[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၁,၄၇၆ ဦး ထပ္တိုးၿပီး ေသဆုံးသူက ၃၁ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီကေန႔ညထုတ္ျပန္ခ်က္ပါ ေသဆုံးသူေတြထဲမွာ ၂၆ ဦးက ေရာဂါအခံရွိသူေတြျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဓာတ္ခြဲနမူနာေပါင္း ၁၈,၉၅၉ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ထားသူေတြ ေတြ႕ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁,၁၈၂,၇၃၅ ခု ရွိသြားၿပီျဖစ္ပါတယ္။ ေသဆုံးသူအေရအတြက္က ၁,၉၇၂ ဦး ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၉၂,၁၈၉ ဦး ရွိသြားပါၿပီ။
ဒီကေန႔ညထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူအေရအတြက္ ၁,၁၈၇ ဦးရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ေရာဂါေပ်ာက္ကင္းသြားသူေပါင္း ၇၁,၃၄၃ ဦး ရွိသြားၿပီျဖစ္ပါတယ္။
ဒီကေန႔ထုတ္ျပန္ခ်က္အရ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႕သူ ၇.၈% ရွိၿပီး ျပန္ေကာင္းလာသူ ၇၇.၄% ၊ ေသဆုံးႏႈန္းက ၂.၁၄% ရွိတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားပါတယ္။
ေသဆံုးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၈၃.၉% ရိွတယ္လုိ႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။
ျမန္မာႏုိင္ငံတြင္းမွာ ကိုဗစ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈ၊ ကူးစက္မႈႏႈန္းေရာ ေသဆံုးႏႈန္းပါ ေလ်ာ့က်မသြားေသးတာေၾကာင့္ ခ်မွတ္ထားတဲ့ ပိတ္ပင္ကန္႔သတ္ခ်က္ေတြကို ဒီဇင္ဘာလ ၁၅ ရက္ေန႔ထိ ထပ္တိုးၿပီး ခ်မွတ္ထားပါတယ္။
[Unicode Version]
မြန်မာ COVID-19 ရောဂါကူးစက်သူ ၉၂,၂၀၀ နီးပါးနဲ့ သေဆုံးသူ ၁,၉၇၂ ယောက်ရှိပြီ
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၄၇၆ ဦး ထပ်တိုးပြီး သေဆုံးသူက ၃၁ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၂၆ ဦးက ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၁၈,၉၅၉ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၁၈၂,၇၃၅ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၁,၉၇၂ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၉၂,၁၈၉ ဦး ရှိသွားပါပြီ။
ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၁၈၇ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့်ရောဂါပျောက်ကင်းသွားသူပေါင်း ၇၁,၃၄၃ ဦး ရှိသွားပြီဖြစ်ပါတယ်။
ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၇.၈% ရှိပြီး ပြန်ကောင်းလာသူ ၇၇.၄% ၊ သေဆုံးနှုန်းက ၂.၁၄% ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။
သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၈၃.၉% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု၊ ကူးစက်မှုနှုန်းရော သေဆုံးနှုန်းပါ လျော့ကျမသွားသေးတာကြောင့် ချမှတ်ထားတဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကို ဒီဇင်ဘာလ ၁၅ ရက်နေ့ထိ ထပ်တိုးပြီး ချမှတ်ထားပါတယ်။