သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ထိန္းခ်ဳပ္သတ္မွတ္ခ်က္ေတြ လိုက္နာဖုိ႔ ဆရာဝန္ေတြ တိုက္တြန္း


COVID-19 ကုသေရးဌာန၊ ေဖာင္ႀကီးရွိအထူးၾကပ္မတ္ကုသေဆာင္တြင္ လူနာမ်ားကိုကုသမႈေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - MHSM - ႏိုဝင္ဘာ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ ၁၉ ကူးစက္သူ ၉၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၂,၀၀၀ ေလာက္အထိ ျဖစ္လာေနတဲ့ ျမန္မာႏိုင္ငံမွာ ကူးစက္ျမန္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရး ျပည္သူကို ပညာေပးတာအျပင္ အေရးေပၚ အမိန႔္ထုတ္ျပန္ခ်က္ေတြကို မလိုက္နာသူတို႔ကို အေရးယူမႈေတြနဲ႔ တင္းတင္းက်ပ္က်ပ္ ၾကပ္မတ္ေဆာင္႐ြက္သင့္ၿပီလို႔ ေဆးပညာရွင္ေတြက သတိေပးေျပာဆိုလိုက္ပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးခ်င္ပါတယ္။

ေျမာက္ဥကၠလာအေထြေထြေရာဂါကုေဆး႐ုံႀကီး၊ အထူးၾကပ္မတ္ကုသေဆာင္တြင္ လူနာမ်ားကို ေစာင့္ေရွာက္ကုသေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - MHSM - ႏိုဝင္ဘာ ၂၃၊ ၂၀၂၀)
ေျမာက္ဥကၠလာအေထြေထြေရာဂါကုေဆး႐ုံႀကီး၊ အထူးၾကပ္မတ္ကုသေဆာင္တြင္ လူနာမ်ားကို ေစာင့္ေရွာက္ကုသေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - MHSM - ႏိုဝင္ဘာ ၂၃၊ ၂၀၂၀)

ျမန္မာႏိုင္ငံ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ကူးစက္မႈေတြ ျမင့္လာခ်ိန္ က်န္းမာေရးဝန္ႀကီးဌာနဘက္က ျပည္သူေတြ ေနအိမ္ေတြထဲမွာေနၾကဖို႔ ၫႊန္ၾကားခ်က္အပါအဝင္ အသြားအလာကန႔္သတ္မႈေတြနဲ႔ အမိန႔္ေတြထုတ္ျပန္ၿပီး ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနၾကတာပါ။ ဒီလို ကိုဗစ္၁၉ ဆိုင္ရာအေရးေပၚ အမိန႔္ထုတ္ျပန္ခ်က္ ကန႔္သတ္တားျမစ္မႈေတြအေပၚ ျပည္သူအမ်ား လိုက္နာမႈ အေတာ္ေလး အားနည္းေနတဲ့အတြက္ ပိုးကူးစက္သူက ေန႔စဥ္လို ေထာင္ခ်ီေတြ႕ရွိေနဆဲျဖစ္ၿပီး ေဆးကုသေပးေနတဲ့ က်န္းမာေရး ဝန္ထမ္းေတြ ဆရာဝန္ေတြပါ ပိုးကူးစက္မႈေတြ ပ်ံ႕ႏွံ႔လာေနတဲ့အတြက္ ေဆးပညာရွင္ေတြဘက္က စိုးရိမ္တႀကီး သတိေပးေနတာပါ။

ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္ အခမဲ့ဖ်ားနာကုေဆးခန္း တာဝန္ခံ ေစတနာ့ဝန္ထမ္းဆရာဝန္ေဒါက္တာႏိုင္မင္းထြဋ္ဟာ ျပည္သူကို အခ်ိန္ျပည့္ေဆးကုသေစာင့္ေရွာက္မႈေပးေနရင္း ကိုဗစ္ေရာဂါပိုးကူးစက္ခံခဲ့ရတဲ့ က်န္းမာေရးဝန္ထမ္းပါ။ သူက သူ႔အေတြ႕အႀကဳံနဲ႔ယွဥ္ၿပီး ျပည္သူလူထု အထူးသတိထားၾကဖို႔ တိုက္တြန္းပါတယ္။

"ကိုဗစ္ဟာ လူေတြအားလုံးကို ဒုကၡေပးပါတယ္။ မျဖစ္ခင္မွာလည္း ဘယ္ေတာ့ကူးမလဲဆိုတာ လူေတြက စိတ္ညစ္ရတယ္။ ျဖစ္တဲ့အခ်ိန္မွာလည္း ဘာဆက္ျဖစ္မလဲဆိုတာ မသိရတဲ့အတြက္ ျပည္သူေတြက စိတ္ညစ္ရတယ္။ ျဖစ္ၿပီးရင္လည္းပဲ အလုပ္သမားေတြဆို အလုပ္ျပန္မရေတာ့တာေတြ က်ေနာ္တို႔ လႈိင္သာယာမွာ ေတြ႕ရတယ္။ ဆိုေတာ့ ေျပာခ်င္တာက ကိုဗစ္က မျဖစ္ခင္ေရာ ျဖစ္ေနခ်ိန္ေရာ ျဖစ္ၿပီးခ်ိန္ေရာ ျပည္သူေတြဟာ စိတ္ပင္ပမ္းၾကတယ္။ အခုအခ်ိန္မွာ ျပည္သူေတြဟာ ေျပာလို႔မရဘဲနဲ႔ အျပင္ေတြကို ထြက္လာၾကတယ္ေပါ့ေနာ္။ ျပည္သူေတြရဲ႕ ျဖစ္တဲ့ခံစားခ်က္ကို ဆရာဝန္တေယာက္အေနနဲ႔ေရာ ကိုယ္တိုင္ျဖစ္ခဲ့တဲ့လူနာတေယာက္အေနနဲ႔ေရာ ေကာင္းေကာင္းနားလည္တယ္လို႔ပဲေျပာခ်င္ပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔က က်ေနာ္တို႔ႏိုင္ငံရဲ႕ အေျခအေနကို ေကာင္းေကာင္းသိရမယ္။

ဘယ္ေလာက္အထိ ငါတို႔ႏိုင္ငံက ငါတို႔ကို လုပ္ေပးႏိုင္မလဲေပါ့။ ဟုတ္ၿပီ အျပင္ကိုထြက္လာၾကတယ္ အျပင္ထြက္တာ မထြက္ပါနဲ႔လို႔မေျပာဘူး ထြက္ၿပီဆိုရင္ ေရာဂါကူးခံရႏိုင္ၿပီ အကူးခံရၿပီဆိုရင္ ဘယ္ကိုမွ မၾကည့္ပါနဲ႔ ကိုယ့္နဲ႔အနီးဆုံးေဆး႐ုံကို ေျပးၾကည့္လိုက္ပါ... အဲ့ဒီေဆး႐ုံမွာ ေအာက္ဆီဂ်င္ရွိသလားလို႔။ ျပည္သူေတြဟာ ကိုယ့္ႏိုင္ငံအေျခအေန ကိုယ့္အေျခအေန ကိုယ့္အိမ္က အေျခအေနကို ေကာင္းေကာင္းနားလည္ဖို႔ လိုပါတယ္။ ေနာက္တခုက အစိုးရပိုင္းကိုေျပာရမွာေပါ့ေနာ္။ အစိုးရပိုင္းကလည္း တတ္နုိင္သေလာက္ လုပ္ေပးေနတယ္ ပိုးကူးသူကို ႏို္င္ငံေတာ္က ပိုက္ဆံအကုန္အက်အကုန္ခံေပးတယ္ လွဴေပးတဲ့ အလႉရွင္ေတြလည္း ပင္ပန္းေနၿပီ ေဗာ္လံတီယာေတြကလည္း တေန႔ၿပီးတေန႔ ေပါ့စတစ္ျဖစ္ၿပီးေတာ့ ဆရာဝန္ အေရအတြက္ကလည္း နည္းလာၿပီ။ အစိုးရဘက္မွာ ဘာကို အားနည္းခ်က္ေတြ႕ရသလဲဆိုေတာ့ စည္းကမ္းမလိုက္နာတဲ့သူေတြကို အေရးယူတာမေတြ႕ရဘူး။ ဥပမာ Q စင္တာက ထြက္ေျပးတယ္။ လူနာတင္ကားေပၚက ထြက္ေျပးတယ္။ တကယ္ေတာ့ ဒါဟာ ေရာဂါကာကြယ္ေရးဥပေဒအရ အေရးယူရမယ့္ျဖစ္စဥ္ေတြျဖစ္တယ္။ အစိုးရအေနနဲ႔ ဘယ္လိုလုပ္မွာလဲဆိုတာကလည္း ေတာ္ေတာ္ေလးကို စဥ္းစားစရာျဖစ္တယ္။ဆက္ၿပီးေတာ့ Stay Home လုပ္မယ္ဆိုရင္ က်ေနာ္တို႔က Stay Home ကို ပီျပင္ေအာင္ လုပ္ေစခ်င္တယ္။ အခုဟာက ဟိုလိုလို ဒီလိုလို စပ္ကူးမတ္ကူးကာလကိုေရာက္ေနတယ္လို႔ က်ေနာ္ကေတာ့ျမင္တယ္။"

ဒီကပ္ေရာဂါကာလ ေရာဂါကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရး ျပည္သူကိုအေျချပဳတဲ့ လူထုပူးေပါင္းပါဝင္မႈေတြနဲ႔ ဝိုင္းဝန္း အားျဖည့္ေနၾကခ်ိန္ ျပည္သူတိုင္းဟာ ကိုယ့္တာဝန္ကိုယ္ေက်ဖို႔နဲ႔ ကိုယ့္ေၾကာင့္ ကိုယ့္ပတ္ဝန္းက်င္ဒုကၡမေရာက္ေအာင္ သတိထားၾကပါလို႔လည္း ေဒါက္တာႏိုင္မင္းထြဋ္က ေမတၱာရပ္ခံပါတယ္။

"ျပည္သူေတြရဲ႕အင္အားကို က်ေနာ္တို႔က အသုံးျပဳေနရတယ္ဆိုတာ သိရပါမယ္။ လက္ခံရပါတယ္။က်ေနာ္တို႔ဆိုရင္ ေဗာ္လံတီယာ ဆရာဝန္ေတြပါဒါလည္း ျပည္သူ႔အင္အားပဲ။ ျပည္သူလူထုအေျချပဳ ဖ်ားနာကုေဆးခန္းေတြရွိတယ္ ျပည္သူလူထု အေျချပဳလူနာတင္ ကားေတြရွိတယ္။ ျပည္သူေတြက အားလုံးပူးေပါင္းပါဝင္ေနပါတယ္ ဒီျဖစ္စဥ္မွာေလ။ ဒါေပမဲ့ တခ်ိဳ႕စည္းကမ္း မလိုက္နာတဲ့ျပည္သူေတြအတြက္ ဒီအလုပ္လုပ္ေနတဲ့သူေတြမွာ အင္မတန္မွကို ပင္ပန္းႏြမ္းနယ္ေနၾကရပါတယ္။ ဆိုေတာ့ ဘယ္လို ပူးေပါင္းပါဝင္ၾကရမလဲဆိုရင္ ကိုယ့္တာဝန္ကိုယ္ ေက်ၾကဖို႔ပဲ လိုပါတယ္။ နံပတ္တစ္က Mask တပ္ပါ၊ Face Shield တပ္ပါ၊ ဒါေတြကိုပဲ က်ေနာ္တို႔က ထပ္ခါထပ္ခါ ေျပာေနၾကရမွာပါ။ အမ်ားစုက ျပန္ၿပီး Mask ေတြ ျဖဳတ္လာၾကတယ္ ေသခ်ာမတပ္ၾကေတာ့ဘူး။ က်ေနာ္ ကိုယ္တိုင္ လူနာအေနနဲ႔ICU ထဲေရာက္သြားေတာ့ ICU ထဲက လူနာေတြကို ျမင္ရတဲ့အခ်ိန္မွာ ေအာက္ဆီဂ်င္လုံးဝ ျဖဳတ္မရပဲနဲ႔ ေအာက္ဆီဂ်င္လိုင္း ၂ လိုင္း ၃ လိုင္း ခ်ိတ္ ႐ႈေနၾကရတာမ်ိဳး- ကိုဗစ္ျဖစ္ေနခ်ိန္ အလကားရတဲ့ ေအာက္ဆီဂ်င္ကို ခက္ခက္ခဲခဲ႐ႈေနၾကရၿပီး ေနာက္ဆုံးလုံးဝ မ႐ူႏိုင္ေတာ့ဘဲ အသက္ေပးလိုက္ၾကရတာေတြ ရွိပါတယ္။ ဆိုေတာ့ ျပည္သူေတြဟာ ေကာင္းေကာင္းႀကီး သတိထားဖို႔လိုပါတယ္။ ကိုယ့္တာကိုယ္လုံေအာင္လို႔ Mask ေတြတပ္ပါ။ မလိုအပ္ဘဲနဲ႔ အျပင္ကိုမထြက္ၾကပါနဲ႔လို႔ စကားလက္ေဆာင္ေပးခ်င္ပါတယ္။"

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္သူ ၁၀၀,၀၀၀ နီးပါးအထိ ကပ္လာေနတဲ့ စိုးရိမ္စရာအေျခအေနမွာ သက္ဆိုင္တဲ့ တာဝန္ရွိသူေတြဘက္က ထိေရာက္တဲ့အေရးယူမႈေတြနဲ႔ ၾကပ္ၾကပ္မတ္မတ္ေဆာင္႐ြက္ သင့္တယ္လို႔ အေထြေထြေရာဂါကု ဆရာဝန္ႀကီးေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္ကသတိေပးပါတယ္။

"အဲ့ဒီေတာ့ အဲ့ဒီ့ထုတ္ျပန္တဲ့ ေဒသႏၲရာအမိန႔္ေတြအေပၚ လိုက္နာမႈေတြကို ႀကီးၾကပ္တာဝန္ယူရမယ့္သူက ဘယ္သူလဲဆိုတာ ပထမ အေရးတႀကီးေဖာ္ထုတ္ရမွာေပါ့။ အေရးေပၚအေျခအေနမွာ ထုတ္ျပန္တဲ့အမိန႔္ဆိုလည္း အဖြဲ႕အစည္းအေနနဲ႔ ႀကီးၾကပ္စစ္ေဆးဖို႔လိုတယ္။ လူနာေတြကို Contact ရွာေဖြတာ လူနာေတြကို ကြာရမ္တင္းစင္တာပို႔တာ ကုသေပးတာေတြကို အဖြဲ႕အစည္းနဲ႔ေဆာင္႐ြက္ေပးေနတာကိုလည္း က်ေနာ္တို႔သိရပါတယ္။ ဒီလိုအဖြဲ႕ေတြဖြဲ႕ေဆာင္႐ြက္ေနခ်ိန္မွာ ေရာဂါကူးစက္မႈ အတြက္ ထုတ္ျပန္ထားတဲ့အခ်က္ေတြကို မလိုက္နာတဲ့သူေတြကို ဘယ္လိုနည္းနဲ႔ ရွာေဖြေဖာ္ထုတ္ ႀကီးၾကပ္ၿပီးေတာ့ အေရးယူမယ္ဆိုတဲ့ အဲ့တာမ်ိဳးကို မေတြ႕ရေသးဘူးေပါ့။ အဲ့ဒီေတာ့ ျပည္သူေတြအခ်င္းခ်င္းကပဲ တိုင္ၾကားရမွာလား။ ဒါမွမဟုတ္ အဖြဲ႕လိုက္ဖြဲ႕စည္းထားေသာသူေတြကပဲ လွည့္လည္ၿပီး ႀကီးၾကပ္ၿပီး အေရးယူမႈေဆာင္႐ြက္ေပးမွာလားေပါ့ ေတာ္ေတာ္ခက္တယ္ ဒီကိစၥက။ ၿမိဳ႕နယ္အလိုက္ျဖစ္ျဖစ္ ဒီႀကီးၾကပ္ေရးေကာ္မတီေတြကေန တကယ္ကို အေရးယူေဆာင္႐ြက္မယ့္ နည္းလမ္းေတြကို စနစ္တက်ခ်မွတ္ၿပီးေတာ့ ဖိဖိစီးစီး အေကာင္အထည္ေဖာ္ဖို႔ လိုေနၿပီလို႔ က်ေနာ္ထင္တယ္။"

ကူးစက္မႈႏႈန္းကလည္း ေန႔စဥ္လို ေထာင္ဂဏန္းရွိေနၿပီး ေသဆုံးမႈျမင့္လာေနတဲ့အတြက္ ျပည္သူေတြဘက္က ေသေလာက္တဲ့ကပ္ေရာဂါဆိုက္ေနတယ္ဆိုတာ အထူးသတိထားၾကဖို႔လိုေနၿပီလို႔လည္း ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္က သတိေပးပါတယ္။

"ေသတဲ့ႏႈန္းကလည္း မက်ဘူး၊ ေရာက္တာေနာက္က်တာေတြေရာ မႏိုင္မနင္းျဖစ္ေနတယ္လို႔ယူဆၿပီး အိမ္မွာပဲေန ေဆး႐ုံကိုသြားတာေနာက္က်လို႔ ေသတဲ့သူေတြေရာ ေနာက္တခါ နဂိုကတည္းကမွ အေျခခံ က်န္းမာေရးမေကာင္းတဲ့ သူေတြရွိေတာ့ အေသအေပ်ာက္ေတြကေတာ့ မ်ားေနတာေတြ႕ရတယ္။ ဆက္ၿပီးေတာ့ မ်ားႏိုင္ေျခလည္းရွိတယ္ ဆိုေတာ့ အဲ့ဒါကို ႏိုင္ႏိုင္နင္းနင္းနဲ႔ စည္းကမ္းကို တိတိက်က်ကိုင္တြယ္ၿပီး ေဆာင္႐ြက္သင့္ၿပီး စည္းမဲ့ကမ္းမဲ့ေနလာတာ ႏွစ္ေပါင္းမ်ားစြာၾကာလာသလိုျဖစ္ေနတဲ့အတြက္ တိတိက်က်ေလး ေဆာင္႐ြက္ရင္ေတာ့ ရမယ္လို႔ထင္တယ္။ အဲ့ဒါကိုလည္း လက္ေတြ႕ေျမျပင္အေျခအေနမွာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သင့္ၿပီလို႔ျမင္ပါတယ္။ က်ေနာ္တို႔ကေျပာတယ္ဆိုတာ ပ႐ိုက္ဗိတ္ဆက္တာမွာ ေဆး႐ုံမွာဆင္းလာခဲ့ေသာ္လည္းပဲ အဆုတ္ေတြ ထိခိုက္တဲ့သူေတြကိုလည္း ဆက္လက္ၾကည့္ရႈ႕ေပးေနရ တာေတြရွိတဲ့အတြက္ တခါတေလ စိတ္ထဲမွာေတာင္ျဖစ္မိတယ္။ အဲ့ဒီလို စည္းကမ္း မလိုက္နာတဲ့သူေတြ ဘာလို႔မျဖစ္ၾကတာလဲေပါ့ က်န္တဲ့ အိမ္မွာေနတဲ့သူေတြ ေရာဂါသည္ေတြက သူတို႔ကေန တဆင့္ကူးစက္ခံရၿပီးေတာ့ ဘာမွလဲ မလုပ္ဘဲနဲ႔ သတိထားေနရင္းနဲ႔ ေသသြားတဲ့သူေတြ အမ်ားႀကီးရွိတယ္ေပါ့။ အဲ့ဒီေတာ့ ဒီလူေတြကို ေမတၱာရပ္ခံ႐ုံေလာက္နဲ႔ေတာ့ မရေလာက္ေတာ့ဘူးထင္တာပဲ။"

အခုလက္ရွိမွာေတာ့ COVID 19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီကေန ကိုဗစ္၁၉ ေရာဂါကူးစက္မႈ ဆက္လက္ထိန္းခ်ဳပ္ႏိုင္ေရး ျပည္သူကို ပန္ၾကားခ်က္ အမိန႔္ထုတ္ျပန္ခ်က္ ၫႊန္ၾကားခ်က္ေတြကို ဒီဇင္ဘာလ ၁၅ ရက္ေန႔အထိ ရက္တိုးျမႇင့္သတ္မွတ္တယ္လို႔ ႏိုဝင္ဘာ ၂၈ ရက္ေန႔က သတိေပးၾကညာထားေပမဲ့ ထုတ္ျပန္ခ်က္ေတြကို လိုက္နာမႈ အေရးယူမႈ အားနည္းေနတဲ့အတြက္ ေဝဖန္မႈေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ထိန်းချုပ်သတ်မှတ်ချက်တွေ လိုက်နာဖို့ ဆရာဝန်တွေ တိုက်တွန်း

ကိုဗစ် ၁၉ ကူးစက်သူ ၉၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂,၀၀၀ လောက်အထိ ဖြစ်လာနေတဲ့ မြန်မာနိုင်ငံမှာ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူကို ပညာပေးတာအပြင် အရေးပေါ် အမိန့်ထုတ်ပြန်ချက်တွေကို မလိုက်နာသူတို့ကို အရေးယူမှုတွေနဲ့ တင်းတင်းကျပ်ကျပ် ကြပ်မတ်ဆောင်ရွက်သင့်ပြီလို့ ဆေးပညာရှင်တွေက သတိပေးပြောဆိုလိုက်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးချင်ပါတယ်။

မြန်မာနိုင်ငံ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကူးစက်မှုတွေ မြင့်လာချိန် ကျန်းမာရေးဝန်ကြီးဌာနဘက်က ပြည်သူတွေ နေအိမ်တွေထဲမှာနေကြဖို့ ညွှန်ကြားချက်အပါအဝင် အသွားအလာကန့်သတ်မှုတွေနဲ့ အမိန့်တွေထုတ်ပြန်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေကြတာပါ။ ဒီလို ကိုဗစ်၁၉ ဆိုင်ရာအရေးပေါ် အမိန့်ထုတ်ပြန်ချက် ကန့်သတ်တားမြစ်မှုတွေအပေါ် ပြည်သူအများ လိုက်နာမှု အတော်လေး အားနည်းနေတဲ့အတွက် ပိုးကူးစက်သူက နေ့စဉ်လို ထောင်ချီတွေ့ရှိနေဆဲဖြစ်ပြီး ဆေးကုသပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဆရာဝန်တွေပါ ပိုးကူးစက်မှုတွေ ပျံ့နှံ့လာနေတဲ့အတွက် ဆေးပညာရှင်တွေဘက်က စိုးရိမ်တကြီး သတိပေးနေတာပါ။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အခမဲ့ဖျားနာကုဆေးခန်း တာဝန်ခံ စေတနာ့ဝန်ထမ်းဆရာဝန်ဒေါက်တာနိုင်မင်းထွဋ်ဟာ ပြည်သူကို အချိန်ပြည့်ဆေးကုသစောင့်ရှောက်မှုပေးနေရင်း ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းပါ။ သူက သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး ပြည်သူလူထု အထူးသတိထားကြဖို့ တိုက်တွန်းပါတယ်။

"ကိုဗစ်ဟာ လူတွေအားလုံးကို ဒုက္ခပေးပါတယ်။ မဖြစ်ခင်မှာလည်း ဘယ်တော့ကူးမလဲဆိုတာ လူတွေက စိတ်ညစ်ရတယ်။ ဖြစ်တဲ့အချိန်မှာလည်း ဘာဆက်ဖြစ်မလဲဆိုတာ မသိရတဲ့အတွက် ပြည်သူတွေက စိတ်ညစ်ရတယ်။ ဖြစ်ပြီးရင်လည်းပဲ အလုပ်သမားတွေဆို အလုပ်ပြန်မရတော့တာတွေ ကျနော်တို့ လှိုင်သာယာမှာ တွေ့ရတယ်။ ဆိုတော့ ပြောချင်တာက ကိုဗစ်က မဖြစ်ခင်ရော ဖြစ်နေချိန်ရော ဖြစ်ပြီးချိန်ရော ပြည်သူတွေဟာ စိတ်ပင်ပမ်းကြတယ်။ အခုအချိန်မှာ ပြည်သူတွေဟာ ပြောလို့မရဘဲနဲ့ အပြင်တွေကို ထွက်လာကြတယ်ပေါ့နော်။ ပြည်သူတွေရဲ့ ဖြစ်တဲ့ခံစားချက်ကို ဆရာဝန်တယောက်အနေနဲ့ရော ကိုယ်တိုင်ဖြစ်ခဲ့တဲ့လူနာတယောက်အနေနဲ့ရော ကောင်းကောင်းနားလည်တယ်လို့ပဲပြောချင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကျနော်တို့နိုင်ငံရဲ့ အခြေအနေကို ကောင်းကောင်းသိရမယ်။ ဘယ်လောက်အထိ ငါတို့နိုင်ငံက ငါတို့ကို လုပ်ပေးနိုင်မလဲပေါ့။ ဟုတ်ပြီ အပြင်ကိုထွက်လာကြတယ် အပြင်ထွက်တာ မထွက်ပါနဲ့လို့မပြောဘူး ထွက်ပြီဆိုရင် ရောဂါကူးခံရနိုင်ပြီ အကူးခံရပြီဆိုရင် ဘယ်ကိုမှ မကြည့်ပါနဲ့ ကိုယ့်နဲ့အနီးဆုံးဆေးရုံကို ပြေးကြည့်လိုက်ပါ... အဲ့ဒီဆေးရုံမှာ အောက်ဆီဂျင်ရှိသလားလို့။ ပြည်သူတွေဟာ ကိုယ့်နိုင်ငံအခြေအနေ ကိုယ့်အခြေအနေ ကိုယ့်အိမ်က အခြေအနေကို ကောင်းကောင်းနားလည်ဖို့ လိုပါတယ်။ နောက်တခုက အစိုးရပိုင်းကိုပြောရမှာပေါ့နော်။ အစိုးရပိုင်းကလည်း တတ်နိုင်သလောက် လုပ်ပေးနေတယ် ပိုးကူးသူကို နိုင်ငံတော်က ပိုက်ဆံအကုန်အကျအကုန်ခံပေးတယ် လှူပေးတဲ့ အလှူရှင်တွေလည်း ပင်ပန်းနေပြီ ဗော်လံတီယာတွေကလည်း တနေ့ပြီးတနေ့ ပေါ့စတစ်ဖြစ်ပြီးတော့ ဆရာဝန် အရေအတွက်ကလည်း နည်းလာပြီ။ အစိုးရဘက်မှာ ဘာကို အားနည်းချက်တွေ့ရသလဲဆိုတော့ စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူတာမတွေ့ရဘူး။ ဥပမာ Q စင်တာက ထွက်ပြေးတယ်။ လူနာတင်ကားပေါ်က ထွက်ပြေးတယ်။ တကယ်တော့ ဒါဟာ ရောဂါကာကွယ်ရေးဥပဒေအရ အရေးယူရမယ့်ဖြစ်စဉ်တွေဖြစ်တယ်။ အစိုးရအနေနဲ့ ဘယ်လိုလုပ်မှာလဲဆိုတာကလည်း တော်တော်လေးကို စဉ်းစားစရာဖြစ်တယ်။ဆက်ပြီးတော့ Stay Home လုပ်မယ်ဆိုရင် ကျနော်တို့က Stay Home ကို ပီပြင်အောင် လုပ်စေချင်တယ်။ အခုဟာက ဟိုလိုလို ဒီလိုလို စပ်ကူးမတ်ကူးကာလကိုရောက်နေတယ်လို့ ကျနော်ကတော့မြင်တယ်။"

ဒီကပ်ရောဂါကာလ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူကိုအခြေပြုတဲ့ လူထုပူးပေါင်းပါဝင်မှုတွေနဲ့ ဝိုင်းဝန်း အားဖြည့်နေကြချိန် ပြည်သူတိုင်းဟာ ကိုယ့်တာဝန်ကိုယ်ကျေဖို့နဲ့ ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်ဒုက္ခမရောက်အောင် သတိထားကြပါလို့လည်း ဒေါက်တာနိုင်မင်းထွဋ်က မေတ္တာရပ်ခံပါတယ်။

"ပြည်သူတွေရဲ့အင်အားကို ကျနော်တို့က အသုံးပြုနေရတယ်ဆိုတာ သိရပါမယ်။ လက်ခံရပါတယ်။ကျနော်တို့ဆိုရင် ဗော်လံတီယာ ဆရာဝန်တွေပါဒါလည်း ပြည်သူ့အင်အားပဲ။ ပြည်သူလူထုအခြေပြု ဖျားနာကုဆေးခန်းတွေရှိတယ် ပြည်သူလူထု အခြေပြုလူနာတင် ကားတွေရှိတယ်။ ပြည်သူတွေက အားလုံးပူးပေါင်းပါဝင်နေပါတယ် ဒီဖြစ်စဉ်မှာလေ။ ဒါပေမဲ့ တချို့စည်းကမ်း မလိုက်နာတဲ့ပြည်သူတွေအတွက် ဒီအလုပ်လုပ်နေတဲ့သူတွေမှာ အင်မတန်မှကို ပင်ပန်းနွမ်းနယ်နေကြရပါတယ်။ ဆိုတော့ ဘယ်လို ပူးပေါင်းပါဝင်ကြရမလဲဆိုရင် ကိုယ့်တာဝန်ကိုယ် ကျေကြဖို့ပဲ လိုပါတယ်။ နံပတ်တစ်က Mask တပ်ပါ၊ Face Shield တပ်ပါ၊ ဒါတွေကိုပဲ ကျနော်တို့က ထပ်ခါထပ်ခါ ပြောနေကြရမှာပါ။ အများစုက ပြန်ပြီး Mask တွေ ဖြုတ်လာကြတယ် သေချာမတပ်ကြတော့ဘူး။ ကျနော် ကိုယ်တိုင် လူနာအနေနဲ့ICU ထဲရောက်သွားတော့ ICU ထဲက လူနာတွေကို မြင်ရတဲ့အချိန်မှာ အောက်ဆီဂျင်လုံးဝ ဖြုတ်မရပဲနဲ့ အောက်ဆီဂျင်လိုင်း ၂ လိုင်း ၃ လိုင်း ချိတ် ရှုနေကြရတာမျိုး- ကိုဗစ်ဖြစ်နေချိန် အလကားရတဲ့ အောက်ဆီဂျင်ကို ခက်ခက်ခဲခဲရှုနေကြရပြီး နောက်ဆုံးလုံးဝ မရူနိုင်တော့ဘဲ အသက်ပေးလိုက်ကြရတာတွေ ရှိပါတယ်။ ဆိုတော့ ပြည်သူတွေဟာ ကောင်းကောင်းကြီး သတိထားဖို့လိုပါတယ်။ ကိုယ့်တာကိုယ်လုံအောင်လို့ Mask တွေတပ်ပါ။ မလိုအပ်ဘဲနဲ့ အပြင်ကိုမထွက်ကြပါနဲ့လို့ စကားလက်ဆောင်ပေးချင်ပါတယ်။"

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၁၀၀,၀၀၀ နီးပါးအထိ ကပ်လာနေတဲ့ စိုးရိမ်စရာအခြေအနေမှာ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေဘက်က ထိရောက်တဲ့အရေးယူမှုတွေနဲ့ ကြပ်ကြပ်မတ်မတ်ဆောင်ရွက် သင့်တယ်လို့ အထွေထွေရောဂါကု ဆရာဝန်ကြီးဒေါက်တာမိုးအောင်ကျော်နိုင်ကသတိပေးပါတယ်။

"အဲ့ဒီတော့ အဲ့ဒီ့ထုတ်ပြန်တဲ့ ဒေသန္တရာအမိန့်တွေအပေါ် လိုက်နာမှုတွေကို ကြီးကြပ်တာဝန်ယူရမယ့်သူက ဘယ်သူလဲဆိုတာ ပထမ အရေးတကြီးဖော်ထုတ်ရမှာပေါ့။ အရေးပေါ်အခြေအနေမှာ ထုတ်ပြန်တဲ့အမိန့်ဆိုလည်း အဖွဲ့အစည်းအနေနဲ့ ကြီးကြပ်စစ်ဆေးဖို့လိုတယ်။ လူနာတွေကို Contact ရှာဖွေတာ လူနာတွေကို ကွာရမ်တင်းစင်တာပို့တာ ကုသပေးတာတွေကို အဖွဲ့အစည်းနဲ့ဆောင်ရွက်ပေးနေတာကိုလည်း ကျနော်တို့သိရပါတယ်။ ဒီလိုအဖွဲ့တွေဖွဲ့ဆောင်ရွက်နေချိန်မှာ ရောဂါကူးစက်မှု အတွက် ထုတ်ပြန်ထားတဲ့အချက်တွေကို မလိုက်နာတဲ့သူတွေကို ဘယ်လိုနည်းနဲ့ ရှာဖွေဖော်ထုတ် ကြီးကြပ်ပြီးတော့ အရေးယူမယ်ဆိုတဲ့ အဲ့တာမျိုးကို မတွေ့ရသေးဘူးပေါ့။ အဲ့ဒီတော့ ပြည်သူတွေအချင်းချင်းကပဲ တိုင်ကြားရမှာလား။ ဒါမှမဟုတ် အဖွဲ့လိုက်ဖွဲ့စည်းထားသောသူတွေကပဲ လှည့်လည်ပြီး ကြီးကြပ်ပြီး အရေးယူမှုဆောင်ရွက်ပေးမှာလားပေါ့ တော်တော်ခက်တယ် ဒီကိစ္စက။ မြို့နယ်အလိုက်ဖြစ်ဖြစ် ဒီကြီးကြပ်ရေးကော်မတီတွေကနေ တကယ်ကို အရေးယူဆောင်ရွက်မယ့် နည်းလမ်းတွေကို စနစ်တကျချမှတ်ပြီးတော့ ဖိဖိစီးစီး အကောင်အထည်ဖော်ဖို့ လိုနေပြီလို့ ကျနော်ထင်တယ်။"

ေျမာက္ဥကၠလာအေထြေထြေရာဂါကုေဆး႐ုံႀကီး၊ အထူးၾကပ္မတ္ကုသေဆာင္တြင္ လူနာမ်ားကို ေစာင့္ေရွာက္ကုသေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - MHSM - ႏိုဝင္ဘာ ၂၅၊ ၂၀၂၀)
ေျမာက္ဥကၠလာအေထြေထြေရာဂါကုေဆး႐ုံႀကီး၊ အထူးၾကပ္မတ္ကုသေဆာင္တြင္ လူနာမ်ားကို ေစာင့္ေရွာက္ကုသေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - MHSM - ႏိုဝင္ဘာ ၂၅၊ ၂၀၂၀)

ကူးစက်မှုနှုန်းကလည်း နေ့စဉ်လို ထောင်ဂဏန်းရှိနေပြီး သေဆုံးမှုမြင့်လာနေတဲ့အတွက် ပြည်သူတွေဘက်က သေလောက်တဲ့ကပ်ရောဂါဆိုက်နေတယ်ဆိုတာ အထူးသတိထားကြဖို့လိုနေပြီလို့လည်း ဒေါက်တာမိုးအောင်ကျော်နိုင်က သတိပေးပါတယ်။

"သေတဲ့နှုန်းကလည်း မကျဘူး၊ ရောက်တာနောက်ကျတာတွေရော မနိုင်မနင်းဖြစ်နေတယ်လို့ယူဆပြီး အိမ်မှာပဲနေ ဆေးရုံကိုသွားတာနောက်ကျလို့ သေတဲ့သူတွေရော နောက်တခါ နဂိုကတည်းကမှ အခြေခံ ကျန်းမာရေးမကောင်းတဲ့ သူတွေရှိတော့ အသေအပျောက်တွေကတော့ များနေတာတွေ့ရတယ်။ ဆက်ပြီးတော့ များနိုင်ခြေလည်းရှိတယ် ဆိုတော့ အဲ့ဒါကို နိုင်နိုင်နင်းနင်းနဲ့ စည်းကမ်းကို တိတိကျကျကိုင်တွယ်ပြီး ဆောင်ရွက်သင့်ပြီး စည်းမဲ့ကမ်းမဲ့နေလာတာ နှစ်ပေါင်းများစွာကြာလာသလိုဖြစ်နေတဲ့အတွက် တိတိကျကျလေး ဆောင်ရွက်ရင်တော့ ရမယ်လို့ထင်တယ်။ အဲ့ဒါကိုလည်း လက်တွေ့မြေပြင်အခြေအနေမှာ အကောင်အထည်ဖော်ဆောင်ရွက်သင့်ပြီလို့မြင်ပါတယ်။ ကျနော်တို့ကပြောတယ်ဆိုတာ ပရိုက်ဗိတ်ဆက်တာမှာ ဆေးရုံမှာဆင်းလာခဲ့သော်လည်းပဲ အဆုတ်တွေ ထိခိုက်တဲ့သူတွေကိုလည်း ဆက်လက်ကြည့်ရှု့ပေးနေရ တာတွေရှိတဲ့အတွက် တခါတလေ စိတ်ထဲမှာတောင်ဖြစ်မိတယ်။ အဲ့ဒီလို စည်းကမ်း မလိုက်နာတဲ့သူတွေ ဘာလို့မဖြစ်ကြတာလဲပေါ့ ကျန်တဲ့ အိမ်မှာနေတဲ့သူတွေ ရောဂါသည်တွေက သူတို့ကနေ တဆင့်ကူးစက်ခံရပြီးတော့ ဘာမှလဲ မလုပ်ဘဲနဲ့ သတိထားနေရင်းနဲ့ သေသွားတဲ့သူတွေ အများကြီးရှိတယ်ပေါ့။ အဲ့ဒီတော့ ဒီလူတွေကို မေတ္တာရပ်ခံရုံလောက်နဲ့တော့ မရလောက်တော့ဘူးထင်တာပဲ။"

အခုလက်ရှိမှာတော့ COVID 19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကနေ ကိုဗစ်၁၉ ရောဂါကူးစက်မှု ဆက်လက်ထိန်းချုပ်နိုင်ရေး ပြည်သူကို ပန်ကြားချက် အမိန့်ထုတ်ပြန်ချက် ညွှန်ကြားချက်တွေကို ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်တယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့က သတိပေးကြညာထားပေမဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာမှု အရေးယူမှု အားနည်းနေတဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG