမ့်မယ်။”

တကယ်တော့ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ် တက်အားတွေပါ။ လူငယ်တွေရဲ့ အနာဂတ်လှပါမှ တိုင်းပြည်ရဲ့ အနာဂတ်ဟာလည်း တောက်ပနိုင်မှာဖြစ်ပါတယ်။ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရှိတဲ့ လူငယ် မျိုးဆက်သစ်တွေ မွေးထုတ်ပေးဖို့က လူကြီးတွေရဲ့ တာဝန်ဖြစ်သလို၊ ဒီလို မွေးထုတ်ပေးခြင်းအားဖြင့် တိုင်းပြည်အတွက် အနာဂတ်ကို အကောင်းဆုံး ပုံဖော်ရာ ရောက်နိုင်တယ်ဆိုတာ တင်ပြရင်းနဲ့ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့်ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG