သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AIDS ဝေဒနာရှင်တွေပေါ် COVID-19 သက်ရောက်မှု WHO သတိပေး


ကိုဗစ်ရောဂါခံစားနေရသူတဦးကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို Serbia နိုင်ငံ Belgrade မြို့က ဆေးရုံ တခုမှာ တွေ့ရ။ (နိုဝင်ဘာ ၂၆၊ ၂၀၂၀)
ကိုဗစ်ရောဂါခံစားနေရသူတဦးကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို Serbia နိုင်ငံ Belgrade မြို့က ဆေးရုံ တခုမှာ တွေ့ရ။ (နိုဝင်ဘာ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ်ရောဂါက ခုခံအား လျော့နည်း ကျဆင်းမှု (AIDS) ကူးစက်ရောဂါ ခံစားနေရတဲ့ ဝေဒနာရှင်တွေ အပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနေသလို AIDS ရောဂါ တိုက်ဖျက်ရေး အစီအစဉ်တွေကိုလည်း ထိခိုက်စေတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က တနင်္လာနေ့က ပြောပါတယ်။

"AIDS ရောဂါ ဝေဒနာရှင်တွေ COVID-19 ကူးစက်ခံရရင် ဆိုးရွားတဲ့ ရောဂါ လက္ခဏာ ခံစားရမယ့် အန္တရာယ် ပိုများသလို သေဆုံးမှုတွေ ရှိနေတယ်ဆိုတဲ့ အထောက်အထား တချို့လည်းရှိပါတယ်။ သူတို့ကို ကုသပေးမှုတွေမှာ COVID-19 ကြောင့် ထိခိုက်မှုတွေ ရှိနေတာကလည်း အဲဒီ အန္တရာယ်ကို ပိုကြီးလာစေပါတယ်။" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။

ဒါ့အပြင် ဒီနှစ် အစောပိုင်းက နိုင်ငံပေါင်း ၁၂၇ နိုင်ငံမှာ ကောက်ယူခဲ့တဲ့ WHO စစ်တမ်းတစ်ခုမှာ COVID-19 ကြောင့် AIDS ဝေဒနာသည်တွေကို ကုသပေးတဲ့လုပ်ငန်းမှာ အဟန့်အတားတွေ ရှိနေတာကို တွေ့ခဲ့ရကြောင်း ဒါပေမဲ့ WHO နဲ့ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဝန်ထမ်းတွေရဲ့ အကူအညီတွေကြောင့် ဇွန်လကစပြီး ကုသရေးလုပ်ငန်းတွေမှာကြုံရတဲ့ အဟန့်အတားတွေ ၇၅% ကျဆင်းသွားခဲ့ကြောင်းလည်း သူက ပြောပါတယ်။ AIDS ရောဂါ ကုသပေးရေး လုပ်ငန်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲဆုံး အချိန်ကို ကျော်လွန်နိုင်ခဲ့ပြီး COVID-19 ကြောင့် ထိခိုက်ခဲ့တာကနေ အခုအခါ ပြန်ပြီး နာလံထူလာနေပြီလို့လည်း WHO အကြီးအကဲက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကမ္ဘာ့ AIDS အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း AIDS ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ သိသာတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်ကတည်းက စလို့ AIDS ရောဂါ ကူးစက်မှုနှုန်း ၂၃% ကျဆင်းသွားခဲ့သလို ဒီရောဂါကြောင့် သေဆုံးနှုန်းကလည်း ၃၉% ကျဆင်းခဲ့ပါတယ်။ လောလောဆယ် ကမ္ဘာတစ်ဝန်း လူ ၂၆ သန်း AIDS ရောဂါကုသမှုခံယူနေရပြီး ၁၂ သန်းကတော့ ရောဂါပိုး ရှိနေပေမဲ့ ကုသမှုခံယူကြခြင်း မရှိပါဘူး။ သက္ကရာဇ် ၂၀၃၀ အရောက်မှာ AIDS ရောဂါကို လူထုကျန်းမာရေးကို အန္တရာယ်ပြုစေတဲ့ရောဂါအဖြစ်ကနေ ပယ်ဖျက်သွားနိုင်ဖို့ WHO ကမျှော်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG