သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက် Trump မချိုးဖောက်ဖို့ Australia မျှော်လင့်


Australia က ထောက်ခံမှုပေးထားတဲ့ ပစိဖိတ်ကျွန်းတွေပေါ်က ဒုက္ခသည်တွေကို အမေရိကန်သမ္မတ Donald Trump အစိုးရက လက်ခံလိမ့်မယ်လို့ ယုံကြည်ကြောင်း သြစတေးလျ ဝန်ကြီးချုပ်က ပြောပါတယ်။

သမ္မတ Trump နဲ့ Australia ဝန်ကြီးချုပ် Malcolm Turnbull တို့ ၂ ဦး တယ်လီဖုန်းနဲ့ ဆက်သွယ် စကား ပြောဆိုပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်က ယုံကြည်မှု ရှိသွားတာဖြစ်တယ်လို့ ဒီကိစ္စကို အနီးကပ် သိရှိထားသူက ပြောပါတယ်။ ဒီ ဒုက္ခသည်တွေ အမေရိကန်နိုင်ငံက လက်ခံရေး နှစ်နိုင်ငံအကြား သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။

အဲဒီ ဒုက္ခသည်တွေကို သဘောတူထားတဲ့အတိုင်း သူ့အစိုးရအနေနဲ့ လက်ခံသွားမှာဖြစ်ကြောင်း သမ္မတ Trump က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံအတွင်း ရွေ့ပြောင်း အခြေချ နေထိုင်ကြမယ့် ဒုက္ခသည်တွေ အားလုံး ဝင်လာခွင့် ယာယီ ဆိုင်းငံ့ထားမှာ ဖြစ်ကြောင်း သမ္မတ Trump က အမိန့် ထုတ်ပြန်ပြီးတဲ့နောက် Australia နိုင်ငံအတွင်း စိုးရိမ်မှုတွေ ထွက်ပေါ်လာတာပါ။ ဒုက္ခသည်တွေကို လက်ခံမယ့် သဘောတူညီချက်ကိုတော့ အရင် သမ္မတ အိုဘားမား အစိုးရ လက်ထက်က ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီ သဘောတူညီချက်အရ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေ အမေရိကန်မှာ ရွေ့ပြောင်း အခြေချ နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒယာ အတွင်းမှာရှိတဲ့ Nauru ကျွန်းနိုင်ငံနဲ့ Papua New Guinea နိုင်ငံက Manus ကျွန်းတွေပေါ်မှာ ဒုက္ခသည်ပေါင်း ၁,၃၀၀ ဝန်းကျင် ရှိနေတာ ဖြစ်ပါတယ်။ အဲဒီ ဒုက္ခသည် အများစုဟာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရတ်၊ အီရန်နဲ့ သီရိလင်္ကာနိုင်ငံတွေက ဖြစ်တယ်လို့ ဆိုပါတယ်။

Australia အပါအဝင် အဖွဲ့ဝင် ၁၂ နိုင်ငံပါတဲ့ TPP ပစိဖိတ်ရပ်ဝန်းဒေသနိုင်ငံများ ကုန်သွယ်ရေး သဘောတူညီချက်ကနေ အမေရိကန် နှတ်ထွက်ကြောင်း သမ္မတ Trump က ကြေညာပြီးတဲ့နောက် နှစ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်လို့ Australia နိုင်ငံက လေ့လာသူတွေက မေးခွန်းထုတ်နေကြပါတယ်။

ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက် Trump မချိုးဖေါက်ဖို့ Australia မျှော်လင့်
please wait

No media source currently available

0:00 0:00:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG