သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ HIV ကူးစက္သူအေရအတြက္ က်ဆင္းလာေၾကာင္း အစုိးရေျပာ


(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ လြန္ခဲ႔တဲ႔ ၁၀ ႏွစ္ကနဲ႔ ယွဥ္ရင္ HIV ကူးစက္ခံရႏႈန္းက ၃၆ ရာခိုင္ႏႈန္းက်ဆင္းလာေၾကာင္း ျမန္မာ အစိုးရဘက္က ေျပာဆုိပါတယ္။ ျမန္မာႏုိင္ငံတြင္း HIV/AIDS တိုက္ဖ်က္ေရးမွာ လူထုၾကား ခြဲျခားဆက္ဆံမႈ၊ ရွက္ရြံ႔မႈ မရွိေစဘဲ ကုသ ေစာင့္ေရွာက္မႈ ခံယူႏုိင္ေရး အတြက္ ေဆာင္ရြက္ဖို႔ အေမရိကန္ သံရံုး ယာယီ တာ၀န္ခံကလည္း တိုက္တြန္းသြားပါတယ္။ မသိဂၤ ီထိုက္ တင္ျပေပးမွာပါ။

ကမာ ၻ႔ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါ တိုက္ဖ်က္ေရးေန႔ World AIDS Day ဒီဇင္ဘာလ ၁ ရက္ေန႔မွာ က်ေရာက္ပါတယ္။

ျမန္မာလူထုၾကား HIV ပိုး ကူးစက္ၿပီး ေရာဂါ ျဖစ္ပြားမႈႏႈန္းဟာ ၀ ဒသမ ၅၈ ရာခိုင္ႏႈန္း၊ လူဦးေရ (၂၄၀,၀၀၀) ေလာက္ရွိေၾကာင္း AIDS Epidemic Model နဲ႔ ခန္႔မွန္းတြက္ခ်က္မႈကို ကိုးကားၿပီး က်န္းမာေရးနဲ႔ အားကစား ျပည္ေထာင္စု ၀န္ႀကီး ေဒါက္တာ ျမင့္ေထြးက မိန္႔ခြန္းမွာ ေျပာသြားပါတယ္။ ကုသမႈေပးေနတဲ႔ အပိုင္းကိုလည္း ၀န္ႀကီး ေဒါက္တာ ျမင့္ေထြးက ရွင္းျပပါတယ္။

“ ဒီႏွစ္ ၂၀၂၀ မွာဆိုရင္ က်ေနာ္တို႔က လူေပါင္း ၁၉၇,၀၀၀ ကို ေဆးကုသေပးႏုိင္ခဲ႔ပါၿပီ။ ေတာ္ေတာ္မ်ား ေနၿပီ။ တသက္လံုး ေပးေနရမွာ ေဆးက။ ဒီေရာဂါကို မျဖစ္ေအာင္ လုပ္ေလ က်ေနာ္တို႔ရဲ႕ စီးပြားေရး အရ ဘတ္ဂ်က္ အရ ေတာ္ေတာ္ တြက္ေျခကိုက္ပါတယ္။ ”

ေနျပည္ေတာ္မွာ က်င္းပတဲ႔ World AIDS Day အခမ္းအနား မိန္႔ခြန္းမွာ ၀န္ႀကီး ေဒါက္တာ ျမင့္ေထြး ထည့္သြင္း ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ ၂၀၁၉ ခုႏွစ္ အတြင္း HIV ပိုး ကူးစက္ခံရသူ အသစ္ ၉၉၀၀ ေက်ာ္ ရွိခဲ႔ၿပီး ဒီကူးစက္မႈႏႈန္းဟာဆိုရင္ ၂၀၁၀ နဲ႔ ႏိႈင္းယွဥ္ရင္ ၃၆ ရာခိုင္ႏႈန္း က်ဆင္းလာတယ္လို႔ အစိုးရက ေဖာ္ျပပါတယ္။ ျမန္မာႏုိင္ငံတြင္း HIV/AIDS တိုက္ဖ်က္ေရးမွာ အခက္အခဲရွိေနတဲ႔ အခ်က္ကိုလည္း ၀န္ႀကီး ေဒါက္္တာ ျမင့္ေထြးက မိန္႔ခြန္းမွာ ေျပာဆိုသြားပါတယ္။

“ ခက္ခဲေ၀းလံတဲ႔ တိုင္းရင္းသား လူမ်ိဳး ၿငိမ္းခ်မ္းေရး မရေသးတဲ႔ ေျမထဲမွာ မလုပ္ႏုိင္ပါဘူး။ အဲဒါေၾကာင့္ ၿငိမ္းခ်မ္းေရး ရရင္ လုပ္ဖို႔ ဆိုၿပီး က်ေနာ္တို႔က အားျပင္ထားပါတယ္။ ဘာလုပ္ရမယ္ဆိုတာ က်ေနာ္တို႔ သိတယ္။ Security ေကာင္းလို႔ ရွိရင္ က်ေနာ္တို႔ လူေတြ အဲဒီမွာ သြားၿပီးေတာ့ HIV ျဖစ္ေနတဲ႔သူေတြကို ကုသေပးဖို႔ ေဆးစစ္ေပးဖို႔ အစရွိသည္ေတြကို လုပ္မယ္။ ”

HIV/AIDS တိုက္ဖ်က္ေရး အတြက္ ျမန္မာ အစိုးရဘက္က တႏွစ္ကို အေမရိကန္ ေဒၚလာ ၁၄ သန္းနဲ႔ မက္သာဒုန္း ေဆးဖိုး အတြက္ အေမရိကန္ ေဒၚလာ ၁ သန္း အသံုးျပဳေနတယ္လို႔လည္း ၀န္ႀကီးက ေျပာဆိုသြားတဲ႔ အျပင္ ႏုိင္ငံတကာ အဖြဲ႔အစည္းေတြဘက္က ေငြေၾကး နည္းပညာ ေထာက္ပံ႔မႈေတြလည္း တိုးၿပီး ရရွိတဲ႔ အေၾကာင္း တင္ျပသြားပါတယ္။

အေမရိကန္ ျပည္ေထာင္စုက Global Funds မွာ ရန္ပံုေငြ အမ်ားဆံုး ထည့္၀င္တဲ႔ အျပင္ကို ေနာက္ထပ္ ထပ္ၿပီး ၂၀၁၃ ခုႏွစ္က စလို႔ ျမန္မာႏုိင္ငံတြင္း HIV/AIDS တိုက္ဖ်က္ေရး အတြက္ ေဒၚလာ သန္း ၇၀ ေက်ာ္ အသံုးျပဳေၾကာင္း ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္ သံရံုး ယာယီ တာ၀န္ခံ Gwen Cardno က အခမ္းအနားမွာ ေျပာပါတယ္။ HIV စစ္ေဆးမႈနဲ႔ ေစာင့္ေရွာက္မႈ၊ ေစာင့္ၾကည္႔မႈ စနစ္ ပိုမိုေကာင္းမြန္ၿပီး ကုသမႈပိုင္း တိုးတက္ေစေရး ပံ႔ပိုးေပးသလို ဒီထဲမွာဆိုရင္ HIV ကူးစက္ႏုိင္ငံေျခ အႏၱရာယ္ ေလွ်ာ့ခ်ႏုိင္တဲ႔ ေဆးေတြ၊ ေဆးရံု ေဆးခန္း မသြားႏုိင္သူေတြ အတြက္ ကိုယ္တိုင္ စမ္းသပ္လို႔ ရတာေတြလည္း ပါ၀င္တယ္၊ ဒါေပမယ္လို႔လည္း ဒီလို ဆန္းသစ္မႈေတြနဲ႔ ၀န္ေဆာင္မႈ တခ်ိဳ႕ ျမန္မာႏုိင္ငံတြင္းမွာ ပထမဆံုး အႀကိမ္ အျဖစ္ ရရွိလာေပမယ္လို႔လည္း လူေတြက အသေရ ညွိႈးႏြမ္းမႈနဲ႔ ခြဲျခားဆက္ဆံမႈ၊ ေနာက္ အဖမ္းခံရမယ့္ အေရး စိုးရိမ္မႈေတြေၾကာင့္ ဒီ ၀န္ေဆာင္မႈေတြကို မသံုးခ်င္သလို ျဖစ္ေနတယ္လို႔ အေမရိကန္ သံရံုး ယာယီ တာ၀န္ခံက ေထာက္ျပ ေျပာဆိုပါတယ္။

“ အသေရပ်က္ေစမႈေတြ ေလွ်ာ့ခ်ႏုိင္ဖို႔နဲ႔ ၀န္ေဆာင္မႈေတြ ပိုၿပီး ရရွိေစဖို႔ အတြက္ ျမန္မာႏုိင္ငံတြင္းက ေခါင္းေဆာင္ေတြနဲ႔ လူမႈအသိုင္းအ၀ိုင္းေတြ အတူပူးေပါင္း ေဆာင္ရြက္ဖို႔ တိုက္တြန္းလိုပါတယ္။ ဒီထဲမွာဆိုရင္ လက္ရွိ ဥပေဒေတြမွာ ျပင္ဆင္ရတာမ်ိဳးလည္း ပါ၀င္ႏုိင္ပါတယ္။ လူတခ်ိဳ႕ အတြက္ HIV ကူးစက္မႈ အႏၱရာယ္ ပိုမ်ားသြားေစႏုိင္တဲ႔ ရာဇ၀တ္ ျပစ္မႈအျဖစ္ သတ္မွတ္တာမ်ိဳးေတြ၊ ေနာက္ ကုသမႈ စတင္ ခံယူႏုိင္ေရးကို ေႏွာင့္ေႏွးေစမယ့္ လက္ရွိ မူ၀ါဒေတြကိုလည္း ေျပာင္းလဲဖို႔ေတြ ပါ၀င္ႏုိင္ပါတယ္။ ”

ျမန္မာ လူထုရဲ႕ ရည္မွန္းခ်က္ ျဖစ္တဲ႔ ၿငိမ္းခ်မ္း ၾကြယ္၀တဲ႔ ဒီမိုကေရစီ အတြက္ လူထု က်န္းမာေရးကလည္း အေရးႀကီးတယ္လို႔လည္း အေမရိကန္ သံရံုး ယာယီ တာ၀န္ခံ မစၥ Cardno က ေျပာပါတယ္။ ဒီဇင္ဘာလ ၁ ရက္ေန႔ ေနျပည္ေတာ္က အခမ္းအနားကို လူကိုယ္တိုင္ တက္ေရာက္သူေတြ ရွိသလို ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ ကိုယ္စားလွယ္ေတြကေတာ့ အြန္လိုင္းကေန ပါ၀င္ ေဆြးေႏြးခဲ႔ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

မြန်မာမှာ HIV ကူးစက်သူအရေအတွက် ကျဆင်းလာကြောင်း အစိုးရပြော

(Unicode)

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကနဲ့ ယှဉ်ရင် HIV ကူးစက်ခံရနှုန်းက ၃၆ ရာခိုင်နှုန်းကျဆင်းလာကြောင်း မြန်မာ အစိုးရဘက်က ပြောဆိုပါတယ်။ မြန်မာနိုင်ငံတွင်း HIV/AIDS တိုက်ဖျက်ရေးမှာ လူထုကြား ခွဲခြားဆက်ဆံမှု၊ ရှက်ရွံ့မှု မရှိစေဘဲ ကုသ စောင့်ရှောက်မှု ခံယူနိုင်ရေး အတွက် ဆောင်ရွက်ဖို့ အမေရိကန် သံရုံး ယာယီ တာဝန်ခံကလည်း တိုက်တွန်းသွားပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။

ကမာ ္ဘ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ World AIDS Day ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်ပါတယ်။

မြန်မာလူထုကြား HIV ပိုး ကူးစက်ပြီး ရောဂါ ဖြစ်ပွားမှုနှုန်းဟာ ၀ ဒသမ ၅၈ ရာခိုင်နှုန်း၊ လူဦးရေ (၂၄၀,၀၀၀) လောက်ရှိကြောင်း AIDS Epidemic Model နဲ့ ခန့်မှန်းတွက်ချက်မှုကို ကိုးကားပြီး ကျန်းမာရေးနဲ့ အားကစား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက မိန့်ခွန်းမှာ ပြောသွားပါတယ်။ ကုသမှုပေးနေတဲ့ အပိုင်းကိုလည်း ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ရှင်းပြပါတယ်။

“ ဒီနှစ် ၂၀၂၀ မှာဆိုရင် ကျနော်တို့က လူပေါင်း ၁၉၇,၀၀၀ ကို ဆေးကုသပေးနိုင်ခဲ့ပါပြီ။ တော်တော်များ နေပြီ။ တသက်လုံး ပေးနေရမှာ ဆေးက။ ဒီရောဂါကို မဖြစ်အောင် လုပ်လေ ကျနော်တို့ရဲ့ စီးပွားရေး အရ ဘတ်ဂျက် အရ တော်တော် တွက်ခြေကိုက်ပါတယ်။ ”

နေပြည်တော်မှာ ကျင်းပတဲ့ World AIDS Day အခမ်းအနား မိန့်ခွန်းမှာ ဝန်ကြီး ဒေါက်တာ မြင့်ထွေး ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် အတွင်း HIV ပိုး ကူးစက်ခံရသူ အသစ် ၉၉၀၀ ကျော် ရှိခဲ့ပြီး ဒီကူးစက်မှုနှုန်းဟာဆိုရင် ၂၀၁၀ နဲ့ နှိုင်းယှဉ်ရင် ၃၆ ရာခိုင်နှုန်း ကျဆင်းလာတယ်လို့ အစိုးရက ဖော်ပြပါတယ်။ မြန်မာနိုင်ငံတွင်း HIV/AIDS တိုက်ဖျက်ရေးမှာ အခက်အခဲရှိနေတဲ့ အချက်ကိုလည်း ဝန်ကြီး ဒေါက်တာ မြင့်ထွေးက မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

“ ခက်ခဲဝေးလံတဲ့ တိုင်းရင်းသား လူမျိုး ငြိမ်းချမ်းရေး မရသေးတဲ့ မြေထဲမှာ မလုပ်နိုင်ပါဘူး။ အဲဒါကြောင့် ငြိမ်းချမ်းရေး ရရင် လုပ်ဖို့ ဆိုပြီး ကျနော်တို့က အားပြင်ထားပါတယ်။ ဘာလုပ်ရမယ်ဆိုတာ ကျနော်တို့ သိတယ်။ Security ကောင်းလို့ ရှိရင် ကျနော်တို့ လူတွေ အဲဒီမှာ သွားပြီးတော့ HIV ဖြစ်နေတဲ့သူတွေကို ကုသပေးဖို့ ဆေးစစ်ပေးဖို့ အစရှိသည်တွေကို လုပ်မယ်။ ”

HIV/AIDS တိုက်ဖျက်ရေး အတွက် မြန်မာ အစိုးရဘက်က တနှစ်ကို အမေရိကန် ဒေါ်လာ ၁၄ သန်းနဲ့ မက်သာဒုန်း ဆေးဖိုး အတွက် အမေရိကန် ဒေါ်လာ ၁ သန်း အသုံးပြုနေတယ်လို့လည်း ဝန်ကြီးက ပြောဆိုသွားတဲ့ အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်က ငွေကြေး နည်းပညာ ထောက်ပံ့မှုတွေလည်း တိုးပြီး ရရှိတဲ့ အကြောင်း တင်ပြသွားပါတယ်။

အမေရိကန် ပြည်ထောင်စုက Global Funds မှာ ရန်ပုံငွေ အများဆုံး ထည့်ဝင်တဲ့ အပြင်ကို နောက်ထပ် ထပ်ပြီး ၂၀၁၃ ခုနှစ်က စလို့ မြန်မာနိုင်ငံတွင်း HIV/AIDS တိုက်ဖျက်ရေး အတွက် ဒေါ်လာ သန်း ၇၀ ကျော် အသုံးပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး ယာယီ တာဝန်ခံ Gwen Cardno က အခမ်းအနားမှာ ပြောပါတယ်။ HIV စစ်ဆေးမှုနဲ့ စောင့်ရှောက်မှု၊ စောင့်ကြည့်မှု စနစ် ပိုမိုကောင်းမွန်ပြီး ကုသမှုပိုင်း တိုးတက်စေရေး ပံ့ပိုးပေးသလို ဒီထဲမှာဆိုရင် HIV ကူးစက်နိုင်ငံခြေ အန္တရာယ် လျှော့ချနိုင်တဲ့ ဆေးတွေ၊ ဆေးရုံ ဆေးခန်း မသွားနိုင်သူတွေ အတွက် ကိုယ်တိုင် စမ်းသပ်လို့ ရတာတွေလည်း ပါဝင်တယ်၊ ဒါပေမယ်လို့လည်း ဒီလို ဆန်းသစ်မှုတွေနဲ့ ဝန်ဆောင်မှု တချို့ မြန်မာနိုင်ငံတွင်းမှာ ပထမဆုံး အကြိမ် အဖြစ် ရရှိလာပေမယ်လို့လည်း လူတွေက အသရေ ညှှိုးနွမ်းမှုနဲ့ ခွဲခြားဆက်ဆံမှု၊ နောက် အဖမ်းခံရမယ့် အရေး စိုးရိမ်မှုတွေကြောင့် ဒီ ဝန်ဆောင်မှုတွေကို မသုံးချင်သလို ဖြစ်နေတယ်လို့ အမေရိကန် သံရုံး ယာယီ တာဝန်ခံက ထောက်ပြ ပြောဆိုပါတယ်။

“ အသရေပျက်စေမှုတွေ လျှော့ချနိုင်ဖို့နဲ့ ဝန်ဆောင်မှုတွေ ပိုပြီး ရရှိစေဖို့ အတွက် မြန်မာနိုင်ငံတွင်းက ခေါင်းဆောင်တွေနဲ့ လူမှုအသိုင်းအဝိုင်းတွေ အတူပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။ ဒီထဲမှာဆိုရင် လက်ရှိ ဥပဒေတွေမှာ ပြင်ဆင်ရတာမျိုးလည်း ပါဝင်နိုင်ပါတယ်။ လူတချို့ အတွက် HIV ကူးစက်မှု အန္တရာယ် ပိုများသွားစေနိုင်တဲ့ ရာဇဝတ် ပြစ်မှုအဖြစ် သတ်မှတ်တာမျိုးတွေ၊ နောက် ကုသမှု စတင် ခံယူနိုင်ရေးကို နှောင့်နှေးစေမယ့် လက်ရှိ မူဝါဒတွေကိုလည်း ပြောင်းလဲဖို့တွေ ပါဝင်နိုင်ပါတယ်။ ”

မြန်မာ လူထုရဲ့ ရည်မှန်းချက် ဖြစ်တဲ့ ငြိမ်းချမ်း ကြွယ်ဝတဲ့ ဒီမိုကရေစီ အတွက် လူထု ကျန်းမာရေးကလည်း အရေးကြီးတယ်လို့လည်း အမေရိကန် သံရုံး ယာယီ တာဝန်ခံ မစ္စ Cardno က ပြောပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ နေပြည်တော်က အခမ်းအနားကို လူကိုယ်တိုင် တက်ရောက်သူတွေ ရှိသလို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ကိုယ်စားလှယ်တွေကတော့ အွန်လိုင်းကနေ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG