သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေလက်ခံဖို့ သြစတြေးလျမှာ ဆန္ဒပြ


သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာတော့ ဆန္ဒပြသူ ရာပေါင်းများစွာက ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းတွေမှာ ထိန်းသိမ်းထားတဲ့ ခိုလှုံ့ခွင့်လျှောက်ထားသူတွေကို သြစတြေးလျနိုင်ငံမှာ နေခွင့်ပြုဖို့အတွက် ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားသူတွေကို ပြန်လည်နေရာချထားဖို့ သတ်မှတ်ထားတဲ့ရက်နီးကပ်လာတာနဲ့ အမျှ၊ အခုလို တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

သြစတြေးလျအစိုးရရဲ့ တင်းကြပ်တဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေအရ၊ ပင်လယ်ထဲမှာမိတဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေကို ပစိဖိတ်သမုဒ္ဒရာထဲက Papua New Guinea ပိုင် Manus ကျွန်း နဲ့ မိုက်ခရိုနီးရှားကျွန်းစုနိုင်ငံပိုင် Nauru ကျွန်းတွေကို ပို့ပြီး အဲဒီမှာ သူတို့ရဲ့ခိုလှုံခွင့်လျှောက်ထားမှုကို စစ်ဆေးနေတာဖြစ်ပါတယ် အဲဒီလူတွေအနေနဲ့ သြစတြေးလျနိုင်ငံမှာ ဘယ်တော့မှာ အခြေချခွင့်ရမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

Manus ကျွန်းက ထိန်းသိမ်းရေးစခန်းကိုတော့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ပိတ်မှာဖြစ်ပြီး ဒုက္ခသည်အဖြစ်ခိုလှုံခွင့် ပယ်ချခံရတဲ့သူတွေ အနေနဲ့ Papua New Guinea မှာပဲ နေရမှာဖြစ်ပါတယ်။

ဆစ်ဒနီမြို့က ဒုက္ခသည်အကူအညီပေးရေးအေဂျင်စီဦးဆောင်တဲ့ ဆန္ဒပြသူတွေ ကတော့ - ဖမ်းဆီးထားတဲ့သူတွေကို သြစတြေးလျနိုင်ငံမှာ အခြေချခွင့်ပေးသင့်တယ်လို့ ပြောပါတယ်။Papua New Guinea နဲ့ Nauru ကျွန်းမှာထိန်းသိမ်းထားတဲ့အထဲက ခိုလှုံခွင့်လျှောက်ထားသူ ၁၂၅၀ ကို လက်ခံဖို့ အမေရိကန်သမ္မတဟောင်း ဘရက်ခ်အိုဘားမားက ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက သဘောတူခဲ့ပြီး၊ သြစတြေးလျကတော့ အမေရိကတိုက်အလယ်ပိုင်းနိုင်ငံတွေကဒုက္ခသည်တွေကို လက်ခံဖို့ သဘောတူခဲ့ပါတယ်။ ပြီးခဲ့တဲ့လကတော့ လူ ၂၀ လောက် အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG