သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ HIV/AIDS စီမံကိန္း MSF မွ က်န္းမာေရး၀န္ႀကီးဌာနသုိ႔ လြဲေျပာင္း


၂၀၁၇ တုန္းက MSF အင္းစိန္ေဆးရံုတြင္ လူနာမ်ားကို ကုသေပးေနစဥ္ (ဓါတ္ပံု- MSF/Alessandro Penso)

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ ႏွစ္ေပါင္း ၂၆ ႏွစ္ၾကာေအာင္ ခုခံအားက်ဆင္းမႈေရာဂါ HIV/ AIDS စီမံကိန္းကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ ခဲ့တဲ့ Médecins Sans Frontières (MSF) အဖြဲ႕က ရန္ကုန္ HIV စီမံကိန္းကို က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာန (MoHS) လက္ေအာက္ခံအမ်ိဳးသား ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါ တိုက္ဖ်က္ေရး စီမံခ်က္ (National AIDS Programme -NAP) ကို အျပည့္အဝ လႊဲေျပာင္း ေပးလိုက္ၿပီ ျဖစ္ပါတယ္။

ျမန္မာနိုင္ငံအတြင္း အစိုးရ မဟုတ္တဲ့ အဖြဲ႕အစည္း NGOအျဖစ္ ပထမဆုံး ဝင္ေရာက္လုပ္ကိုင္ခဲ့တဲ့(MSF) အဖြဲ႕က ၁၉၉၂ ခုႏွစ္ ကတည္းက ျမန္မာမွာ ရွိေနတာ ျဖစ္ပါတယ္။ ၁၉၉၄ ခုႏွစ္ကစလို႔ရန္ကုန္မွာ HIV/ AIDS ကူညီေစာင့္ေရွာက္မႈေတြနဲ႔ က်န္းမာေရး ပညာေပးလုပ္ငန္း ေတြကို ျပဳလုပ္ေပးေနတာျဖစ္သလို လိင္ကေနတဆင့္ကူးစက္တဲ့ ေရာဂါေတြရွာေဖြစမ္းသပ္ေရးနဲ႔ ကုသေရးကို လည္း လုပ္ေဆာင္ေပးေနတာလည္း ျဖစ္ပါတယ္။

၂၀၀၂ ခုႏွစ္မွာ MSF ခုခံအားက်ဆင္းမႈေရာဂါ ကုထုံး (ARV) ကိုပထမဆုံး မိတ္ဆက္ အသုံးျပဳ ခဲ့ၿပီး HIV ကုသေရးနဲ႔ ပတ္သက္လို႔ က်ယ္က်ယ္ျပန္႔ျပန္႔ေဆာင္ရြက္ေပးခဲ့တဲ့ အဖြဲ႕အစည္းလည္း ျဖစ္ပါတယ္။ MSF အင္းစိန္နဲ႔သာေကတေဆးခန္းေတြမွာ လူနာေပါင္း ၁၇,၀၀၀ ကိုကုသေပးခဲ့ၿပီး နိုင္ငံတြင္းတျခားေနရာေတြကိုလည္းသြားေရာက္ ကုသဝန္ေဆာင္မႈေပးခဲ့တာပါ။

အခု ဒီစီမံကိန္းကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကို လႊဲေျပာင္းေပးမယ့္ အစီအစဥ္ တစိတ္တပိုင္းအျဖစ္ MSF အင္းစိန္ေဆးခန္း ကို ၂၀၁၉ ဇြန္လနဲ႔ သာေကတ ေဆးခန္း ကို ၂၀၂၀ ဇြန္လကုန္ပိုင္းကစၿပီး ပိတ္ခဲ့ပါတယ္။ အမ်ိဳးသား ခုခံအားက်ဆင္းမႈ ကူးစက္ ေရာဂါ တိုက္ဖ်က္ေရး စီမံခ်က္(NAP) က အခု HIV ေရာဂါရွိလူနာေတြကို (ARV) ကုထုံးနဲ႔ ကုသနိုင္တဲ့ အေနအထားမွာရွိေနၿပီျဖစ္ တဲ့အတြက္ MSF က အခုလို ဒီစီမံကိန္းကို လႊဲေျပာင္းေပးတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြန်မာ HIV/AIDS စီမံကိန်း MSF မှ ကျန်းမာရေးဝန်ကြီးဌာနသို့ လွဲပြောင်း

(Unicode)

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၆ နှစ်ကြာအောင် ခုခံအားကျဆင်းမှုရောဂါ HIV/ AIDS စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့တဲ့ Médecins Sans Frontières (MSF) အဖွဲ့က ရန်ကုန် HIV စီမံကိန်းကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန (MoHS) လက်အောက်ခံအမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် (National AIDS Programme -NAP) ကို အပြည့်အဝ လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း NGOအဖြစ် ပထမဆုံး ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့(MSF) အဖွဲ့က ၁၉၉၂ ခုနှစ် ကတည်းက မြန်မာမှာ ရှိနေတာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ကစလို့ရန်ကုန်မှာ HIV/ AIDS ကူညီစောင့်ရှောက်မှုတွေနဲ့ ကျန်းမာရေး ပညာပေးလုပ်ငန်း တွေကို ပြုလုပ်ပေးနေတာဖြစ်သလို လိင်ကနေတဆင့်ကူးစက်တဲ့ ရောဂါတွေရှာဖွေစမ်းသပ်ရေးနဲ့ ကုသရေးကို လည်း လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်မှာ MSF ခုခံအားကျဆင်းမှုရောဂါ ကုထုံး (ARV) ကိုပထမဆုံး မိတ်ဆက် အသုံးပြု ခဲ့ပြီး HIV ကုသရေးနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးခဲ့တဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ MSF အင်းစိန်နဲ့သာကေတဆေးခန်းတွေမှာ လူနာပေါင်း ၁၇,၀၀၀ ကိုကုသပေးခဲ့ပြီး နိုင်ငံတွင်းတခြားနေရာတွေကိုလည်းသွားရောက် ကုသဝန်ဆောင်မှုပေးခဲ့တာပါ။

အခု ဒီစီမံကိန်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို လွှဲပြောင်းပေးမယ့် အစီအစဉ် တစိတ်တပိုင်းအဖြစ် MSF အင်းစိန်ဆေးခန်း ကို ၂၀၁၉ ဇွန်လနဲ့ သာကေတ ဆေးခန်း ကို ၂၀၂၀ ဇွန်လကုန်ပိုင်းကစပြီး ပိတ်ခဲ့ပါတယ်။ အမျိုးသား ခုခံအားကျဆင်းမှု ကူးစက် ရောဂါ တိုက်ဖျက်ရေး စီမံချက်(NAP) က အခု HIV ရောဂါရှိလူနာတွေကို (ARV) ကုထုံးနဲ့ ကုသနိုင်တဲ့ အနေအထားမှာရှိနေပြီဖြစ် တဲ့အတွက် MSF က အခုလို ဒီစီမံကိန်းကို လွှဲပြောင်းပေးတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG