သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရဲ့ ပြည်ဝင်ခွင့်ပိတ်ဆို့မှု ခရီးသည်တချို့ လေဆိပ်မှာ သောင်တင်


သမ္မတ Donald Trump ရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို နယူးယောက် လေဆိပ်မှာ ဆန္ဒပြနေကြစဉ်။
သမ္မတ Donald Trump ရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို နယူးယောက် လေဆိပ်မှာ ဆန္ဒပြနေကြစဉ်။

အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်မှုကို သတ်မှတ် နိုင်ငံ ၇ နိုင်ငံအတွက် သမ္မတ Donald Trump က ကန့်သတ်မိန့် ထုတ်ပြန်ခဲ့တဲ့ နောက်မှာ အမေရိကန်နိုင်ငံတွင်းက လေဆိပ်တွေမှာ လူအများအပြားကို ဖမ်းဆီးခဲ့သလို တချိ့ကိုတော့ အမေရိကန်နိုင်ငံတွင်း ဝင်ရောက်မယ့် နိုင်ငံတကာ လေယာဉ်တွေမှာ လိုက်ပါခွင့် ပိတ်ပင်ခဲ့တယ်လို့ အမေရိကန် အခြေစိုက် ရှေ့နေတွေနဲ့ နိုင်ငံတကာ လေဆိပ်အရာရှိတွေက ပြောပါတယ်။

မွတ်ဆလင် အများစုနေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံက နိုင်ငံသားတွေ ဝင်ရောက်ခွင့်ကို တားမြစ်ထားတဲ့ သမ္မတအမိန့် ကြေညာချက်ဟာ သောကြာနေ့ ညမှာ ရုတ်ချည်း သက်ရောက်ခဲ့တာမို့ လေယာဉ်နဲ့ ခရီးသွားသူ တချို့ဟာ လေဆိပ်တွေမှာ သောင်တင်ခဲ့ ကြတာဖြစ်ပါတယ်။

နယူးရောက်က JFK လေဆိပ်မှာ အခုထိ အဖမ်းခံနေရဆဲဖြစ်တဲ့ အီရတ် ဒုက္ခသည် ၂ ဦးရဲ့ ကိုယ်စား ရှေ့နေတွေက တရားစွဲထားတယ်လို့ New York Times သတင်းမှာ ဖေါ်ပြထားပါတယ်။ သူတို့ရဲ့ တရားစွဲဆိုမှုဟာ အမေရိကန်လေဆိပ်တွေမှာ တရားမဝင် အဖမ်းဆီးခံရတဲ့ နောက်ထပ် ဒုက္ခသည် အားလုံးအတွက်ပါ ပါဝင်နိုင်ဖို့လည်း ရှေ့နေတွေက လျှောက်ထားခဲ့ကြတာပါ။ JFK မှာ အဖမ်းခံခဲ့ရတဲ့ Hameed Khalid Darweesh ဟာ အီရတ်က အမေရိကန်တပ်တွေအတွက် ဆယ်နှစ်လောက် အလုပ်လုပ်ပေးခဲ့သူ တဦးဖြစ်ပါတယ်။

တချိန်ထဲမှာပဲ အခုလို သမ္မတ Trump ရဲ့ အမိန့်အတွက် တန်ပြန်လုပ်ဆောင်မှုတွေ လုပ်သွားမှာ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ တနင်္ဂနွေနေ့ထုတ် အီရန်အစိုးရရဲ့ သတင်းဌာန IRNA မှာ ဖေါ်ပြထားပါတယ်။ သမ္မတ Trump က အီရန်အပါအဝင် မွတ်ဆလင်နိုင်ငံတွေက နိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးဖို့ ဆိုင်းငံ့တာအတွက် လက်တုန့်ပြန်တဲ့ အနေနဲ့ အမေရိကန် ခရီးသွားတွေ အတွက် ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးမှုတွေ ကန့်သတ်မှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

လူပြိန်းကြိုက်ဝါဒကို ဆန့်ကျင်ရေးအတွက် ဥရောပခေါင်းဆောင်တွေ အတူတကွ ရပ်တည်ကြဖို့ ပြင်သစ်သမ္မတ Francois Hollande က တိုက်တွန်းလိုက်သလို ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Sigmar Gabriel ကလည်း သင့်ရဲ့ အိမ်နီးချင်းကို ချစ်ခင်ပါ ဆိုတဲ့ ဆောင်ပုဒ်ဟာ အမေရိကန်ရိုးရာ ယာဉ်ကျေးမှုရဲ့ အခြေခံပါလို့ ပြောကြားခဲ့တာပါ။

Trump ရဲ့ ပြည်ဝင်ခွင့်ပိတ်ဆို့မှု ခရီးသည်တချို့ လေဆိပ်မှာ သောင်တင်
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG