သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဒုက္ခသည် တားဆီးမိန့် ထရမ့် လက်မှတ်ထိုး


သမ္မတအမိန့် ၂ ရပ်ကို Donald Trump လက်မှတ်ရေးထိုးနေစဉ်၊ ၂၇ ဇန်နဝါရီ ၂၀၁၇။
သမ္မတအမိန့် ၂ ရပ်ကို Donald Trump လက်မှတ်ရေးထိုးနေစဉ်၊ ၂၇ ဇန်နဝါရီ ၂၀၁၇။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်တဲ့အနေနဲ့ သမ္မတအမိန့် ၂ ရပ်ကို လက်မှတ်ရေးထိုးထုတ်ပြန် လိုက်ပါတယ်။ အဲဒီ အမိန့်တွေအရ ဆီးရီးယားနိုင်ငံက ဒုက္ခသည်တွေ အမေရိကန်ပြည်ထောင်စုထဲကို ဝင်ရောက်တာကို အချိန်အကန့်အသတ်မရှိတားမြစ်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ပြည်ပအကြမ်းဖက်သမားတွေ ဝင်ရောက်မှုမှ ကာကွယ်သည့််ဥပဒေ လို့ခေါ်တဲ့ အဲဒီသမ္မတရဲ့ အမိန့်ထဲမှာ အကြမ်းဖက်သမားအန္တရာယ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ရတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ဖို့ နဲ့ ပြည်ဝင်ခွင့်နဲ့ ပတ်သက်တဲ့ တခြားအကျိုးခံစားခွင့်တွေကို ပိတ်ပင်ဖို့ ပြောထားပါတယ်။

ကမ္ဘာတဝှမ်း ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ အရင် ဘယ်တုန်းကမှနဲ့မတူလောက်အောင် အကူအညီတွေလိုအပ်နေပြီး၊ အမေရိကန်ရဲ့ ရွှေ့ပြောင်းအခြေနေထိုင်မှုအစီအစဉ်တွေက ကမ္ဘာပေါ်မှာ အရေးကြီးဆုံးအစီအစဉ်တွေထဲက တခုဖြစ်တယ်လို့ အမေရိကန်သမ္မတထရမ့်က လက်မှတ်ထိုးပြီး နာရီပိုင်းအတွင်းမှာ ကုလသမဂ္ဂအေဂျင်စီ ၂ ခုက စနေနေ့က ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

ပဋိပက္ခတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေကနေ ထွက်ပြေးလာကြတဲ့သူတွေအပေါ် ကာကွယ်စောင့်ရှောက်တဲ့နေရာမှာအမေရိကန်ပြည်ထောင်စုအနေနဲ့ သူ့ရဲ့ ခိုင်မာတဲ့ဦးဆောင်မှု နဲ့ နှစ်ပေါင်းများစွာရှိလာခဲ့တဲ့ အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းသွားနိုင်မယ်လို့ မျှော်လင့်ကြောင့် ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ နဲ့ နိုင်ငံတကာရွှေ့ပြောင်းအခြေချနေထိုင်သူများ အကူအညီပေးရေးအဖွဲ့က ပြောလိုက်ပါတယ်။

ဆီးရီးယား ဒုက္ခသည် တားဆီးမိန့် ထရမ့် လက်မှတ်ထိုး
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG