သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
Australia မှာ ခိုလှုံခွင့်တောင်းသူ ထိန်းသိမ်းခံတွေ စိတ်ကျန်းမာရေးချို့ယွင်း
နောက်ဆုံးရသတင်း

Australia မှာ ခိုလှုံခွင့်တောင်းသူ ထိန်းသိမ်းခံတွေ စိတ်ကျန်းမာရေးချို့ယွင်း


Australia က ပစိဖိတ်သမုဒ္ဒရာထဲက ဝေးလံခေါင်သီတဲ့ Nauru ကျွန်ေးလးမှာရှိတဲ့ ထိန်းသိမ်းရေး စခန်းကို ပို့ထားတဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေဟာ စိတ်ကျန်းမာရေး ချို့တဲ့မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ Doctors Without Borders နယ်စည်းမခြားဆရာဝန်မျာ အဖွဲ့က ပြောပါတယ်။

ပြင်သစ်လို Medecins Sans Frontieres လို့ခေါ်တဲ့ - MSF ဆေးပညာရှင်များအဖွဲ့က ဒီထိန်းသိမ်းရေး စခန်းက လူတွေအတွက် လအတော်ကြာ ကျန်းမာရေး စောင့်ရှောက်ကုသမှု ပေးနေရာကနေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သူတို့ကို ရုတ်တရက် ထွက်သွားခိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ Australia ဆိုင်ရာ အမှုဆောင် ဒါရိုက်တာ Paul McPhun ကတော့ အဖမ်းခံနေရသူ ၈၀ လောက်ဟာ သူတို့ကိုယ်သူတို့ သတ်သေဖို့ ကြိုးစားတာ ဒါမှမဟုတ် သတ်သေဖို့ဖြစ်စေ သူတို့ကိုယ်သူတို့ ထိခိုက်ဒဏ်ရာရအောင် လုပ်တာဖြစ်စေ လုပ်ဆောင်ဖို့ စိတ်ကူးရှိနေကြတယ်လို့ ပြောပါတယ်။ အဲဒီမှာ ရှိတဲ့ကလေးငယ် အများအပြားဟာလည်း မစားနိုင် မသောက်နိုင် ဒါမှမဟုတ် စကားမပြောနိုင်တဲ့ အခြေနေမျိုး ဖြစ်နေကြတယ်လို့လည်း ပြောပါတယ်။

နိုင်ငံရေးခိုလှုံခွင့်တောင်းခံတဲ့ သူတွေဟာ သူတို့ရဲ့ မျှော်လင့်ချက်တွေ ပျက်ပြားပြီး စိတ်ကျန်းမာရေးအတွက် ထိခိုက်တဲ့ အခြေနေရောက်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး ခိုလှုံမှု တောင်းခံဖို့ Australia နိုင်ငံကို ထွက်ပြေးလာတဲ့ လှေစီးပြေးဒုက္ခသည်တွေ ကို Australia အစိုးရက ၂၀၁၄ ခုနှစ်ကစပြီး Nauru နဲ့ Papua New Guinea ကိုပို့ ပြီး ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။ ဒီမူဝါဒအတွက် ကုလသမဂ္ဂနဲ့ လူ့အခွင့်ရေး အဖွဲ့တွေက ရှုံ့ချခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG