သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေက်ာ္လြန္မွ မေလးရွားမွာ ေရြးေကာက္ပြဲလုပ္မယ္


မေလးရွားဝန္ႀကီးခ်ဳပ္ Muhyiddin Yassin. (ႏုိဝင္ဘာ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

မေလးရွားႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေရာဂါႀကီး ၿပီးဆုံးသြားတဲ့အခါက်မွ အေထြေထြေရြးေကာက္ပဲြ က်င္းပသြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin က ဒီေန႔ စေနေန႔မွာ ေျပာလိုက္ပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္က သူ႔အစိုးရရဲ႕ အသုံးစရိတ္နဲ႔ ပတ္သက္ၿပီး ပါလီမန္ရဲ႕ ေထာက္ခံမႈကို ရရွိၿပီးတဲ့ေနာက္ အဲဒီလိုေျပာလိုက္တာ ျဖစ္ပါတယ္။

အတုိက္အခံေတြနဲ႔ ဝန္ႀကီးခ်ဳပ္ရဲ႕ မဟာမိတ္တခ်ိဳ႕က မေလးရွားအစိုးရရဲ႕ ေရွ႕ႏွစ္အသုံးစရိတ္ အစီအစဥ္ေတြကို တားဆီးသြားမယ္လို႔ သီတင္းပတ္နဲ႔ခ်ီ ၿခိမ္းေျခာက္ခဲ့ေပမယ့္လည္း သက္တမ္းတေလွ်ာက္ အမ်ားဆုံးအသုံးျပဳမယ့္ အစိုးရအသုံးစရိတ္ကို မေလးရွားပါလီမန္မွာ ၾကာသပေတးေန႔က အသံနဲ႔မဲခဲြၿပီး ေထာက္ခံအတည္ျပဳႏုိင္ခဲ့ပါတယ္။

“ဘုရားသခင္ရဲ႕ အလိုအတုိင္း COVID-19 ကပ္ေရာဂါ ၿပီးတဲ့အခ်ိန္မွာ က်ေနာ္တုိ႔ရဲ႕ အေထြေထြေရြးေကာက္ပဲြကို က်င္းပသြားမွာျဖစ္တယ္” လုိ႔ ဝန္ႀကီးခ်ဳပ္ Muhyiddin က အင္တာနက္အြန္လိုင္းကေန ျပဳလုပ္တဲ့ Bersatu ပါတီရဲ႕ ႏွစ္ပတ္လည္ညီလာခံမွာ ေျပာၾကားလိုက္ပါတယ္။

ဝန္ႀကီးခ်ဳပ္ Muhyiddin ရဲ႕ အစိုးရအဖဲြ႔ဟာ သက္တမ္း ၈ လသာရွိေသးၿပီး မေလးရွားပါလီမန္မွာလည္း အမတ္ေနရာ ၂ ေနရာအသာနဲ႔ အစိုးရဖဲြ႔ခြင့္ရထားတာ ျဖစ္ပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္က သူ႔ရဲ႕ ညြန္႔ေပါင္းအစိုးရအဖဲြ႔ထဲက အႀကီးဆုံး မဟာမိတ္ပါတီျဖစ္တဲ့ UMNO ပါတီဥကၠ႒ Ahmad Zahid Hamidi နဲ႔ အခုတပတ္မွာ ေတြ႔ဆုံခဲ့ၿပီး ပါတီ ၂ ခုၾကား ဆက္ဆံေရး ပိုေကာင္းလာေအာင္လုပ္ၿပီး လာမယ့္ေရြးေကာက္ပဲြ က်င္းပတဲ့အခါမွာ သူတုိ႔ပါတီအခ်င္းခ်င္းၿပိဳင္တာ မျဖစ္ရေအာင္လုပ္ဖို႔ သေဘာတူခဲ့ၾကတယ္လို႔ ေျပာပါတယ္။

မေလးရွားႏုိင္ငံဟာ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မႈ လႈိင္းအသစ္နဲ႔ ရင္ဆုိင္ေနရၿပီး မေန႔ ေသာၾကာေန႔ကအထိ ႏုိင္ငံထဲမွာ စုစုေပါင္းကူးစက္သူ ၆၀,၀၀၀ ေက်ာ္ရွိတယ္လုိ႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

COVID-19 ကျော်လွန်မှ မလေးရှားမှာ ရွေးကောက်ပွဲလုပ်မယ်

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး ပြီးဆုံးသွားတဲ့အခါကျမှ အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ဝန်ကြီးချုပ် Muhyiddin Yassin က ဒီနေ့ စနေနေ့မှာ ပြောလိုက်ပါတယ်။

မလေးရှားဝန်ကြီးချုပ်က သူ့အစိုးရရဲ့ အသုံးစရိတ်နဲ့ ပတ်သက်ပြီး ပါလီမန်ရဲ့ ထောက်ခံမှုကို ရရှိပြီးတဲ့နောက် အဲဒီလိုပြောလိုက်တာ ဖြစ်ပါတယ်။

အတိုက်အခံတွေနဲ့ ဝန်ကြီးချုပ်ရဲ့ မဟာမိတ်တချို့က မလေးရှားအစိုးရရဲ့ ရှေ့နှစ်အသုံးစရိတ် အစီအစဉ်တွေကို တားဆီးသွားမယ်လို့ သီတင်းပတ်နဲ့ချီ ခြိမ်းခြောက်ခဲ့ပေမယ့်လည်း သက်တမ်းတလျှောက် အများဆုံးအသုံးပြုမယ့် အစိုးရအသုံးစရိတ်ကို မလေးရှားပါလီမန်မှာ ကြာသပတေးနေ့က အသံနဲ့မဲခွဲပြီး ထောက်ခံအတည်ပြုနိုင်ခဲ့ပါတယ်။

“ဘုရားသခင်ရဲ့ အလိုအတိုင်း COVID-19 ကပ်ရောဂါ ပြီးတဲ့အချိန်မှာ ကျနော်တို့ရဲ့ အထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမှာဖြစ်တယ်” လို့ ဝန်ကြီးချုပ် Muhyiddin က အင်တာနက်အွန်လိုင်းကနေ ပြုလုပ်တဲ့ Bersatu ပါတီရဲ့ နှစ်ပတ်လည်ညီလာခံမှာ ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ် Muhyiddin ရဲ့ အစိုးရအဖွဲ့ဟာ သက်တမ်း ၈ လသာရှိသေးပြီး မလေးရှားပါလီမန်မှာလည်း အမတ်နေရာ ၂ နေရာအသာနဲ့ အစိုးရဖွဲ့ခွင့်ရထားတာ ဖြစ်ပါတယ်။

မလေးရှားဝန်ကြီးချုပ်က သူ့ရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ထဲက အကြီးဆုံး မဟာမိတ်ပါတီဖြစ်တဲ့ UMNO ပါတီဥက္ကဋ္ဌ Ahmad Zahid Hamidi နဲ့ အခုတပတ်မှာ တွေ့ဆုံခဲ့ပြီး ပါတီ ၂ ခုကြား ဆက်ဆံရေး ပိုကောင်းလာအောင်လုပ်ပြီး လာမယ့်ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ သူတို့ပါတီအချင်းချင်းပြိုင်တာ မဖြစ်ရအောင်လုပ်ဖို့ သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လှိုင်းအသစ်နဲ့ ရင်ဆိုင်နေရပြီး မနေ့ သောကြာနေ့ကအထိ နိုင်ငံထဲမှာ စုစုပေါင်းကူးစက်သူ ၆၀,၀၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG