သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ ထိန်းသိမ်းဒုက္ခသည် ဆန်းစစ်ရေးလုပ်ငန်း အမေရိကန်ဆိုင်းငံ့


ပစိဖိတ်ကမ်းလွန်၊ Nauru ကျွန်း ဒုက္ခသည်စခန်း
ပစိဖိတ်ကမ်းလွန်၊ Nauru ကျွန်း ဒုက္ခသည်စခန်း

ပစိဖိတ်ကမ်းလွန်၊ Nauru ကျွန်းမှာ သြစတြေးလျနိုင်ငံကဖွင့်ထားတဲ့ ထိန်းသိမ်းရေးစခန်းမှာ ဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းနေ တဲ့ အမေရိကန်တာဝန်ရှိသူတွေ ရုတ်တရက် ထွက်သွားကြတယ်လို့ စခန်းမှာ ထိန်းသိမ်းခံထားရသူတွေက စနေနေ့မှာပြောတာကို ကိုးကားပြီး သတင်းတွေမှာဖော်ပြပါတယ်။

ဒါကြောင့်လဲ အဲဒီမှာထိန်းသိမ်းခံထားရသူ အများအပြားအတွက် အမေရိကန်မှာ ရွှေ့ပြောင်းအခြေချနေထိုင်ဖို့ အလားအလာ မရေ မရာဖြစ်သွားပါတယ်။ လူတွေကို တွေ့ဆုံမေးမြန်းတဲ့လုပ်ငန်းကို အမေရိကန်တာဝန်ရှိသူတွေက ရပ်ပစ်လိုက်ပြီး Nauru ကျွန်းက နေ သောကြာနေ့က ပြန်ထွက်သွားကြတာပါ။ ပထမ သူတို့စီစဉ်ထားတဲ့ လုပ်ငန်းကာလထက် သီတင်းနှစ်ပတ်စော ပြန်သွားတာ ဖြစ်သလို အမေရိကန်က နှစ်စဉ်လက်ခံဖို့ သတ်မှတ်ထားတဲ့ ဒုက္ခသည်အရေအတွက် ကျော်လွန်သွားပြီဆိုတဲ့ သတင်းထွက်လာ အပြီး နောက်တရက်မှာ ပြန်သွားတာလဲဖြစ်ပါတယ်။

ဒုက္ခသည်တွေလက်ခံရေး သဘောတူညီချက်ဟာ မျှော်လင့်ထားတဲ့အတိုင်း တိုးတက်မှုရနေပြီး Trump အစိုးရဆီကနေ အာမခံ ပြောဆိုချက် ရထားပြီးဖြစ်တယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop က တနင်္ဂေနွေနေ့မှာ ပြောပါတယ်။ Nauru ကျွန်းမှာ အမျိုးသား၊ အမျိုးသမီးနဲ့ကလေး စုစုပေါင်း ၃၇၀ ရှိနေပြီး အဲဒီထဲကတချို့ကို အမေရိကန်ကလက်ခံဖို့ သမ္မတ ဘရာ့ခ် အိုဘားမားလက်ထက်က သဘောတူညီချက်ရထားတာပါ။

သြစတြေးလျနိုင်ငံထဲကို ဘုတ်တွေနဲ့ဝင်ဖို့ ကြိုးစားသူတွေကိုဖမ်းပြီး ဒီ Nauru ကျွန်းနဲ့ ပါပူဝါနယူးဂီနီနိုင်ငံပိုင် Manus ကျွန်းတို့မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ အဲဒီဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံ က ထွက်ပြေးသွားသူတချို့လဲ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG