[Zawgyi/Unicode]
ကမၻာတ၀ွမ္း COVID-19 အတည္ျပဳလူနာ စုစုေပါင္း ဒီေန႔ ၆၂ သန္းေက်ာ္သြားပါၿပီ၊ အေမရိကန္ John Hopkins တကၠသိုလ္ရဲ႕ ကိုဗစ္ကပ္ေရာဂါဆိုင္ရာ စာရင္းျပဳစုခ်က္အရ ကမာၻမွာ ကိုဗစ္အတည္ျပဳလူနာ ၆၂ သန္းနဲ႔ ၇၀၀,၀၀၀ ေက်ာ္႐ွိပါတယ္။ ကမၻာ့က်န္းမာေရးအဖဲြ႔ WHO ကလည္း ရဲ႕ မေန႔ ႏိုဝင္ဘာ ၂၉ ရက္ စာရင္းအရ ကို႐ိုနာဗုိင္းရပ္စ္ပိုး ကူးခံထားရသူစုစုေပါင္း ၆၁ သန္းေက်ာ္နဲ႔ ေသဆုံးသူက ၁.၄ သန္းေက်ာ္ရွိခဲ့ပါတယ္။
အေမရိကန္ႏုိင္ငံကေတာ့ ကမၻာမွာ ပိုးကူးသူေရာ၊ ေသဆုံးသူပါ အမ်ားဆုံးရွိေနၿပီး သူ႔ေနာက္မွာ အိႏၵိယနဲ႔ ဘရာဇီလ္းႏိုင္ငံတို႔အသီးသီး ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္းအေမရိကန္မွာပိုးကူးသူ ၁၄၀,၀၀၀ ေက်ာ္ရွိၿပီး ဒါဟာ ေန႔စဥ္ပိုးကူးသူ ၁၀၀,၀၀၀ ေက်ာ္လာတာတဲ႔ ၂၇ ရက္ေျမာက္ေန႔လည္းျဖစ္ပါတယ္။ အားလပ္ရက္ရာသီ ခရီးထြက္တဲ့သူေတြေၾကာင့္ ပိုးကူးစက္မႈ ဆက္တုိက္ျမင့္တက္လာမယ္လို႔လည္း အေမရိကန္ထိပ္တန္း က်န္းမာေရးပညာရွင္ေတြက သတိေပးေနပါတယ္။
အိႏၵိယမွာလည္း တနဂၤေႏြေန႔ကပိုးကူးသူ ၄၂,၀၀၀ နီးပါးရွိပါတယ္။ ဘရာဇီလ္းႏုိင္ငံမွာလည္း ကပ္ေရာဂါအေျခအေန ပိုဆိုးလာမွာကို စိုးရိမ္မႈေတြရွိေနေပမဲ့ ႏွစ္ကုန္ အားလပ္ရက္ေစ်း၀ယ္ရာသီမွာ ကပ္ေရာဂါဆုိင္ရာ ကန္႔သတ္ခ်က္ေတြကို တာ၀န္ရွိသူေတြေျဖေလ ွ်ာ့ေပးေနတာပါ။ ပိုးကူးစက္မႈတေက်ာ့ျပန္ျမင့္တက္ေနတဲ့ ဥေရာပတုိက္ႏုိင္ငံ တခ်ိဳ႕မွာေတာ့ ကပ္ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ခရစ္စမတ္ကာလအတြင္း ႏွင္းေလ ွ်ာစိီးစခန္းေတြကို ပိတ္ထားဖို႔ သေဘာတူခဲ့ၾကပါတယ္။ အာဖရိကတိုုက္နုိင္ငံေတြမွာေတာ့ ကပ္ေရာဂါကန္႔သတ္ခ်က္ေတြေၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းေတြမွာ အဟန္႔အတားေတြျဖစ္ေနရတဲ့ ကိုဗစ္ေၾကာင့္ေသဆုံးသူထက္ ဌက္ဖ်ားေရာဂါနဲ႔ ေသဆုံးသူပိုမ်ားမယ့္ပုံ ရွိတယ္လို႔ WHO က တနလၤာေန႔မွာ သတိေပးခဲ့ပါတယ္။
[Unicode Version]
ကမ္ဘာမှာ ကိုဗစ်အတည်ပြုလူနာ ၆၂ သန်းကျော်ပြီ
ကမ္ဘာတဝှမ်း COVID-19 အတည်ပြုလူနာ စုစုပေါင်း ဒီနေ့ ၆၂ သန်းကျော်သွားပါပြီ၊ အမေရိကန် John Hopkins တက္ကသိုလ်ရဲ့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ စာရင်းပြုစုချက်အရ ကမ္ဘာမှာ ကိုဗစ်အတည်ပြုလူနာ ၆၂ သန်းနဲ့ ၇၀၀,၀၀၀ ကျော်ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ရဲ့ မနေ့ နိုဝင်ဘာ ၂၉ ရက် စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးခံထားရသူစုစုပေါင်း ၆၁ သန်းကျော်နဲ့ သေဆုံးသူက ၁.၄ သန်းကျော်ရှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံကတော့ ကမ္ဘာမှာ ပိုးကူးသူရော၊ သေဆုံးသူပါ အများဆုံးရှိနေပြီး သူ့နောက်မှာ အိန္ဒိယနဲ့ ဘရာဇီလ်းနိုင်ငံတို့အသီးသီး ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းအမေရိကန်မှာပိုးကူးသူ ၁၄၀,၀၀၀ ကျော်ရှိပြီး ဒါဟာ နေ့စဉ်ပိုးကူးသူ ၁၀၀,၀၀၀ ကျော်လာတာတဲ့ ၂၇ ရက်မြောက်နေ့လည်းဖြစ်ပါတယ်။ အားလပ်ရက်ရာသီ ခရီးထွက်တဲ့သူတွေကြောင့် ပိုးကူးစက်မှု ဆက်တိုက်မြင့်တက်လာမယ်လို့လည်း အမေရိကန်ထိပ်တန်း ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။
အိန္ဒိယမှာလည်း တနင်္ဂနွေနေ့ကပိုးကူးသူ ၄၂,၀၀၀ နီးပါးရှိပါတယ်။ ဘရာဇီလ်းနိုင်ငံမှာလည်း ကပ်ရောဂါအခြေအနေ ပိုဆိုးလာမှာကို စိုးရိမ်မှုတွေရှိနေပေမဲ့ နှစ်ကုန် အားလပ်ရက်ဈေးဝယ်ရာသီမှာ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကို တာဝန်ရှိသူတွေဖြေလေ ျှာ့ပေးနေတာပါ။ ပိုးကူးစက်မှုတကျော့ပြန်မြင့်တက်နေတဲ့ ဥရောပတိုက်နိုင်ငံ တချို့မှာတော့ ကပ်ရောဂါထိန်းချုပ်ရေးအတွက် ခရစ်စမတ်ကာလအတွင်း နှင်းလေ ျှာစီးစခန်းတွေကို ပိတ်ထားဖို့ သဘောတူခဲ့ကြပါတယ်။ အာဖရိကတိုက်နိုင်ငံတွေမှာတော့ ကပ်ရောဂါကန့်သတ်ချက်တွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ အဟန့်အတားတွေဖြစ်နေရတဲ့ ကိုဗစ်ကြောင့်သေဆုံးသူထက် ဌက်ဖျားရောဂါနဲ့ သေဆုံးသူပိုများမယ့်ပုံ ရှိတယ်လို့ WHO က တနင်္လာနေ့မှာ သတိပေးခဲ့ပါတယ်။